News @ M-Media
Category: ပြည်တွင်း
  • ရခိုင်ပဋိပက္ခ၏ လက်သည်တရားခံများကို အရေးယူမည်ဟု မြန်မာအစိုးရ ကတိပြု
    ရခိုင်ပဋိပက္ခ၏ လက်သည်တရားခံများကို အရေးယူမည်ဟု မြန်မာအစိုးရ ကတိပြု
    ရန်ကုန်
    အောက်တိုဘာ ၂၈ ရက်
    မြန်မာအာဏာပိုင်များအနေဖြင့် အနောက်ပိုင်းတွင်ဖြစ်ပျက်လျက်ရှိသည့် ပဋိပက္ခများတွင် နောက်ကွယ်လှုပ်ရှားနေကြသော လက်သည်တရားခံများကို အရေးယူသွားမည့်အကြောင်း နိုင်ငံပိုင်မီဒီယာမှတဆင့် ယနေ့ အောက်တိုဘာ ၂၈၊ တနင်္ဂနွေတွင် ဖော်ပြလိုက်သည်။
    ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းဖြစ်ပျက်ခဲ့သည့် ပဋိပက္ခများကို စုံစမ်းမည့်အကြောင်း ကတိပြုလိုက်သည်။ ယင်းပဋိပက္ခမှာ တိုင်းပြည်ရှိ မွတ်စလင်မ်များနှင့် ဗုဒဓဘာသာများအကြား ဖြစ်ပွားခဲ့ခြင်းဖြစ်၍ လူပေါင်း ၆၇ ဦးသေဆုံးကာ ၉၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့အလင်းက ဖော်ပြသည်။
    ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက ပြီးခဲ့သည့် သောကြာနေ့တွင် ကုလအဖွဲ့များမှ ကိုယ်စားလှယ်များပါဝင်သော စုံစမ်းရေးအဖွဲ့ကို ဦးဆောင်က မြန်မာနိုင်ငံအနောက်ပိုင်း၊ ရခိုင်ပြည်နယ်မှ မြေပုံမြို့သို့ သွားရောက်ခဲ့သည်။
    နယ်ခြားဖြတ်ကျော်ရေး တာဝန်ခံဝန်ကြီး၊ ဒုဗိုလ်ချုပ်ကြီး သိန်းဌေးကမူ တိုင်းပြည်တွင်းရှိ ပြည်သူများအနေဖြင့် အမုန်းတရား၊ အာဃာတတရားများ မထားကြဘဲ တိုင်းပြည်အတွက်ကိုသာ အာရုံထားစဉ်းစားကြဖို့ နှိုးဆော်တိုက်တွန်းလိုက်သည်။
    မူရင်း – www.nationmultimedia.com/breakingnews/Myanmar-vows-to-take-action-against-instigators-of-30193153.html
  • မြန်မာ့အလှ (အလင်းတန်းဂျာနယ်ဆောင်းပါး)
    အေးလွင်
    မြန်မာနိုင်ငံ၏အလှမှာ ရုပ်ပိုင်းဆိုင်ရာမျှမဟုတ်ချေ။ မြန်မာပြည်သားတို့၏ နှလုံးသားတွင်လည်း ထင်ဟပ်လျက်ရှိပါသည်။ အမှန်တရားကို ခုံမင်တန်ဖိုး ထားကြသည့် မြန်မာတို့သည် ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်ပုံစံအသီးသီးတို့ဖြင့် ထိုသစ္စာအမှန်ကို လွတ်လပ်စွာ ရှာဖွေခဲ့ကြ၏။ သက်သေအဖြစ်ပြပါဆိုလျှင် ကမ္ဘာ့အဓိက ဘာသာကြီးလေးခုတို့သည် မြန်မာနိုင်ငံ၌ ရောင်ဝါထွန်းလင်းလျက်ရှိ၏။
    မြန်မာတို့၏ ပင်ကိုဗီဇတွင် သနားကြင်နာတတ်သည့် ကရုဏာတရားသည် ကိန်းဝပ်လျက်ရှိပြီးဖြစ်၏။ မြန်မာပြည်သားလူများစုကိုးကွယ်သည့် ထေရဝါဒ ဗုဒ္ဓသာသနာသည် သတ္တဝါဟူသမျှ ကျောသားရင်သားမခွဲခြားဘဲ မေတ္တာထားရန် ညွှန်ပြထား၏။ ပုဂ္ဂိုလ်သတ္တဝါတို့မှာ ရုပ်နှင့်နာမ်ဖြင့်သာ စုဖွဲ့ထား၍ လူ မျိုးအားဖြင့်လည်းကောင်း၊ လူတန်းစားအားဖြင့်လည်းကောင်း ခွဲခြားမှုမရှိစေဘဲ ရှုမှတ်တတ်အောင် သွန်သင်ပြသခဲ့၏။ အိန္ဒိယနိုင်ငံတွင် စတင်ပေါ်ပေါက် ခဲ့သည့် မဟာယန၊ ထေဝါဒဗုဒ္ဓဘာသာနည်းတူ ဟိန္ဒူဓမ္မသည်လည်း ပျူခေတ်ကတည်းက မြန်မာနိုင်ငံတွင် ရောက်ရှိနေပြီဖြစ်ကြောင်း သမိုင်းအထောက် အထားများ ရှိပါသည်။ အရှေ့အလည်ပိုင်းမှာ အစပျိုးခဲ့သည့် ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာတို့သည်လည်း သူ့အတိုင်းအတာနှင့်သူ မြန်မာ့သမိုင်းမှာ ထည်ဝါသော အခန်းကဏ္ဍဖြင့် အတည်တကျရှိနေပါသည်။
    လူသားတို့အား ကောင်းကျိုးပြု၍ အလင်းဆောင်ခဲ့သည့် ဘာသာသာသနာအသီးသီးတို့မှာ ကမ္ဘာအနှံ့၌ ပွင့်ထွန်းခဲ့ကြသော်လည်း မြန်မာပြည်မှာ စည်ပင် သာယာ၍ ပြန့်ပွားထွန်းကားနေခြင်းမှာ မြန်မာတိုင်းက ဂုဏ်ယူသင့်သောအချက်ဖြစ်၏။ အကယ်စင်စစ်တွင်မူ လူသားတိုင်း၌ မိမိယုံကြည့်ရာကို ရွေးချယ် ပိုင်ခွင့်မှာ လူသား၏ မွေးရာပါအခွင့်အရေးတစ်ရက်ပင်ဖြစ်ပါသည်။ လူမျိုးဟူသည်မှာ မိမိနေထိုင်ရာဒေသ၊ မိမိခန္ဓာကိုယ်၏ ဖွဲ့စည်းတည်ဆောက်မှု စသည့် ရုပ်ဝိသေသလက္ခဏာတို့နှင့် သက်ဆိုင်ပါသည်။ ယုံကြည်ကိုးကွယ်မှုမှာ နှလုံးသားနှင့် လုံးဝသက်ဆိုင်လျက်ရှိပါသည်။ မည်သည့်လူမျိုးမဆို မိမိယုံကြည် ရာကို လွတ်လပ်စွာ လက်ခံကျင့်သုံးခွင်ရှိပါသည်။ ယင်းသို့ယုံကြည်ခြင်းအားဖြင့် လူမျိုးတစ်မျိုးအဖြစ် ပေါ်ထွန်းမလာနိုင်ပါ။ ဘာသာတရားတစ်ခုအား လက်ခံခြင်းသည် သက်ဆိုင်ရာပုဂ္ဂိုလ်နေထိုင်သော တိုင်းပြည်ပေါ်ချစ်မြတ်နိုးခြင်း၊ သစ္စာစောင့်သိခြင်းနှင့်လည်း မဆိုင်ပါ။ လူမျိုးပေါင်းစုံဖြစ့် ဖွဲ့စည်း ထား သာ နိုင်ငံတွင် ဘာသာပေါင်းစုံရှိနေမည်မှာ သဘာဝနိယာမဖြစ်ပါသည်။ မည်သည့်ဘာသာကို ကိုးကွယ်သည်ဖြစ်စေ၊ တိုင်းပြည်နှင့် ယင်းတိုင်းပြည် တွင်း၌ နေထိုင်ကြသည့် လူသားတို့၏အကျိုးကို သယ်ပိုးဆောင်ရွက်ရန်သာ အဓိကကျပါသည်။
    ဤနေရာတွင် နိုင်ငံသား၊ လူမျိုးနှင့် ဘာသာတို့အား ခွဲခြားစွာသိနိုင်ပါက တိုင်းပြည်တစ်ပြည်၏ စည်းလုံးညီညွတ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင် ရွက် နိုင်ပါလိမ့်မည်။ တိုင်းပြည်တစ်ပြည်တွင် ဘာသာတူ၊ လူမျိုးခြား များရှိနိုင်သလို လူမျိုးတူ ဘာသာခြားများလည်း ရှိနိုင်ပါသည်။ သို့သော ယင်းတို့ အားလုံးမှာ နိုင်ငံသားများသာဖြစ်ကြပါ၏။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံတွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမှုထမ်းဆောင်ခဲ့သူ ဟန်နရီ ကစ်စင်ဂျာ သည် ဂျာမန်ဂျူးလူမျိုး၊ ခရစ်ယာန်ဘာသာဝင်ဖြစ်ပြီး အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်ပါသည်။ ဂျာမနီနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ကူးပြောင်းလာသူတစ်ဦး ဖြစ်ပါသည်။ လူမျိုးရေးနှင့်ပတ်သတ်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ခံယူချက်အား ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်၊ ရွှေတိဂုံစေတီအလယ်ပစ္စယံ၊ ဖဆပ လညီလာခံသဘင်ကြီးတွင် မိန့်ကြားခဲ့သည့် မိန့်ခွန်းအား လေ့လာကြည့်လျှင် သိနိုင်ပါလိမ့်မည်။ အနည်းငယ်ကောက်နုတ်တင်ပြရပါလျှင်
    “လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ခ၊ အတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးခြင်းထပ်ပြီးလျှင် နှစ်ပရီစ္ဆေဒရှည်လျားစွာ တစ်မျိုးတစ်စားတည်းဟု စိတ်ထားရှိသူတို့ ကို တစ်စုတည်းပေါင်း၍ခေါ်ဝေါ်ခြင်းသာဖြစ်ပေသည်။ အမျိုးအနွယ်၊ ကိုးကွယ်သည့်ဘာသာတရား၊ ပြောဆိုသောဘာသာစကားတို့ အရေးထားရမည်ဖြစ် သော်လည်း အေးအတူ၊ ပူအမျှ၊ ကောင်းတူဆိုးဖက် ပူးပေါင်းလျက်နေလိုသော အစဉ်အလာဆန္ဒပေါ်တွင် ဝံဿနုရက္ခိတတရားသည် တည်နေပေသည်။”
    မည်သည့်ဘုရားမျှ မပွင့်ခဲ့သည့် မြန်မာပြည်၌ မှီတင်းနေထိုင်ကြသည့် လူသားတို့ ဘာသာပေါင်းစုံကို လက်ခံကိုးကွယ်လျက်ရှိကြပါသည်။ ဘာသာပေါင်းစုံ ချစ်ကြည်ရေးမှသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထူထောင်ရမည်ဖြစ်ပါသည်။ လွဲမှားသော အချက်အလက်များပေါ် အခြေခံပြီး စိတ်ဝမ်း ကွဲ ပြားမှုမဖြစ်သည့်ပါ။ လူအများစု ကိုးကွယ်သည့်ဘာသာနှင့် လူနည်းစုကိုးကွယ်သည့်ဘာသာဝင်တို့သည် အပြန်အလှန် စာနာထောက်ထားပြီး လေးစား ချစ်ကြည်ရန် အလွန်အရေးကြီးပါသည်။ လူကို လူလိုမြင်ပြီး ရုပ်နာမ်နှင့် တည်ဆောက်ထားသော လူသားတို့မှာ အခြေခံအားဖြင့် တူညီမှုရှိပြီး ကောင်းရာ လုပ်သောလူနှင့် မကောင်းရာလုပ်သောလူဟူ၍သာ ခွဲခြားအပ်ပါသည်။ ဘာသာတရားအဆုံးအမတို့ မည်မျှကောင်းစေကာမူ ယင်းဘာသာဝင်ပါဟု ခံယူ ထားသူတိုင်း ထိုတရားကောင်းတို့အား မကျင့်ကြပါ။ ထိုအခါ ဝါဒနှင့် ဝါဒီခွဲမြင်ရပါတော့မည်။ လက်မ မကောင်း လက်မ၊ ခြေမ မကောင်း ခြေမ ဖြစ်သင့်ပါ သည်။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး မပုပ်ရအောင် ကြိုးစားအားထုတ်ကြရန်သာရှိပါ၏။ ဘာသာဝင်တစ်ဦး အဓမ္မမှုကျူးလွန်လျှင် ထိုသူ၏လုပ် ရပ်အဖြစ်မှတ်ယူပြီး ဘာသာတရား၏ အဆုံးအမကြောင့် ထိုမကောင်းမှုပြုဖြင်းဖြစ်သည်ဟု မခံယူအပ်ပေ။
    လူများစုက လူနည်းစုကို သက်ညှာရသလို လူနည်းစုကလည်း လူအများစု၏ မတူကွဲပြားမှုကို အသိအမှတ်ပြု၍ မှန်ကန်စွာ ဆက်ဆံမှသာလျှင် လူ့အစုဝေး တစ်ရပ်တွင် (Unity in Diversity) မတူကွဲပြားမှုမှ ညီညွတ်မှုတည်ဆောင်နိုင်ပေမည်။ ငါနှင့်မတူ ငါ့ရန်သူဟု မသတ်မှတ်ဘဲ မတူညီခြင်းမှာ ဉာဏ်ကူ ခြင်းဟုခံယူပါက ဗဟုဝါဒ (Pluralism) ၏ အကောင်းနှင့် အပြုသဘောသက်ရောက်မှု (Positive Impact) ကို ရရှိပေမည်။ မတူသူတို့နှင့်အတူ ငြိမ်းချမ်း စွာယှဉ်တွဲ၍ နေထိုင်နိုင်ရန် မတူညီမှုကို နားလည်သဘောပေါက်လက်ခံသည့် စိတ်ထား (Tolerance) ရှိရန်လိုအပ်ပါသည်။
    ~~~~~~~~~~
    နေ့စဉ်သတင်းစာအဖြစ် ထုတ်ဝေခွင့် မကြာမီက ရရှိထားသည့်သတင်းစာ (မေလ ၁ဝ ရက်နေ့ထုတ်) တွင် အစ္စလာမ်နှင့်ပတ်သတ်၍ လွဲမှားသော အချက် အလက်များဖော်ပြထားပါသည်။
    “ကိုလိုနီနယ်ချဲ့ခေတ်က မြန်မာပြည်တွင်းသို့ အိန္ဒိယမှလူများ တံခါးမရှိ ဓားမရှိ ဝင်ခွင့်ရ၍ ဘင်္ဂါလီလူမျိုးများဝင်လာကြောင်း၊ ယင်းတို့သည် သိမ်များကို ဖျက်၍ ဗလီများဆောက်ခဲ့ကြောင်း၊ အဆိုပါ ဘင်္ဂါလီ မွတ်ဆလင်၊ ချစ်တီးများ (ဆောင်းပါးရှင်၏ဖော်ပြချက်) သည် မြန်မာပြည်မှ တောင်သူလယ်သမားတို့ အား ငွေတိုးချေးပြီး ခေါင်းပုံဖြတ်ခဲ့ကြောင်း” စသဖြင့် ရေးသားထားပါသည်။
    မြန်မာပြည်သို့ အစ္စလာမ်သာသနာ ၇ ရာစုနှစ် အေဒီ၊ ပိတ်သုံမင်းလက်ထက် (အေဒီ ၆၅၂ – ၆၆၁) အတွင် အာရပ်လူမျိုးကုန်သည်တို့သည် သထုံ၊ မုတ္တမ အစရှိသော ဆိပ်ကမ်းမြို့သို့ ရောက်ရှိရာမှာ စခဲ့ပါသည်။ (ဦးကြည် ဘီအေ၊ ရာဇဝင်ဂုဏ်ထူး၊ မြန်မာရာဇဝင်သိအပ်ဖွယ်အဖြာဖြာ၊ စာမျက်နှာ (၈၁ – ၈၃)၊ သာသနာရောင်ဝါထွန်းပြောင်စေဖို့၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ၁၉၉၇ ခု မတ်လထုတ်)။
    ယင်းတို့တွင် ဆူဖီသူတောင်စင်တို့ပါဝင်ကာ မြန်မာပြည်သူတို့က ထိုသူတော်စင်တို့၏ သီလ၊ သမာဓိ၊ ပညာကို လေးစားကြည်ညိုခဲ့ကြပါ၏။ ထိုသူတော်စင် တို့ မြန်မာပြည်သူတို့၏နှလုံးသား (ပရမတ်တရား) နှင့် ဦးနှောက် (ဆင်ခြင်တုံတရား) တို့အပေါ် အောင်မြင်ခဲ့ကြ၏။ (Won the Hearts and Minds of the People) ပုဂံခေတ်ကျောက်စာတို့တွင် တိုင်းရင်းသား၊ နိုင်ငံသားအစ္စလာမ်ဘာသာဝင်တို့အား ရည်ညွှန်းသည့် “ပန်းသိဃ်”၊ “ပသည်” ဟုရေးသား ချက်များ ပါရှိသည်။ (ဒေါ်တင်စိန်၊ ကုန်းဘောင်ခေတ်ယဉ်ကျေးမှု နိဒါန်း၊ အတွဲ ၃၊ အပိုင်း ၄၊ စာ – ၇၅။ ၁၉၇၃ ခုနှစ် ဇူလိုင်လထုတ်)
    ပုဂံခေတ်ရှေးဦးပိုင်းမှစ၍ တိုင်းပြည်နှင့်လူမျိုးအတွက် ဦးဆွေးဆံမြည့်အမှုထမ်းခဲ့သည့် တိုင်းရင်းသား၊ နိုင်ငံသား အစ္စလာမ်ဘာသာဝင်တို့သည် ယနေ့ ထက်တိုင်ရှိနေပါသည်။ မြန်မာမင်းများက နိုင်ငံခြားသားကျွမ်းကျင်သူ အသိပညာရှင်၊ အတတ်ပညာရှင်တို့အား ငွေကြေးပေး၍ ငှားရမ်းထားသည့် ကြေးစားများအဖြစ်မဟုတ်ဘဲ တိုင်းပြည်၏ ရင်နှစ်သည်းချာ သားသမီးကောင်းရတနာများအဖြစ် အမှုထမ်းသူများတွင် ဝန်ကြီး မဟာဗန္ဓုလ၏တပ်မှူး နေမျိုးဂုဏ္ဍရတ် (အစ္စလာမ်ဘွဲ့အမည် အဗ္ဗဒုလ်လာရင်မ်) (ကုန်ဘောင်ဆက် မဟာရာဇဝင် ဒု – တွဲ၊ စာ ၃၇၉ – ၃၉၂) တောင်တွင်းကြီးစစ်ကြောင်း၏ ဗိုလ်ချုပ်အဖြစ်ခန့်ထားခံရသော အစ္စလာမ်ဘာသာဝင် အက္ကပတ်မြင်းဝန်၊ ပင်လယ်မြို့စားကြီး၊ မင်းကြီးမဟာမင်းထင်ရာဇာဦးခြုံ (ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး (တ) တွဲ၊ စာ ၈ဝ၉ – ၇၁ဝ၂) တို့အပါအဝင် ဆရာကြီးဦးရာဇတ်ကဲ့သို့ အာဇာနည်သူရဲကောင်း မျိုးချစ်မြန်မာမွတ်ဆလင်ကြီးများ ရှိခဲ့ပါသည်။
    ဆောင်းပါးရှင်သည် ဘင်္ဂါလီလူမျိုးနှင့် ချစ်တီးလူမျိုးကိုပင် ခွဲခြားမသိပေ။ ချစ်တီးတို့မှာ အိန္ဒိယတောင်ပိုင်းမှ ဟိန္ဒူဘာသာဝင်တို့ဖြစ်၏။ ဘင်္ဂါလီလူမျိုးတို့ မှာ ဘင်္ဂလားနယ်မှ ပုဂ္ဂိုလ်များဖြစ်ပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ်ဘာသာဝင်များအဖြစ် ရှိနေကြပါသည်။ အစ္စလာမ်သာသနာသည် အတိုး စားခြင်းကို လုံးဝတားမြစ်ထားပါသည်။ ဝက်သားစားခြင်းထက်ပင် ပြစ်မှုထိုက်ပါသည်။ ဤကဲ့သို့ အခြေခံအချက်များကိုပင် မသိဘဲနှင့် မတူကွဲပြားမှု များနှင့် တည်ဆောက်ထားသည့် ပြည်ထောင်စုမြန်မာနိုင်ငံတွင် သွေးဝမ်းကွဲ၍ စည်းရုံးမှုပျက်ပြားစေသည့် အခြေအမြစ်မရှိသော (Misinformation Disinformation) များကို သတင်းစာတစ်စောင်အနေဖြင့် မဖော်ပြသင့်ပါ။ နိုင်ငံ၏စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာတို့သည် အဆိပ်သင့်စာပေများ ဖြန့်ဖြူးရာဌာနဖြစ်လာပါက နိုင်ငံ၏ကံကြမ္မာမှာ အလွန်ရင်လေးဖွယ်ရာဖြစ်ပါမည်။ မြန်မာ့အလှကို အကျည်းတန်အရုပ်ဆိုးအောင် အမုန်းတရားတို့ဖြင့် မချယ်မှုန်းသင့်ပါကြောင်း တင်ပြအပ်ပါသည်။
    အလင်းတန်းဂျာနယ် အမှတ် (၇၀၅)၊ မေ၂၁၊ တနင်္လာ၊ ၂၁၀၂၊ စာမျက်နှာ ၂၈နှင့် ၂၉ ကိုပြန်လည်ဖော်ပြပါသည်။
  • မွတ်စလင်မ်အယောင်ဆောင် တို့ရဲ့ www.myanmarmuslim.co.cc Blog ဘာလဲ? ဘယ်လဲ?
    အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့်အစပြုပါ၏။ ချီးမွမ်းခြင်း အပေါင်းသည် ထိုအရှင်မြတ်အတွက်သာ ဖြစ်ပါသည်။
    အရှင့်ထံတော်မှ ငြိမ်းချမ်းသာယာမှုအပေါင်း နောက်ဆုံးနှင့် အမြင့်မြတ်ဆုံး တမန်တော်ဖြစ်တော်မူသော မုဟမ္မဒ်သခင်(ဆွ)
    အပေါ်သို့ကျရောက်တော်မူပါစေ။ ထို့ပြင် ကိုယ့်တော်၏ အိမ်တော်သူ အိမ်တော်သားများနှင့် တပည့်သာဝက အပေါင်းတို့ အပေါ်သို့လည်း
    ကျရောက်တော်မူပါစေ။
    IYS ( အစ္စလာမ့်ရောင်ခြည်မိသားစု)၊ TR (သစ္စာဝါဒီများ ဆုံဆည်းရာ)နှင့် Facebook အပေါ်တွင် Abdul Aalee
    (http://www.facebook.com/abdulaaalee?sk=info) ဆိုသူတစ်ဦးမှ promotion အကြိမ်ကြိမ်အခါခါလုပ်ရာမှ
    Facebookမှ မြန်မာပြည်ဖွား မွတ်စလင်များ www.myanmarmuslim.co.cc ဆိုသည့် Blog ကို ရင်းနှီးလာကြသည်။
    ထိုဘလောခ့်ကလည်း လာရောက်သူများဖတ်ချင်စဖွယ်ဖြစ်အောင်လှပစွာ ပြင်ဆင်ထားသကဲ့သို့ update ကမ္ဘာ့မွတ်စလင်ရေးရာများကို
    သတင်းများ အဖြစ် အပတ်စဉ်ဆိုသလိုတင်ပေးနေသည့်ပြင် Abdul Aalee ဆိုသူကလည်း Facebook တွင်
    အချိန်နှင့်တပြေးညီ ကြော်ငြာပေး ကြေငြာပေးနေသည်။
    သူတစ်ပါးတို့အား မိမိတို့ကဲ့သို့ပင်ဟု သဘောထားမှတ်ယူကြသော မြန်မာမွတ်စလင်များကလည်း
    သတင်းများဖြင့်ဝေဆာနေသော“ မြန်မာမူဆလင်များအတွက် သတင်းစကားများ” ဆိုသည့် အဆိုပါ Blog ကို အားပေးကြကာ promotion
    ဝင်ပေးနေသူ Abdul Aalee ဆိုသူကိုပင် အစ္စလာမ့်အတွက် သာသနာ့သောကရှင်အဖြစ်ပင် ရိုးရိုးသားသား ချီးမြှောက်ခဲ့ကြသည်။
    အမှန်တရားရောက်ရှိလာပါက အမှားတရားကွယ်ပျောက်ရမည်ဟု ကုရ်အာန်ကျမ်းတော်မြတ်တွင် ဆုံးမထားသည့်အတိုင်း ယခုအခါ
    မင်းသားခေါင်းကျွတ်ပြီး ဘီလူးစွယ် အထင်းသားပေါ်ပေပြီ။ မနာလိုသူတို့မည်သို့ပင် ကြိုးစားဖျက်ဆီးစေကာမူ အလ္လာဟ်အရှင်မြတ်က
    အစ္စလာမ်ကို ထွန်းကားတိုးတက်စေမည်မှာ အမှန်ပင်ဖြစ်ပေသည်။
    အစ္စလာမ့်သာသနာသည် လွန်စွာမှ ကျင့်သုံးရန်လွယ်ကူပြီး လွတ်လပ်ခွင့်အပြည့်ပေးထားပေးသည်။ အစ္စလာမ်တွင်
    ဘာသာရေးနှင့်ပတ်သက်၍ လွတ်လပ်ခွင့်အပြည့်ပေးပြီး အဓမ္မစနစ်လုံးဝမရှိပေ။ ထို့ပြင် ကျန်ဘာသာတရားတို့အား မစော်ကားရန်ကိုလည်း
    အတိအလင်းတားမြစ်ထားပြီး သူတစ်ပါးတို့အား လိမ်လည်ခြင်း တပတ်ရိုက်ခြင်းများကိုလည်း လေးလေးနက်နက် တားမြစ်ထားသည်။
    အစ္စလာမ်သာမက ကမ္ဘာပေါ်ရှိဘာသာတရားကြီးများဖြစ်ကြသော ခရစ်ယာန်၊ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူတို့တွင်လည်း အထက်ပါကျူးလွန်မှုမျိုးကို
    တားမြစ်ထားပြီးဖြစ်ပေသည်။ ထို့ပြင် လူပီသသော လူတိုင်းသည်လည်း သူတစ်ပါးဘာသာတရားအားစော်ကားခြင်း
    မလိမ့်တပတ်လုပ်ခြင်းမျိုးကို ရှောင်ကြဉ်သည်မှာ မုချပင်။
    မိမိဘာသာတရားကို ultimate truth ဟု ယုံကြည်ထားသူ ဘာသာဝင်တစ်ဦးမှာ  ကျန်ကမ္ဘာသူ ကမ္ဘာသားအားလုံးတို့ကို ပွင့်လင်းရိုးသားစွာ
    မဖိတ်ခေါ်ရဲစရာ အကြောင်းမရှိပေ။ ရင်ဆိုင် မဖြေရှင်းစရာ၊ မဆွေးနွေးရဲစရာအကြောင်းမရှိပေ။ ကမ္ဘာပေါ်ရှိ
    ကျွန်တော်တို့သိထားသလောက် ဘာသာတရားတို့၏ ခေါင်းဆောင်ကြီးများအားလုံးသည် မိမိတို့ယုံကြည်သော သစ္စာအမှန်တရားကို
    လူသားတို့အား ပွင့်လင်းစွာ ရိုးသားစွာ တင်ပြသွန်သင်ခဲ့ကြချည်းသာ။ မုဟမ္မဒ်သခင်(ဆွ)၊ ဗုဒ္ဓ၊ ဟိန္ဒူတို့၏ အဝါတရများနှင့်
    အီစာသခင်(ခရစ်တော်) (အ)ထံမှ အိပ်မက်ရသည်ဟု ယုံကြည်ကာ ခရစ်ယာန်အယူဝါဒကို စတင်သူ ဂျွန်ပေါလ်စသူတို့အားလုံး ပွင့်လင်းစွာ
    ရင်ဆိုင်ဆွေးနွေး သွန်သင်ခဲ့သူများဖြစ်ကြပေသည်။ အစ္စလာမ့်သွန်သင်ချက်အရ မုဟမ္မဒ်သခင်(ဆွ)မတိုင်ခင် လူမျိုးစုတစ်စုချင်းစီတွင်
    ပွင့်ပေါ်ခဲ့သော တမန်တော်များအားလုံး ( နူးသခင်၊ အီဗရာဟင်မ်သခင်၊ မူစာသခင်၊ ဘုရင်ကြီးဒါဝူးဒ်သခင်နှင့်
    အီစာခရစ်တော်သခင်တို့အပါအဝင်)တို့သည် အရှင့်ထံတော်မှ သစ္စာတရားကို ရဲဝံ့ပွင့်လင်းစွာ ကြေငြာကာ ဖိတ်ခေါ်ခဲ့ကြသူများဖြစ်ကြသည်။
    ဘယ်သူမှ မလှိမ့်တပတ် ခိုးကြောင်ခိုးဝှက်မပြုခဲ့ကြပါ။ ကျွန်တော်တို့ မသိသေးသော မလှိမ့်တပတ် ခိုးကြောင်ခိုးဝှက် သာသနာပြုသည့်
    ဘာသာရေးခေါင်းဆောင်ဆိုသူများနှင့် သူတို့၏ နောက်လိုက်များ၏ နည်းလမ်းဆိုလျှင်တော့ မပြောတတ်ပါ။ တစ်ခုတော့ရှိပါသည်။
    မိမိတို့ယုံကြည်ထားသည့်သာသနာကို ပွင့်လင်းစွာမတင်ပြဘဲ သူခိုးကျင့်သူခိုးကြံ လိမ်လည် မလိမ့်တပတ်လုပ်မှတင်ပြလို့ရသည်ဟုဆိုလျှင်
    ထိုသာသနာသည် absolute or ultimate truth ရာနှုန်းပြည့်မှန်သည့် သာသနာမဟုတ်သောကြောင့်ပင်ဖြစ်မည်။ ထိုသို့
    မလိမ့်တပတ်တင်ပြရသည့် မပြည့်ဝသည့် လမ်းစဉ်မျိုးဆိုလျှင် ထိုလမ်းစဉ်သည် မလှိမ့်တပတ်လမ်းစဉ်သာဖြစ်မည်မှာ မုချပင်။
    အကယ်၍ လူတစ်စုသည် ထိုသို့ မလှိမ့်တပတ်အပြုအမူ သူခိုးကျင့်သူခိုးကြံမျိုးပြုမူခဲ့လျှင် ကျွန်တော်တို့အားလုံးနားလည်ရမည်မှာ
    ထိုလူတစ်စုသည် သူများဘာသာတရားကိုသာမက မိမိတို့ဘာသာတရားကိုပါ စော်ကားကျူးလွန်သူများဖြစ်ပေသည်။ ထိုသူတို့၏
    လူလိမ်လူ့လှည့်ဖျားအကျင့်များသည် မိမိတို့ကိုယ်တိုင်ယုံကြည်သော ဘာသာတရားကို မပြည့်ဝသော ရာနှုန်းပြည့်မမှန်သော သာသနာအဖြစ်
    နိမ့်ကျစေသည့်ပြင် သာသနာခေတ်ဦး၌ အသက်ပေးကာပင် ပွင့်လင်းစွာ သာသနာပြုခဲ့သော မိမိတို့၏
    ဘာသာဝင်ရှေးဦး ပုဂ္ဂိုလ်ကြီးများကိုလည်း လုပ်ရပ်ဖြင့် ဆဲရေးခြင်းပင်ဖြစ်သည်။
    ယခု ထိုကဲ့သို့သော အခြားဘာသာဝင်တို့အားလှည့်ဖျားရန်ကြံစည်ခြင်းမျိုးဖြင့် မိမိတို့ဘာသာတရားကို နိမ့်ကျစေသော စော်ကားသော
    လူယုတ်မာတစ်စု၏ လုပ်ရပ်ကို ဖော်ထုတ်ပါမည်။
    ထိုလူစုတွင် “မြန်မာမူဆလင်တို့ အတွက် သတင်းစကားများ”ဆိုသည့် Blog ပိုင်ရှင်၊ ဆောင်းပါးများတင်ပေးသူ မင်းလွင်၊ ထိုသူတို့၏
    ပင်တိုင် ကြော်ငြာရှင် promoter သမား facebookမှ Abdu Aalee၊ ထိုသူတို့အားပံ့ပိုးထောက်ပံ့ကူညီလမ်းပြပေးနေသူအားလုံးနှင့်
    ထိုသူတို့ ကိုးကား၊ ညွှန်ပြပေးထားသော အရဗီနှင့် အင်္ဂလိပ် web များလုပ်နေသူအားလုံးတို့ပါဝင်ပေသည်။
    အစ္စလာမ်သာသနာတွင် သက်သေသာဓက မရှိဘဲ သူတစ်ပါးကို ယိုးစွပ်ခြင်းမျိုးမပြုအပ်ပါ။ ထို့ကြောင့် ဒီအမှုသည် ယိုးစွပ်ခြင်း မဟုတ်ဘဲ
    ယုတ်မာမှု လိမ်လည်မှု အစစ်အမှန်ဖြစ်ကြောင်း သက်သေများပြသွားပါမည်။
    မြန်မာမူဆလင်တို့အတွက် သတင်းစကားများ www.myanmarmuslim.co.cc
    1.ကမ္ဘာ့မွတ်စလင်သတင်းများဖြင့် မြန်မာမွတ်စလင်တို့အားမျှားခေါ်ထားပြီး အကီဒဟ်ယုံကြည်ချက်ပိုင်းကို စနစ်တကျရိုက်ချိုးထားသည်။
    2. မူဆလင်တို့အတွက်ဟုဆိုထားသော်လည်း ကုရ်အာန်ကျမ်းတော်မြတ်၏ သွန်သင်ချက်များ ( Bismillaah နှင့်  post အချို့တလေတွင်
    မိမိတို့လိုချင်သည့် ပုံစံမျိုးဖြင့်လိုရာဆွဲ ကိုးခြင်းမှအပ) မတွေ့ရပေ။ အင်ဂျီလ်ဟုဆိုထားသော ခရစ်ယာန်သမ္မာကျမ်းစာမှ စာသားများကို
    မွတ်စလင်တို့ အထင်မှားစေရန် စာလုံးပြင်ဆင်ကာ တခမ်းတနားဖော်ပြခြင်းကို မူအထင်းသားတွေ့နိုင်သည်။ ဥပမာ- blog ၏ ထောင့်တွင်
    ခရစ်ယာန်သမ္မာကျမ်း၏ ဓမ္မသစ်( မွတ်စလင်တို့အား မျက်စိလည်စေရန် ယခင်မူရင်းကျမ်း အမည် အင်ဂျီးလ်ဟု တပတ်ရိုက်ကာ) လုကာ
    ၄း၁၈-၁၉ ကျမ်းချက်ကို ဖော်ပြထားခြင်းမျိုး။
    3.မွတ်စလင်တို့သည် အဓိကယုံကြည်ချက်အနေဖြင့် အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှချပေးတော်မူသည့် ကျမ်းအဆူဆူအားလုံးတို့ကို
    ယုံကြည်သော်လည်း ယခုလူသားတို့လက်တွင်ရှိနေသော ကျမ်းများမှာ ကျမ်းရင်းများအတိုင်းမဟုတ်တော့ဘဲ လူတို့၏
    ထည့်သွင်းနုတ်ယူမှုများရှိနေသည်ဟု ယုံကြည်ထားပြီးဖြစ်ပေသည်။ ကုရ်အာန်ကျမ်းတော်မြတ်သည်သာလျှင်
    အလ္လာဟ့်ထိန်းသိမ်းမှုတွင်ရှိနေပြီး ပြီးပြည့်စုံသောလမ်းညွှန်ကျမ်းဖြစ်သည်ဟု သက်ဝင်ယုံကြည်လိုက်နာကျင့်သုံးကြပေသည်။
    ထိုသို့မယုံကြည်လျှင်လည်း မည်သည့်နည်းနှင့်မျှ မွတ်စလင်ယုံကြည် သက်ဝင်သူမဖြစ်နိုင်တော့ပါ။ သို့သော် ထို blog က
    အလ္လာဟ့်အရှင်မြတ်က မှန်ကန်မှု မရှိတော့ပါ လူအများပြုပြင်လိုက်ပါပြီဟု မိန့်ကြားထားပြီးဖြစ်သည့် ကျမ်းချက်များကို promotion
    လုပ်နေရုံသာမက လုကာကျမ်းကို မြန်မာလို download link ပါပေးထားပေသည်။ သူတို့ promation လုပ်ပုံကလည်း
    ကြည့်ကြပါဦးအလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ လာသော ကျမ်းများကိုဖတ်ပါ တဲ့။ J အင်မတန်မှကို အစွယ်က ပေါ်လွင်လာပါသည်။
    အစ္စလာမ်တွင် ကုရ်အာန်ကျမ်းတော်မြတ်ကိုသာ ထိန်းသိမ်းမှုအောက်တွင်ရှိသည်ဟုသော သွန်သင်ချက်နှင့် အရှေ့နှင့်အနောက်ပင်။
    4.လုကာကျမ်း မြန်မာလို free download link
    မင်းလွင်ဆိုသူက www.scribe.com တွင် တင်ထားပေးထားသော ခရစ်ယာန် သမ္မာကျမ်း ဓမ္မသစ်မှ ရှင်လုကာခရစ်ဝင်ကို မျက်စိလှည့်
    မျက်လှည့်ပြအင်ထုရန် မြန်မာအစ္စလာမ်မှုပြုထားသော စာအုပ်ဖြစ်သည်။
    ပြုထားပုံကိုလည်း ကြည့်ကြပါဦး ခင်ဗျာ။
    ဒေါက်တာယုဒသန်က ဒီလိုရေးတာကို-
    “၅ ယုဒပြည်ကို အစိုးရသော ဟေရုဒ်မင်းကြီးလက်ထက်၊ အဘိယအသင်းအဝင်ဖြစ်၍၊ ဇာခရိ အမည်ရှိသော ယဇ်ပုရောဟိတ်တစ်ပါးရှိ၏။
    သူ၏ ခင်ပွန်းသည် အာရုန်အမျိုးအနွယ်ဖြစ်၏။ သူ့အမည်ကား၊ ဧလိရှဗက်တည်း။-ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရား
    ပညတ်တရားတော်အမျိုးမျိုးတို့ကို ကျင့်ဆောင်၍ အပြစ်တင်ခွင့်နှင့် လွတ်သဖြင့်၊ ဘုရားသခင့်ရှေ့တော်၌…”
    ထိုblog မှ link ပေးပြီး မင်းလွင်ဆိုသူ တင်ပေးထားသော အင်ဂျီလ် လုကာကျမ်းက ဒီလို စကားလုံးတွေသုံး မျက်လှည့်ပြဖို့လုပ်ပါတယ်-
    “၅။ ယုဒပြည်*၏ရှင်ဘုရင် ဟေရုဒ်မင်း*လက်ထက်၌ ဇကရိယာအမည်ရှိသော “အီမာမ်”*ရှေ့ဆောင်တစ်ပါးရှိ၏။…သူ၏ဇနီးသည်
    ဟာရွန်*အမျိုးအနွယ်ဖြစ်ပြီး…ထိုသူနှစ်ဦးစလုံး အလ္လာဟ်အရှင်မြတ်၏ရှေ့တော်တွင် ဖြောင့်မတ်….ထာဝရအရှင်မြတ်၏
    ရှရီအသ်”ပညတ်တော်ရှိသမျှ…။
    ထိုမျှမက ထို စာအုပ်၏ အစတွင်ရေးထားသည်မှာ
    အလ္လာဟ်အရှင်မြတ်သည် သူ၏ သတင်းစကားကို လူအားလုံး လွယ်ကူနားလည်နိုင်ရန် အလိုတော်ရှိသောကြောင့် လူအများစု
    နားလည်နိုင်သည့် ဂရိဘာသာစကားဖြင့် ချပေးတော်မူခဲ့သည်။ ပထမရာစုနှစ်မှ စ၍ မူလအခြေအနေအတိုင်း
    ယနေ့တိုင်အောင်ရှိနေကြသော ရှေးကျမ်းစာစောင် အများအပြားအားဖြင့် မူရင်းအင်န်ဂျီလ်ကျမ်းတော်မြတ်ကို ကျွန်ုပ်တို့ သိရှိနိုင်ပါသည်။
    ကျမ်းတတ်ပညာရှင်ကြီးများသည် ရှေးကျမ်းစာစောင် အများအပြားကို အထပ်ထပ်သေချာစွာ အသေးစိတ် ဂရုတစိုက်လေ့လာခဲ့ကြသည်။
    ထိုကဲ့သို့လေ့လာရာ၌ မူရင်းကျမ်းစာစောင်သည် ပြောင်းလဲမှု မရှိကြောင်း တွေ့ရှိရသည်။
    ထိုသူယုတ်မာ လူလိမ်တို့ ဘယ်ကို ဦးတည်နေသည် ဘယ်ကို သွားနေသည်ကို ထပ်သက်သေပေးရန်လိုတော့မည် မထင်။ သို့သော်
    အကျွန်ုပ်စိတ်၌ စိတ်မကောင်းခံစားမိမှုတစ်ခုရှိပါသည်။ ထိုအချက်ကတော့ ကျွန်တော့်တွင် ခရစ်ယာန်သူငယ်ချင်းမိတ်ဆွေများစွာရှိပါသည်။
    ထိုသူငယ်ချင်းများသည် ပွင့်လင်းရိုးရှင်းကြပါသည်။ ထိုသူငယ်ချင်းများနှင့် ကျွန်တော်တို့ ဘာသာရေးကို ပွင့်လင်းစွာ သဘောထားကြီးစွာဖြင့်
    အကြိမ်များစွာ ဆွေးနွေးဖူးကြပါသည်။ ကျွန်တော့်သူငယ်ချင်းများသည် ထိုသူယုတ်မာတစ်စုကဲ့သို့မဟုတ်ပေ။ ထိုသူယုတ်မာတို့က
    မိမိတို့ဘာသာတရားက သင်ကြားပေးချက်များကို မျက်ကွယ်ပြုသော မိမိတို့သာသနာကို မိမိတို့ပြန်စော်ကားသော
    သာသနာဖျက်များပင်ဖြစ်ကြသည်။
    5. ထို Blog မှ ပေးထားသော အလားတူ လူလိမ် လှည့်ဖျား အကိုး links များ
    www.kalimatullah.com
    မွတ်စလင်တို့၏ ဓာတ်ပုံတို့ဖြင့် ဝေဝေဆာဆာဖြင့် လှည့်ဖျားထားပြီး အရဗီ၊ အင်ဒို၊ တူရကီ နှင့် အင်္ဂလိပ်စာတို့ဖြင့်
    ဖတ်ရှုနိုင်အောင်လုပ်ထားပြီး project ပုံစံမျိုးဖြင့်သွားနေသည့် အစ္စလာမ်ကိုသာမက ခရစ်ယာန်သာသနာကိုပါ ဂုဏ်သိမ်စော်ကားစေသည့်
    website
    Free Bible Audio Download Link များကို ပေးထားသည်။
    The Meaning of Quran ဆိုပြီးနာမည်တတ်ကာ The Prophet’s Beautiful Prayer ဆိုသော Booklet  download ပေးထားပြီး
    ထိုစာအုပ်ထဲတွင် တမန်တော်မြတ်(ဆွ)ဝဖသ်ဖြစ်ခါနီးတွင် အလ္လာဟ်အရှင်မြတ်ကို ချစ်ခင်စိတ် သက္ကဝါအပြည့်ဖြင့် တိုင်တည်ခေါ်ဝေါ်ခဲ့သော
    the Most High Friend ကို အီစာခရစ်တော်သခင်(အ)ဖြစ်ကြောင်း အတင်းမရမကလိုရာဆွဲယူလုပ်ဇာတ်ခင်းထားသည်။
    ထိုစာအုပ်စာမျက်နှာ ၄ တွင် လုပ်ဇာတ်ခင်းမှတ်ချက်ပေးထားပုံက
    Therefore the “Most High Friend” is none other than Isa AS, son of Maryam”
    www.thelightoftruth.com
    Noor Ul Haq ဆိုကာ နာမည်လှလှပေးပြီး လှည့်ဖျားထားပြန်သည်။ အရဗီနှင့် အင်္ဂလိပ်လို နှစ်မျိုးရသည်။ ပါးပါးလေးပုတ်ထားသဖြင့်
    ရုတ်တရက်ဆိုလျှင်လှည့်ဖျားထားသည် ဟုပင်မသိနိုင်ပေ။  သို့သော်လည်း လိမ်လည်မှုဆိုကတည်းက အမှားဖြစ်၍
    ပျက်သုန်းရမည်သာ။ ဆောင်းပါးတစ်ပုဒ်ချင်းစီကို သေချာစွာလိုက်ဖတ်ကြည့်ပါက သူတို့ဘီလူးရုပ်ပေါ်လာသည်။ ထို web ရှိ ဒီဆောင်းပါး၏
    စာသားများကိုကြည့်ပါက-
    Isa Al-Masih: Just a Prophet?
    always knew that Isa was a great prophet; but in the Injil according to John I found that Isa was much more
    than a prophet!
    Allah raised up many prophets who were extraordinary men, yet they were born naturally, died naturally and
    had failings common to other men. But the virgin birth of Isa, his sinlessness, his sacrifice, his death and
    resurrection, his ascension and his second-coming make it clear that he was more than a prophet. The Injil
    according to the Apostle John provides the following insights about Isa’s uniqueness:
    1. He is the Word of Allah eternal with Allah and of Allah as life, light, and love incarnated as a human being, dwelling among us, full of the grace and truth of Allah (John 1:1-18).
    www.the-good-way.com
    ဘာသာစကား ခုနစ်မျိုးဖြင့်ဖတ်နိုင်ပြီး ပေါ်တင် လိမ်သော website ဖြစ်သည်။
    ဘယ်လောက်တောင်လဲဆိုရင် Trinity ခရစ်ယာန်သုံးပါးပေါင်းတစ်ဆူအယူအဆသည် အစ္စလာမ့်၏
    အနှိုင်းမဲ့တစ်ပါးတည်းသောအရှင်လိုပင်ဖြစ်ကြောင်း လိုရာဆွဲရေးသည့် စာအုပ်များမှတ်တမ်းများကို ဖော်ပြထားသည်။
    God is one in the Holy Trinity
    by Zachariah Butrus
    The author explains the following difficult facts in a simplified and generalized way: the all-gathering unity of
    God in the Holy Trinity, the testimony of the Qur’an for the unity of the Holy Trinity, the names of the
    Holy Trinity, the counterfeit trinity, and the shining grace.
    www.ushaaqallah.com
    အရဗီလို website ဖြစ်ပြီး နည်းနည်းတော့ ပေါ်တင်လိမ်သည့် site ဖြစ်သည်။
    Bible download link များပေးထားပြီး Gospel of Luke ကို လည်း download ပေးထားသည်။
    6.  နောက်အားလုံးသော အဆိုပါ လိမ်ဆင် blog နှင့် website များတွင် ထူးခြားစွာတူညီသည့်အချက်နှစ်ချက်ရှိသည်။ ထိုအချက်နှစ်ချက်မှာ
    မွတ်စလင်siteများ အယောင်ဆောင်ကာ ကြေငြာထားသော်လည်း ကုရ်အာန်ကျမ်းတော်မြတ်ထက် သမ္မာကျမ်းကို အင်ဂျီလ်ဟုဆိုကာ
    ပိုဖော်ပြ promotion လုပ်ခြင်းနှင့် မုဟမ္မဒ်သခင်(ဆွ)ကို တစ်ခါတစ်ရံ သူတို့လိုရာဆွဲအသုံးချရာ အမည်ဖော်ခြင်းမှလွဲ၍ ဖော်ပြခြင်းမရှိဘဲ
    အီဆာသခင်(အ)ကိုသာ အကြိမ်ပေါင်းမြောက်များစွာ ဖော်ပြ promotion လုပ်ခြင်းတို့ပဲ ဖြစ်ပါတယ်ခင်ဗျာ။
    “မြန်မာမူဆလင်တို့အတွက် သတင်းစကားများ”ဆိုသည့် www.myanmarmuslim.co.cc က သူ့blog ထောင့်မှာ တခမ်းတနား
    ဒီလိုဖော်ပြထားပေးတဲ့ link
    နိုင်ငံတကာ စာမျက်နှာများ
    www.kalimatullah.com မှပေးထားတဲ့ message
    Dear brothers and sisters,
    If you would like further information on Al Masih Isa, His teachings and His life, email me and ask for literature or video tapes and I will send them to you for no charge!
    7. Abdu Aalee
    နာမည်ကို တစ်ချက်သေချာပေါင်းကြည့်ပါခင်ဗျာ။ အစ္စလာမ့်မှာ အလ္လာဟ့်အရှင်မြတ်၏ အမည်တော်တွေနဲ့ပဲတွဲပြီး abdu ထည့်လို့ရပါတယ်။
    မုဟမ္မဒ်သခင်ရဲ့ အမည်ဘွဲ့နဲ့တောင်တွဲလို့မရပါဘူး။ ရှရိက်ဖြစ်ပါတယ်ခင်ဗျာ။
    သူ့ Facebook စာမျက်နှာပေါ်မှာ တခြားမွတ်စလင်တွေနဲ့ မတူထူးခြားစွာ ကုရ်အာန်ကျမ်းတော်မြတ်နဲ့တွဲပြီး တခြားကျမ်းများရဲ့ အမည် ဥပမာ
    အင်ဂျီလ်စသည်တို့ကို ဖော်ပြထားပါတယ်။
    ထိုအယုတ်တမာ blog ကိုဒိုင်ခံ promotion ဝင်ပေးနေပါတယ်။ သူ့ရဲ့ wall ပေါ်မှာလည်း တင်၊ group တွေထဲလည်းလိုက်ဖြန့်လုပ်ပါတယ်။
    ထိုအယုတ်တမာ blog ကို ကြိုက်နှစ်သက်ကြောင်းကိုလည်း facebook မှာ ကိုယ်တိုင်ဝန်ခံခဲ့ပါတယ်။
    ထိုအယုတ်တမာblog နှင့်ပတ်သက်ခြင်းရှိမရှိမေးတော့ ကြိုက်ရုံသက်သက်လို့ပြောပါတယ်။ ဒါပေမယ့် အံ့သြဖို့ကောင်းတာက ထိုblog မှ
    တင်မယ့်ဓာတ်ပုံအချို့က သူ့ Facebook မှာ တစ်ရက်ကြိုရောက်နေတာပါပဲ။ J
    နောက်တစ်ချက်ကတော့ ဒီလောက် facebook မှ အယုတ်တမာ ဘလော့ခ်ကို ဝင်ပြီး promote လုပ်ရင်း active ဖြစ်နေတဲ့သူက သူ့
    Facebook wall ပေါ်မှာ Jailbreak Hack ဆိုတဲ့နာမည်နဲ့ အုပ်စုလိုက် အရက်ပုလင်းထောင်တဲ့ပုံကို မြန်မာမွတ်စလင်တွေနဲ့
    ရာမဒွန်လမြတ်ကို စော်ကားတဲ့ စကားအသုံးရေးပြီး caption တတ်ပြီးတင်သွားတာကို နည်းနည်းလေးတောင်မတုန့်ပြန်ထားတာပါပဲ။
    8. မင်းလွင်
    ဒီလူကတော့ ပြောပြ ရှင်းပြနေစရာတောင်မလိုပါဘူး။
    www.scribd.com မှာ ဒေါက်တာယုဒသန်ရဲ့ သမ္မာကျမ်းထဲက ဓမ္မသစ် ရှင်လုကာကျမ်းကို မြန်မာမူဆလင်တွေအတွက်ပါဆိုပြီး စာအသုံးလည်းလိမ်ဆင်ကာစေတနာပိုကဲစွာနဲ့ ကျွန်တော်တို့နှစ်သက်တဲ့ အဖုံးပုံစလေးလုပ်ပြီး ဒီလိုတင်ထားတဲ့
    Luke
    Uploaded by: Min Lwin — ဒီစာအုပ်ကလေးကို အင်န်ဂျီလ်ကျမ်းတော်မြတ်လို့ခေါ်ပြီး ခရစ်ယာန်များအတွက်တော့ ရှင်လုကာကျမ်းဖြစ်ပါတယ်။ မြန်မာမူဆလင်များအတွက်ပါ။
    Uploaded:
    06/26/2011
    အံ့မသြဖို့တစ်ခု ထပ်ပြရရင်တော့ Muslim ဆိုတဲ့ အရဗီ အသုံးကို လူတွေက အမျိုးမျိုးရေးပါတယ်။ ဥပမာ- မွတ်စလင်၊ မူစလင်၊ မုစ်စလင် စသည့်ဖြင့်ပေါ့။
    ထိုလူယုတ်မာတစ်စုကလည်း ကြိုတင်တိုင်ပင်ထားလားမသိ။
    Muslim ကို မင်းလွင်ဆိုသူကလည်း ဆလိမ်နဲ့ပေါင်းတယ်။ မူဆလင်တဲ့
    အယုတ်တမာblogကလည်း ဆလိမ်ပဲကြိုက်တယ်။ မူဆလင်တဲ့
    နောက်ပြီးတော့
    ၂၀၁၁၊ ဇူလိုင်လ၊ ၁၉ရက်၊ အင်္ဂါနေ့မှာ ကုရ်အာန်ကျမ်းတော်မြတ်ထဲမှ အီစာ(အ)အကြောင်းဆိုတဲ့ post ကို အချိန်မနက်ပိုင်း ၃နာရီ
    ၁ဝမိနစ်မှာ အယုတ်တမာလိမ်ဆင်blog မှ တင်ခဲ့ပါတယ်။ နောက်ပြီး အဲ့ဒီ post မှာပဲ ထပ်မံသိလိုပါက ဒီ email
    ကိုဆက်သွယ်ပါဆိုပြီး ပေးထားခဲ့ပါတယ်။
    ထပ်မံသိရှိလိုပါက
    myanmarmusliminfo@gmail.com
    သို့ဆက်သွယ်ပါ။
    ဆိုပြီး အရောင်စိမ်းလေးနဲ့ ရေးထားပါတယ်။ အံ့သြဖို့ မကောင်းတာကတော့ အဲ့ဒီ post ထဲမှာ မင်းလွင်ထည့်ရေးထားတဲ့ gamil က
    အဲ့ဒီအယုတ်တမာ Blog ရဲ့ contact emailကိုယ်တိုင်ဖြစ်နေတာပါပဲ။
    မွတ်စလင်မ် အယောင်ဆောင် မင်းလွင်အမည်နဲ့ Scribd စာမျက်နှာ လင့်ခ် http://www.scribd.com/min_lwin_1
    Print Screen link အဲဒီမှာ ကြည့်ရင် ငါထာဝရဘုရားရဲ့ ပွဲတော်များ ဆိုတဲ့ ခရစ်ယာန်ဘာသာရေး စာအုပ်ကိုပါတွေ့နိုင်ပါတယ်။
    သူ့Facebook wall ပေါ်မှာ Jailbreak Hack ဆိုတဲ့နာမည်နဲ့ အုပ်စုလိုက် အရက်ပုလင်းထောင်တဲ့ပုံကို မြန်မာမွတ်စလင်တွေနဲ့
    ရာမဒွန်လမြတ်ကို စော်ကားတဲ့ စကားအသုံးရေးပြီး caption တတ်ပြီးတင်သွားတာကို နည်းနည်းလေးတောင်မတုန့်ပြန်ထားတာပါပဲ။  အဲဒီဓါတ်ပုံလင်ခ်ပါ။
    http://www.facebook.com/photo.php?fbid=110737175692562&set=p.11…
    FB မှ Abdul Aaleeရဲ့ စာမျက်နှာတွင် myanmarmuslim.co.cc ဆိုဒ်တွင် မတင်ခင် တရက်အရင်ကြိုတင်ခဲ့သော ဓါတ်ပုံလင့်ခ် (သြဂုတ်လ ၆ ရက်နေ့ရက်စွဲဖြင့်)
    myanmarmuslim.co.cc ဆိုဒ်တွင်တင်ခဲ့သော ပိုစ်လင်ခ် (သြဂုတ်လ ၇ ရက်)
    —————————————–
    Updated News (1-10-2011)
    ယခုလူယုတ်မာအုပ်စုဟာ အင်ဂျီလ်ကျမ်းရဲ့ စာအုပ် လင်ခ်ကို ဖြုတ်လိုက်ပါပြီ။ လူယုတ်မာ မင်းလွင်ဟာလဲ http://www.scribd.com/min_lwin_1 မှာရှိတဲ့ သူရဲ့ အကောင့်နာမည်ကို ပြောင်းရုံတင်မကဘဲ အမည်ကိုပါပြောင်းလိုက်ပါတယ်။
    ဘလောဂ်ကို မဖျက်သိမ်းတဲ့အပြင် အရှက်မဲ့စွာ လိမ်ညာထားတဲ့ပိုစ်တခုကို ထပ်တင်ထားပါတယ်။
    မသိသေးတဲ့  မွတ်စလင်မ်ညီနောင်တွေကို ထပ်ပြီးလိမ်ဖို့ ပြင်ဆင်နေပါပြီ။
    ကျနော်တို့ မွတ်စလင်မ်တွေအားလုံး ဒီဘလောဂ် ဖျက်သိမ်းတဲ့အထိ ၀ိုင်းဝန်းဆောင်ရွက်ဖို့ မဖြစ်မနေလိုလာပါပြီ။
    • သယ်ချင်းတို့ မေးအကောင့်မှာ ရှိသမျှ မွတ်စလင်မ် မိတ်ဆွေ သူငယ်ချင်းတွေကို ပို့ပါ။
    • myanmarmusliminfo@gmail.com ကို ဒီဘလောဂ်အကြောင်း ရေးတာကို ထည့်ပြီး ဘလောဂ်ကို ဖျက်သိမ်းပစ်ပြီး ယုတ်မာတဲ့ အကြံအစီတွေကို ရပ်တန်းကရပ်ဖို့ အီးမေးပို့ပါ။
    • မိမိတို့ရဲ့ FB စာမျက်နှာ လူယုတ်မာတွေရဲ့ ဘလောဂ်ပိုစ်အကြောင်းကို တင်ပေးကြပါ။
    • Update သတင်းတွေကိုလဲ တင်ပေးကြပါ။
    အစ္စလာမ် သာသနာကို ကာကွယ်ရန်မှာ ကျနော်တို့ မွတ်စလင်မ် ညီအကိုမောင်နှမများအားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။
    အလ္လာဟ်အရှင် ကျနော်တို့အားလုံးကို အစ္စလာမ်သာသနာကိုကာကွယ်နိုင်တဲ့ အစွမ်းချီးမြှင့်ပေးသနားတော်မူပါစေ .. အာမိန်း..
    Please forward this email to your muslim friends!
  • ဆရာကြီး ဦးရာဇတ် ရဲ့ ၁၁၃ ကြိမ်မြောက် မွေးနေ့ ဆုတောင်းပွဲ
    ၂၀၁၁ ဇန်န၀ါရီ ၂၀ နံနက်ပိုင်း ၁၁ နာရီတွင် မြန်မာမွတ်စလင် အာဇာနည် ခေါင်းဆောင် ဆရာကြီး ဦးရာဇတ် ရဲ့ ၁၁၃ ကြိမ်မြောက် မွေးနေ့ ဆုတောင်းပွဲ တစ်ရပ်ကို မြန်မာမွတ်စလင် လူငယ်များ စုပေါင်းပြီး ရန်ကုန်မြို့ တစ်နေရာတွင် ကျင်းပ ခဲ့ပါတယ်။ အဆိုပါ ဆုတောင်းပွဲသို့ မွတ်စလင်လူငယ်များ အပါအ၀င် အခြား ဖိတ်ကြား ထား သော လူငယ်စုစုပေါင်း ၅၀ ခန့် တက်ရောက်ခဲ့ကြသည်။ ဆုတောင်းပွဲတွင် ဆရာကြီးအတွက် ရည်စူး၍ ကျမ်းမြတ် ကုရ်အန် ဖတ်ကြားပြီး ဆုတောင်းပေးခဲ့ကြောင်း သိရသည်။ထို့နောက် ဆရာကြီး၏ လွတ်လပ်ရေး အတွက် စွန့်လွတ်အနစ်နာခံပြီး ကြိုးပမ်းခဲ့သည့် အကြောင်းများအား လူငယ်များမှ အခြင်းခြင်း ဆွေးနွေး ဖလှယ်ခဲ့ကြသည်။ နောက်ဆုံးတွင် မိဘမဲ့ ကလေး ၁၂ ဦးအတွက် ခြုံစောင်များ လှူဒါန်းပေးခဲ့ကြပြီး အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်း သိရပါတယ်။
  • နိုင်ငံခြားဘာသာ တက္ကသိုလ်(ရန်ကုန်) မှ ညနေပိုင်း ဘာသာစကား သင်တန်းများဖွင့်တော့မည်
    မြန်မာလူငယ်များအကြား ရေးပန်စားနေသော နိုငှ်ုခြားဘာသာတက္ကသိုလ်(ရန်ကုန်) ၏ ညနေပိုင်း ဘာသာစကား သင်တန်း( ဘာသာပြန် ၊ စကားပြန် ) အား ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၃ရက်နေ့တွင် ဖွင့်လှစ်မည်ဟု နိုင်ငံခြားဘာသာတက္ကသိုလ်ကျောင်းသာရေးရာ ဌာနမှ ပြောပါသည်။ အဆိုပါ သင်တန်များတွင် အ၈င်္လိပ်၊တရုတ် ၊ကိုးရီးယား၊ ဂျပန် ၊ပြင်သစ် ၊ ဂျာမန်၊ ရုရှား၊ ထိုင်းဘာသာ တိုအား အရည်အချင်းပြည့် ပညာရှင်များကနေ ပိုချပေးမည်ဟုသိရသည်။ ဘာသာပြန်၊ စကားပြန်သင်တန်း များသို့ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတိုင်း ၂၈.၁၂.၂၀၁၀ နေမှ ၃၁.၁၂.၂၀၁၀ နေ့နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။ သင်တန်းကာလမှာ သုံးလကြာမြင့်မည်ဖြစ်ကာ အပတ်စဉ် တနလာင်္၊ ဗုဒ္ဓဟူး၊ သောကြာ နေများတွင် ညနေ ၅း၂၀မှ ၇နာရီအထိ ပို့ချမည်ဖြစ်သည်။ လျှောက်ထားလိုသူများသည် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် မူရင်းနှင့်မိတ္တူ (သို့မဟုတ် ) အမှတ်စာရင်း မူရင်း နှင့်မိတ္တူ (သို့မဟုတ်) ဘွဲ့လက်မှတ် မူရင်၊မိတ္တ နှင့် ဓါတ်ပုံ ၃ပုံ လိုအပ်သည်။ ၃လကြာမြင့်မည့် ယင်းသင်တန်း၏ သင်တန်းကြေကို ကျောင်းသာရေးရာတွင်စုံစမ်းပေးသွင်းနိုင်ကြောင်း သိရသည်။ ၊အင်္ဂလိပ်ဘာသာ အတွက် သတ်မှတ်ထားသောသင်တန်းသား အရေအတွက် ပြည့်သည့်ရက်သည် နောက်ဆုံးလက်ခံမည့်ရက် ဟု ကြေငြာထားသဖြင့် လျှောက်ထားလိုသူများသည် လျှောက်လွှာစတင်လက်ခံမည့် ၂၈.၁၂.၂၀၁၀ နံနက် အစောဆုံး သွားရောက်လျှောက်ထား သင့်ကြောင်း နောက်ဆုံး အပတ်စဉ် ၏ အင်္ဂလိပ်စာ သင်တန်းတွင် လက်ခံခဲ့သည့် သင်တန်းသား ဦးရေမှာ ၅၀၀ ဖြစ်ကြောင်း ယခင်အပတ်စဉ်တွင် လျှောက်ထားချိန်နောက်ကျသဖြင့် တက်ခွင့်မရလိုက်သေည့် လူငယ်တစ်ဦးက ပြောပါသည်။ နိုင်ငံခြားဘာသာတက္ကသိုလ်၏ အဆိုပါသင်တန်များနှင့် ပတ်သက်ပြီး အသေးစိတ်စုံစမ်းလိုပါက ဖုံးနံပါတ် ၅၁၄၇၃၁ လိုင်းခွဲ ၂၀၂ သို့ ဆက်သွယ်နိုင်ပါသည်။