News @ M-Media

Category: သမိုင်းထဲက ပုံရိပ်

  • မိုးမောက်မြို့မှ လွတ်လပ်ရေး ကျောက်တိုင် (ဓါတ်ပုံ မှတ်တမ်း)

    မိုးမောက်မြို့မှ လွတ်လပ်ရေး ကျောက်တိုင် (ဓါတ်ပုံ မှတ်တမ်း)

    ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့က လွတ်လပ်ရေးကျောက်တိုင်ဖြစ်ပါတယ်။

    ရှာဖွေတင်ပြသူ – ရဲဆွေဝင်း

  • န.ဝ.တ စစ်အစိုးရခေတ်  တမန်တော်နေ့ အခမ်းအနား (ဓါတ်ပုံမှတ်တမ်း)

    န.ဝ.တ စစ်အစိုးရခေတ် တမန်တော်နေ့ အခမ်းအနား (ဓါတ်ပုံမှတ်တမ်း)

    ဇန်နဝါရီ ၂၂ ၊ ၂၀၁၇
    M-Media
    ရှာဖွေတင်ပြသူ-သီဟ

    န.ဝ.တ စစ်အစိုးရ အုပ်ချူပ်စဉ် ကာလ ၁၉၉၄ ခုနှစ် တွင်ကျင်းပခဲ့သော အစ္စလာမ်ဘာသာဝင်တွေရဲ့ တမန်တော်နေ့ အခမ်းအနား တရပ်ကို ထိုစဉ်က န.ဝ.တ စစ်ကောင်စီ အဖွဲ့ဝင် ၊ ရန်ကုန်တိုင်းစစ်ဌာနချူပ် တိုင်းမှုးဟောင်း၊ သာသနာရေးဝန်ကြီး ဒု-ဗိုလ်ချူပ်ကြီး မျိုးညွှန့် တက်ရောက်အမှာစကားပြောကြားခဲ့သည့် ဓါတ်ပုံမှတ်တမ်းဖြစ်ပါသည်။

    မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော်နေ့ အခမ်းအနားကို  ရှေးဘုရင်များ လက်ထက်ကစ၍ စတင်ကျင်းပပြုလုပ်ခဲ့သည်ဟု သမိုင်းမှတ်တမ်းများ အရ သိရသည်။

    နှစ်စဉ် အမြို့မြို့အနယ်နယ်၌ ကျင်းပလေ့ရှိခဲ့ပြီး ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက်က နိုင်ငံတော်သမ္မတ ၊ ဝန်ကြီးချူပ်များ ကိုယ်တိုင် တက်ရောက်ခြင်း၊ သဝဏ်လွှာများပေးပို့ခြင်းများ ပြုလုပ်ခဲ့ကြပါတယ်

    image ကို ၁၉၉၅ ခု၊ ဇန်နဝါရီလ ထုတ် အစ္စလာမ့်မျက်ဝန်း စာစောင်မှ ရယူပါသည်။

  • ၁၉၃၆ ခုနှစ်က တမန်တော်နေ့ အခမ်းအနားမှ ဗမာမွတ်စလင်မ် အပျော်တမ်း ရဲတပ်ဖွဲ့

    ၁၉၃၆ ခုနှစ်က တမန်တော်နေ့ အခမ်းအနားမှ ဗမာမွတ်စလင်မ် အပျော်တမ်း ရဲတပ်ဖွဲ့


    ၁၉၃၆ ခုနှစ်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် တမန်တော်နေ့ အခမ်းအနားမှ ဗမာမွတ်စလင်မ် အပျော်တမ်း ရဲတပ်ဖွဲ့၏ ဓါတ်ပုံ

    ဓါတ်ပုံ- ဦးမောင်မောင်ကြီး(မန်း)

    Image via- ကိုယ် ရံ တော် FB

  • တမန်တော်နေ့ အခမ်းအနား မှတ်တမ်းပုံများ

    တမန်တော်နေ့ အခမ်းအနား မှတ်တမ်းပုံများ

     

    10427296_650080765100525_6154760226169110584_n 10873481_650080751767193_4214952598190859225_o 10891666_650080721767196_7650206825879670017_n
    တမန်တော်နေ့ အခမ်းအနား သို့ နိုင်ငံတော် ဝန်ကြီးချုပ်ဦးနု တက်ရောက် အမှာစကားပြောကြားခဲ့သည့်  မှတ်တမ်းဓာတ်ပုံများ

    10896872_650080195100582_165301250137603786_n 10896945_650080141767254_53607225428732887_n

    တမန်တော်နေ့ အထိမ်းအမှတ် လူထုတရားပွဲ အခမ်းအနားကို ရန်ကုန်မြို့အောင်ဆန်းကွင်း၌ ကျင်းပခဲ့သည့် မှတ်တမ်းဓာတ်ပုံများ

    Image via-Haji Zaw Tun

  • ၁၉၅၅ ခုနှစ်က နိုင်ငံတော် သမ္မတကြီး ဒေါက်တာဘဦးပေးပို့ခဲ့သည့် “တမန်တော်နေ့မြတ် သဝဏ်လွှာ”

    ၁၉၅၅ ခုနှစ်က နိုင်ငံတော် သမ္မတကြီး ဒေါက်တာဘဦးပေးပို့ခဲ့သည့် “တမန်တော်နေ့မြတ် သဝဏ်လွှာ”

    ဇန်နဝါရီ ၄ ၊ ၂၀၁၅
    M-Media

    ၁၄၂၈-ကြိမ်မြောက် တမန်တော်နေ့တွင် တိုင်းရင်းသား၊ နိုင်ငံသား အစ္စလာမ် သာသနာဝင်များထံ ပေးပို့သော နိုင်ငံတော် သမ္မတကြီး အဂ္ဂမဟာ သီရိသုဓမ္မ ဒေါက်တာဘဦး၏ “တမန်တော်နေ့မြတ်သဝဏ်လွှာ”

    U Ba U

    ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြကုန်သော အစ္စလာမ်ဘာသာဝင်အပေါင်းတို့ အမြတ်တနိုး ထားကြသော တမန်တော်မွေးနေ့ကို တခမ်းတနား ဆင်ယင်ကျင်းပရာ၌ သုတိမင်္ဂလာ အဖြာဖြာနှင့် ပြည်စုံသော ဤသ၀ဏ်လွှာကို ယခုနှစ်တဖန် ကမ်းလှမ်းရသည့်အတွက် ကျွန်ုပ်အထူး ၀မ်းမြောက်ပါသည်။
    အစ္စလာမ်ဘာသာဝင် အပေါင်းတို့သည်၊ မိမိတို့ယုံကြည် အားထား ကိုးကွယ်ကြသော ဘာသာရေးတော်အတိုင်း ကျင့်ကြံ သုံးသပ် ဆောက်တည်ကြသည့် အတွက်လည်း ကျွန်ုပ်မူဆလင် အပေါင်းတို့အား အထူးချီးကျူးပါသည်။

    ကျွန်ုပ်တို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အခြေခံဥပဒေထဲတွင် ပြည်ထောင်စုအတွင်း မှီတင်း နေထိုင်ကြကုန်သော ပြည်ထောင်စုသူ ပြည်ထောင်စုသား အပေါင်းတို့သည်၊ အမျိုးဘာသာ မခွဲခြားဘဲ တူညီသော အခွင့်အရေးကို ရရှိရမည်ဟုပါရှိသည့်အတိုင်း အစ္စလာမ်ဘာသာဝင်အပေါင်းတို့သည်၊ အခြားဘာသာဝင် များကဲ့သို့ မိမိတို့ယုံကြည်ကိုးကွယ်ကြသော တရားတော်ကို လွတ်လပ်စွာကျင့်ကြံ့အားထုတ် နိုင်ကြစေရန်ကျွန်ုပ်ပြည်ထောင်စုအစိုးရက လိုအပ်သော အကူအညီများကို အမြဲတစေ မ-စ ကူညီလျက် ရှိနေပါသည်။

    အစ္စလာမ်ဘာသာဝင်အပေါင်းတို့သည်၊ ပြည်ထောင်စု၏ သစ္စာတော်ကိုထိန်းသိမ်း တုံ့ပြန် သောအနေဖြင့် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးနှင့် တိုးတက်ကြီးပွား စည်ပင်သာယာရေးတို့ကို မိမိတို့ တက်နိုင်သည့်ဘက်မှ ကူညီ ယိုင်းပင်း ကြပါမည့်အကြောင်း ကျွန်ုပ်ယခုနှစ်တဖန် ထပ်လောင်း၍ သတိပေးနှိုးဆော်လိုက်ပါသည်။

    အစ္စလာမ်ဘာသာဝင်အပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြ၍ မိမိတို့ ကိုးကွယ်အားထားသော တရားတော်အတိုင်း၊ ထိရောက်စွာ ကျင့်ကြံ့ အားထုတ်နိုင်ကြပါစေ။

    ဦးဘဦး
    နိုင်ငံတော်သမ္မတ ၊ ပြည်ထာင်စုမြန်မာနိုင်ငံတော်။
    ရန်ကုန်မြို့ ။ ၁၁၁၇-ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ရက်။
    (၁၉၅၅-ခုနှစ်၊ အောက်တိုဘာလ ၂၉ရက်။)

     

    ၁၉၅၅-ခုနှစ်၊ ဒီဇင်ဘာလထုတ် ကမ္ဘာ့အလင်း မဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်။

    Image via-Haji Zaw Tun FB