6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီလ ၆၊၂၀၁၃
M-Media
ဆောင်းနှင်းမှုံ

ဇန်န၀ါရီလ၆ရက်နေ့က ဒေါပုံမြို့နယ်၊နွယ်အေးရပ်ကွက်၊ရွှေနှင်းဆီလမ်းရှိ နွယ်အေး စ္စန္ဒီ ဂျာမေ ဗလီကြီးတွင် နာရေးဆပ် ကော်မတီ၏ နှစ်ပတ်လည်နေ့ အခမ်း အနားနှင့် သက်သာ ဆေးကုခန်း ဖွင့်ပွဲ အခမ်းအနားကို နံနက် ၉နာရီမှ ၁၂းနာရီထိ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

IMG_0080

အခမ်းအနား အဖွင့်ကို ကျမ်းတော်မြတ် ကုန်အာန် ရွတ်ဖတ်ပြီး ဖွင့်လှစ်စဉ် (ဓါတ်ပုံ- M-Media)

IMG_0092

အစ္စလာမ် သာသနာရေးရာ ကော်စီဌာနချူပ် ဥက္ကဌ ဦးညွှန့်မောင်သျှိန် (ဓါတ်ပုံ- M-Media)

ထို အခမ်းအနားသို့  သာသနာ့ပညာရှင်များ၊ ဖိတ်ကြားထားသော သံဃာတော်များ၊အသင်းသူ အသင်းသားများနှင့် မြို့မိ မြို့ဖများ စုံညီစွာ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ထိုပွဲတွင် အခမ်းအနားမှူး အဖြစ် ဟာဂျီ ဦးဇော်ထွန်းမှ ဆောင်ရွက်ပြီး ပထမဆုံး အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာခြင်း၊ကျမ်းတော်မြတ် ကုရ်အာန်ကို ဗလီကြီး၏ ရှေ့ဆောင် ဆရာမောင်လာနာ ဟာဖိဇ် မုဟမ္မဒ် ယူစွတ်ဖ်(စုလိုင်မာနီ)မှ ဖတ်ရွတ်ခြင်း၊ ဗလီ အဖွဲ့၏ အတွင်း ရေးမှူး ဦးအောင်ထူးမြင့်မှ အဖွင့် အမှာ စကား ပြောကြားခြင်း၊နာရေးဆပ် ကော်မတီ တွဲဘက် အတွင်းရေးမှူး ဦးဇော်မင်းလတ်မှ ကော်မတီနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊အထူး ဧည်သည့်တော် ဆရာတော်ကြီး ဦးအိန္ဒြာစရိယမှ ဂုဏ်ပြု စကား ချီးမြှင့် မြွတ်ကြားခြင်း၊ အစ္စလာမ် သာသနာ ရေးရာ ကောင်စီ ဌာနချုပ် ဥက္ကဌ ဦးညွှန့်မောင်သျှိန်မှ ဂုဏ်ပြု စကား ချီးမြှင့်ခြင်း၊ စာရင်းစစ် အစီရင် ခံစာကို ဒေါ်ခင်မင်းဆက်မှ ဖတ်ကြားခြင်း၊အစ္စလာမ် တံခွန်မှ တွဲဖက် ဦးဆောင် တာဝန်ခံ ဦးဝဏ္ဏရွှေမှ အမှာစကား ပြောကြားခြင်း၊မုဖ်သီ ဂျာဖရ်မှ ဆုမွန် ဒိုအာ ပြုပြီးနောက် အခမ်းအနားကို ရုတ်သိမ်း ခဲ့ကြောင်း သတင်းရရှိသည်။

IMG_0112

အခမ်းအနားကို ကြွရောက် ချီးမြှင့်တဲ့ သံဃာတော်များ (ဓါတ်ပုံ- M-Media)

ကော်မတီ၏ တွဲဖက် အတွင်းရေးမှူး ဦးဇော်မင်းလတ်မှ “ကျွန်တော်တို့ မြန်မာ နိုင်ငံရှိ အစ္စလာမ် ဘာသာဝင်များကလည်း ရှေးမြန်မာဘုရင်များ လက်ထက်က စ၍ ယနေ့ အချိန်ထိ တိုင်းပြည်နှင့် လူမျိုး အပေါ် အသက်၊သွေး၊ချွေး ပေးဆပ်ခဲ့သည်မှာ မြန်မာ့ သမိုင်းမှာ အထင် အရှားဖြစ်ပါတယ်။မြန်မာ့ သမိုင်းတွင်  ဘိုးတော် ဗဒုံမင်း လက်ထက်၌ အမှုတော် ထမ်းခဲ့သော သခင်ကြီး ဦးနုသည်လည်းကောင်း၊လွတ်လပ်ရေး တိုက်ပွဲတွင် မြန်မာ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော အစိုးရ အဖွဲ့တွင် အမျိုးသား စီမံကိန်းနှင့် ပညာရေး ၀န်ကြီး အဖြစ်တာဝန်ယူခဲ့သော အာဇာနည် အမျိုးသား ခေါင်းဆောင်ကြီး ဦးရာဇတ်သည် လည်းကောင်း၊အငြိမ်းစား သံအမတ်ကြီး ဦးဖေခင်၊၀န်ကြီး ဦးရာရှစ်၊၀န်ကြီး ဦးခင်မောင်လတ်၊ ဗိုလ်မှူးကြီး ဘရှင်၊ ဆရာချယ်၊တို့သည်လည်း သူ့ခေတ်နှင့်သူ့တာဝန်ကို ကျေခဲ့ကြသူများ ဖြစ်ပါတယ်။ကျွန်တော်တို့ နာရေးဆပ်ကော်မတီ အနေနဲ့ မိမိတို့ မြို့နယ် အတွင်းမှာ ရှိတဲ့ လူမျိုးဘာသာ မရွေး မူလတန်းမှ ဘွဲ့ရသည် အထိ ပညာ သင်ကြားနိုင်ရေး အတွက် ဘက်ပေါင်းစုံမှ ကြိုးစား ဆောင်ရွက်လျှက် ရှိနေကြောင်း”ကို ထည့်သွင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

IMG_0099

စာရင်းစစ် အစီရင်ခံစာ ဖတ်ကြားစဉ် (ဓါတ်ပုံ- M-Media)

တက်ရောက်လာသူများထဲမှ အစ္စလာမ် သာသနာ ရေးရာ ကောင်စီ ဌါနချုပ်၏ ဥက္ကဌ ဦးညွှန့်မောင်သျှိန်မှ “ဒီလို ဖွဲ့စည်း ပြီး လုပ်ဆောင်နေတာဟာ အင်မတန်မှ ကောင်းတယ်။ နာရေး ဆပ် ကော်မတီနဲ့အခု သက်သာဆေးကုခန်း ဖွင့်ခြင်းဟာ ကျွန်တော်တို့ အစ္စလာမ် သာသနာက လမ်းညွှန်တဲ့ အရာကို လက်တွေ့ အကောင်အထည် ဖော်ဆောင်ခြင်း ဖြစ်တယ်။အဲဒီ အတွက် ကြိုဆိုတယ်၊အားပေးတယ်၊ရပ်ကွက်မှာ ရှိတဲ့ ဘာသာ လူမျိုး မရွေး ဖြစ်တဲ့ အတွက် တစ်ဦးနဲ့ တစ်ဦး မိသားစုတွေ အဖြစ် ရင်းနှီး ချစ်ခင် စည်းလုံး ကြမှာ ဖြစ်တယ်” ဟုM-Media သို့ပြောကြားခဲ့သည်။

ဖိတ်ကြားထားသော မြို့မိ မြို့ဖ များထဲမှဦးမြသန်း (စာရေးဆရာမောင်သဲနီ)မှ “ဒီလို အဖွဲ့ အစည်းမျိုးတွေ ရပ်ကွက်တိုင်းမှာ ရှိသင့်တယ်။အခု ဆိုရင် ရပ်ကွက်ထဲမှာ ရှိတဲ့ ဘုန်းတော်ကြီးတွေတောင် ကြွရောက်ပြီး အားပေးတာကို မြင်ရမှာပါ။ဒါက တစ်ဦးကို တစ်ဦး မေတ္တာ တရားနဲ့ ချစ်ျချစ်ခင်ခင် စည်းလုံးမူ ရှိခြင်းကို ပြပါတယ်”ဟု M-Media သို့ပြောကြားခဲ့သည်။

ထို နာရေးဆပ် ကော်မတီကို ၂၀၁၀ ခုနှစ်၊အောက်တိုဘာလက ဂေါပက အဖွဲ့ဝင်များနှင့် အတူ ရပ်ကျိုး ရွာကျိုး ကို တက်ကြွစွာ ပါဝင် ဆောင်ရွက် လိုသူ လူငယ်များဖြင့် ဖွဲ့စည်း ခဲ့ကြောင်းသိရသည်။

ထို ကော်မတီမှ မွန်မြတ်သော ပရဟိတ လုပ်ငန်းများ၊အများ အကျိုးပြု လုပ်ငန်းများ၊ရပ်ရွာ ဒေသ ဖွံဖြိုးမူ လုပ်ငန်းများကို နာရေးဆပ် ကော်မတီမှ လုပ်ဆောင်နေကြောင်း စုံစမ်း သိရှိရသည်။

IMG_2967

နှစ်ပေါင်း ၁၂၀ ကျော်ရှိပြီ ဖြစ်တဲ့ ဒေါပုံမြို့နယ် နွယ်အေး ဗလီဝတ်ကျောင်းတော် (ဓါတ်ပုံ- M-Media)

ထို နွယ်အေး စ္စန္ဒီ ဂျာမေ ဗလီကြီး၏ သက်တမ်းမှာ ရှေးလူကြီး သူမများ၏ပြောကြားချက် များနှင့် ၊အထောက်အထားများ  နှစ်ပေါင်း ၁၂၀ကျော်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ထို ဗလီကြီးကို ဓနိမိုး၊ထရံကာမှ အုတ်တိုက် ဗလီ အဖြစ်သို့ အဆင့်ဆင့် မွမ်းမံ ပြင်ဆင် ဆောက်လုပ် ခဲ့ကြောင်း သိရသည်။ ရှေးယခင်က သာကေတမြို့နယ်နှင့် ဒေါပုံ မြို့နယ် နှစ်ခုပေါင်းမှ အစ္စလာမ် ဘာသာဝင်များ ၀တ်ပြုရာ တစ်ခုတည်းသော ဗလီကြီး ဖြစ်ခဲ့ကြောင်း စုံစမ်း သိရှိရသည်။ထို အချိန်တုန်းက နာရေး ကိစ္စများ ဖြစ်လာပါက ဝေးလံသော အခြားမြို့နယ်များမှ အကူအညီ တောင်းခံခဲ့ရကြောင်း သိရသည်။ ထို နွယ်အေး ရပ်ကွက်တွင် အိမ်ခြေ ၅၀၀ကျော် ရှိကြောင်း သိရသည်။

IMG_0104

လူမျိုးမရွေး ဘာသာမရွေး အခမဲ့ကုသပေးနေတဲ့ သက်သာဆေးကုခန်း (ဓါတ်ပုံ- M-Media)

သက်သာဆေးကုခန်းကို လွန်ခဲ့သည့် တစ်ပတ်က စတင်ဖွင့်၍ နံနက် ၈း၀၀မှ ၁၁း၀၀နာရီထိ ကိုဆေးဝါးကုသပေးနေကြောင်း သိရသည်။အထွေထွေ ရောဂါကုသခြင်းအတွက် စာအုပ်ဖိုးငွေ ၅၀၀ကျပ်သာ ပေးသွင်း ရပြီး ၊ဆေးဝါးများပါ အခမဲ့ ပေးကြောင်းသိရသည်။ဆေးဝါးကုသပေးခြင်းကို မြန်မာ-မွတ်စလင် လူငယ်များဖြစ်သော ဒေါက်တာ ဖြိုးမောင်မောင်နှင့် ဒေါက်တာ နေမျိုးလတ် တို့က မေတ္တာဖြင့် ကုသပေး၍ နာရေး ကော်မတီမှ ဆေးဝါး ထုတ်ပေးကြောင်း သိရသည်။လူမျိုး ဘာသာ မရွေး လူနာပေါင်း ထိုတစ်ပတ်အတွင်း၌ အယောက် ၁၀၀ ကျော် ပြသ ခဲ့ကြောင်း စုံစမ်း သိရှိရသည်။

IMG_0083

အခမ်းအနား တက်ရောက်လာကြသူများ(ဓါတ်ပုံ- M-Media)

IMG_0120

အခမ်းအနားသို့ ကြွရောက် ချီးမြှင့်ကြတဲ့ သံဃာတော်များ နေ့ဆွမ်းသုံးဆောင်နေစဉ် (ဓါတ်ပုံ- M-Media)

Leave a Reply