News @ M-Media

Author: myatzaw

  • အသက် ၉၃ နှစ် အရွယ် နာဇီ အော့စ်ဝစ်ခ်ျ  အစောင့်ဟောင်း ကို လူပေါင်း သုံးသိန်းကျော် သတ်ဖြတ်မှု အတွက် စစ်ဆေးလျှက်ရှိ

    အသက် ၉၃ နှစ် အရွယ် နာဇီ အော့စ်ဝစ်ခ်ျ အစောင့်ဟောင်း ကို လူပေါင်း သုံးသိန်းကျော် သတ်ဖြတ်မှု အတွက် စစ်ဆေးလျှက်ရှိ

    ဖေဖော်ဝါရီ ၃၊ ၂၀၁၅
    M-Media

    20080713_1383757010_brama_birkenau

    နာမည်ကျော် အော့စ်ဝစ်ခ်ျ လူမျိုးတုန်း သတ်ဖြတ်ရေးစခန်းမှာ လုပ်အားပေးခဲ့တဲ့ အသက် ၉၃ နှစ်အရွယ် နာဇီ အော့စ်ဝစ်ခ်ျ  အစောင့်ဟောင်းကို ဂျာမနီမှာ ရုံးတင်စစ်ဆေးနေပါတယ်။ ဂျာမနီလူမျိုး တရားခံ အော်စကာ ဂရိုးနင်း ဟာ ဒီငရဲခန်းမှာ စာရင်းရေးသွင်းတဲ့သူဖြစ်ခဲ့ပါတယ်။ သူဟာ အကျဉ်းသားတွေဆီက ဘဏ်ချက်လက်မှတ်တွေကို စုစည်းပြီး ဘာလင်မြို့တော်မှာရှိတဲ့ နာဇီခောင်းဆောင်တွေဆီ ပေးပို့တဲ့အလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်။ နောက်ထပ်အကျဉ်းသားတွေရောက်မလာခင် အရင်အကျဉ်းသားဟောင်းတွေရဲ့အဝတ်အစားထည့်တဲ့သေတ္တာတွေကို အသစ်ရောက်လာတဲ့သူတွေမရိပ်မိအောင် ဖယ်ရှားတဲ့နေရာမှာ ကူညီခဲ့တဲ့သူလို့လည်း သူ့ကိုစွပ်စွဲထားပါတယ်။ ဒီလိုလက်ဆွဲသေတ္တာတွေကို ဖယ်ရှားရတာဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို အကျဉ်းသားအသစ်တွေ သတိမထားမိအောင် ဖြစ်ပါတယ်။

    20080605_1219165467_dzieci_2,oHuCn6impHCVqcKHZpY
    အော့စ်ဝစ်ခ်ျ လူမျိုးတုန်းသတ်ဖြတ်ရေးစခန်းထဲမှ ကလေးငယ်များ

    ရောက်လာတဲ့ အကျဉ်းသားတွေထဲက အလုပ်လုပ်ဖို့အတွက် ကြံ့ခိုင်မှုမရှိတဲ့သူတွေကို ရောက်ရောက်ချင်းမှာပဲ အော့စ်ခ်ျ အကျဉ်းထောင်ရဲ့ ဓာတ်ငွေ့ခန်းတွေမှာ သတ်ဖြတ်ပစ်တာကို ယခုအစောင့်ဟောင်း သိရှိကြောင်းကိုလည်း တရားစွဲဆိုသူတွေက ပြောဆိုပါတယ်။ သူ့ကို ဧပြီလ ၂၁ ရက်နေ့မှာ အနည်းဆုံး လူပေါင်း သုံးသိန်းကျော်ကို သတ်ဖြတ်ရာမှာ ပါဝင်ကူညီပေးခဲ့မှုစွဲချက်နဲ့ ရုံးတင်မှာဖြစ်ပါတယ်။ အကျဉ်းစခန်းက မသေဘဲ လွတ်မြောက်ခဲ့တဲ့သူတွေနဲ့ ဆွေမျိုးသားချင်း (၅၀) ခန့် တရားလိုတွေဟာ ဒီစစ်ဆေးမှုတွေမှာ တက်ရောက်သွားမှာဖြစ်ပါတယ်။ အော့စ်ဝစ်ခ်ျ အကျဉ်းစခန်းစောင့်ဟောင်း ဂရိုးနင်း ဟာ ( ၂၀၀၅ ) ခုနှစ်မှာ သူဒီအကျဉ်းစခန်းမှာ အလုပ်လုပ်ခဲ့မိတာကို ယခုအချိန်အထိ နောင်တရမိကြောင်း ဂျာမန် နေ့စဉ်သတင်းစာကို ပြောဆိုပါတယ်။ သူဟာ ဆယ်စုနှစ်ပေါင်းများစွာကြာပြီးတာတောင် ဓာတ်ငွေ့လွှတ်ပြီး သတ်ဖြတ်တဲ့ အခန်းထဲက အကျဉ်းသားတွေရဲ့ကြောက်မက်ဖွယ် အော်သံတွေကို ကြားနေရတုန်းပဲ လို့ ဆိုပါတယ်။

    Auschwitz
    Source : Yahoo News

  • နာဇီတပ်များကို အောင်နိုင်မှု (၇၂) ပြည့် နှစ်ပတ်လည် အခမ်းအနား ရုရှား ဗော်လ်ဂိုဂရက်မြို့တွင် ကျင်းပ

    နာဇီတပ်များကို အောင်နိုင်မှု (၇၂) ပြည့် နှစ်ပတ်လည် အခမ်းအနား ရုရှား ဗော်လ်ဂိုဂရက်မြို့တွင် ကျင်းပ

    ဖေဖော်ဝါရီ ၂ ၊ ၂၀၁၅
    M-Media

    ဗော်လ်ဂိုဂရက် မြို့ရဲ့ ဗော်လဂါမြစ် တမံမှာ အထိမ်းအမှတ် မီးရှုးမီးပန်းတွေနဲ့ ဒုတိယကမ္ဘာစစ်အတွင်း အရေးပါတဲ့ စစ်အောင်နိုင်မှုအခမ်းအနား ဒီညမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

    1081189

    ဗော်လ်ဂိုဂရက် (ယခင် စတာလင်ဂရက်) မြို့သားတွေဟာ နာဇီတပ်သားတွေကို တိုက်ထုတ်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲ ၇၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပွဲတော်တွေကျင်းပနေကြပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက သမိုင်းကြောင်းတွေကို စစ်ပြန် စစ်မှုထမ်းဟောင်းကြီးတွေက ကျောင်းသားတွေကို ဒီအကြောင်းအရာတွေနဲ့ ပတ်သတ်လို့ ပြောပြကြပါတယ်။ရှေ့တန်းက ဆိုဗီယက် စစ်သားတွေရဲ့ ကိုယ်ကျိုးမဖက်ဘဲ စစ်ပွဲအောင်နိုင်ဖို့အတွက် ရဲဝင့်စွာ ဇွဲသတ္တိရှိရှိ တိုက်ခိုက်ခဲ့တဲ့အကြောင်းအရာတွေကို ပြန်ပြောပြခဲ့ကြတာဖြစ်ပါတယ်။

    ရှရှားမှာ ရာသီဥတုဆိုးရွားနေပေမယ့်လည်း မြို့ခံထောင်ပေါင်းများစွာဟာ စစ်မှုထမ်းဟောင်းတွေနဲ့ တွေ့ဆုံပြီး စစ်ဆန့်ကျင်ရေး အစီအစဉ်တွေကို စီစဉ်တက်ရောက်သွားမှာဖြစ်ပါတယ်။ လုပ်အားပေးအဖွဲ့တွေဟာ ကမ္ဘာစစ်အတွင်းပုံနှိပ်ခဲ့တဲ့ စတာလင်ဂရက် ပရက်ဗ်ဒါ သတင်းစာ အထူးထုတ်စာစောင်ကို ထုတ်ဝေသွားကြမှာလည်းဖြစ်ပါတယ်။ စောင်ရေ နှစ်သောင်းကျော်လောက် ပုံနှိပ်ပြီးခဲ့ပြီဖြစ်တဲ့ ဒီစာစောင်မှာ ၁၉၄၃ ခုနှစ် ဖေဖေါ်ဝါရီ ၂ ရက် က စတာလင်ဂရက်မြို့ကို တိုက်ခိုက်ခဲ့တဲ့ နာဇီတပ်တွေရဲ့ လုံးဝရှုံးနိမ့်ခဲ့တဲ့ အကြောင်းအရာတွေပါဝင်ပါတယ်။

    စစ်ကာလအတွင်းက အဝတ်အစားတွေဝတ်ဆင်ထားတဲ့ အမျိုးသမီး နှစ်ဆယ်လောက်ဟာ မြို့တော်လမ်းတွေကို ချီတက်လျှောက်ခဲ့ကြပါတယ်။ အမျိုးသမီး ယျာဉ်ကျော ရှင်းပေးတဲ့ အဖွဲ့တွေက နှစ်အနည်းငယ်အတွင်းကပဲ ရှရှားမှာ စတင်ခဲ့ပေမယ့် ၊ ဒီဝတ်စုံတွေဟာ ရှေ့တန်းကို ရောက်ခဲ့ဖူးသူတိုင်းသတိတရရှိနေမယ့် သမိုင်းဝင် စတာလင်ဂရက် စစ်တိုက်ပွဲစိတ်ဓာတ်ကိုလည်း ပြန်လည်ဖန်တီးဖြစ်တည်စေပါတယ်။ ဒီသမိုင်းဝင် စစ်ပွဲဟာ ( ၁၉၄၂ ) ခုနှစ် ဂျူလိုင် ၁၇ ရက် နေ့ကစတင်ခဲ့ပြီး ၁၉၄၃ ခုနှစ် ဖေဖေါ်ဝါရီ ၂ ရက်နေ့မှာ နာဇီတပ်တွေကို အပြည့်အဝ အနိုင်ရတဲ့အကြောင်းကြေငြာခဲ့ပါတယ်။

    စနစ်တကျ သတ်ဖြတ်ရေး စခန်းတွေမှာ ဟစ်တလာဦးဆောင်တဲ့ နာဇီပါတီတပ်တွေ ဟာ ဂျူးလူမျိုး ( ၆ ) သန်းကျော်ကို သတ်ဖြတ်ခဲ့ပြီး ဂျူးမဟုတ်တဲ့ အခြားလူမျိုး ( ၅ ) သန်းပါထည့်တွက်ရင် အရပ်သား (၁၁) သန်းကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။

    1081159

    Source :http://itar-tass.com