ကမ္ဘာ့လူဦးရေ သန်းပေါင်း ၁၀၀၀ ကျော် မှာ အစာရေစာ မလောက်ဝမှု အာဟာရချို့တဲ့မှုများ နှင့် ရင်ဆိုင်နေရကြောင်း မကြာခင်က ထုတ်ပြန်ခဲ့သော အစီရင်ခံ စာအသစ်တွင် ဖေါ်ပြထားပါသည်။ ၂၀၁၀ ခုနှစ် ၏ ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်မှုပြ အညွန်းကိန်းအရ ကလေးငယ်များ တွင်အာဟာရချိုတဲ့မှုများ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေကြောင်း ၊ အထူးသဖြင့် အာဖရိက ဆာဟာရနိုင်ငံများ ၊တောင်အာရှဒေသများက စိုးရိမ်ရသည့် အခြေနေဖြစ် နေကြောင်း သိရ သည်။ အဆိုပါ ကိန်းညွန်း ကို နိုင်ငံတ ကာ အစားစာ လေ့လာမှု သိပ္ပံ၊ Welthungerhilfe ၊ Concern worldwide တို့ကပူးတွဲ ပြုစု တင်ပြခဲ့ခြင်းဖြစ်သည်။ (more…)
Author: တောသား
-
လူဦးရေ သန်း တစ်ထောင်ခန့် အာဟာရ ချိုတဲ့နေ ဟု ဆို
-
အသက် ၁၀၁နှစ် ပြည့်ချိန်မှ အမေရိကန် နိင်သံသားဖြစ်ခွင့်ရသည့် အမယ်အို
အမေရိကားသို့ မျှော်လင်ချက်အမျိုးမျိုးဖြင့် ရွှေ့ပြောင်းဝင်ရောက်လာသူများထဲတွင် မက္ကဆီကို နိုင်ငံက အဘွား အို Eulalia Garcia Maturey လည်းအပါဝင်ပါ၊ ရာစုနှစ် တစ်စုကြာမြင့်ပြီးနောက်မှတော့ အသက် ၁၀၁နှစ်ရှိ ယင်းအဘွားအိုမျှော်လင့်နေသော အမေရိကန်နိုင်ငံသား တစ်ဦး ဖြစ်လာခဲ့ပါပြီ။ယင်းအမယ်အိုသည် လွန်ခဲသော ၁၉၀၉ ခု အောက်တိုဘာ ၁၂ရက်နေ့တွင် အမေရိကန်သို့ ၀င်ရောက်လာခဲ့ပြီးနောက် အသက် ၁၀၁နှစ်ပြည့် ချိန်တွင် အမေရိကန်နိုင်ငံသားအဖြစ် အသိမှတ်ပြုခံလိုက်ရသည်။ ‘ ကျန်းကျန်းမာမာ ရှိတဲ့ဒီအသက်အရွယ်မှာ အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရလို့ တကယ်ကို ၀မ်းသာတယ်ရှင့် ‘ ဟု အမယ်အိုက သူ၏ခံစားချက် ကိုဆိုပါသည်။ အမေရိကန် နိုင်ငံသားဖြစ်လာသော အမယ်အို က လာမည့်နိုဝင်ဘာ၂ရက်နေ့တွင်ကျင်းပမည့် နှစ်လည် ရွေး ကောက် ပွဲမှာ အတော်ဆုံး လွတ်တော်အမတ်အတွက် မဲပေးမည်ဖြစ်ကြောင်း ၊ ပြောကြားခဲ့သည်။
မက္ကဆီကို မြို့တော် မွန်တယ်ရေး တွင်မွေးဖွားခြဲ့ပီး မက္ကဆီနယ်စပ်မှာ အမေ၇ိကန်သို့ လွယ်လွယ်ကူကူ ၀င်ရောက် နိုင်ခဲ့စဉ် ကာလတွင်း တက္ကဆက်ပြည်နယ်သို့ သူမအသက် ခြောက်လသားအရွယ်တွင် မိခင်ဖြစ်သူနှင့်အတူ ရောက် ရှိလာခဲ့သည်။ ‘ ဘ၀ကို အရှုံးမပေးတက်တဲ့ အမေအိုအသက်အရွယ်ကို အရင်က မမြင်ဖူးခဲ့ပါဘူး ၊ ဒီကမေးတဲ့ မေးခွန်းတွေကို လည်း ကောင်းကောင်းမွန်မွန်ဖြေဆိုနိုင်လို့ နိုင်ငံသားအဖြစ် လက်ခံလိုက်တာပါ’ ဟုအမေရိကန် လူဝင်မှုကြီးကြပ်ရေး ကဆိုပါသည်။ BBC
-
၉-၁၁ တိုက်ခိုက်မှုကြီးနောက်ကွယ်တွင် စီအိုင်အေနှင် မော့ဆက် ရှိနေဟု အီရန်ဆို
အီရန် သမ္မတ အာမတ်ဒီနီဂျက် က ၉-၁၁ တိုက်ခိုက်မှုကြီးအား သံသယရှိကြောင်းပြောဆို လိုက်ပြီးနောက်ပိုင်း အီရန်စစ်ဘက်အကြီးတန်း ခေါင်းဆောင် Rahim-Safavi က အမေရိကန် ထောက် လှမ်း ရေး စီအိုင်အေနှင် အစ္စရေးထောက်လှမ်းရေ မော့ဆက် အဖွဲ့ တို့သည် ယင်း ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အုံ တိုက်ခိုက် မှုကြီး နောက်ကွယ်တွင် ရှိနေကြောင်း ထုတ်ဖေါ်ပြောဆိုလိုက်ပါ သည်။ ‘ အမေရိကန်နှင့်ဇီယွန်ဝါဒီတွေဟာ အရှေ့ အလယ်ပိုင်းက ရေနံတွေကို လက်ဝါးကြီးအုပ် ဖို့ အကြံနဲ့ မဟာဗျူဟာကျကျ ၉-၁၁ တိုက်ခိုက်မှုကြီးကိုစီစဉ်ခဲ့ပါတယ် ‘ ဟု ပြောဆိုစွပ်စွဲလိုက်ပါသည်။ အလ်ကိုင်ဒါခေါင်းဆောင် အိုစာမာဘင်လာဒင်တွင် ယင်းတိုက် ခိုက်မှုကြီး ကို စီစဉ်နိုင်စွမ်းမရှိကြောင်း သူက ထောက်ပြသွားပါသည်။ ၄င်း၏ အဆိုအရ စီအိုင်အေနှင့် မောဆက်ထိပ်တန်း အရာရှိကြီးများ သည် ယင်းဖြစ်ရပ်တွင် ပိရိသေသပ်စွာ ကြိုးကိုင်ဆောင် ရွက်ခဲ့ ကြောင်း သိရသည်။ အစ္စလာမ် အနှစ်သာရ ပျံပွား လာမည် ကိုစိုးရိမ်ြ က သူ အမေရိကန်နှင့် ဇီယွန် ၀ါဒီများ များက အစ္စလာမ်ကြောက်စိတ် ကဲလာစေရန် စက်တင်ဘာ ၁၁ တိုက်ခိုက်မှု ၊ ရှက်စရာကောင်းသော ကုရ်အာန်မီးရှို့ပွဲ အစီစဉ် များ ကိုလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သူက ရှင်းပြပြောဆိုသည်။ (more…)
-
အစ္စရေး လက်ယာစွန်းရောက်ခေါင်းဆောင် ပါလက်စတိုင်းကလေး နှစ်ဦး အား ကားဖြင့်တိုက်
ဂျူးအခြေချ အိမ်ယာ အုပ်စု ခေါင်းဆောင်အဖြစ် လူသိများသော David Be’eri က အရှေ့ဂျေရုစလင် Silwan တွင် သူကားအား ခဲများဖြင့် ပစ်ပေါက်ခံလိုက်ပြီးနောက် ပါလက်စတိုင်းကလေးငယ် နှစ်ဦးအား ကားဖြင့် တိုက်ခဲ့ကြောင်း haaretz သတင်းတွင်ဖေါ်ပြထားသည်။ ကားအတိုက်ခံရသော ယင်းကလေးငယ်နှစ်ဦးမှာ အရှေ့ဂျေရုစလင်ရှိ Moqassed ဆေးရုံ တင်ကုသနေရသည် ။ ကလေးတစ်ဦးမှာ ရင်ဘက် နှင့် ခန္ဒာကိုယ်အောက်ပိုင်းများ တွင် အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိကာ ကျန်တစ်ဦးမှာ ဒဏ်ရာ အနည်းငယ် သာရရှိခဲ့သည်။ ပါလက်စတိုင်း ကလေးငယ်နှစ်ဦးအား ကားဖြင့်တိုက်ခဲ့သူ David Be’eri မှာ သိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေ အရှေဂျေရုစလင်တွင် အခြေချအိမ်ယာများ ဆောက်လုပ်ပေးနေ သည့် Elad ဖောင်ဒေးရှင်း ၏ ဒါရိုက်တာဖြစ်ကြောင်း သိရသည်။ သူ၏ ပြောကြာချက်အရ ပါလက်စတိုင်း ကလေးငယ်များက ခဲများဖြင့်ပစ်ပေါက်ခဲ့ခြင်းဖြစ် ကြောင်း သူနှင့် သူသား အသက်ဘေးမှာ လွတ်ရန် ကြိုးပမ်းစဉ်အတွင်း ယင်းသို့ မတော်တဆ တိုက်မိရခြင်းဖြစ်ကြောင်း ဆင်ခြေတက် ပြောဆိုထားသည်။
စက်တင်ဘာလအတွင်း အမေရိကန်၏ ကမကထ ပြုကျင်းပပေးခဲ့သော ပါလက်စတိုင်း – အစ္စရေး တို့၏ အရှေ့ အလယ်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ သည် ယခုအခါတွင် အစ္စရေးတို့၏ တရာမ၀င် အိမ်ယာများ ဆက်လက်တိုးချဲ့တည်ဆောက်နေခြင်း၊ ပါလကစတိုင်းတို့အား ဆက်လက်ဖိနှိပ်နေခြင်းတို့ ကြောင့် ငြိမ်းချမ်းရေး ကြိုးပမ်မှုသည်လည်း သဲထဲရေသွန် သည့်အလား ဖြစ်နေရသည်။ ပါလက်စတိုင်းသမ္မတ မာမူဒ် အာဘတ်စ်က အစ္စရေး တို့၏ အိမ်ယာတိုးချဲ့ဆောက်လုပ်နေမှုများ မရပ်သရွေ့ အစ္စရေး တို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကို ရပ်ဆိုင်းထားမည် ဟု တုန့်ပြန် ပြောဆိုထားသည်။ Haaretz
ပါလက်စတိုင်းကလေးငယ်နှစ်ဦး ကားတိုက်ခံရပုံ ဗီဒီယိုကို အောက်ပါလင့်တွင်ြ ကည်ရှုနိုင် ပါသည်။ http://www.youtube.com/watch?v=0QvMW7abxGg
-
ပါလက်စတိုင်းနယ်မြေ အနောက်ဘက်ကမ်း ရှိ ဗလီတစ်လုံး တိုက်ခိုက်ခံရ
ဂျူး အခြေချနေထိုင်သူများက အနောက်ဘက်ကမ်းရှိ ဗလီ တစ်လုံး ကိုမီးဝင်ရှိုခဲ့ရာ ကုရ်အာန် ကျမ်းစာများ ၊ကော် ဇော များ မီးလောင်ခဲ့ရပါသည် ။ ဗလီနံရံများတွင်လည်း ဟီဘရုး ဘာ သာဖြင့် ဂလဲ့စားဟု ရေးထိုးခဲ့ကြ ကြောင်း ဘယ်သလီဟမ်ရှိ Beit Fajjar ရွာ အကြီးအကဲက ပြောပါသည်။ ၄င်းက ကုရ်အာန် ကျမ်းစာ ၁၅ အုပ်မီးလောင်သွားရကြောင်း၊ ဂျုး အခြေချများ၏ တိုက်ခိုက်မှုသည် ၄ကြိမ်ရှိနေပြီဖြစ်ကြောင်း ပြောပါသည်။ ယင်းတိုက်ခိုက် မှုကြောင့် တစ် နှစ် အတွင်း ပါလက်စတိုင်း အစ္စရေး ပြဿနာကို ဖြေရှင်း ပေးရန် မျှော်လင်ထားသော အမေရိကန်ကို အကျပ် တွေ့စေ ခဲ့သည်။ အစ္စရေးတို့သည် အနောက်ဘက်ကမ်းဒေသနှင့် အ ရှေ့ ဂျေရုစလင် ကို ၁၉၆၇တွင် သိမ်းပိုက်ခဲ့ပြီး သန်း တစ်ဝက် ခန့်ရှိသော ဂျုးလူမျိုးများကို တရားမ၀င် အိမ်ယာ များကို ဆောက် လုပ် နေထိုင်ခွင့်ပေးခဲ့သည်။ လူအခွင့်အရေး လေ့လာ သူ များက အနာက်ဘက်ကမ်းဒေသတွင် အခြေချနေထိုင်သူ ဂျူး များသည် ပါလက်စတိုင်းတို့၏ လူမှုဘ၀ကို တနေ့တခြား ခြိမ်းခြောက်လျက်ရှိကြောင်း ပြောဆိုကြသည်။ al jazeerah