လွန်ခဲ့သော နှစ်နှစ် အတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်မှုများကြောင့် ကင်ညာနှိင်ငံမှ ကျောင်းဆရာ ၁၀၀၀ ကျော်ကို အလုပ်မှထုတ်ပယ်ခဲ့ရကြောင်း ကျူးလွန်ခံရသူများမှာ အသက် ၁၂နှစ်မှ ၁၅နှစ်အကြား ရှိကျောင်းသူများဖြစ်ကြောင်း ကင်ညာ လူအခွင့်အေ၇းအဖွဲ့စည်းများက ပြောကြားသည်။ အဆိုပါ ဖြစ်ရပ်များကို ကျေးလတ် အခြေခံပညာကျောင်းများတွင် ဖြစ်ပွားလေ့ရှိပြီး ဆက်သွယ်ရေးအခြေနေကြောင့် တိတိကျကျ စုံစမ်းနိုင်ခဲ့ခြင်းမရှိသော်လည်း လက်ရှိချိန်တွင်မိုဘိုင်းဆက်သွယ်ရေးစနစ်ဖြင့် ၄င်းဖြစ်ရပ်များကိုသိရှိ လာခဲ့ရကြောင်း ကင်ညာ လိင်ခွဲခြားမှု၊ကလေးသူငယ်ရေးနှင့် ဖွံဖြိုးရေးဝန်ကြီး ဌနကပြောဆိုသည်။ (more…)
Author: တောသား
-
ကင်ညာက ကျောင်းဆရာများ ကျောင်းသူများအား လိင်ပိုင်း ဆိုင်ရာ စော်ကားနေ
-
ထူးခြားဆန်းပြားသော ကလေးများ
ထူးခြားဆန်းပြားသော ကလေးများ မွေးဖွားခြင်း ဟု ဆိုလိုက်ပါက စာရှုသူအနေဖြင့် ၄င်း ကလေးငယ်များ သည် ရင်ချင်းဆက် အမွာများလော၊ သို့မဟုတ် ကိုယ်ခန္ဒာ အစိတ်ပိုင်းများတွင် ထူးခြားနေ ခြင်းလော ဟု တွေးထင်နေမိပါက Soper တို့၏ ရင်သွေးငယ်များ အတွက်တော့ မှားယွင်းနေပါမည်။ သုတို့ ရင်သွေးများ၏ ထူးခြားသော မွေးနှစ်များကဲ့သို့ မည်သူမျှ ရရှိနိုင်မည် မဟုတ်ပေ၊ မိခင်ဖြစ်သူ Barbara soper မှ အကြီးဆုံးသား Chloe ၈ ဂဏန်းဖြစ်သော ၀၈/၀၈/၀၈ ၊ သမီးအလတ် Cameronအား ၉ ဂဏန်းဖြစ်သည့် ၀၉/၀၉/၀၉ ၊ အငယ်ဆုံး သားငယ် Cearra အား ၁၀ ဂဏန်း ဖြစ်သော ၁၀/၁၀/၁၀ စသော နှစ်၊လ၊ရက်၊ တို့တွင် တိုက်တိုက်ဆိုင်ဆိုင် မွေး ဖွားနိုင်ခဲ့ပါသည်။ (more…)
-
မြင်သာမြင် မကြင်ရတဲ့အဖြစ်လား
မကြုံစဖူးများပြား လာနေသော ကမ္ဘာ့လူဦးရေး ၊ကုန်ခန်း လာဖွယ်ရှိ နေသော သံယံဇတ အရင်းမြစ်များ၊ ဆိုးဝါး လာ နေသည့် ရာသီဥတုအခြေနေများကြောင့် လက်ရှိကမ္ဘာအပြင် အခြား သော နေအဖွဲ့စည်းတွင် လူသား များအတွက် သက်ရှင် ရပ်တည်နိုင်ပတ်ဝန်းကျင် ရှိ ကမ္ဘာဂြိုလ် အသစ်များ အား စိတ်အား ထက်သန်စွာဖြင့် ရှာဖွေ လျက်ရှိ နေပါသည်။ အာကာသ အတွင်းသို့ လူလိုက် ပါစီးနင်းနိုင်သော ယာဉ်များ ဖြင့်တစ်သွယ် ၊ စက်ရုပ် အာကာသ ယာဉ်များဖြင့် တစ်ဖုံ၊ အဝေးကြည့်မှန် ပြောင့်းများဖြင့်တစ်နည်း နယ်မြေ ကမ္ဘာသစ် ကိုရှာ ဖွေရေးတွင် ဒေါ်လာဘီလီယံ အမြောက် အမြားကုန် ကျခံ သုံးစွဲနေပါသည်။ (more…)
-
ကွယ်ပျောက်သွားမည့် အရေး နှင့်ရင်ဆိုင်နေရသော အာရှ အထင်ကရ နေရာများ
ဂူဂျာရသ်ပြည်နယ် (အိန္ဒိယ)
သမိုင်း ၀င် ပုဂ္ဂိုလ်ကြီး မဟတ္တမဂန္ဒီ၏ မွေးရပ်မြေ ဖြစ်သော အိန္ဒိယနိုင်ငံရှိ ဂူဂျာရသ်ပြည်နယ်မှာ ၀ါနှင့်ဆားအထွက် ဆုံးပြည်နယ်ကြီးဖြစ် သည်။ ယင်းပြည် နယ်ကြီး
သည် ယခုအခါတွင် ကမ္ဘာကြီး ပူနွေးလာမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများကို အပြင်းအထန် ရင်ဆိုင်နေရပါသည်။၂၀၀၅-၂၀၀၆တ၏ အတွင်း မိုးသည်းထန်မှု
လေမုန်တိုင်း တိုက်ခတ်မှု များကြောင့် ရေလွမ်းမိုများနှင့် အကြီးအကျယ်ကြုံတွေ့ခဲ့ရပြီး ပြည်သူ ထောင်ပေါင်းများစွာ သေဆုံးခဲ့ကြရသည်။ အိန္ဒိယနိုင်ငံ၏ အနောက်
ဘက်ဆုံးတွင်ရှိသော ယင်းပြည်နယ်မှာ ရာသီဥတုပြောင်းလဲမှု များကြောင့် ပြည်နယ်၏ အဓိက အသက်သွေးကြောဖြစ်သည့် ၀ါနှင့်ဆား လုပ်ငန်းများ သည်မကြာခင်
ပျောက်ကွယ် သွားနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းနေကြသည်။
မော်လ်ဒိုက်
ကမ္ဘာလှည်ခရီးသွားများ အား အာရုံဖမ်းစား နေသော၊ စိမ်းပြာပြာ ရေပြင်၊ ဖြူလွလွ သဲသောင် များရှိသော ၊ ကျွန်းပေါင်း ၁၂၀၀ကျော်ပိုင် ဆိုင်ထားသည့်
မော်လဒိုက်နိုင်ငံအား ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာနေမှုက ခြိမ်းခြောက် နေသည်။ ၀င်ရိုစွန်း ဒေသများရှိ ရေခဲပြင်များ အရည်ပျော် နေခြင်းကြောင့်
ပင်လယ်ရေပြင် မျက်နှာပြင်ထက် တစ်မီတာ အမြင့်တွင် တည်ရှိနေသော ယင်းနိုင်ငံလေးမှာ လာမည့် ဆယ်စုနှစ်များ အတွင်း ရေနှစ်မြုပ် ကွယ်ပျောက်
သွားတော့မည် ဟု ဟောကိန်း ထုတ်ထားကြသည်။
ဘန်ကောက်
ကျောက်ဖယား မြစ်ဝကျွန်ပေါ် တွင်တည်ရှိသော ဘန်ကောက်မြို့ တော်မှာ ထိုင်းနိုင်ငံ ၏ပညာရေး စီးပွားရေး၊ ယဉ်ကျေးမှု၊နှင့် နိုင်ငံရေး အချက်အခြာ
အဖြစ်ရှိ နေပါသည်။ မုတ်သုံရာသီ ကာလများတွင် မြစ်ရေမြင့် တက်ခြင်းကြောင့် မြိုတော်၏ နေရာအတော်တော်များများသည် ရေလွှမ်းခံနေရသည်။ မြို့ တည်ရှိရာ
မြေလွာသည် ပျော့ ပြောင်းခြင်း ၊မြေအောက်ရေ အလွန်အကျွံ သုံးစွဲခြင်း၊ မိုးမျှော်တိုက်များ အဆမတန် ဆောက်လုပ်ခြင်းတို့ ၏ အကျိုးဆက်အဖြစ် ဘန်ကောက်မြို
့တော်သည် မြေအောက်သို့ တဖြည်ဖြည်းနိမ့်ဝင်လျက်ရှိ နေသည်။ ကျွမ်းကျင်သူများ၏ အဆိုအရ ရာစုနှစ် ကုန်ပိုင်းတွင် ဘန်ကောက်မြို့ သည် ပင်လယ်အောက်
ကျွံဝင်သွားလိမ့် မည်ဟု တွက်ဆထားကြသည်။
Cherrapunji (အိန္ဒိယ)
ပင်လယ်ရေ မျက်နှာ ပြင်အထက် ၁၂၉၀မီတာ တွင်တည်ရှိသော အိန္ဒိယနိုင်ငံ၏ Cherrapunjiဒေသမှာ ကမ္ဘာမိုးရေချိန်အများ ဆုံးရွားသွန်းရာဒေသ ဖြစ်ပါသည်။
နှစ်စဉ် မတ်လမှ အော်ကတိုဘာလအထိ မိုးများရွားသွန်း သော်လည်း ကျန်လများတွင်ပူပြင်ခြောက်သွေ့ လျက်ရှိနေသည်။ ယင်းဒေသရှိ မြေဆီလွာများသည်
မိုးရေများကို စုပ်ယူထိန်းသိမ်းနိုင်မှုမရှိခြင်း ရာသီဥတု ဆိုးဝါးပြင်ထန်ခြင်း၊ ပတ်ဝန်ကျင် ညစ်ညမ်းလာခြင်း သစ်တောပြုန်းတီးခြင်း၊ များကြောင့်ဒေသခံပြည်များ မှာ
ရေရှားပါးပျက်လပ် မှုဒဏ်ကို ဆိုးဆိုး ၀ါးဝါးရင်ဆိုင်နေရသည်။ လာမည့် ဆယ်စုနှစ်များ၌ ၎င်းဒေသရှိ ပြည်သူများ အသက်ရှင် သန်ရပ်တည် နိုင် ရေးသည် မ
လွယ်ကူနိုင် တော့ ကြောင်း သိပ္ပံ ပညာရှင်များက ခန့်မှန်းထားကြသည်။
Komodo (အင်ဒိုနီးရှား)
အင်ဒိုနီရှားရှိ Komodo ကျွန်းစုသည် ပြည့်ဝကြည် လင်သော ရေပြင်၊ စုံလင်လှသော အပုပိုင်းရေနေသတ္တ၀ါများ ကြောင့် နာမည်ကျော်နေပြီး အပျော်တမ်း ရေငုပ်
အပန်းဖြေသူများ အတွက်နတ် ဘုံနတ်နန်းတမျှ ဖြစ်နေသည်။ ကျွန်းပေါ်တွင် ကမ္ဘာအကြီးဆုံး ဖွတ်သတ္တ၀ါများနေထိုင် ကျက်စားလျက်၇ှိသည်။ ယခုအခါတွင်
ကမ္ဘာကြီးပူနွေးလာမှု၊ ပင်လယ်ရေ အပူချိန်ပြောင်းလဲမှု များကြောင့် ရေအောက် ရှိ သန္တကျောက်တန်း များမှာ ကွယ်ပျောက် ပျက်ဆီသွား မည့်အရေးနှင့်
ရင်ဆိုင်နေရသည်။
ဟော့ကိုင်းဒိုး(ဂျပန်)
ဂျပန်နိုင်ငံ ဟောကိုင်းဒိုကျွန်း ရှိ ခုရှိရော ရွှံ့နွံ ဒေသ မှာ ရှားပါး ခေါင်းနီကြိုးကြာ များအပါဝင် ငှက်မျိုးစိတ်များ ကြောင့်နာမည် ကျော်ဒေသ ဖြစ်ပါ သည်။ ယခုအခါတွင်
လူတို့ ၏ အမဲလိုက်ခြင်း ထူးကဲဒီရေတက်ခြင်း တို့ကြောင်း ယင်းဒေသ၏ ဒီရေတောများ၊ ငှက်သတ္တ၀ါ ခိုအောင်း ရာနေရာများ သည် တစ်နှစ်ထက်တစ်နှစ်
ပျက်ဆီးပျောက်ကွယ် လျက်ရှိနေသည်။ ထို့အတူ ရှားပါးစာရင်ဝင် ကြိုးကြာခေါင်းနီများ သည်လည်း မျိုးသုန်းပျောက်ကွယ် မည့် အန္တရယ်နှင့်ရင်ဆိုင်နေရသည်။
အိန္ဒူမြစ် ( ပါကစ္စတန်)
ဟိမ၀န္တာရှိ ရေခဲဖုံးရာ တောင်တန်းများတွင် မြစ်ဖျားခံစီး ဆင်းလာသော အရှည် ၃၀၀၀ရှိ အိန္ဒူမြစ် သည် သစ်တောအုပ်များ၊ ကျေးရွားများစွာကိုဖြတ်သန်းကာ
အိန္ဒိယသမုဒ္ဒရာ အတွင်း စီးဝင် ပါသည်။ ပါကစ္စတန်ရှိ ဆည်များ စွားအတွက် အဓိက ရေအရင်းအမြစ် ဖြစ်နေသော ယင်းမြစ်ကြီးသည် ဟိမ၀န္တာ တောင်တန်း
များရှိရေခဲများ အရည်ပျော်ကုန်ခန်းလာ နေခြင်း ဒေသအတွင်း ပုံမှန် မိုးရွာသွန်းမှုမရှိခြင်း တို့ကြောင့် ခန်းခြောက်သွား မည့်အန္တရယ်နှင့် ရင်ဆိုင်နေရကာ အိန္ဒူမြစ်အား
မှီခိုနေများသူများ မှာလည်း ရေရှားပါးမှုနှင့် ကြုံ တွေ့ရဖွယ်ရှိနေသည်။ linyone
-
အစ္စရေး နျူးကလီးယားအစီစဥိ အီရန် ဖေါ်ထုတ်ရန်ရှိ
အမေရိကန်၏ကျောထောက်နောက်ခံပေးမှုရရှိထားသော အစ္စရေးနိုင်ငံ အား သူ၏ တရားမ၀င်ပိုင်ဆိုင်ထားသော့  လျှို့ဝှက်ထားသော နျူးကလီးယာအစီစဉ်ကို အီရန်နိုင်ငံမှ မကြာမှီ ကမ္ဘာထုတ်ပြတော့မည်ဟု အီရန် အမျိုးသားလုံခြုံရေးကောင်စီဝင် Saeed Jalili မှ ပြောဆိုလိုက်ပါသည်။ အပြည်ပြည်ဆိုင်ရာ နျူးကလီး ယာမပြန်ပွား ရေးစာချုပ်အရ နျူးကလီးယာလက်နက်များကို ပိုင်ဆိုင်ခွင့်မပြုထားပေ။ သို့သော် အစ္စရေးတို့သည် ယင်းစာချုပ်လက်မှတ်ရေးထိုးခြင်းမရှိဘဲ အဖျက် စွမ်းပြင်းလက်နက်များပိုင်းဆိုင်ထားမှုအပေါ် မွတ်စလင်နိုင်ငံများ ၏ မေးခွန်းထုတ်ခြင်းကိုခံနေရသည်။ အီရန်နိုင်ငံက အနောက်အုပ်စုအနေဖြင့် ၄င်းမေးခွန်းများ ကို ဖြေကြားပေးရန် တောင်းဆိုနေသည်။ (more…)