News @ M-Media

Author: M-Media

  • အခြေခံဥပဒေပြင်ရန် စစ်တပ်ထောက်ခံမည်ဟု ဒေါ်စုယုံကြည်၊ လူနည်းစုများ အသက်ရှူချောင်စေဖို့ အခြေခံဥပဒေ ပြင်ရမည်

    အခြေခံဥပဒေပြင်ရန် စစ်တပ်ထောက်ခံမည်ဟု ဒေါ်စုယုံကြည်၊ လူနည်းစုများ အသက်ရှူချောင်စေဖို့ အခြေခံဥပဒေ ပြင်ရမည်

    M-Media

    ဇန်န၀ါရီ ၂၇ ၊ ၂၀၁၃

    CNA

     

    display_image.phpမြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမအား သမ္မတရာထူး သို့ ရောက်ရှိစေနိုင်ရန် နိုင်ငံတော်၏ ဖွဲ့စည်းပုံဥပဒေ ကို ပြင်ဆင်သွားဖို့ စစ်တပ် က ထောက်ခံလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားလိုက်သည်။

    ပါလီမန်တွင် မြန်မာစစ်တပ်က နေရာအများအပြားရယူထားသော်လည်း ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ရေးကိုမူ ပါလီမန်က အတည်ပြုပေးလိမ့်မည်ဟု သူမမျှော်လင့် မိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

    “ကျမအနေနဲ့ ဒါကိုထူးထူးခြားခြားကြီး စိုးရိမ်နေတာမျိုး မရှိပါဘူး။ မြန်မာစစ်တပ်ထဲက လူတွေကလည်း တခြားနိုင်ငံသားတွေလိုပဲ၊ မြန်မာပြည်ကြီးကို ပိုပြီးတော့ ပျော်ရွှင်နေတာမျိုး၊ ပိုကြီးတော့ ကြံ့ခိုင်လာတာမျိုး၊ ရိုင်ပင်းကူ ညီလာတာမျိုး ကို မြင်ချင်ကြတာချည့်ပဲလို့ ကျမထင်ပါတယ်။” ဟု ဒေါ်စုက “ဘားမား” ဟူသည့် စကားလုံးကို သုံးစွဲ၍ ပြောကြားခဲ့သည်ဟု စီအင်အေက ဆိုသည်။

    “ဒါကြောင့်လည်း ကျမအနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သတ်ပြီး ဖြစ်လာနိုင်တဲ့အခြေအနေမျိုးကို စေ့စပ် ဆွေးနွေးပြီး အဖြေထုတ်တဲ့ပုံစံမျိုးကို မပစ်ပယ်ခြင်းဖြစ်ပါတယ်။” ဟု ဒေါ်စုက ဟာဝိုင်အီရှိ East-West စင်တာ၌ သောကြာနေ့က ပြောကြားခဲ့သည်။

    ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဖြစ်လာမည့်သူ၏ သားသမီးများသည် နိုင်ငံခြားသားများဖြစ်မနေစေရဟု ထည့်သွင်းပြဌာန်းထားသည်။

    “တစ်စုံတစ်ယောက် စိတ်ထဲမှာ ရည်ရွယ်ပြီးတော့ ဒီလိုမျိုး တိုင်းပြည်အခြေခံဥပဒေကြီးကို ရေးဆွဲတယ်ဆိုတာ မှန်ကန်တယ်လို့ ကျမမထင်ဘူး၊ (အဲဒီရည်ရွယ်တဲ့ တစ်စုံတစ်ယောက်ကို) နိုင်ငံတော်ရဲ့ (အုပ်ချုပ်ရေး) ရုံးတွေကနေ တသက်လုံးဝင်လာလို့မရအောင် တားဆီးထားတာမျိုး၊ ဒါမှမဟုတ် သူ့ကို နိုင်ငံတော်ရဲ့ (အုပ်ချုပ်ရေး) ရုံးတွေ ဆီ ၀င်လာလို့မရအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ထားတာမျိုး (ဒါမျိုးတွေက မှန်ကန်တယ်လို့ ကျမ မထင်ဘူး။) ” ဟု ယခင်က နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ပလဲနံပ သင့်စေမည့် စကားမျိုးများကိုသာ ပြောခဲ့ဖူးသည့် ဒေါ်စုက ဟာဝိုင်အီခရီးစဉ် တွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

    တဆက်တည်းသူမက “ဒါမျိုးက လက်သင့်ခံလို့ကို မရဘူး၊ ဒါမျိုးကို ဒီမိုကရေစီလို့ မခေါ်ဘူး၊ ဒါမျိုးကို ဖွဲ့စည်းပုံအခြေခံဥပဒေကြီးပါလို့လည်း ၀ိသေသ ပြု လို့မရဘူး” ဟု ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။

    ထို့ပြင် ဒေါ်စုက မြန်မာပြည်ရှိ လူနည်းစု (minorities) များအတွက် အသက်ရှူချောင်စေဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြုပြင်ရ မည်ဖြစ်ကြောင်း ပြော ကြားရာ၌ “ဒီလိုမျိုး အသက်ရှူချောင်တဲ့နည်းလမ်းတွေကို မလုပ်ဘူးဆိုရင် ငြိမ်းချမ်းရေးနဲ့ သဟာဇာတဖြစ်ရေးစ တာတွေ အပေါ်မှာ အခြေခံတဲ့ စစ်မှန်ပြီး အဓွန့်ရှည်မယ့် ပြည်ထောင်စုကို တည်ဆောက်ဖို့ ကျမတို့ ဘယ်တော့မှ မျှော်လင့်နိုင်မှာလည်း မဟုတ်ဘူး။” ဟု ပြောကြားခဲ့သည်။

    ဘာမားဟူသည့်စကားလုံးကို ဦးသိန်းစိန်အစိုးရက ကန့်ကွက်နေသော်လည်း ဒေါ်စုကမူ ဆက်လက်သုံးစွဲနေသေးသည်။ ဤသည်နှင့်ပတ်သတ် ၍မူ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဟု အများက ခေါ်ဝေါ်သမုတ်နေသည့် ဒေါ်အောင်ဆန်းစုကြည်က “နာမည်က တိုင်းပြည်ကို လုပ်တာမျိုးမဟုတ်ဘူး၊ တိုင်းပြည်ကသာ နာမည်ကို ထုတ်ပေးတာ” ဟု မှတ်ချက်ပေးခဲ့သည်။

  • တယ်လီဖုန်း ဆက်သွယ်ရေးကဏ္ဍ အတွက် မြန်မာအစိုးရ၏ ခြေလှမ်းသစ်

    ဇန်န၀ါရီ ၁၉ ရက် ၊ ၂၀၁၃
    M-Media

     

    4.-WB-180912-Business-e1347945314881

    မြန်မာနိုင်ငံအစိုးရမှ နိုင်ငံတ၀ှမ်း လုံးနှင့်ဆိုင်သော တယ်လီဖုန်း ဆက်သွယ်ရေး လိုင်စင်နှစ်ခုအတွက် စိတ်ဝင် စားကြောင်းဖော်ပြသည့် တင်ဒါပုံစံ (Expressions of Interest – EOI) ခေါ်ယူခဲ့ကြောင်း သိရသည်။

    ကမ္ဘာတ၀ှမ်းမှ စိတ်ဝင်စားသည့် ကုမ္ပဏီများအနေဖြင့် ၄င်းတို့၏ EOI များကို ဇန်န၀ါရီ ၂၅ ရက်နေ့ ၊ ညနေ ၃ နာရီမတိုင်မီအထိ တယ်လီဖုန်း ဆက် သွယ်ရေးဆိုင်ရာ တင်ဒါ အကဲဖြတ်ကော် မတီ၊ နေပြည်တော် သို့ ပေးပို့ရမည်ဖြစ်သည်။ လုပ်ကွက် လိုင်စင်နှစ်ခုကို ၂၀၁၃ ခုနှစ် ၊ အစောပိုင်းနှစ် ၀က်အတွင်း ထုတ်ပေးသွားမည်ဖြစ်သည်။

    မြန်မာအစိုးရပိုင်သတင်းစာကမူ အစိုးရအနေဖြင့် တိုင်းပြည်၏ တယ်လီဖုန်းဆက်သွယ်ရေးနှင့် အိုင်တီနယ်ပယ်ဖွံ့ဖြိုးရေးအတွက် အခြေခံပေါ်လစီကို ချမှတ်ပြီးဖြစ်ကြောင်း၊ ထိုပေါ်လစီမှာ ပြည်တွင်းရော၊ နိုင်ငံတကာ အ၀န်းအ၀ိုင်းနှစ်ခုလုံးကို အပြိုင်အဆိုင်သဘောမျိုးဖြစ်အောင် အခွင့်အလမ်း ဖွင့်ပေးနေကြောင်း ဖော်ပြသည်။

    ယခုကဲ့သို့ တင်ဒါခေါ်ယူရခြင်းမှာ တိုင်းပြည်၏ တယ်လီဖုန်း ဆက်သွယ်ရေး ထုထည်ကို လာမည့် ၂၀၁၅-၁၆ တွင် ၇၅ ရာနှုန်းမှ ၈၀ အထိ တိုး တက်စေဖို့ဖြစ်ကြောင်း၊ တယ်လီဖုန်း ဆက်သွယ်ရေးစနစ်ကို ပြည်သူများတတ်နိုင်သည့် နှုန်းထားမျိုးဖြင့် ဆောင်ရွက်ပေးနိုင်ရန်ဖြစ်ကြောင်း ၊ လူထု အနေဖြင့် တယ်လီဖုန်း ဆက်သွယ်ရေးစနစ်များကို ရွေးချယ်နိုင်ဖို့ အခွင့်အလမ်းကိုလည်း ဖွင့်လှစ်ပေးရန်ဖြစ်ကြောင်း အစိုးရသတင်း က ဖော်ပြသည်။

    တယ်လီဖုန်း ဆက်သွယ်ရေး လိုင်စင် ၄ ခုထုတ်ပေးရန်ရှိပြီး လောလောဆယ်တွင်မူ မလေးရှား၏ Axiata၊ ကရစ်ဘီယံဒေသမှ Digicel ၊ နော်ဝေမှ Telenor ၊ ဗီယက်နမ်မှ VNPT-Fujitsu နှင့် ရုရှမှ VimpelCom တို့က စိတ်ဝင်စားနေကြကြောင်း သိရသည်။

    ၂၀၁၂ ခုနှစ် ၊ Deloitte ၏ အစီရင်ခံစာအရ မြန်မာပြည်သည် ကမ္ဘာပေါ်တွင် မိုဘိုင်းဖုန်းအသုံးပြုနှုန်း အနည်းဆုံးစာရင်းတွင် ပါဝင်နေကြောင်း သိရ သည်။ Asian Development Bank ကမူ နိုင်ငံတွင်း မိုဘိုင်းဖုန်းအသုံးပြုမှု ပါဝင်သည့်တယ်လီဖုန်းဆက်သွယ်ရေးမှာ ရင်းနှီးမြှပ်နှံဖို့ အရေးတကြီးလို အပ်နေကြောင်း ဖော်ပြခဲ့သည်။

    ref: mmtimes

  • အီရန် ပါလီမန်အမတ်များ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်လာမည်

    M-Media

    ဒီဇင်ဘာ ၂၂ ၊ ၂၀၁၂

    FNA

    A1127660

    တီဟီရန်အနေဖြင့် ပါလီမန်အမတ်များကိုယ်တိုင်ပါဝင်မည့် ကိုယ်စားလှယ်အဖွဲ့ကို လာမည့် လ (ဇန်န၀ါရီ) ထဲ တွင် စေလွှတ်ကာ မြန်မာပြည် တွင်း ဖိနှိပ်ခံနေရသည့် လူနည်းစု မွတ်စလင်မ်များ အရေးကို လေ့လာသုံး သပ်မည်ဖြစ်ကြောင်း၊ အီရန်အစိုးရအဖွဲ့မှ စီနီယာ ပါလီမန် အမတ်တစ်ဦးက FNA သို့ ပြောကြားခဲ့သည်။

     

     

    အီရန်ပါလီမန်အမတ်များပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်သို့ လာရောက်မည့်အကြောင်းကို အီရန်ပါလီမန်၏ အမျိုးသား လုံခြုံရေးနှင့် နိုင် ငံခြားရေး မူဝါဒကော်မရှင်၏ ဒုတိယဥက္ကဌဖြစ်သူ မန်ဆူးရ်ဟကီကပူးရ်က စနေနေ့တွင် ပြောကြားလိုက်သည်။

    မြန်မာပြည်သို့ လာရောက်မည့်ခရီးစဉ်တွင် အီရန်လခြမ်းနီအဖွဲ့၊ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနအဖွဲ့နှင့် အစ္စလာမ်မစ် ရီပတ်ဘလစ် အီရန်နိုင်ငံ ရုပ်မြင်သံ ကြား ထုတ်လွှင့်ရေးအဖွဲ့တို့ပါ အတူတကွ လိုက်ပါလာကြမည်ဟုလည်း သိရသည်။ အီရန် သံတမန်အဖွဲ့ လာရောက်မည့်အကြောင်း ရင်းမှာ မြန်မာနိုင်ငံ အတွင်းရှိ မွတ်စလင်မ်များ၏ အခြေအနေကို လေ့လာရန်ဖြစ်သည်။

    မြန်မာနိုင်ငံ အနောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည့် ပဋိပက္ခများကြောင့် လူပေါင်း ၂၂၀၀၀ ပမာဏရှိသည့် မွတ်စလင်မ်များမှာ မိမိတို့နေ အိမ်များ၊ ပျောက် ဆုံး ခဲ့ ရကြောင်း ကုလမှ အောက်တိုဘာ ၂၉ တွင်ပြောကြားခဲ့သလို ကုလ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် အာရှော့ခ်နီဂမ်ကလည်း ပဋိပက္ခ တွင် အတိဒုက္ခ ပို၍ခံစားခဲ့ရသည်မှာ မွတ်စလင်မ်များဖြစ်ကြောင်း၊ မွတ်စလင်မ်မိသားစုပေါင်း ၂၁၇၀၀ မှာ အိုးအိမ်မဲ့ခဲ့ ရကြောင်း အေအက်ဖ်ပီ သို့ ပြောကြားခဲ့သည်။

  • မြန်မာပြည်တွင် အက်တမ်စွမ်းအင်ကို အကျိုးရှိစွာ အသုံးချမည်

    M-Media

    ဒီဇင်ဘာ ၂၂ ၊ ၂၀၁၂

    www.straitstimes.com

     

    bloom-radiation-graphic

    မြန်မာ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်အနေဖြင့် အက်တမ်စွမ်းအင်ကို အသုံးပြုရန် အစီအစဉ် ရှိကြောင်း ပြောကြား လိုက်သည်။ သို့သော် ၄င်းက ထိုစွမ်းအင်ကို ဆေးပညာ၊ သုတေသနနှင့် စွမ်းအင်ထုတ်လုပ်ရေးကဏ္ဍများအတွက်သာ သုံးစွဲရန်ဖြစ်ပြီး နြူလက်နက် ထုတ် လုပ် ရန် မရည်ရွယ်ကြောင်းလည်း ပြောကြားသည်။

    လွန်ခဲ့သော တလခန့်က မြန်မာအစိုးရက ၄င်းတို့အနေဖြင့် တိုင်းပြည်အတွင်းရှိ နြူကလိယနှင့် စပ်ဆိုင်သည့် အရာအားလုံးကို ကြေငြာချက် ထုတ်ပြန်မည် ဟု  ကတိပြုခဲ့သည်။ ထိုသို့ ကတိပြုခဲ့ပြီးသည့်နောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယခုကဲ့သို့သော မှတ်ချက်ကို ယနေ့(စနေနေ့) ထုတ် နိုင်ငံ ပိုင် မီဒီယာ များတွင် ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

    ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ၏မှတ်ချက်ကို တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်အခမ်းအနားမိန့်ခွန်းတွင် ထည့် သွင်းပြောကြား ခဲ့ခြင်းလည်း ဖြစ်သည်။ သူက တိုင်းပြည်တွင်း ဓါတ်ရောင်ခြည် သုံး ဆေးပစ္စည်းကိရိယာ များလိုအပ်နေခြင်းအကြောင်းကို သာမက ရေဒီယို သတ္တိကြွ ပစ္စည်းများဖြင့် ကင်ဆာရောဂါကုသရေးအကြောင်းအရာများကိုပါ ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။

  • အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီး သီတဂူနိုင်ငံတကာ ဗုဒ္ဓဘာသာ ကွန်ဖရင့် တက်ရောက်ဖွင့်လှစ် အပြီး ရန်ကုန်ရှိ ဇဖရ်ရှား ဒရ်ဂါ သို့ လာရောက်လည်ပတ်

    အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီး သီတဂူနိုင်ငံတကာ ဗုဒ္ဓဘာသာ ကွန်ဖရင့် တက်ရောက်ဖွင့်လှစ် အပြီး ရန်ကုန်ရှိ ဇဖရ်ရှား ဒရ်ဂါ သို့ လာရောက်လည်ပတ်

    M-Media

    ဒီဇင်ဘာ ၁၅ ရက် ၊ ၂၀၁၂

    Via Press Trust of India

     

    မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အစ္စလာမ်သာသနာဝင်၊ ဆလ်မန်ခူရ်ရှိဒ်သည် မဂိုအင်ပါယာ၏ နောက်ဆုံးပြည့်ရှင် ဗဟာဒူး ရှား ဇဖရ် (ဇဖရ်ရှား ဒရ်ဂါ)၏ သမိုင်းဝင် အုတ်ဂူသို့ လာရောက် လည်ပတ် ခဲ့ကြောင်း သိရသည်။ ဆလ်မန် ခူရ်ရှိဒ် နိုင်ငံရေးကိစ္စများအတွက် သက်သက်သာမက သီတဂူနိုင်ငံတကာဗုဒ္ဓ ဘာသာ တက္ကသိုလ်တွင်ကျင်းပမည့် ဗုဒ္ဓဘာသာကွန်ဖရင့်ကို ဖွင့်လှစ်ပေးရန် အတွက် လည်း မြန်မာနိုင်ငံ သို့ ရောက်နေခြင်းဖြစ်ကြောင်း သိရသည်။

     

    အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကို မြန်မာ သမ္မတနှင့်အတူ တွေ့ရစဉ်

     

    ဆလ်မန်ခူရ်ရှိဒ်သည် ဇဖရ်ရှားဒရ်ဂါသို့ လာရောက်လည်ပတ်ရာ၌ မဂိုအင်ပါယာပြည့်ရှင် ဇဖရ်ရှားရင့်ကျူးခဲ့သော ကာရံညီစာသားတစ်ပိုဒ်ကို ရွတ် ဖတ် ခဲ့ကြောင်း သိရသည်။ ၄င်းစာပိုဒ်မှာ –

    ကိသ်နာ ဟဲ ဗဒ်နစိဘ် ဇဖရ်
    ဒဖ်နကိလိယေ
    ဒိုဂဇ် ဇမိန် ဘိနမိလိ ကိုဟေယာရ်မဲ

    အဓိပ္ပါယ်မှာ – “ကံခေလှသူ အို – ဇဖရ်၊ မြေမြှပ်သင်္ဂြိုလ်ခံရဖို့ မြေကွက်ကလေး နှစ်ကိုက်ကိုတောင် ချစ်လှစွာသော (အမိမြေ) ပေါ်မှာ မရနိုင်ခဲ့ပါပေါ့လား”။

     

    မဂိုအင်ပါယာ နောက်ဆုံးပြည့်ရှင် ဇဖရ်ရှား

    ဇဖရ်ရှားဘုရင်သည် မြန်မာပြည်တွင် ၁၈၆၂ ခုနှစ်၊ နိုဝင်ဘာ ၇ ၌ကွယ်လွန်သည်။ ၄င်းကွယ်လွန်သည့်အချိန်တွင် အသက် ၈၇ နှစ်ရှိပြီဖြစ် ၍ ဗြိတိသျှတို့  က ၁၈၅၇ သူပုန်ထမှု အပြီး နယ်နှင် ဒဏ်ပေး သဖြင့် မြန်မာပြည်သို့ ရောက်ရှိ လာခဲ့ရခြင်းဖြစ်သည်။

    ဇဖရ်ရှားဘုရင်ကိုယ်တိုင်မှာ အသိ အမှတ်ပြုရမည့် နာမည်ကျော် ကဗျာ ဆရာတစ်ဦး လည်းဖြစ်သည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ခူရ်ရှိဒ်ကမူ မိမိ ကိုယ် တိုင်နှင့် ဇဖရ်ရှား ဘုရင်တို့ ပုဂ္ဂလိက အနှောင်အဖွဲ့ အကြောင်းကို တရေးတယူ ဖော်ပြခဲ့ကြောင်းလည်း သိရသည်။ ထိုသို့ ဖော်ပြရာတွင် ခူရ်ရှိဒ်က ဇဖရ်ရှား ဘုရင်ကြီး၏ အုတ်ဂူနံရံတွင် ၁၉ ရာစုနှစ်က မှုန်းခြယ်ထားသော ကဗျာ (နဇာမ်) များကို ညွှန်းဆိုခဲ့သည်။

     

    ရန်ကုန်မြို့ရှိ ဇဖရ်ရှား ဒရ်ဂါ

    အောက်စဖို့ဒ်ဘွဲ့ရတစ်ဦးဖြစ်သူ၊ ရှေ့နေစာရေးဆရာ ခူရ်ရှိဒ်သည် “ဘဘုရ် ၏သားများ” အမည်ဖြင့် ပြဇတ်တစ်ပုဒ်ရေးသားခဲ့ပြီး ၄င်းပြဇတ်တွင် မဂို မွတ်စလင်မ်များ၏ သရုပ်ကို ပီပြင်စွာ ဖော်ပြထားသလို ဘုရင် ဇဖရ်ရှားမှာမူ ထိုပြဇတ်၏ အဓိက ဇတ်ကောင်လည်း ဖြစ်သည်။

    ခူရ်ရှိဒ်က ဇဖရ်ရှား အုတ်ဂူထိန်း သိမ်းစောင့်ရှောက် သူအား ၄င်း၏ “ဘဘုရ် ၏သားများ” ပြဇတ် စာအုပ်ကို ပေးခဲ့ကြောင်း လည်း သိရသည်။

    ဇဖရ်ရှားဘုရင်၏ မြှပ်နှံထားရာ နေရာမှ သူ၏ နာမည်ကျော် ကဗျာတစ်ပုဒ (ဥူရ်ဒူ ဘာသာဖြင့်)

    ဇဖရ်ရှားဒရ်ဂါ ဧည့်သည်မှတ်တမ်းတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ခူရ်ရှိဒ်က “ဒီလိုမျိုးနေရာကို (ဇေယာရသ်) ၀တ်ပြုဆုတောင်းပေးဖို့ အကြောင်း တစ်မျိုး၊ နိုင်ငံရေးအရတစ်သွယ် လာရောက်လည်ပတ်ခွင့်ရတာကြောင့် ၊ ကျွန်တော့်အနေနဲ့ ပြည့်ဝကုံလုံခြင်းရဲ့ အငွေ့အသက်တွေကိုသာမက စိတ်ကူး စိတ်သန်းကောင်းတွေကိုပါ ခံစားရပါတယ်။” ဟု ရေးသားသွားခဲ့သည်။  ဧည့်မှတ်တမ်းရေးသားချက်တွင် အိန္ဒိယနိုင်ငံ၊ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် ၀န်ကြီးချုပ်ဟောင်း ရာဂျိဗ်ဂန်ဒီတို့၏ လက်ရေးမူများလည်း ရှိနေပြီးဖြစ်သည်။

    ခူရ်ရှိဒ်သည် မြန်မာနိုင်ငံခရီးစဉ်အတွင်း သီတဂူ နိုင်ငံတကာဗုဒ္ဓဘာသာတက္ကသိုလ်တွင် နိုင်ငံ ၁၀ နိုင်ငံမှ ပညာရှင်များတက်ရောက်သည့် ဗုဒ္ဓဘာသာ ကွန်ဖရင့် တက်ရောက်ခဲ့ဖွင့် လှစ်ပေးခဲ့ကြောင်း သိရသည်။ ယင်းကွန်ဖရင့်ကို ၃ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။ ထိုအခမ်းအနား ကို မြန်မာနိုင်ငံ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်ခဲ့ကြောင်း သိရသည်။