News @ M-Media

ပတ်ဝန်ကျင်ထိန်းသိမ်းရေး တွင်အင်ဒိုနီးရှား အာလင်မ်များလည်းပါဝင်

အင်ဒိုနီးရှား၏သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးဥပဒေအားအထောက်အပံ့ ဖြစ်စေနိုင်ရန်ရည်ရွယ် ပြီး အင်ဒိုနီးရှာမွတ်စလင်ဘာသာရေးပညာရှင်များက
ပတ်ဝန်ကျင်ထိန်းသိမ်းရေးအဖွဲ့အား ဖွဲ့စည်းလိုက်ကြပါသည်။ “ ပတ်ဝန်ကျင်ကာကွယ်ရေးမူဝါဒတွေကို ပိုမိုအကောင်အထည်ဖေါ်နိုင်ဖို့ရည်ရွယ်တာပါ
” ဟအင်ဒိုနီးရှား အိုလမာ ကောင်စီမှအကြီးတန်းအဖွဲ့ဝင် ပါမောက္ခ ဟာဖိဇ် အွစ်မာန်း ကဆိုပါသည်။ သစ်တော်ပြုန်းတီးမှု၊ တောရိုင်းတိရိစ္တာန်
တရားမ၀င်ရောင်းဝယ် မှု ၊ လေထုညစ်ညမ်းမှု နှင့်ငါးပြုန်တီးမှုတို့အား ကာကွယ်တိုက်ဖျက်မည့့် Dignifying Enviroment Institution အဖွဲ့အား
ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။အဆိုပါ အင်ဒိုနီးရှားဘာသာရေးပညာရှင်များပါဝင်ထားသည့်အဖွဲ့မှ အစိုးရမှချမှတ်ထားသော ပတ်ဝန်ကျင်းထိန်းသိမ်းရေးဥပဒေများကို လူထုမှ လိုက်နာ ရန် ပညာပေးတိုက်တွန်းမည်ဟု သိရသည်။ “ သဘာဝပတ်ဝန်ကျင်ရေးရာဝန်ကြီး နဲ့ ပတ်ဝန်ကျင်ရေးရာအရပ်ရပ်ကိုဝိုင်း ၀န်း ဖြေရှင်း ပေးဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့ပါပြီး ”ဟု ၎င်းကပြောပါသည်။ ဆက်လက်ပြီးအခြားသော သစ်တော၊ရေလုပ်ငန်း၊ နှင့်စိုက်ပျိုးရေး ၀န်ကြီးများနှင့်လည်း သဘော တူလက်မှတ်ရေးထိုးသွားရန်အစီစဉ်ရှိကြောင်း သိရသည်။ “ကျွန်တော်အမြင်အရဆိုရင်အစိုးရ ပိုင်းက ပတ်ဝန်ကျင်ရေးရာတွေမှာ အပြည်အ၀ အကောင် အထည်မ ဖေါ်နိုင်ဘုးဖြစ်နေတယ် လက်ရှိဖြစ်ပေါ်နေတဲ့ တရားမ၀င်သစ်ခုတ်လှဲတာ၊သစ်တောပြုန်တီးနေတာ၊ ငါးအလွန်အကျွံဖမ်းဆီးတာ တွေက စီမံခန့်ခွဲမှု လွဲမှားမှု၊ နားလည်မှုလွဲနေလို့ဖြစ်နေတာပါ ဥပဒေပိုင်းအရ အရေးယူနိုင်တာလည်းအားပျော့နေပါတယ် ဟု ယင်းကထောက်ပြခဲ့ပါသည်။ အင်ဒိုနီးရှား သည် အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်သော မိုးသစ်တောဧရိယာဟတ်တာ သန်း၁၂၀ခန့်ပိုင်ဆိုင်ထားသည်။ ပူပြင်းခြောက် သွေ့သည့်ရာသီ များတွင် တောမီးများ ပုံမှန်လောင် ကျွမ်းလေ့ရှိပြီး အိမ်နီးနားချင်းစင်ကာပူ၊မလေးရှားတို့တွင် ယင်းမီးခိုးများကြောင်းလေထုညစ်ညမ်း မှုများဖြစ်ပေါ်ခဲ့ရသည်။

Comments

Leave a Reply