News @ M-Media

Tag: anti_Muslim_in_Myanmar

  • အုတ်ဖို၊ အိုသည်ကုန်း၊ မင်းလှ၊ တပ်ကုန်း ဘက်မှာ ဆူပူမှု ဖြစ်ခဲ့ကြောင်း ဒုတိယ ရဲမှူးကြီး မင်းအောင် BBC ကိုပြော

    အုတ်ဖို၊ အိုသည်ကုန်း၊ မင်းလှ၊ တပ်ကုန်း ဘက်မှာ ဆူပူမှု ဖြစ်ခဲ့ကြောင်း ဒုတိယ ရဲမှူးကြီး မင်းအောင် BBC ကိုပြော

    မတ်လ ၂၅၊ ၂၀၁၃
    BBC

    အုတ်ဖို၊ အိုသည်ကုန်း၊ မင်းလှ၊ တပ်ကုန်း ဘက်မှာ ဆူပူမှု တချို့ ဖြစ်ခဲ့တယ် ဆိုတာကို ထောက်လှမ်းဌာနက ဒုတိယ ရဲမှူးကြီး မင်းအောင်က ဘီဘီစီကို အတည်ပြု ပြောကြားပါတယ်။

    A – အုတ်ဖို မင်းလှဖြစ်တယ်။ ကျွန်တော်တို့ဒီဘက် တပ်ကုန်းမှာဖြစ်တယ်ခင်ဗျ။ ကျွန်တော်တို့ အုတ်ဖိုကတော့ အိုးသည်ကုန်းကျေးရွာမှာဖြစ်တယ်။ ဒီမှာစဖြစ်တာကတော့ အိုးသည်ကုန်း (၁)လမ်းမှာနေတဲ့ ဦးစိန်ထူးပိုင်တဲ့ လွင်ပေါင်မုန့်တိုက်ပေါ့။ သူကတော
    မွတ်ဆလင် အမှန်ပါ။ သူ့ရဲ့ဆိုင်ရှေ့မှာ ဒီ.ရွာသားတွေက ပေါ့နော်။ အင်အား ၅၀-၆၀ လောက်ပေါ့။ အဲ့ဒါမှာသူတို့ လေးခွတွေ တုတ်တွေနဲ့ပစ်တာပေါ့။ အဲ့ဒါမှာတော့ နည်းနည်း အိမ်ရဲ့မှန်တွေဘာတွေ ကွဲသွားတာ။ ခြံစည်းရိုးတွေပျက်သွားတာရှိတယ်။ နောက် သူ့အိမ်က ဆိတ် ၃ ကောင်

    သေသွားတာရှိတယ်။ နောက် နောက် တစ်ခေါက်က ချိုတူးလက်ဖက်ရည်ဆိုင်ရှေ့ပေါ့။ နည်းနည်းပျက်ဆီးမှုပေါ့။ ဆိုင်ရှေ့မျက်နှာစာ နည်းနည်းပျက်ဆီးသွားတာရှိတယ်။ ပစ်တာကတော့ လေးခွတို့ခဲလုံးတို့နဲ့ပဲ ပစ်တာပါပဲ။ နောက်ကတော့ ဦးမူစာရဲ့ နှစ်ထပ်တိုက်အိမ်ပေါ့။ ဒီမနက် ၁

    နာရီဖြစ်တယ်။ အဲ့ဒီမှာလဲ သူတို့ အိမ်ထဲ ၀င်ပြီးတော့ ဆိုင်ကယ် ၂-စီးဖျက်ဆီးသွားတာရှိတယ်။ အဲ့ဒီ့အချိန်မှာ လူအင်အားတော့ ၂၀၀ လောက်ဖြစ်သွားပြီ။ သူတို့ ၂-နာရီ ၅-မိနစ်လောက်ကျတော့ လူစုကွဲသွားပါတယ်”

    Q – မီးတွေ ဘာတွေ ရှို့တာတွေ ဘာတွေရှိလား။
    A – အဲ့လိုတော့ အဲ့လိုတော့မရှိဘူး ခင်ဗျ၊ မင်းလှပိုင်ပေါ့။ ရေကျော်ရွာပေါ့။ ရေကျော်ရွာမှာတော့ ရေကျော်ရွာသားလို့ယူဆရတဲ့သူ ရွာသား ၁၀၀-လောက်ပေါ့။ ၇-နာရီခွဲလောက်မှာ လူစုတယ်။ ပြီးတော့ လူစုပြီးတော့ပေါ့ ဒီအစ္စလာမ်ဘာသာဝင် ၆-လုံးပေါ့။ ပြီးရင် လေးပေသုံးပင်

    ဗလီတစ်လုံးပေါ့။ အဲ့ဒါတော့ဖျက်ဆီးသွားတယ်။ ၈-နာရီလောက်မှာပြီးသွားတယ်ခင်ဗျ။ အဲ့ဒီ့အဖွဲ့ကပဲ။ စောစောက ပြောတဲ့ ကပ်နေတယ်ခင်ဗျ။ ရေကျော်ရွာနဲ့အိုးသည်ကုန်းနဲ့က ကပ်နေတယ်ခင်ဗျ။ အိုးသည်ကုန်းနဲ့ကပ်နေတော့ အဲ့ဒီ့ရေကျော်ရွာကအဖွဲ့က အိုးသည်ကုန်းကိုကူးသွားမှာ။

    အိုးသည်ကုန်းအဖွဲ့နဲ့ပေါင်းပြီး ဒီဖျက်ဆီးမှုတွေကိုထပ်လုပ်တာဖြစ်ပါတယ်ခင်ဗျ။ တပ်ကုန်းမြို့နယ် ရွာသစ်ဗလီနဲ့ ဒီမြို့မဂျာမေဗလီ တို့ကို ဒီကရွာသားတွေဖျက်တာလဲရှိပါတယ်။ ဗလီအတွင်းမှာ ၀င်ပြီးတော့ နည်းနည်းဖျက်ဆီး သွားတာတွေလည်း ရှိပါတယ်။ စာအုပ်စင်

    အခင်းကော်ဇောတွေ ဒါတွေဖျက်ခဲ့ပါတယ်။ ဒီနားမှာရှိတယ်။ အစ္စလာမ်ဘာသာဝင် အိမ် ၁၃-လုံးကိုလည်း ခဲနဲ့ပစ်ပေါက်ခဲ့တယ်။ ဟိုဟာ မီးရှို့တာကတော့မရှိပါဘူး။ မနေ့ညကတော့လေ တုတ်တွေခဲတွေနဲ့ ပစ်တာပဲရှိပါတယ်။

    Q – အသေအပျောက် ဒဏ်ရာရတာကောရှိလား။
    A – အဲ့လိုတော့မရှိပါဘူး။ အသေအပျောက်ဒဏ်ရာတော့မရှိပါဘူး။

    Q – ဆိုတော့ အခုက မိတ္ထီလာမှာ စဖြစ်ပြီးတော့မှ အဲ့သလို ကြိုကြား ကြိုကြားဖြစ်လာရတာက ရဲတပ်ဖွဲ့အနေနဲ့ ဘယ်လိုမျိုးသုံးသပ်မိလဲခင်ဗျ။
    A – လောလောဆယ်ဖြစ်တာကတော့ ရွာတွေမှာပဲ ဖြစ်တာများတယ်ခင်ဗျ။ ရွာတွေမှာဖြစ်တယ်ဆိုတော့ ကျွန်တော်တို့လည်း နည်းနည်း သုံးသပ်ရတော့ခက်နေတယ်ခင်ဗျ။ လောလောဆယ်ခန့်မှန်းရတာတော့ ကြိုးကိုင်နေတဲ့ လူတစ်ယောက်ယောက်ကတော့ရှိနေပြီဆိုတော့

    သုံးသပ်လို့တော့ရတယ်။ ဒါပေမယ့် လက်ဆုပ်လက်ကိုင်တော့ မပြနိုင်သေးပါဘူး။ တစ်နေရာ..တစ်နေရာစီမှာလဲ…ဖြစ်တာကလဲ..ဘာမှမဟုတ်တဲ့ပုံစံနဲ့..သွေးထိုးထားတဲ့ သဘောတော့..ပုံစံတော့ပေါက်ပါတယ်…..”

ှQ – အဲ့တော့ တစ်ချိုပြောတာလည်း လူစုလူဝေးနဲ့ဖြစ်အောင်ရယ် နောက်ပြီးတော့ တစ်ခါ တစ်ချို့ဆိုရင် ဟို ကားတွေဘာတွေနဲ့သယ်သွားတာမျိုး အဆင့်ထိဖြစ်တာကျတော့ ဒါဟာ သွေးရိုးသားရိုးတော့ မဟုတ်တော့ဘူးလို့ ပြောတာမျိုးလဲရှိတယ်ခင်ဗျ။ ရဲတပ်ဖွဲ့က ဘယ်လိုမြင်ပေးလဲ

    ဒီအပေါ်မှာ။
    A – အခုကတော့ဖြစ်နေတာကတော့ သူ့ရဲ့ရွာခံက လူတွေပေါ့။ တချို့ပြောတာတော့ တချို့တစ်နေရာကလူတွေက ဒီကိုလာပြီး လာဖျက်ဆီးတယ်ပေါ့။ ဒါတော့ မဟုတ်ပါဘူး။ ကျတော်တို့ဆီမှာ ဖမ်းထားတဲ့လူတွေတော့ရှိတယ်။ ဖမ်းထားတဲ့လူတွေက အားလုံးက အဲ့ဒီ့ရွာခံက

    လူတွေပဲဖြစ်ပါတယ်ခင်ဗျ။

    အသံဖိုင် နားထောင်ရန်။

  • ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ဗလီကို အကြမ်းဖက်သမားများ မီးရှို့ရန် ကြိုးစားခဲ့

    မတ်လ၊ ၂၄၊ ၂၀၁၃
    M-Media
    ဇာမဏီ

    MineTauk2
    ဓါတ်ပုံမှာ လွန်ခဲ့သည့် ၂ နှစ်ခန့်က ရိုက်ကူးထားသည့် ဓါတ်ပုံဖြစ်ပါသည်။

    မနေ့ညသန်းခေါင်ကျော်အချိန် (24.3.2013) နံနက်အမှောင်ထုတွင် ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာရှိ ဗလီအား မီးရှို့ရန် အကြမ်းဖက်လိုသူ လူတစ်စုမှကြိုးစားခဲ့ကြောင်း၊ ထိုသူများလာရောက်မီးရှို့ရန်ပြုလုပ်နေသည်ကို မိုင်းသောက်ဗလီအနီးရှိ အစောင့်များမှ သိရှိသွား၍ ဗလီအနီးနေ မွတ်စလင်မ်များနှင့် ရပ်ကွက်သားများအား အကူအညီတောင်းရာ လူများထွက်လာကျသဖြင့် ထိုသို့ မီးရှို့ရန်ပြင်ဆင်နေသော အကြမ်းဖက်လိုသူ လူတစ်စုသည် နောက်ဆုံး မိုင်းသောက်ဗလီတံခါးအား မီးရှို့၍ ထွက်ပြေးသွားကျကြောင်း သတင်းရရှိပါသည်။

    ထိုသို့ ဗလီအား မီးရှို့ရန် အကြမ်းဖက်လိုသူများသည် မိုင်းသောက်ကျေးရွာနှင့် ပတ်ဝန်းကျင်ရွာများမှ ရွာသားများမဟုတ်ပဲ မိုင်းသောက်အနီး မကျည်းပင်ရွာပတ်ဝန်းကျင်တွင် အသိမ်းခံလယ်မြေများပေါ်၌ အသစ်တည်ဆောက်နေသော ဟိုတယ်ဇုန်စီမံကိန်းတွင် အလုပ်လာရောက်လုပ်ကိုင်နေကျသော အောက်ပြည်အောက်ရွာမှ အလုပ်သမားများဖြစ်နိုင်သည်ဟု သံသယဖြစ်မိကြောင်း၊ ဟိုတယ်ဇုန်တွင် အခြားဒေသမှ အလုပ်လာရောက်လုပ်ကိုင်နေသူ အလုပ်သမား (၃၀၀)ကျော်ရှိကြောင်း မိုင်းသောက်ကျေးရွာမှ တာဝန်ရှိလူကြီးတစ်ဦးမှ ပြောကြားခဲ့ပါသည်။

    ယခုအခါတွင် ညောင်ရွှေမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများမှလုံခြုံရေး စောင်ရွက်ပေးလျှက်ရှိပြီး၊ မိုင်းသောက်ကျေးရွာရှိ မွတ်စလင်မ်များနှင့်အတူ အကြမ်းဖက်မှုကို မလိုလားသော ဘိုးစဉ်ဘောင်ဆက်အတူနေ အင်းသားဗုဒ္ဓဘာသာဝင်များမှလည်း ပူးပေါင်းကာ လုံခြုံရေးအတွက် ပူးပေါင်းစောင်ရွက်ပေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။

    မိုင်းသောက်ဗလီသည် ရှမ်းပြည်နယ်အတွင်း ပထမဆုံးတည်ဆောက်ထားသော နှစ်ပေါင်း (၂၆၀)ကျော်ခန့် သက်တမ်းရှိသည့် ဗလီဝတ်ကျောင်းတော်ဖြစ်ပါတယ်။ မိုင်းသောက်ဗလီအတွင်း ရှေးဟောင်းလက်ရာနှင့်ပစ္စည်းများကို ယခုတိုင်တွေ့မြင်နိုင်ပါတယ်။
    မိုင်းသောက်ဗလီကို တူရကီလူမျိုး အစ္စလာမ်ဘာသာဝင်များက ဦးဆောင်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

     

  • တပ်ကုန်းမြို့ ရွာသစ်ရွာ အား  အကြမ်းဖက် မီးရှို့တိုက်ခိုက် ပြုလုပ်နေ

    တပ်ကုန်းမြို့ ရွာသစ်ရွာ အား အကြမ်းဖက် မီးရှို့တိုက်ခိုက် ပြုလုပ်နေ

    မတ်လ၊ ၂၄၊ ၂၀၁၃
    M-Media
    နေသစ်ထွန်း

    တပ်ကုန်းမြို့အရှေ့ဘက် ၃ မိုင်ခန်အကွာ ရွာသစ်ရွာအား ည၈နာရီ ခန့်ချိန်မှစ၍ အကြမ်းဖက် သမားများမှ မီးရှို့တိုက်ခိုက် နေကြောင်း သိရ သည်။

    အဆိုပါကျေးရွာတွင် မွတ်စလင် အိမ်ခြေ ၁၀၀ ခန့်ရှိပြီး ဗလီ ၁လုံး၊အာရဗီ စာသင်ကျောင်းတစ်ကျောင်းရှိကြောင်း သိ ရသည်။

    ရဲတပ်ဖွဲ့အင်အား နည်းပါးသဖြင့် တိုက်ခိုက်နေသူ အကြမ်းဖက်သမား ၂၀၀ ကျော်အား ဟန့်တား ထိန်းသိမ်း နိုင်ဖွယ် ရာ မရှိကြောင်း စုံစမ်းသိရှိရသည်။

    ၃မိုင်ခန့်အကွာတွင်ရှိသောတပ်ကုန်းမြို့ရှိ အစ္စလာမ် ဘာသာဝင်များသည်လည်း ၄င်းမြို့သို့ ကူးစက်လာမည်ကို စိုးရိမ်လျက်ရှိကြသည်။ အကြမ်းဖက် တိုက်ခိုက်သူများသည် တုတ် ၊ ဓါး ၊ လက်နက် မျိုးစုံတို့ဖြင့် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

  • နိုင်ငံပိုင် ရဲဌာနများ၏ မိတ္ထီလာအဓိကရုဏ်း အသေအပျောက်စာရင်း မှားယွင်းနိုင်ကြောင်း အလဲဗင်းဝန်ခံ

    နိုင်ငံပိုင် ရဲဌာနများ၏ မိတ္ထီလာအဓိကရုဏ်း အသေအပျောက်စာရင်း မှားယွင်းနိုင်ကြောင်း အလဲဗင်းဝန်ခံ

    M-Media
    မတ်လ ၂၃ ရက်၊ ၂၀၁၃

     

    “မတ်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့ ပဋိပက္ခတွင် သေဆုံးသူ (၁၁) ဦးနှင့် ဒဏ်ရာရရှိသူ (၃၉) ဦးရှိကြောင်း နိုင်ငံပိုင် မီဒီယာများမှ သတင်း ထုတ်ပြန်ထားသော်လည်း မျက်မြင်သက်သေများ၏ ပြောကြားချက်နှင့် Eleven Media Gruop မှ ရရှိခဲ့သော အထောက် အထားများအရ သေဆုံးသူ အရေအတွက်နှင့် ဆုံးရှုံးမှုများ ပိုမိုများပြားနိုင်ကြောင်း သိရပါသည်။” (အလဲဗင်း မီဒီယာ သတင်းဖော်ပြချက် – မတ်လ ၂၃ ရက်၊ ၂၀၁၃)

    အစိုးရ ရဲဌာနများရဲ့ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး မွတ်စလင် ၁၀ ဦး သေဆုံးသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း အလဲဗင်း မီဒီယာက ငြင်းဆိုခဲ့သည်။ ရဲဌာန၏အဆိုအရ မတ်လ ၂၁ ရက်နေ့အထိ လူ ၆ ဦးသာ သေဆုံးခဲ့ကြောင်းကို ၄င်းတို့ပိုင် တရားဝင်ဝက်ဘ် ဆိုဒ်နှင့် ဖေ့စ်ဘွတ်စာ မျက်နှာများ၌ ဖော်ပြထားခဲ့သည်။

    သို့သော် ယနေ့တွင်မူ ရဲဌာန၏ စာရင်းထုတ်ပြန်ချက်တွင် အမှားအယွင်း ရှိနေနိုင်ကြောင်း သံသယပွားစေမည့် သတင်းမျိုးကို အထက်ပါ အတိုင်း တင်ပြကာ ၄င်းတို့၏ မတ်လ ၂၁ ရက်တင်ပြချက် မှားယွင်းနိုင်ကြောင်း ၀န်ခံလိုက်ပြီဖြစ်သည်။ ထို့အတူ အလဲဗင်း မီဒီယာက မိတ္ထီ လာအဓိကရုဏ်းစတင်ဖြစ်သည့်နေ့တွင်ပင် “အပြန်အလှန်မီးရှို့မှု” များရှိသည်ဟု “အပြန်အလှန်” ဟူသည့် စကားလုံးကို သုံးစွဲကာ ၀ါဒဖြန့်ခဲ့သည်။

    အခြားနိုင်ငံတကာ သတင်းဌာနတစ်ခု၏ ဖော်ပြချက်အရ အောက်ပါအတိုင်း သိရှိရပါသည်။

    ယူကေအခြေဆိုက် ဂါဒီးယန်းသတင်းစာ၏ ဆက်သွယ်မေးမြန်းချက်အရ မိတ္ထီလာမြို့၊ မွတ်စလင်ဆန့်ကျင်ရေးအရေးအခင်းကြောင့် လူပေါင်း ၁၀၀ ခန့်သေဆုံးပြီးဖြစ်ကြောင်း ဦးဝဏ္ဏရွှေမှပြောကြားခဲ့သည်။ လူ့အခွင့် အရေးစောင့်ကြည့်မှုအဖွဲ့ (Human Rights Watch) မှ Phil Robertson ကမူ “အဓိက ပြဿနာက ဒီလိုပါ။ အစိုးရက အမုန်းတရားကြီးထွားမယ့် လုပ် ကိုင်ဆောင်ရွက်ချက်တွေ၊ အုပ်စုလိုက်ကျူးလွန်ကြတဲ့ ဆူပူသောင်း ကျန်းမှုတွေကို ပေါ်တင်ကြီး ငေးကြည့်နေတယ်၊ ဒီလိုလုပ်တော့ မွတ်စလင်တွေကို တိုက်ခိုက်တယ်ဆိုတာက အရေးယူခံရမယ့် ကိစ္စမဟုတ်ဘူးဆိုတဲ့ ဥပမာ သဘောမျိုး သက်ရောက်နေတယ်။ မွတ်စလင်တွေကို တိုက်ခိုက်ခြင်းက မြန်မာပြည်ထဲမှာ ဆက်ပြီး သက်ဆိုးရှည်နေတယ်၊ အားကောင်းနေတယ်။ မိတ္ထီလာမှာ စစ်အခြေဆိုက် စခန်းကြီးရှိတယ်။ လူတွေအုံကြွလာပြီဆိုတာနဲ့ သူတို့ တားဆီးလိုက်နိုင်တာပဲလေ။ ဘာကြောင့်ဒီလို ဆူပူသောင်းကျန်းမှုကြီးက ၂ ရက်လောက်ထိ သက်ဆိုးရှည်သွားတာလဲ? မတားဆီးနိုင်ရခြင်းက သူတို့မှာ တားဆီးဖို့ ခွန်အားမရှိလို့ ဒါမှမဟုတ် ဗုဒ္ဓဘာသာဘုန်းကြီးတွေပါဝင်နေလို့ နိုင်ငံရေးပေါ် လစီအရ မတားဆီးချင်လို့ပဲ ဖြစ်ရမယ်။” ဟု ဂါးဒီးယန်းသို့ ပြောပြခဲ့သည်။

  • နေပြည်တော် အနီးရှိ ရုံးပေရွာတွင် ဗလီနှင့် မွတ်စလင်မ် လူနေအိမ်များ မီးရှို့ဖျက်ဆီး

    နေပြည်တော် အနီးရှိ ရုံးပေရွာတွင် ဗလီနှင့် မွတ်စလင်မ် လူနေအိမ်များ မီးရှို့ဖျက်ဆီး

    မတ်လ ၂၃၊ ၂၀၁၃
    M-Media
    ထွန်းတောက်

    အေလာမြို့ ။ ။ နေပြည်တော်အနီး၊ အေလာမြို့၊ ရုံးပေရွာတွင် ဗလီနှင့် မွတ်စလင်မ်လူနေအိမ်များအား ၂၃-ရက် မနက်(၁)နာရီခန့်မှစ၍ မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။

    နေပြည်တော်အနီး အေလာမြို့နှင့် ၂-မိုင်ခန့် ကွာဝေးသည့် ရုံးပေရွာတွင် ဗလီနှင့် လူနေအိမ်များအား ၂၃-ရက် မနက်(၁)နာရီမှစ၍ မီးရှို့နေသည့်အတွက် ရုံးပေရွာရှိ မွတ်စလင်မ်များ ထွက်ပြေးနေရကြောင်းသိရသည်။

    “မနေ့ည (၁၀)နာရီလောက်ကစပြီး ရုတ်ရုတ်သဲသဲဖြစ်တယ်။ နေပြည်တော်က လာကြည့်ပြီးပြန်သွားတယ်။ အခုမနက် (၁)နာရီမှာ မီးစရှို့တာ။ ကာကွယ်ရေးက ဗိုလ်မှူးမြင့်အောင် လာကြည့်တယ်။ ဒီလောက် ဆူပူအော်ဟစ်နေကြတာကို ဘာမှ မလုပ်ပေးပဲ ပြန်သွားတယ်။ ရုံးပေမှာ ဗလီ(၁)လုံးပဲရှိတယ်။ မွတ်စလင်မ်အိမ်ခြေ (၄၀)၀န်းကျင်နဲ့ မွတ်စလင်မ် (၁၅၀)ကျော်ပဲရှိတာ။ ကျွန်တော်တို့တွေ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း (၁၅၀)ကတည်းက နေလာခဲ့ကြတာ။ ဘာမှ မဖြစ်ခဲ့ကြဘူး။ အခုမှ ချက်ချင်းထဖြစ်တာ။ ကျွန်တော်တို့ မွတ်စလင်မ်တွေအားလုံးပြေးနေကြရတာ။ ရွာရဲ့ အနောက်ဘက် လယ်ပြင်ထဲမှာ အခုပြေးနေတာပါ။ ကျွန်တော့်ဖုန်းလည်း အားမရှိတော့ဘူး။ တုံးတစ်တုံးပဲကျန်တော့တယ်။ တစ်ခြားလည်း ဖုန်းမရှိကြဘူး။ ကျွန်တော်လည်း တအားမောနေတယ်။ ဖုန်းရပ်လိုက်တော့မယ်”လို့ ပြေးလွှားနေရင်းကပဲ မောဟိုက်နွမ်းလျစွာ M-Media ကို ပြောရင်း ဖုန်းလိုင်း ပြတ်တောက်သွားပါတယ်။