ဇန်နဝါရီ ၄ ၊ ၂၀၁၂
ထွန်းတောက်
M-Media

ကင်ဆာရောဂါနောက်ဆုံးအဆင့်နဲ့ ခန္ဓာကိုယ်အောက်ပိုင်း လှုပ်လို့မရတော့တဲ့ ဆေးရုံပေါ်က ကိုဖြိုးဝေအောင်ကို ဦးဇင်းဂျောင်းဂျောင်းနှင့် နိုင်/ကျဉ်းအဖွဲ့မှ ၂၀၁၂ သြဂုတ်လအတွင်း သွားရောက်အားပေးတွေ့ဆုံခဲ့စဉ်က
၂၀၁၀ ခုနှစ် တွင် ဖြစ်ပွားခဲ့သော ရန်ကုန်မြို့ X2O ရေကစား မဏ္ဍာပ် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မတရားစွပ်စွဲပြိး သေဒဏ်နဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း အပြစ်ဒဏ်ချမှတ်ခံရရာမှ ၂၀၁၂ခုနှစ် သြဂုတ်လ ၃ရက်နေ့တွင် နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာသော ကိုဖြိုးဝေအောင်သည် ယနေ့ ဇန်နဝါရီလ ၄ ရက် မနက်(၃) နာရီတွင် တာမွေမြို့နယ် ၊သီတာလမ်းရှိ နေအိမ်တွင် ကွယ်လွန်သွားခဲ့ပြီးဖြစ်ကြောင်း နိုင်/ကျဉ်းအဖွဲ့မှ ဦးထွန်းကြည်ရဲ့ပြောပြချက်အရ သိရှိရပါသည်။
မြန်မာမွတ်စလင်မ်တစ်ဦးဖြစ်သည် ကွယ်လွန်သူ ကိုဖြိုးဝေအောင်ရဲ့ ရုပ်ကြွင်းကို ရန်ကုန်မြို့ မြောက်ဥက္ကလာပရှိ ရေဝေး မွတ်စလင်မ် သုဿန်တွင် အစ္စလာမ်ဘာသာဝင်တို့၏ ထုံးစံဖြင့် ယနေ့နေလည် (၁) နာရီတွင် သဂြိင်္ုလ်မည်ဖြစ်ကြောင်း သိရပါသည်။
ကိုဖြိုးဝေအောင်ဟာ အဖမ်းခံနေရချိန်အတွင်း စစ်ကြောရေးစခန်းမှာ ညှင်းပန်းနှိပ်စက်ခံရမှုကြောင့် ကျန်းမာရေးဆိုးရွားလာခဲ့ပါတယ်။ အသဲကင်ဆာရောဂါခံစားနေရပြီး ခန္ဓာကိုယ်အောက်ပိုင်း သေသလိုဖြစ်သွားပြီး ဆီးပိုက်နဲ့နေရတာကြောင့် ဆီးပိုဝင်ပြီး ကုတင်ပေါ်မှာဘဲ နာတာရှည်ရောဂါသည် သဖွယ်နေရတာကြောင့် ကျောပူနာခေါ် BED SOLE အနာများလဲ ခံစားခဲ့ရကြောင်း ကျန်ရစ်သူမိသားစုများ၏ ပြောပြချက်အရ သိရှိရပါသည်။
Comments