News @ M-Media

Category: ဓါတ်ပုံသတင်း

  • မြိတ်မြို့က ၆၉ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား

    မြိတ်မြို့က ၆၉ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား

    ဇူလိုင် ၁၉ ၊ ၂၀၁၆

    ၂၀၁၆ ခုနှစ် ၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော ၆၉ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ဒေသခံများနှင့် အတူ၊ ထုံးဖိုဗလီမှ မွတ်စလင်မ်လူငယ်များအဖွဲ့ ပါဝင်ပြီး ချီတက်အလေးပြုခဲ့ကြကြောင်းသိရသည်။

    တနင်္သာရီ တိုင်းဒေသကြီး ၊ မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ ဗိုလ်ချုပ်လမ်းရှိ အာဇာနည်ကျောက်တိုင် သို့ ချီတက် လွမ်းသူပန်းခွေချခြင်း၊ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်း နှင်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြု ခြင်း များဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    Photo && Info ထုံးဖိုဗလီလူငယ်များအဖွဲ့ နာရေးကူညီမှုလုပ်ငန်း

    13769400_923387731140400_8851660899697059166_n

    13659069_923388601140313_6793575685121590801_n

    13707773_923388094473697_656399496119706157_n

  • ၆၉ နှစ်မြောက် အာဇာနည်နေ့ အတွင်းဝန်များရုံးရှေ့ ကျင်းပပုံ မြင်ကွင်းများ

    ၆၉ နှစ်မြောက် အာဇာနည်နေ့ အတွင်းဝန်များရုံးရှေ့ ကျင်းပပုံ မြင်ကွင်းများ

    ဓာတ်ပုံ – မိုးစက်(M-Media)

    ၆၉ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ အတွင်းဝန်များရုံးရှေ့တွင် ကျင်းပပြုလုပ်နေသည်ကို တွေ့ရစဉ်။

    1 4 5 6 7 8 9 10 11 13 14 15 16 33 34 36

     

  • အာဇာနည်နေ့ တွင် ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့ အုတ်ဂူသို့ သွားရောက် ဆုတောင်း ဂါရဝပြုကြ

    အာဇာနည်နေ့ တွင် ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့ အုတ်ဂူသို့ သွားရောက် ဆုတောင်း ဂါရဝပြုကြ

    ဓါတ်ပုံ- သူရိန်(M-Media)

    ၆၉ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားမှာ အာဇာနည်ခေါင်းဆောင် နှစ်ယောက်ဖြစ်တဲ့ ဦးရာဇတ်နဲ့ သက်တော်စောင့် ရဲဘော်ကိုထွေးတို့ မြုပ်နှံထားရာ တာမွေ မွတ်စလင်မ် သုသာန် ဟောင်းတွင် ၄င်းတို့၏ မိသားစုဝင်တွေနဲ့ ပြည်သူတွေက သွားရောက် ဂါရ၀ပြုခဲ့ကြပါတယ်။

     

    19 20 22 25 28 29 30 31

  • ၂၀၁၆ အီးဒ်နေ့ အထိမ်းအမှတ် ညစာ မိတ်ဆုံ စားပွဲ (ဓါတ်ပုံ)

    ၂၀၁၆ အီးဒ်နေ့ အထိမ်းအမှတ် ညစာ မိတ်ဆုံ စားပွဲ (ဓါတ်ပုံ)

    _________________ _____________ _______________ (5)

    မြန်မာမွတ်စလင် စီးပွားရေး လုပ်ငန်းရှင်များအသင်း(ယာယီ)မှ ဦးစီးကျင်းပသည့် သတ္တအကြိမ်မြောက် အီးဒ်နေ့ အထိမ်းအမှတ် ညစာ မိတ်ဆုံ စားပွဲကို ရန်ကုန်မြို့ စီဒိုးနား ဟိုတယ်တွင် ဇူလိုင်လ (၉) ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ ဆီဒိုးနားဟော်တယ်မှာ ကျင်းပခဲ့ပါတယ်။

    အဆိုပါ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး၊ ယဉ်ကျေးမှု နှင့် သာသနာရေး ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ သံတမန်များ၊ လွှတ်တော်အမတ်များ၊ နိုင်ငံရေး နယ်ပယ်မှ ပုဂ္ဂိုလ်များ၊ ဘာသာပေါင်းစုံ အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်။

    [Best_Wordpress_Gallery id=”1″ gal_title=”2016 Eid Gathering”]

    (ဓါတ်ပုံ မိုးစက်/M-Media)

  • လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီး ဥပဒေ တစ်ရပ်ပြဌာန်းဖို့ ရှိတယ်လို့ သူရဦးအောင်ကိုပြော

    လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီး ဥပဒေ တစ်ရပ်ပြဌာန်းဖို့ ရှိတယ်လို့ သူရဦးအောင်ကိုပြော


    မြန်မာနိုင်ငံမှာ အမုန်းတရား တားဆီးဖို၊ ဘာသာပေါင်းစုံ စည်းလုံး ညီညွတ်စွာ နေထိုင်နိုင်ဖို့အတွက် ရှေ့ဆက် လုပ်ငန်းစဉ်များ အကြောင်း အစိုးရသစ်ရဲ့ သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ၏ ဖြေကြားမှုဖြစ်ပါတယ်။

    ၉-၇-၂၀၁၆ နေ့တွင် မြန်မာမွတ်စလင် စီးပွားရေးလုပ်ငန်းရှင်များအသင်း(ယာယီ) မှ ကြီးမှူးသော အီးဒ်မိတ်ဆုံညစာ စားပွဲ သို့ တက်ရောက်လာတဲ့ သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထေင်စု ဝန်ကြိး သူရဦးအောင်ကို အား မီဒီယာများမှ မေးမြန်းခဲ့မှု အစီအစဉ်တွင် ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

    ရိုက်ကူး- မိုးစက်