News @ M-Media

Tag: မွတ်စလင်ဆန့်ကျင်ရေး

  • English Defense League အား တည်ထောင်သူ ယင်းအဖွဲ့မှ နုတ်ထွက်၊ အဖွဲ့ဝင်များ လက်ယာ စွန်းရောက် လွန်း၍ နုတ်ထွက်ခြင်း ဖြစ်ကြောင်းဖွင့်ဟ၀န်ခံ

    M-Media
    အောက်တိုဘာလ ၈ ရက်၊ ၂၀၁၃
    www.reuters.com

    Woolwich တိုက်ခိုက်မှု၌ မွတ်စလင်တဦးနှင့်အတူ ဆန္ဒပြနေသည့် ရော်ဘင်ဆင်
    Woolwich တိုက်ခိုက်မှု၌ မွတ်စလင်တဦးနှင့်အတူ ဆန္ဒပြနေသည့် ရော်ဘင်ဆင်

    အငြင်းပွားဖွယ် မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီး ဦးဝီရသူမှ မိမိကိုယ်တိုင် အတုယူကူးချနေပါသည်ဟု ပြောဆိုခဲ့ဖူးသည့် အင်္ဂလိပ်ကာကွယ်ရေးအဖွဲ့ချုပ် (English Defense League) မှ ခေါင်းဆောင်ဖြစ်သူ တော်မီရော်ဘင်ဆင်နုတ်ထွက်သွားခဲ့ကြောင်း ရိုက်တာ သတင်းတစ်ရပ်က ယနေ့ ဖော်ပြသည်။

    English Defense League (EDL) မှာ မွတ်စလင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဦးဆောင်သည့်အဖွဲ့ဖြစ်ပြီး ထိုအဖွဲ့ကြောင့် လူမျိုးကွဲများအကြား တင်းမာမှုမြင့်မားလာခဲ့ရသည်။ EDL ၏ ခေါင်းဆောင်ဖြစ်သူ ရော်ဘင်ဆင်က မိမိအနေဖြင့် အသင်းဝင်များ၏ လက်ယာစွန်းရောက်မှုကို မထိန်းသိမ်းနိုင်တော့သဖြင့် ဤသို့ နုတ်ထွက်လိုက်ရခြင်းဖြစ်သည်ဟု အင်္ဂါနေ့တွင်(ယနေ့) ပြောကြားခဲ့သည်။

    ရော်ဘင်ဆင်နုတ်ထွက်မှုအား အစွန်းရောက်မှုများတိုက်ဖျက်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် The Quilliam Foundation မှ အကူအညီပေးခဲ့ကြောင်း၊ သို့သော် ကျွမ်းကျင်သူတစ်ဦးကမူ ၄င်းနုတ်ထွက်သွားမှုသည် လက်ယာစွန်းရောက်လွန်းမက ရောက်သွားပြီး အစွန်းရောက်အကြမ်းဖက်မှုများ အဖြစ်သို့ ဦးတည်သွားနိုင်ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။

    Quilliam Foundation ၏ ဥက္ကဌမှာ မွတ်စလင်တစ်ဦးဖြစ်သူ မာဂျစ်န၀ါးဇ်ဆိုသူဖြစ်ပြီး ၄င်းမှာလည်း အစ္စလာမ်မစ်အစွန်းရောက် အဖြစ်မှ အသွင်ပြောင်း ခဲ့ပြီး အစွန်းရောက်တိုက်ဖျက်ရေးများကို ဦးဆောင်လှုပ်ရှားနေသူဖြစ်သည်။

    EDL သည် ၂၀၀၉ ခုနှစ်မှစတင်၍ အင်္ဂလန်နိုင်ငံ၌ မွတ်စလင်အနေများသည့် ဧရိယာများတွင် လမ်းဘေးဆန္ဒပြပွဲများ ပြုလုပ်ခဲ့ပြီး ထိုဆန္ဒပြပွဲ အများစုမှာ အကြမ်းဖက်မှုဆီသို့သာ ဦးတည်ခဲ့သည်ချည်းဖြစ်သည်။

    “ကျွန်တော်နုတ်ထွက်ဖို့ အချိန်အတော်ကြာယူပြီးစဉ်းစားခဲ့တယ်။ ဒီလို လမ်းဘေးဆန္ဒပြပွဲတွေကနေ သူတို့ (EDL အဖွဲ့ဝင်များ) တွေ အလုပ် သိပ်မဖြစ်တော့ ဘူးဆိုတာ တွေ့လိုက်ရတယ်” ဟု ရော်ဘင်ဆင်က မိမိနုတ်ထွက်ရခြင်းအကြောင်းရင်းကို ရှင်းပြသည်။

    တဆက်တည်း ရော်ဘင်ဆင်က – “လက်ယာစွန်းရောက်မှုရဲ့ အန္တရာယ်ကို ကျွန်တော်သိနားလည်ပါတယ်။ ဒါ့ပြင် အစ္စလာမ်မစ် (အစွန်းရောက်) အတွေးအခေါ်တွေကိုလည်း အကြမ်းမဖက်တော့ဘဲ ဒီမိုကရေစီနည်းလမ်းကျ တုန့်ပြန်ရမယ်ဆိုတာလည်း နားလည်ပါတယ်။” ဟု ပြောပြသည်။

    Quilliam ၏အဆိုအရမူ EDL မှ ရော်ဘင်ဆင်သာမက ၄င်း၏လက်ထောက်ဖြစ်သူ ကဲဗင်ကာရိုးပါ ထွက်သွားခဲ့ခြင်းဖြစ်သည်။ EDL သည် နော်ဝေ အကြမ်း ဖက်လူသတ်သမား ဗရိုင်ဗစ်နှင့် အဆက်အသွယ်ရှိသည့် အသင်းအဖွဲ့လည်း ဖြစ်သည်။

    EDL ကို ရော်ဘင်ဆင် လန်ဒန်မြောက်ဘက် ၃၅ မိုင်အကွာ မြို့တစ်မြို့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

  • တောင်ကြီးတွင် ဦးဝီရသူ၏ ၉၆၉ တရားပွဲပြုလုပ်ရန် ကြေညာဘုတ်များ လိုက်လံ စိုက်ထူလျက်ရှိ

    M-Media
    ဇွန်လ ၉၊ ၂၀၁၃
    ကျောက်ခဲ

    wirathu
    တောင်ကြီးမြို့ပေါ်မှာ ၉၆၉ တရားပွဲ ကြေညာဘုတ်များ

    တောင်ကြီးမြို့ တွင် ဂျွန်လ ၈ ရက်နေ့ မှစ၍ ၉၆၉ တရားပွဲကြေညာ ဗီနိုင်းဘုတ်များကို လိုက်လံစိုက်ထူလျက်ရှိသည်။ ယင်းတရားပွဲကို ဇွန်လ ၁၇ ရက် မှ ၁၈ ရက်အထိ တောင်ကြီးမြို့  ရှိသိမ်တောင် ပရိယတ္တိစာသင်တွင် ည ၇ နာ၇ီတွင်ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။

    “အေးဗျာ ကျွန်တော်တို့ မှာ ဟိုသတင်းကြားလိုက် ဒီသတင်းကြား လိုက်နဲ့ စိုးရိမ်နေရတဲ့ကြားက အခု ဦးဝီရသူတရားပွဲကို ဒီမှာ လာလုပ်မယ် ဆိုတော့ တော်တော်စိတ်ပျက်မိ တယ်ဗျာ။ နောက် အခုလုပ်မယ့်တရားပွဲကြေညာဘုတ်တွေကိုလည်း လူစည်ကားရာ လမ်းတွေမှာ သင်္ကန်းဝတ်တွေကိုယ်တိုင် လိုက်လံတပ်ဆင်နေကြ တာ။ ကျွန်တော့်တစ်သက်ဒီလောက် တက်တက်ကြွကြွလုပ်တဲ့ တရားပွဲမျိုးမမြင်ဖူးပါဘူးဗျာ” ဟု ဒေသခံနည်းပညာကျောင်းသား တစ် ဦးကM-Media သို့ ပြောကြားခဲ့သည်။

    မကြာခင်လများအတွင်းက မူဆယ်မြို့ တွင် အစွန်းရောက် ၉၆၉ တရားများဟောကြားပြီးနောက် လာရှိုးမြို့ ၌ အစွန်းရောက် ဗုဒ္ဓသာသာများ၏ အကြမ်းဖက်ရမ်းကားမီးရှို့ မှု၊ သတ်ဖြတ်မှုများ ကိုလာရှိုးမြို့ ရှိမွတ်စလင်များ ခံစားခဲ့ရသည်။ ယခုတဖန် ၉၆၉ အစွန်းရောက် တရားခွေများပြန့် နှံ့လျက်ရှိသော ရှမ်းပြည်တောင်ပိုင်းဒေသ များ တွင်လည်း ငြိမ်းချမ်းစွာနေထိုင်လိုသော ဗုဒ္ဓဘာသာဝင်များနှင့် ဒေသခံမွတ်စလင် များက ယင်းကဲ့သို့ အကြမ်းဖက် မှုများဖြစ် လာမည်ကိုစိုးရိမ်လျက်ရှိကြသည်။

    ယင်းသို့ နိုင်ငံအရပ်ရပ်တွင် မငြိမ်သက်မှုများတစ်မြို့ ပြီးတမြို့ ဖြစ်ပျက်လျက်ရှိနေစဉ်မှာပင် ယခုကဲ့သို့ အစွန်းရောက်တရားပွဲများကို ထပ်မံပြုလုပ်ကြ ခြင်းဖြစ်သည်။

    tgi
    တရားပွဲအတွက် လုံးပန်းနေကြသည့် သင်္ကန်းဝတ်များနှင့် လူဝတ်ကြောင် အချို့

    “ကျွန်တော် မသိတာတစ်ခုက နိုင်ငံနဲ့ အနှံ့ဒါမျိုးတွေဖြစ်နေတယ်ဗျာ။ နောက်ပြီးဘာသာတရားတစ်ခုကို ဒီလိုပေါ်ပေါ်ထင်ထင်စော်ကားတယ်ဆိုတာ ဥပဒေနဲ့ လည်းမညီဘူး။ ယဉ်ကျေးတဲ့လူ့ အဖွဲ့ အစည်းရဲ့စရိုက်လည်းမဟုတ်ဘူးဗျာ။ ဒါတွေကိုအစိုးရက ဘာလို့ မတားဆီးတာလဲဆိုတာ ကျွန်တော်ဘယ်လိုမှမစဉ်းစားတတ်ဘူးဗျာ။ ဒီလိုသာဆို ကျွန်တော်တို့ နိုင်ငံရဲ့ရှေ့ဆက်ရမယ့် အနာဂတ်ကို တော်တော်ရင်လေးမိတယ်ဗျာ” ဟု ဥပဒေပညာရှင် တစ်ဦးက မှတ်ချက်ပေး ပြောကြားခဲ့ပါသည်။