News @ M-Media

Author: တောသား

  • အမေရိကန်တွင် အာရဘီဘာသာအား စိတ်ဝင်စားသူ မြင့်တက်လာနေ

    အမေရိကန်နိုင်ငံ တက္ကသိုလ်များ၌ အာရဘီဘာသာ သည် ကျောင်းသားများစွာ၏ တဟုန်ထိုး စိတ်ဝင်းစား မှု ရရှိနေပြီး လွန်ခဲ့သော ၂၀၀၆ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ၄၆% ကျောင်းဝင်နှုန်း မြင့် တက်လာကြောင်း လေ့လာမှုစစ်တမ်းတစ်ရပ်က ဖေါ်ပြထားသည်။ အင်္ဂလိပ်နှင့် အာရဘီ စာပေ တို့သည် ကျောင်းသားများစိတ်အ၀င်စားဆုံးဘာသာစကားများစာရင်း၌ လက်တင်နှင့် ရုရှား ဘာသာစကားများကို ခုန်ကျော် ကာ အမှတ်စဉ်၈တွင် ဦးဆောင် နေသည်ဟု ခေတ် သစ် ဘာသာစာပေ အစည်းအရုံး (MLA) က ပြုလုပ်သော ယင်းစစ်တမ်းက ဆိုသည်။ (more…)

  • စင်ကာပူရှိ နာဂူရီဒါရ်ဂါတွင် အိန္ဒိယ မွတ်စလင်သမိုင်းဌာန ဖွင့်လှစ်မည်

    တမီလ်(ကျူလီယာ)မွတ်စလင် ကုန်သည် များက လွန်ခဲ့သော နှစ်ပေါင်း ၁၈၀က စင်ကာပူတွင် ဆောက်လုပ်ခဲ့ နာဂူရီးဒါရ်ဂါအား ၆၁ခုမြောက် နိုင်ငံတော်
    သမိုင်း ၀င် အဆောက်အုံအဖြစ် ၁၉၇၄ ခုနှစ်တွင် စင်ကာပူအစိုးရက သတ်မှတ်ခဲ့ပါသည်။ အဆိုပါ ဒါရ်ဂါ အတွင်း ရှိ အိန္ဒိယ မွတ်စလင် သမိုင်းဌာန အား
    လာ မည့် နှစ် လယ်တွင် ဖွင့်လှစ် မည်ဖြစ်ကြောင်း channel news asia သတင်းက ဖေါ်ပြပါသည်။ စင်ကာပူ ၊ပီနန် သို့ရောက်ရှိ နေထိုင်ခဲ့ကြ သော
    ကျူလီယာမွတ်စလင်များ သည် မိခင်ဌာနေ ဖြစ်သော အိန္ဒိယနိုင်ငံ တမီလ်နာ ဒူလ်ပြည် နယ်တွင် သူတော်စင် Shahul Hamid ၏ နာဂိုရ်ဒါရ်ဂါ အထိမ်းအမှတ်
    အဖြစ် က စင်ကာပူ တွင် လည်း ဒါရန်ဂါ တစ်ခု ဆောက်လုပ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ အဆိုပါ သမိုင်း ဌာနတွင် စင်ကာပူရှိ လူနည်းစု ကျူလီယာ မွတ်စလင်များ၏ သမိုင်းဝင် ဖြစ်ရပ်မှန်များကို ထည့်သွင့် ပြသမည်ဖြစ်သည်။ စင်ကာပူ နာဂူရီး ဒရ်ဂါ ဘဏ္ဍာထိန်းအဖွဲ့ အတွင်းရေးမှူး နာဆီးရ် ဂန္ဒီ က မျိုးဆက်သစ်တွေ လူငယ်တွေက အိန္ဒိယမွတ်စလင်သမိုင်းကို သိပ်မသိကြတော့ဘူးလေ ဒါကြောင် ဒီဌာနက သူတို့ ကို သမိုင်းနဲ့ ထိတွေ ခွင့်ရေစေမှာပါ . နောက်ပြီး စင်ကာပူ လူအဖွဲ့စည်းအားလုံးအတွက်ပါ ရည်ရွယ် ပါတယ် . ဟု ပြောပါသည်။ စင်ကာပူတွင် ကျူလီယာမွတ်စလင် ၆၀၀၀၀ ကျော်နေထိုင်ကြသည်။

  • ဒါရွှလ်အိုလူမ်း ( ဒေယိုဘန် )ကျောင်းအုပ် မောင်လာနာ Marghoobur Rahman ကွယ်လွန်

    အစ္စလာမ်နှင့်အကြမ်းဖတ်ဝါဒ လားလားမှ မသက်ဆိုင် ကြောင်း ၊ အပြစ်မဲ့ သူအား တိုက်ခိုက်သတ်ဖြတ် ခြင်းသည် အစ္စလာမ် သင်ကြား ချက်များကို ဆန့်ကျင်နေကြောင်း ၂၀၀၈ ခုနှစ် တွင် ဖသ်ဝါ ဓမ္မသတ် ထုတ်ပြန်ပေးခဲ့သူ ၊ဒါရွလ်အိုလူးမ်း ဒေယိုဘန်တွင် အင်္ဂလပ် ၊ ဂျာနယ် လစ်ဇင် ၊ ကွန်ပြူတာ စခေတ်မှီသင်ကြားရေး ဘာသာရပ်များ ထည့်သွင်း သင်ကြား ပေးနိုင်ခဲ့သူ  ၊  အိန္ဒိယနိုင်ငံ၏ အထင်ကရ သာသနာ့ တက္ကသိုလ် ဖြစ်သော ဒါ၇ွလ်အိုလူမ်ကျောင်းအုပ်အဖြစ် နှစ်ပေါင်း ၃၀ ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူအသက် ၉၆နှစ် အရွယ် ရှိ  မောင် လာနာ Marghoobur Rahman   သည် ဒီဇင်ဘာ ၈ ရက်ဗုဒ္ဓဟူး နေ့တွင်ကွယ်လွန်ခဲ့ပေပြီ။ (more…)

  • နိုင်ငံခြားဘာသာ တက္ကသိုလ်(ရန်ကုန်) မှ ညနေပိုင်း ဘာသာစကား သင်တန်းများဖွင့်တော့မည်

    မြန်မာလူငယ်များအကြား ရေးပန်စားနေသော နိုငှ်ုခြားဘာသာတက္ကသိုလ်(ရန်ကုန်) ၏ ညနေပိုင်း ဘာသာစကား သင်တန်း( ဘာသာပြန် ၊ စကားပြန် ) အား ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၃ရက်နေ့တွင် ဖွင့်လှစ်မည်ဟု နိုင်ငံခြားဘာသာတက္ကသိုလ်ကျောင်းသာရေးရာ ဌာနမှ ပြောပါသည်။ အဆိုပါ သင်တန်များတွင် အ၈င်္လိပ်၊တရုတ် ၊ကိုးရီးယား၊ ဂျပန် ၊ပြင်သစ် ၊ ဂျာမန်၊ ရုရှား၊ ထိုင်းဘာသာ တိုအား အရည်အချင်းပြည့် ပညာရှင်များကနေ ပိုချပေးမည်ဟုသိရသည်။ ဘာသာပြန်၊ စကားပြန်သင်တန်း များသို့ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတိုင်း ၂၈.၁၂.၂၀၁၀ နေမှ ၃၁.၁၂.၂၀၁၀ နေ့နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။ သင်တန်းကာလမှာ သုံးလကြာမြင့်မည်ဖြစ်ကာ အပတ်စဉ် တနလာင်္၊ ဗုဒ္ဓဟူး၊ သောကြာ နေများတွင် ညနေ ၅း၂၀မှ ၇နာရီအထိ ပို့ချမည်ဖြစ်သည်။ လျှောက်ထားလိုသူများသည် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် မူရင်းနှင့်မိတ္တူ (သို့မဟုတ် ) အမှတ်စာရင်း မူရင်း နှင့်မိတ္တူ (သို့မဟုတ်) ဘွဲ့လက်မှတ် မူရင်၊မိတ္တ နှင့် ဓါတ်ပုံ ၃ပုံ လိုအပ်သည်။ ၃လကြာမြင့်မည့် ယင်းသင်တန်း၏ သင်တန်းကြေကို ကျောင်းသာရေးရာတွင်စုံစမ်းပေးသွင်းနိုင်ကြောင်း သိရသည်။ ၊အင်္ဂလိပ်ဘာသာ အတွက် သတ်မှတ်ထားသောသင်တန်းသား အရေအတွက် ပြည့်သည့်ရက်သည် နောက်ဆုံးလက်ခံမည့်ရက် ဟု ကြေငြာထားသဖြင့် လျှောက်ထားလိုသူများသည် လျှောက်လွှာစတင်လက်ခံမည့် ၂၈.၁၂.၂၀၁၀ နံနက် အစောဆုံး သွားရောက်လျှောက်ထား သင့်ကြောင်း နောက်ဆုံး အပတ်စဉ် ၏ အင်္ဂလိပ်စာ သင်တန်းတွင် လက်ခံခဲ့သည့် သင်တန်းသား ဦးရေမှာ ၅၀၀ ဖြစ်ကြောင်း ယခင်အပတ်စဉ်တွင် လျှောက်ထားချိန်နောက်ကျသဖြင့် တက်ခွင့်မရလိုက်သေည့် လူငယ်တစ်ဦးက ပြောပါသည်။ နိုင်ငံခြားဘာသာတက္ကသိုလ်၏ အဆိုပါသင်တန်များနှင့် ပတ်သက်ပြီး အသေးစိတ်စုံစမ်းလိုပါက ဖုံးနံပါတ် ၅၁၄၇၃၁ လိုင်းခွဲ ၂၀၂ သို့ ဆက်သွယ်နိုင်ပါသည်။

  • ဆရာမ ဒေါက်တာစိန်စိန်သိန်း သို့ အိတ်ဖွင့်ပေးစာ

    ၂၀၁၀ ခု၊ ဒီဇင်ဘာလ ၃ ရက်

    ဆရာမ ခင်ဗျား –

    ၂၇ – ၁၀ – ၂၀၁၀ နေ့ထုတ် စောင့်ကြည့်သတင်းဂျာနယ် (News Watch)အတွဲ(၆)၊ အမှတ်(၁၅) စာမျက်နှာ ၃၀ မှာ ဒေါက်တာစိန်စိန်သိန်း အမည်နဲ့ရေးထားတဲ့ ”ပေးဆပ်ခဲ့သူသာ အလေးမြတ်ပြုခံရ” ဆိုတဲ့ ဆရာမရဲ့ ဆောင်းပါး တစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။
    ဆရာမ ရေးသားတဲ့ အဲဒီဆောင်းပါးရဲ့ ခေါင်းစဉ်က ထိမိလှပါတယ်။ ဆရာမတင်ပြချင်တဲ့ သဘောတရား အချို့ကိုလည်း နားလည်လိုက်ပါတယ်။ မဟတ္တမဂန္ဓီကြီးဟာ ”ဟိန္ဒူ၊ မွတ်စလင် လူမျိုးရေးအဓိကရုဏ်းတွေကို မလိုလားကြောင်း၊ မတူညီတဲ့ ဘာသာရေးကို အကြောင်းပြုပြီး နိုင်ငံသားအချင်းချင်း သတ်ဖြတ်နေကြတာကို အလုပ်မဟုတ်ဘူးလို့ ခံယူထားသူဖြစ်ကြောင်း

    (more…)