News @ M-Media

Tag: boxing

  • ခါဘစ်အပြင် မက်ဂရီဂေါ်နှင့်ပါ ထိုးမည်ဟု မေ၀ယ်သာ အတည်ပြု

    ခါဘစ်အပြင် မက်ဂရီဂေါ်နှင့်ပါ ထိုးမည်ဟု မေ၀ယ်သာ အတည်ပြု

    အောက်တိုဘာ ၁၈၊ ၂၀၁၈
    M-Media

    (၀ဲမှယာ) ခါဘစ်၊ မေ၀ယ်သာနှင့် မက်ဂရီဂေါ်

    – ရုရှားက ရှုံးပွဲမရှိ UFC လိုက်ဝိတ်ချန်ပီယံ ခါဘစ် နူမာဂိုမီဒေါ့ဗ်နဲ့ လာမယ့်နှစ်မှာ ထိုးသတ်သွားမှာဖြစ်ပြီး အဲဒီနောက်ပိုင်း အိုင်ယာလန် MMA သမား ကော်နာ မက်ဂရီဂေါ်နဲ့ မကျေပွဲနွှဲချင်တယ်လို့ ဖလွိုက်မေ၀ယ်သာက ပြောကြားလိုက်ပါတယ်။

    ခါဘစ်ဟာ အခုလအစောပိုင်း UFC လိုက်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲမှာ မက်ဂရီဂေါ်ကို အနိုင်ရခဲ့ပြီးတဲ့နောက် မေ၀ယ်သာနဲ့ထိုးဖို့ စိန်ခေါ်ခဲ့တာဖြစ်ပါတယ်။

    မေ၀ယ်သာက ခါဘစ်ကို ရှောင်မယ်ဆိုတဲ့သတင်းတွေကို ငြင်းဆိုခဲ့ပြီး ခါဘစ်အပြင် မက်ဂရီဂေါ်နဲ့ပါ ထိုးသတ်မယ်လို့ TMZ Sports ကို ပြောကြားခဲ့ပါတယ်။

    “မက်ဂရီဂေါ်က သောက်ပေါက်ကရတွေ လျှောက်ပြောနေတယ်ဗျ။ ဒါ့ကြောင့် သူနဲ့လည်း ကျွန်တော် ထပ်တွေ့အုံးမယ်။ ခါဘစ်နဲ့ကျွန်တော် ထိုးပြီးရင် ကော်နာနဲ့ ထပ်ထိုးမှာပါ။ ‘MMA က ဒီငတိတွေနဲ့ သူဘာ့ကြောင့်ထိုးနေတာလဲမသိဘူး’ လို့ လူတွေကပြောကြတယ်။ ကျွန်တော်နဲ့ ခါဘစ်ပွဲက တော်တော်လေးကို လူကြိုက်များမှာပါ။ မက်ဂရီဂေါ်နဲ့ပွဲလည်း လူတွေများမှာပါ။ ဒီလို အားပေးသူများတဲ့လူတွေနဲ့ ကျွန်တော် ထိုးချင်ပါတယ်”

    မေ၀ယ်သာနဲ့ မက်ဂရီဂေါ်တို့ဟာ ၂၀၁၇ ခုနှစ်က လက်စ်ဗီးဂက်စ်မှာ ထိုးခဲ့ဖူးပြီး အဲဒီပွဲမှာ မေ၀ယ်သာက အနိုင်ရခဲ့ပါတယ်။

    ပက်ကွီအိုနဲ့ ထိုးခဲ့ပြီးတဲ့နောက် အနားယူပြီလို့ ကြေငြာခဲ့တဲ့ မေ၀ယ်သာဟာ မက်ဂရီဂေါ်နဲ့ ထိုးပြီးတဲ့နောက်ပိုင်းမှာလည်း အနားယူမယ်လို့ ကြေငြာခဲ့ပါတယ်။ မေ၀ယ်သာဟာ ပွဲပေါင်း ၅၀ ထိုးသတ်ထားပြီး ရှုံးပွဲမရှိသေးပါဘူး။

    ဒါပေမယ့် အခုလို ကြိုးဝိုင်းထဲ ပြန်ဝင်လာတာဟာ ပရိတ်သတ်တွေကို ဖျော်ဖြေဖို့ဖြစ်တယ်လို့ မေ၀ယ်သာက ပြောကြားခဲ့ပါတယ်။

    ခါဘစ်ဟာ ၂၇ ပွဲထိုးကာ ရှုံးပွဲမရှိပါဘူး။ သူ့ကိုလေ့ကျင့်ပေးသူဖြစ်ပြီး ဖခင်လည်းဖြစ်တဲ့ အဘ်ဒူလ်မာနက်ပ်က မေ၀ယ်သာနဲ့ပွဲသာ ဖြစ်လာမယ်ဆိုရင် မိုက်တိုင်ဆန်နဲ့ အနာတိုလေး လိုမာချန်ကိုတို့ကို လေ့ကျင့်ဖို့ ခေါ်ယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: RT

  • ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအို ကြိုးဝိုင်းအတွင်းသို့ ပြန်လာမည်

    ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအို ကြိုးဝိုင်းအတွင်းသို့ ပြန်လာမည်

    ဧပြီ ၁၈၊ ၂၀၁၈
    M-Media

    – တစ်နှစ်ကျော်ကြာ အနားယူနေတဲ့ ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီ ပက်ကွီအိုဟာ လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်လည်ဝင်ရောက်မယ်လို့ ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    အာဂျင်တီးနားက WBA ၀ယ်သာဝိတ်ချိန်ပီယံ လူးကက်စ် မက်သိုင်ဆီနဲ့ ဇူလိုင်လ ၁၅ ရက်နေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ထိုးသတ်မှာဖြစ်တယ်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့ပါတယ်။

    “ကျွန်တော့်ခေတ် မကုန်သေးပါဘူး။ ဒါကို ဇူလိုင်လ ၁၅ ရက်နေ့မှာ သက်သေပြဖို့ ကြိုးစားသွားမှာပါ။ ကျွန်တော် မခန့်မှန်းတတ်ဘူး။ ဒါပေမယ့် အလဲထိုးအနိုင်ရအောင် ကျွန်တော် အကောင်းဆုံး လုပ်သွားမှာပါ” လို့ အသက် ၃၉ နှစ်အရွယ် ပက်ကွီအိုက ပြောကြားခဲ့ပါတယ်။

    ပက်ကွီအိုရဲ့ နောက်ဆုံးပွဲဟာ လွန်ခဲ့တဲ့ ၉ လက သြစတေးလျ ဘောက်ဆာသမား ဂျက်ဖ်ဟွန်းနဲ့ ထိုးသတ်ခဲ့တဲ့ပွဲဖြစ်ပြီး ပက်ကွီအိုက အံ့ဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။

    သူဟာ ၂၀၁၅ ခုနှစ် မေလမှာလည်း အမေရိကန်လက်ဝှေ့သမား ဖလွိုဒ် မေ၀ယ်သာကို ရှုံးနိမ့်ခဲ့ပါတယ်။ ပက်ကွီအိုနဲ့ မေ၀ယ်သာတို့ရဲ့ပွဲဟာ ကမ္ဘာ့လက်ဝှေ့သမိုင်းမှာ ကြေးအကြီးဆုံး ပွဲတွေထဲက တစ်ပွဲအဖြစ် စာရင်းဝင်ခဲ့ပါတယ်။

    ပက်ကွီအိုဟာ လက်ရှိမှာ ဖိလစ်ပိုင် လွှတ်တော်အမတ်လည်း ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဘယ်စုံကိုယ်ခံပညာသမားကို အလဲထိုးပြီး လက်ဝှေ့ဘုရင်အဖြစ် မေ၀ယ်သာ ဆက်လက်ရပ်တည်

    ဘယ်စုံကိုယ်ခံပညာသမားကို အလဲထိုးပြီး လက်ဝှေ့ဘုရင်အဖြစ် မေ၀ယ်သာ ဆက်လက်ရပ်တည်

    သြဂုတ် ၂၇၊ ၂၀၁၇
    M-Media

    – ရှုံးပွဲမရှိ အမေရိကန်လက်ဝှေ့သမား မေ၀ယ်သာဟာ ဒီနေ့မနက်မှာ အိုင်ယာလန်က ဘက်စုံကိုယ်ခံပညာသမား ကိုနာ မက်ဂရီဂေါရ်ကို အနိုင်ယူနိုင်ခဲ့ပါတယ်။

    ဖိလစ်ပိုင် လက်ဝှေ့ကျော် ပက်ကွီအိုကို အမှတ်နဲ့အနိုင်ယူပြီး လက်ဝှေ့သမားဘ၀ကနေ အနားယူပြီလို့ ကြေငြာခဲ့တဲ့ မေ၀ယ်သာဟာ လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်ဝင်လာခဲ့တာပါ။

    မနေ့ကကစားခဲ့တဲ့ပွဲဟာ မျှော်မှန်းထားတာထက် ပိုမို ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး ငယ်ရွက်တဲ့ မက်ဂရီဂေါရ် အနိုင်ရမယ်လို့ ခန့်မှန်းထားကြပေမယ့် ၁၀ ချီမြောက်မှာ မေ၀ယ်သာက အလဲထိုး အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

    ဒီပွဲဟာ လက်ဝှေ့သမိုင်းတစ်လျှောက် ကြေးအကြီးဆုံးပွဲဖြစ်မယ်လို့ မျှော်မှန်းထားကြပါတယ်။ မေ၀ယ်သာကတော့ လက်ဝှေ့လောကမှာ ဘုရင်တစ်ဆူဖြစ်တယ်ဆိုတဲ့ သူ့ရဲ့ နေရာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။

    ဒီပြိုင်ပွဲပြီးတဲ့နောက် ၄၉ ပွဲနိုင် ရှုံးပွဲမရှိထားတဲ့ မေ၀ယ်သာဟာ လက်ဝှေ့လောကကနေ ထပ်ပြီး အနားယူမလားဆိုတာဟာ ၅၀-၅၀ ဖြစ်နေပါတယ်။

    “ပရိတ်သတ်တွေ လိုချင်တဲ့ပွဲမျိုး ကျွန်တော်တို့ ပေးနိုင်တယ်လို့ ထင်ပါတယ်” လို့ မဝေယ်သာက ပြောပါတယ်။

    မက်ဂရီဂေါရ်က သူ့အနေနဲ့ မေ၀ယ်သာကို ၂ ချီအတွင်း အလဲထိုးမယ်လို့ ပြာကြားခဲ့ပြီး တကယ်ထိုးတဲ့အခါမှာလည်း အစောပိုင်းအချီတွေမှာ သူဟာ အသာရခဲ့ပါတယ်။ ဒါပေမယ့် သဘာရှိတဲ့ မေ၀ယ်သာက ခေါ်ထိုးသွားခဲ့ပြီး ၁၀ ချီမြောက်မှာ ပွဲကို အဆုံးသတ်လိုက်နိုင်ပါတယ်။

    “ဒီပွဲဟာ ကျွန်တော့်ရဲ့ နောက်ဆုံးပွဲဆိုတာ သိပ်သေချာပါတယ်။ ပွဲ ၅၀ ရှုံးပွဲမရှိဆိုတာက ကြားလို့ကောင်းတဲ့ စကားပါ။ Hall of Fame ထဲဝင်ဖို့အတွက် ကျွန်တော် မျှော်လင့်ပါတယ်။ ဒီလိုလုပ်ဖို့အတွက်လည်း ဖျော်ဖြေမှုအပေးနိုင်ဆုံး ကစားသမားကို ကျွန်တော် ရွေးချယ်ခဲ့တာပေါ့” လို့ မေ၀ယ်သာက ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • မိုက်တိုက်ဆန် လက်ဝှေ့အကယ်ဒမီ ဒူဘိုင်းတွင် ဖွင့်လှစ်မည်

    ဧပြီ ၂၂၊ ၂၀၁၇
    M-Media

    – အသက် ၂၀ အရွယ်ဖြင့် WBA၊ WBC၊ IBF ဟဲဗီးဝိတ်ချန်ပီယံဖြစ်ကာ ကမ္ဘာ့အသက်အငယ်ဆုံး ဟဲဗီးဝိတ်ချန်ပီယံအဖြစ် မှတ်တမ်းဝင်ခဲ့သည့် လက်ဝှေ့ကျော် မိုက်တိုင်ဆန်က အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံ ဒူဘိုင်းမြို့တွင် လက်ဝှေ့အကယ်ဒမီ ဖွင့်လှစ်သွားမည်ဟု ကြေငြာလိုက်သည်။

    မိုက်တိုက်ဆန်မှာ ၎င်း၏ အကယ်ဒမီကို အရှေ့အလယ်ပိုင်း၊ သြစတေးလျ၊ ပြင်သစ်၊ အနောက်အာဖရိကနှင့် တရုတ်နိုင်ငံတို့တွင် ဖွင့်လှစ်ရန် စီစဉ်နေပြီး၊ ဒူဘိုင်းမှာ ကမ္ဘာ့ ထိပ်တန်း အားကစားပြိုင်ပွဲများ ကျင်းပရာနေရာ ဖြစ်ခြင်းကြောင့် ယခုကဲ့သို့ ရွေးချယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

    “ထိပ်တန်း အားကစားပြိုင်ပွဲတွေကို ကျင်းပတာ၊ ထိပ်တန်း အားကစားသမားတွေကို ပွဲထုတ်တာမျိုးတွေနဲ့ ဒူဘိုင်းဟာ ကမ္ဘာ့မြေပုံပေါ်မှာ ထင်ရှားလာခဲ့သလို၊ ကျွန်တော့်လို ယုံကြည်ချက်ပြင်းပြပြီး၊ စိန်ခေါ်မှုကို နှစ်သက်တဲ့ အတွေးအခေါ်မျိုးရှိတဲ့သူ ဦးစီးပြီး အဆင့်မီတဲ့ ကိုယ်ကာယကြံ့ခိုင်ရေးစင်တာ တစ်ခုအတွက် သင့်လျော်တဲ့ ဈေးကွက်တစ်ခု ရှိတယ်ဆိုတာလည်း သေချာပါတယ်။ ကျွန်တော်ကိုယ်တိုင် အသိအမှတ်ပြုထားတဲ့ လေ့ကျင့်ရေးမှူးတွေ၊ စံနှုန်းတစ်ခုကို ထိန်းသိမ်းထားနိုင်မယ့် အခြား လေ့ကျင့်ရေးဝန်ထမ်းတွေနဲ့ ကျွန်တော်ရဲ့ စင်တာတိုင်းကို အရည်အသွေးမကျအောင် ကြိုးစားထိန်းသိမ်းသွားမှာပါ” ဟု မိုက်တိုင်ဆန်က ပြောကြားခဲ့သည်။

    အဆိုပါ မိုက်တိုက်ဆန်အကယ်ဒမီမှာ ပုံမှန် လက်ဝှေ့လေ့ကျင့်ရေးစင်တာထက် ပိုမည်ဖြစ်ပြီး မိုက်၏ ဒဿနဖြစ်သော ပြင်းပြင်းထန်ထန်လေ့ကျင့်မှုနှင့် စည်းကမ်းသေ၀ပ်မှု စိတ်ဓာတ်အပေါ် ရပ်တည်သွားမည်ဖြစ်သည်။ စင်တာတွင် ကိုယ်လက် ကြံ့ခိုင်မှုဆိုင်ရာ လေ့ကျင့်ခန်းနှင့် လက်ဝှေ့လေ့ကျင်ခန်းများကို သင်ကြားပေးသွားမည်ဖြစ်သည်။

    Ref: Alarabiya

  • ပက်ကွီအိုနှင့် အမီးရ်ခန်းတို့ မေလတွင် ထိုးသတ်မည်

    ပက်ကွီအိုနှင့် အမီးရ်ခန်းတို့ မေလတွင် ထိုးသတ်မည်

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၇
    M-Media

    – ဖိလစ်ပိုင်မှ လက်ဝှေ့ကျော် ပက်ကွီအိုမှာ ဗြိတိန်လက်ဝှေ့သမား အမီးရ်ခန်းနှင့် မေလ ၂၀ ရက်နေ့တွင် ထိုးသတ်သွားမည်ဟု ဗြိတိန်မီဒီယာများက တနင်္လာနေ့ (ဖေဖော်ဝါရီ ၂၀ ရက်နေ့) တွင် ဖော်ပြခဲ့သည်။

    အမီးရ်ခန်း၏ ဇာတိ ဘော်လ်တန် သို့မဟုတ် မန်ချက်စတာမြို့တွင် ဖြစ်လာနိုင်သည့် အဆိုပါ လက်ဝှေ့ပွဲအတွက် လက်ရှိတွင် နှုတ်ဖြင့် သဘောတူညီမှု ရရှိခဲ့သည်ဟု The Times သတင်းဌာနက ဆိုသည်။

    ပက်ကွီအိုမှာ ၎င်း၏ နောက်ထပ်ထိုးသတ်မည့်သူအတွက် Twitter စာမျက်နှာမှတစ်ဆင့် မဲပေးရွေးချယ်ခိုင်းခဲ့ပြီး ပရိတ်သတ်များက စုစုပေါင်း မဲအရေအတွက် ၄၈ ရာခိုင်နှုန်းဖြင့် အသက် ၃၀ အရွယ် အမီးရ်ခန်းကို မဲပေးခဲ့ခြင်းဖြစ်သည်။

    အသက် ၃၇ နှစ်အရွယ် ပက်ကွီအိုမှာ လက်ဝှေ့လောကမှ အနားယူပြီဟု ကြေငြာခဲ့ပြီးနောက်ပိုင်း ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်လာရာတွင် အမေရိကန်လက်ဝှေ့သမား ဂျီစီ ဗားဂက်စ်ကို နိုဝင်ဘာတွင် အမှတ်ဖြင့် အနိုင်ရခဲ့သည်။ ထိုပွဲပြီးနောက် ပက်ကွီအိုက မေ၀ယ်သာအနေဖြင့် ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်လျှင် ပြန်လည် ထိုးသတ်ရန် အသင့်ရှိနေသည်ဟု ပြောကြားခဲ့သည်။

    မေ၀ယ်သာနှင့် ပက်ကွီအိုတို့မှာ ၂၀၁၅ ခုနှစ် မေလက ထိုးသက်ခဲ့ပြီး မေ၀ယ်သာက အမှတ်ဖြင့် အနိုင်ရခဲ့သည်။ ထို့နာက်တွင် မေ၀ယ်သာမှာ ၄၉ ပွဲနိုင် ရှုံးပွဲမရှိရလဒ်ဖြင့် လက်ဝှေ့လောကကို စွန့်ခွာသွားခဲ့သည်။

    ခန်းမှာ ပြီးခဲ့သည့်မေလက ဆာအူလ် အလ်ဗာရက်ဇ်နှင့် ထိုးသတ်ခဲ့ပြီး အလဲထိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

    Ref: CNA