News @ M-Media

Author: YinYin

  • ၂၉ ခုမြောက် ပြည်နယ်တစ်ခုကို အိန္ဒိယ သတ်မှတ်

    ၂၉ ခုမြောက် ပြည်နယ်တစ်ခုကို အိန္ဒိယ သတ်မှတ်

    ဇွန် ၂၊ ၂၀၁၄
    M-Media

    2-D

    – နိုင်ငံတောင်ပိုင်းရှိ အန်ဒရာ ပရာဒရှ်ပြည်နယ်အား ခွဲထုတ်ကာ နိုင်ငံ၏ ၂၉ ခုမြောက်ပြည်နယ်အဖြစ် တီလန်ဂါနာပြည်နယ်ကို အိန္ဒိယအစိုးရက ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

    ချန်ဒရာဆီခါရာမှာ ပြည်နယ်၏ ပထမဆုံးဝန်ကြီးချုပ်အဖြစ် ယနေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ပြည်သူများကလည်း မီးရှူးမီးပန်းများပစ်ဖောက်ကာ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ခဲ့ကြသည်။ သမ္မတသစ် မိုဒီကလည်း အိန္ဒိယအနေဖြင့် ၂၉ ခုမြောက် ပြည်နယ်ကို ရရှိပြီဖြစ်ကြောင်း တီလန်ဂါနာပြည်နယ်၏ ၀န်ကြီးချုပ်ကိုလည်း ချီးကျူးကြောင်း ၎င်း၏ Twitter စာမှက်နှာတွင် ရေးသားခဲ့သည်။

    အန်ဒရာ ပရာဒရှ်ပြည်နယ်မှ ခွဲထုတ်ကာ သီးခြားပြည်နယ်ဖန်တီးရန် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက တောင်းဆိုလာခဲ့ခြင်းဖြစ်သည်။ ပြည်နယ် ခွဲထွက်ရေးအတွက် ဖွဲ့စည်းထားသည့် Telangana Joint Action Committee (TJAC) ကော်မတီကို ဦးဆောင်သူ အမ် ခိုဒန်ဒရမ်က ဤကာလမှာ တီလန် ဂါနာပြည်သူများအတွက် သမိုင်းဝင်ကာလဖြစ်သည်ဟု ဆိုသည်။

    ပြည်နယ်ထူထောင်ရေးကြိုးပမ်းရာတွင် လူပေါင်း ၁၂၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရပြီး သေဆုံးသွားသူများအတွက် အောက်မေ့ဖွယ်အခမ်းအနားကိုလည်း ပြည်သူများ က ယနေ့တွင် ပြုလုပ်ခဲ့ကြသည်။ တီလန်ဂါနာပြည်နယ်တွင် ခရိုင် ၁၀ ခုရှိပြီး လူဦးရေ ၃၅ သန်းရှိသည်။ မြိုတော်မှာ ဟိုင်ဒီရာဘဒ်ဖြစ်ပြီး ထိုမြို့တော်ကို နောက် ၁၀ နှစ် အထိ အန်ဒရာ ပရာဒရှ်ပြည်နယ်နှင့် ပူးတွဲ သုံးစွဲရမည်ဖြစ်သည်။

    Ref : Aaljazeera

  • မိမိမှာ လာမည့်နှစ်တွင် ပိုမိုကောင်းမွန်လာမည်ဟု ဘေးလ်ဆို

    မိမိမှာ လာမည့်နှစ်တွင် ပိုမိုကောင်းမွန်လာမည်ဟု ဘေးလ်ဆို

    ဇွန် ၂၊ ၂၀၁၄
    M-Media

    2-C

    – လာမည့်နှစ်တွင် မိမိမှာ ပိုမိုကောင်းမွန်လာမည်ဖြစ်ပြီး ရီးယဲလ်နှင့်အတူ ချန်ပီယံလိဂ်ဖလားကို ကာကွယ်ချင်သည်ဟု ဝေးလ်တိုက်စစ်မှူး ဂါရက်ဘေးလ်က ပြောကြားလိုက်သည်။

    ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ဖြင့် စပါးအသင်းမှ ရီးယဲလ်သို့ ပြီးခဲ့သည့် နွေရာသီတွင် ပြောင်းရွှေ့ခဲ့သည့် ဘေးလ်မှာ အစပိုင်းတွင် ဒဏ်ရာများဖြင့် ရုန်းကန်ခဲ့ရသော်လည်း နောက်ပိုင်းတွင် အသင်းတွင် ပုံမှန်ပါဝင် ခြေစွမ်းပြနိုင်ခဲ့ကာ စပိန်ဘုရင့်ဖလားနှင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲများတွင် အရေးပါသော အနိုင်ဂိုးများကို သွင်းယူပေးနိုင်ခဲ့သည်။

    “ရီးယဲလ်မက်ဒရစ်မှာ ကျွန်တော်ပျော်ပါတယ်။ နောက်နှစ်မှာ ပိုကောင်းလာမယ်လို့ ကျွန်တော် သေချာပြောရဲပါတယ်။ ပြီးတော့ ချန်ပီယံလိဂ်ဖလားကို ကာကွယ်နိုင်တဲ့ ပထမဆုံးအသင်း ဖြစ်ချင်ပါတယ်” ဟု အင်ဒိုနီးရှားသို့ ရောက်ရှိနေသည့်ဘေးလ်ကဆိုသည်။

    ဘေးလ်မှာ ရီးယဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ပွဲပေါင်း ၄၄ ပွဲကစားပေးခဲ့ပြီး ၂၂ ဂိုးသွင်းယူနိုင်ခဲ့ကာ ၁၆ ကြိမ် ဖန်တီးပေးနိုင်ခဲ့သည်။
    Ref : Goal

  • ဂျာမနီအသင်းဘက်သို့ ဂိုးသွင်းယူခဲ့သည့် အီတူး မော်ရင်ဟိုကို လှောင်ပြောင်သည့် ပုံစံဖြင့် အောင်ပွဲခံခဲ့

    ဂျာမနီအသင်းဘက်သို့ ဂိုးသွင်းယူခဲ့သည့် အီတူး မော်ရင်ဟိုကို လှောင်ပြောင်သည့် ပုံစံဖြင့် အောင်ပွဲခံခဲ့

    ဇွန် ၂၊ ၂၀၁၄
    M-Media

    2-B

    – ယမန်နေ့က ကစားခဲ့သည့် ဂျာမနီအသင်းအား ၂ ဂိုးစီသရေကျသည့်ပွဲတွင် ပထမဦးဆောင်ဂိုး သွင်းယူခဲ့သည့် ကင်မရွန်းတိုက်စစ်မှူး အီတူးမှာ မော်ရင်ဟိုအား လှောင်ပြောင်သည့်ပုံစံဖြင့် အောင်ပွဲခံခဲ့သည်။

    ဂိုးသွင်းယူပြီးနောက် အီတူးမှာ ထောင့်ကန်ဘော အလံတိုင်နားသို့သွားကာ ခါးကိုင်းပြီး အလံတိုင်ကို အားပြု၍ အဘိုးကြီးအသွင်သဏ္ဍာန်ပြုလုပ်ကာ အသက်အရွယ် ကြီးလွန်းနေသည်ဟုဆိုသော မော်ရင်ဟို၏ မှတ်ချက်အား လှောင်ပြောင်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ အောင်ပွဲခံမှုမျိုးကို စပါးအသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တစ်ခုတွင် အီတူးက စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သည့် စပွန်ဆာပွဲတစ်ခုတွင် မော်ရင်ဟိုက ထိုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ်ပြီး အီတူးက မကျေမနပ်ဖြစ်ကာ မေလ ၁၅ ရက်နေ့က ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် မော်ရင်ဟိုကို အရူး၊ ရုပ်သေးရုပ် စသဖြင့် ခေါ်ဝေါ်သုံနှုန်းခဲ့သည်။

    Ref : Goal

  • ဗလီဝတ်ကျောင်းတော်တွင်း အခမ်းအနားတက်ရောက်ရန် ငြင်းဆန်ခဲ့သည့် အမေရိကန်ရဲအရာရှိ လူ့အခွင့်ရေးချိုးဖောက်မှုဖြင့် အရေးယူခံရ

    ဗလီဝတ်ကျောင်းတော်တွင်း အခမ်းအနားတက်ရောက်ရန် ငြင်းဆန်ခဲ့သည့် အမေရိကန်ရဲအရာရှိ လူ့အခွင့်ရေးချိုးဖောက်မှုဖြင့် အရေးယူခံရ

    ဇွန် ၂၊ ၂၀၁၄
    M-Media

    2-A

    – အိုကလာဟိုးမားပြည်နယ် တူလ်ဆာမြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးတွင် ပြုလုပ်သော ဂုဏ်ပြုပွဲအခမ်းအနားကို တက်ရောက်ရန် ငြင်းဆန်ခဲ့သည့် ရဲအရာရှိ တစ်ဦးအား ဥပဒေမလိုက်နာမှုဖြင့် ခရိုင်တရားရုံးက အပြစ်ပေးခဲ့သည်ဟု သိရသည်။

    ပေါလ်ဖီးလ်ဆိုသူ ဗိုလ်တစ်ဦးဖြစ်ပြီး ၎င်းအပေါ်တွင်ရှိနေသည့် လူ့အခွင့်အရေးကို ဖောက်ဖျက်မှုဖြင့် တူလ်ဆာမြို့နှင့် မြို့နယ်ရဲဌာနက တရားဆွဲဆိုခဲ့ခြင်းဖြစ်ကာ ပြစ်မှုထင်ရှားသောကြောင့် လုပ်ခ လစာ ၁၀ ရက် ဖြတ်တောက်ခြင်း၊ ခတ္တခဏ အနားပေးခြင်းနှင့် ဂျူတီရွှေ့ဆိုင်းခြင်း စသည့် ပြစ်ဒဏ်များကို ချမှတ်ခဲ့သည်။

    ထိုမြို့ရှိ အစ္စလာမ့်အသိုင်းအ၀ိုင်းမှ ပြုလုပ်သော ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်ရန် သို့မဟုတ် ကိုယ်စားလွှတ်ပေးရန် ရဲတပ်ဖွဲ့က အမိန့်ပေးခဲ့သော်လည်း ပေါလ်ဖီးလ်မှာ ၎င်း၏ ဘာသာရေးယုံကြည်မှုကို ဖောက်ဖျက်သည်ဟုဆိုကာ မလိုက်နာသောကြောင့် ယခုကဲ့သို့ အပြစ်ပေးခံခဲ့ရခြင်းဖြစ်သည်။

    ထိုကဲ့သို့ တက်ရောက်ခြင်းက ၎င်း၏ ဘာသာရေးယုံကြည်ချက်ကို ထိပါးစေသည်ဟုဆိုလျှင် အခြားတစ်ဦးအား စေလွှတ်နိုင်ကြောင်း၊ အစ္စလာမ်သာသနာကို အစိုးရက အသိအမှတ်ပြုလက်ခံခြင်းအဖြစ် ထိုပွဲသို့တက်ရန် အမိန့်ပေးခြင်းကို လက်ခံရမည်ဖြစ်ကြောင်း ဘာသာရေးအဖွဲ့အစည်းများမှ ပြုလုပ်သည့် လူ့အဖွဲ့အစည်းတည်ဆောက်ရေး အခမ်းအနားများကို ရဲတပ်ဖွဲ့မှ ပုံမှန်တက်ရောက်ကြောင်း၊ တရားရုံးက ပြောကြားခဲ့သည်။

    Ref : IslamRU

  • ခန္ဓာကိုယ်အင်္ဂါ အားလုံးဆီရောဂါရောက်တာ ဆေးလိပ်သောက်ခြင်းကြောင့်ဟု သိပ္ပံမှူးတင်ပြော

    ခန္ဓာကိုယ်အင်္ဂါ အားလုံးဆီရောဂါရောက်တာ ဆေးလိပ်သောက်ခြင်းကြောင့်ဟု သိပ္ပံမှူးတင်ပြော

    မေ ၃၁၊ ၂၀၁၄
    M-Media
    လမင်း

    ခန္ဓာကိုယ်ထဲက ရှိသမျှ ပစ္စည်းတွေ ထဲရောဂါရောက်တာ ဆေးလိပ်သောက်ခြင်းကြောင့်ဟု စာရေးဆရာ သိပ္ပံမှူးတင်ပြော

    31F

    ရန်ကုန် ။       ။ လူ့ခန္ဓာကိုယ်ထဲမှာ ရှိသမျှ ပစ္စည်းတွေထဲ ရောဂါရောက်တာဟာ ဆေးလိပ်သောက်ခြင်း တစ်မျိုးသာဖြစ်တယ်လို့ စာရေးဆရာ သိပ္ပံမှူးတင်က ကမ္ဘာ့ဆေးလိပ် မသောက်ရနေ့ အထိမ်းအမှတ် လှုပ်ရှားမှု ဟောပြောပွဲတွင် ပြောကြားခဲ့သည်။

    “ကမ္ဘာပေါ်မှာဆေးလိပ်သောက်တဲ့လူတွေ သောက်သောက် လဲသေနေတာကိုပဲတွေ့နေရတယ်။ အခုဆိုရင် လူငယ်တွေကအ စသောက်နေကြတာကိုတွေ့ရတယ်။ ရောဂါတွေ အများကြီးကိုဖြစ်ပွားစေနိုင်လို့ပြောနေရတာပါ။ အခုချိန်ထိ ဆေးလိပ် ဆေးရွက်ကြီး သောက်စားနေတဲ့ လူတွေကများနေတယ်” ဟုဆက်လက်ပြောခဲ့သည်။

    ၎င်းသည်ဆေးလိပ်တိုက်ဖျက် ဆန့်ကျင်ရေးစာများကို စာရေးဆရာဖြစ်ပြီးနောက်ပိုင်း ဆေးလိပ်သောက်ခြင်းအား တိုက်ဖျက် ဆန့်ကျင်ရေး စာများကို အဓိကထားရေးသားခဲ့ပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက် ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေအား ပြဌာန်းနိုင်ရန်ကြိုးပမ်းခဲ့သည်။

    ဆေးလိပ် တိုက်ဖျက်ရေးကိုပြုလုပ်ရာတွင် လူငယ်များကို စတင်ပြုလုပ်သင့်ပြီး လူငယ်များမှ စိုက်ထူ၊ နံရံကပ်ကြေငြာများ နှင့် ရုပ်ရှင်များထဲတွင် အနုပညာရှင်များမှ သောက်ပြခြင်းတို့ကြောင့် အတုယူမှားကာ သောက်သုံးနေကြကြောင်းကိုလည်း ပြည်သူ့ ကျန်းမာရေးတက္ကသိုလ် ပါမောက္ခ ဒေါက်တာနေစိုးမောင်က ပြောကြားခဲ့သည်။

    “သောက်တဲ့သူတွေရဲ့အငွေ့တွေကို ရူရှိုက်မိသူတွေအနေနဲ့လည်း ဆေးလိပ်သောက်သူတွေနီးပါးဖြစ်နိုင်ပါတယ်။ လူငယ်တွေက သူတို့ရတဲ့မုန့်ဖိုးနဲ့က ဆေးလိပ်ဝယ်သောက် လို့ရနေတာဖြစ်လို့ သောက်နေကြတာပါ။ ဖြတ်ဖို့ခက်တာမှန်ပေမဲ့ ကြိုးစားပြီးလုပ်ဖို့ ကြိုးစားရပါ့မယ်”ဟု ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

    ဆေးလိပ် ဆေးရွက်ကြီးဈေးနှုန်းတွေက လူတိုင်း တက်နိုင်နေတဲ့ အနေအထားဖြစ်နေသောကြောင့် ဆေးလိပ် ဆေးရွက်ကြီး ဈေးနှုန်းတွေကို တိုးမြှင့်ပေးနိုင်ရန် အထူးလိုအပ်ကြောင်း၊ ၂၀၀၆ ခုနှစ် မေလ တွင်ပြဌာန်းထားသော ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု ထိန်းချုပ်မှုဥပဒေကိုလည်း ထုတ်ပြန်ထားမှုသာရှိပြီး ၎င်းဥပဒေ အသက်ဝင်လာအောင်၊ ပြည်သူများကျင့်သုံးလာနိုင်အောင် အမြန်ဆုံးဆောင်ရွက်သင့်ကြောင်း ဒေါက်တာနေစိုးမောင်က ဆက်လက်ပြောကြားခဲ့သည်။

    ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းကို ကျယ်ပြန့်စွာရောင်းချပါက ပြစ်မှုထင်ရှားပါက ငွေဒဏ်အနည်းဆုံး ၂၀၀၀၀ မှ အများဆုံး ၅၀၀၀၀ ထိပေးဆောင်ရမည်ဖြစ်ပြီး ဒုတိယအကြိမ်နှင့် အထက် ထပ်မံကျူးလွန်ပါက ၂-နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်အများဆုံး ၂၀၀၀၀၀ ထိချမှတ်နိုင်ကြောင်း ၂၀၀၆ ခုနှစ် မေလ တွင်ပြဌာန်းထားသော ဥပဒေတွင် ပါရှိသည်။