News @ M-Media

Category: ရုပ်သံသတင်း

  • ဦးကိုနီ လုပ်ကြံခံရမှုမှာ တိုင်းပြည်အတွက် ကြီးမားသည့် ဆုံးရှုံးကြီးဖြစ်ကြောင်း ဦးဝင်းထိန်ပြောကြား

    ဦးကိုနီ လုပ်ကြံခံရမှုမှာ တိုင်းပြည်အတွက် ကြီးမားသည့် ဆုံးရှုံးကြီးဖြစ်ကြောင်း ဦးဝင်းထိန်ပြောကြား


    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဥပဒေအကြံပေးတရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ရန်ကုန်လေဆိပ် နိုင်ငံတကာဆိုက်ရောက်ဆောင်ရှေ့ တက္ကစီ စတန်းမှာ ဦးခေါင်းကို သေနတ် နဲ့ပတ်ခတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။

    အခုလို ဦးကိုနီ လုပ်ကြံခံရတာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွက်သာမက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တိုင်းပြည်အတွက်အစား ထိုးလို့မရတဲ့ဆုံးရှုံးမှုကြီးဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင် ဦးဝင်းထိန် က ပြောပါတယ်။

    ဇန်န၀ါရီ(၂၉)ရက် ညနေပိုင်းက ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး လုပ်ကြံသူလို့ ယူဆရသူကို ဖမ်းဆီးရမိထားတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

    ဦးကိုနီဟာ ပြန်ကြားရေးဝန်ကြီးဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့ Senior Leadership Program လေ့လာရေးခရီးစဉ်ကို လိုက်ပါသွားခဲ့တာဖြစ်ပါတယ်။

    ဒီသတင်းကို Central News Bureau က ပေးပို့တာဖြစ်ပါတယ်။

    Central News Bureau မှ ကူးယူဖော်ပြပါသည်။

  • ကျိုလီယာ မွတ်စလင်မ်အဖွဲ့၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အကျိုးပြု ဆောင်ရွက်ချက်များ

    ကျိုလီယာ မွတ်စလင်မ်အဖွဲ့၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အကျိုးပြု ဆောင်ရွက်ချက်များ

    dsc01206a
    ၂၀၁၃ ခုနှစ် ပညာဒါန သင်တန်းဆင်းပွဲမှ ပုံရိပ်တစ်ခု

    ကျိုလီယာမွတ်စလင် သာသနာ့ရန်ပုံငွေအဖွဲ့မှ ကြီးမှုး၍ ဆောင်ရွက်လျက်ရှိတဲ့  ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခမဲ့သင်တန်းများအကြောင်း ရိုက်ကူးတဲ့ မှတ်တမ်းရုပ်သံတို ဖြစ်ပါတယ်။

    ရိုက်ကူး/တည်းဖြတ်- မိုးစက်(M-Media)

    သတင်းများဖတ်လိုလျင်
    http://www.m-mediagroup.com/news/tag/cholia-muslim-religious-fund

  • ရပ်ရွာ သန့်ရှင်းရေး ပူးပေါင်းကူညီဖို့ မွတ်စလင်မ် ခေါင်းဆောင်တွေ နှိုးဆော် တိုက်တွန်း

    ရပ်ရွာ သန့်ရှင်းရေး ပူးပေါင်းကူညီဖို့ မွတ်စလင်မ် ခေါင်းဆောင်တွေ နှိုးဆော် တိုက်တွန်း

    14212607_1775411436067464_5185977946921548733_n

    နိုင်ငံသား မွတ်စလင်မ်များ အနေဖြင့် စည်းကမ်းတကျ အမှိုက်ပစ်ရန်၊ သန့်သန့်ရှင်းရှင်းနေကြရန်နှင့် သန့်ရှင်းရေး ဝန်ထမ်းများကို ဝိုင်းဝန်းကူညီကြဖို့ အတွက် မွတ်စလင်မ် ခေါင်းဆောင်များက တိုက်တွန်းနှိုးဆော် ထားပါတယ်။

  • တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အကြောင်း ဦးကိုနီ၏ ဆွေးနွေးချက်

    တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အကြောင်း ဦးကိုနီ၏ ဆွေးနွေးချက်

    14100299_1239792959365795_7395742954312573216_n
    ဓါတ်ပုံ- ကိုသိန်းမိုးဝင်း

    ၂၀၁၆ ခုနှစ် သြဂုတ်လ ၈ ရက်နေ့က သြစတြေးလျ နိုင်ငံ ဆစ်ဒနီမြို့တွင် ပြုလုပ်ခဲ့သော မြန်မာမိသားစုများ တွေ့ဆုံပွဲ၌ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး နှင့် ပတ်သက်ပြီး မေးမြန်းချက်ကို တရားလွှတ်တော်ရှေ့နေ ဦးကိုနီမှ ပြန်လည်ဖြေကြားချက်ဖြစ်ပါတယ်။

    ရိုက်ကူး- ကိုမြင့်မိုရ်မဏ္ဍိုင်

  • ” လူ့အခွင့်အရေးနဲ့ စိန်ခေါ်မှုများ ”  (ဆွေးနွေးချက်)

    ” လူ့အခွင့်အရေးနဲ့ စိန်ခေါ်မှုများ ” (ဆွေးနွေးချက်)

    14034739_10154615821148128_805723550342819069_n
    သြဂုတ်လ ၂၈ ရက်နေ့ RFA (မြန်မာပိုင်း) အစီအစဉ်မှာ ” လူ့အခွင့်အရေးနဲ့ စိန်ခေါ်မှုများ ”  ခေါင်းစဉ်အောက်မှ မေးမြန်းဆက်သွယ်မှုများကို  ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ (ငြိမ်းချမ်းမေတ္တာ) တည်ထောင်သူ ဟာဂျီ ဦးအေးလွင်နဲ့ ညီမျှခြင်း မြန်မာ အဖွဲ့ဒါရိုက်တာ ဦးအောင်မျိုးမင်း တို့ ၏ ပင်တိုင်ဆွေးနွေးမှု ဖြစ်ပါတယ်။

    * ရခိုင် အကြံပေးကော်မရှင်နှင့် ပတ်သက်ပြီး ကန့်ကွက်နေမှုများကို ဟာဂျီဦးအေးလွင်ရဲ့ မှတ်ချက်၊
    .
    * UPR (Universal Periodic Review) နှင့် ပတ်သက်ပြီး ဦးအောင်မျိုးမင်းရဲ့ ရှင်းလင်းချက်၊
    .
    * မွေးရာပါအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ လူတိုင်းတန်းတူ အခွင့်အရေးတွေ နဲ့ ပတ်သက်ပြီး ဦးအောင်မျိုးမင်းရဲ့ ရှင်းလင်းချက်၊

    * အမုန်းတရား ဆိုတာ ဘာလဲ ? ဟာဂျီဦးအေးလွင်ရဲ့ ဖြေရှင်းချက်၊

    * အစ္စလာမ်ဖြစ်လို့ လူမျိုး ပြောင်းပြီးမှတ်ပုံတင်မှာ ဖော်ပြခံရမှု၊ မြို့သစ်တွေမှာ လူနည်းစုဘာသာဝင်တွေ ရဲ့ သာသနိက အဆောက်အအုံတွေ တရားဝင် မရှိတဲ့ ကိစ္စ၊

    * ကုလ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေး စုံစမ်းတဲ့ အထူးကိုယ်စားလှယ် ဘာကြောင့် ဆက်ရှိနေတာလဲ ၊ ဘယ်တော့ မှ မရှိတော့မှာလဲ  ဦးအောင်မျိုးမင်းရဲ့ ပြောကြားချက်၊

    * ယခင်သမ္မတ ဦးသိန်းစိန် လက်ထက် စတင် ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်အပေါ် ဟာဂျီဦးအေးလွင်နှင့် ဦးအောင်မျိုးမင်းတို့၏  မှတ်ချက်၊