News @ M-Media

Tag: boxing

  • အမီးရ်ခန်းအား နိုင်ပါက မိမိပိုင် ဂျင်မ်ကို ပေးမည်ဟု ယူအေအီး ဘောက်ဆာသမားက မေ၀ယ်သာကို ကမ်းလှမ်း

    အမီးရ်ခန်းအား နိုင်ပါက မိမိပိုင် ဂျင်မ်ကို ပေးမည်ဟု ယူအေအီး ဘောက်ဆာသမားက မေ၀ယ်သာကို ကမ်းလှမ်း

    ဇန်န၀ါရီ ၂၀၊ ၂၀၁၅
    M-Media

    amk
    ပုံ – အမီးရ်ခန်းနှင့်အတူ တွေ့ရသည့် အဲလ်ဒရှ် (၀ဲ)

     

    – ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းအား အနိုင်ထိုးသတ်နိုင်ပါက ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ မေ၀ယ်သာအား ဒေါ်လာ ၅ သန်းတန်သော မိမိပိုင် ဂျင်မ်ကို လက်ဆောင်ပေးမည်ဟု ယူအေအီး ဘောက်ဆာသမား အီစာ အဲလ်ဒရှ်က ပြောကြားလိုက်သည်။

    အဲလ်ဒရှ်ပိုင်ဆိုင်သည့် အဆိုပါဂျင်မ်မှာ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ရှိ ဂျွမ်မိုင်ရဟ်ဒေသတွင်ရှိပြီး အဲလ်ဒရှ်၏ ထိုကဲ့သို့ပြောကြားမှုကို ယူအေအီးသတင်းစာ 7 DAYS မှ တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

    `ဒူဘိုင်းငွေ သန်း ၂၀ (ကန်ဒေါ်လာ ၅ သန်း) တန်တဲ့ ကျွန်တော့်ရဲ့ ဂျင်မ်ကိုပေးဖို့ မေ၀ယ်သာကို ကျွန်တော် ကမ်းလှမ်းပါတယ်။ အမီးရ်ခန်းနဲ့ပွဲမှာ နိုင်ရင်ပေါ့ဗျာ´ ဟု အဲလ်ဒရှ်က ပြောကြားခဲ့သည်။ ဗြိတိန်လက်ဝှေ့ ကျော် အမီးရ်ခန်းမှာ အဲလ်ဒရှ်၏ အဆိုပါ ဂျင်မ်သို့ မကြာသေးမီကပင် လာရောက် လည်ပတ်ခဲ့သည်။

    အသက် ၃၇ နှစ်အရွယ် ရှိပြီဖြစ်သည့် မေ၀ယ်သာမှာ ယခုအချိန်အထိ ရှုံးပွဲမရှိသေးပဲ အဲလ်ဒရှ်ကမူ မေ၀ယ်သာနှင့် အမီးရ်ခန်း ထိုးသတ်ပွဲဖြစ်လာပါက အမီးရ်ခန်းသာ အနိုင်ရမည်ဟု ယုံကြည်နေသည်။

    `ဒီဂျင်မ်ကို ကျွန်တော်ဆောက်ထားတာဖြစ်ပြီး ကြိုက်လည်းကြိုက်ပါတယ်။ ဒါပေမယ့် မေ၀ယ်သာဟာ အမီးရ်ခန်းကို မနိုင်နိုင်ပါဘူး။ အမီးရ်ခန်းရဲ့ လျင်မြန်မှုကို သူမယှဉ်နိုင်ပါဘူး´ ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    အမီးရ်ခန်းမှာ ၎င်းအနေဖြင့် မေ၀ယ်သာနှင့် ကြိုဝိုင်းအတွင်းတွင် တွေ့ဆုံချင်သည်ဟု မကြာခဏ ပြောကြားထားသည်။

    `ကျွန်တော်ရဲ့ ၂၀၁၅ ရည်ရွယ်ချက်ကတော့ မေ၀ယ်သာကို အနိုင်ရဖို့ပါ´ ဟု ယခုလအစောပိုင်းတွင် ခန်းက ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားဖော်ပြခဲ့သည်။

    Ref: alarabiya

  • မိုဟာမက်အလီ ဆေးရုံကဆင်းပြီ

    မိုဟာမက်အလီ ဆေးရုံကဆင်းပြီ

    ဇန်န၀ါရီ ၈၊ ၂၀၁၄
    M-Media

    ali

    – ဆီးလမ်ကြောင်းရောဂါကြောင့် ဆေးကုသမှု ခံယူခဲ့ရသည့် ကမ္ဘာကျော် လက်ဝှေ့သမားဟောင်း မိုဟာမက်အလီမှာ ဇန်န၀ါရီ ၆ ရက် အင်္ဂါနေ့က ဆေးရုံမှဆင်းလာခဲ့ပြီဟု သိရသည်။

    အသက် ၇၂ နှစ်အရွယ် ရှိပြီဖြစ်သည့် မိုဟာမက်အလီမှာ လွန်ခဲ့သည့် သီတင်း ၂ ပတ်က ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရပြီး ထိုစဉ်က နမိုးနီးယားရောဂါဟု ယူဆခဲ့ကြသည်။ သို့သော်လည်း နောက်ဆုံးတွင် ဆရာဝန်များက အလီမှာ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါကို ခံစားနေရခြင်းဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ကြသည်။

    `ဂန္တ၀င်ဘောက်ဆာသမားကြီးဟာ အခု လုံးဝသက်သာခဲ့ပြီး အိမ်ပြန်ရောက်နေပါပြီ။ ဇန်န၀ါရီ ၁၇ ရက်နေ့မှာ ကျရောက်မယ့် ၇၃ နှစ်မြောက်မွေးနေ့ကိုလည်း မိသာစု၊ မိတ်ဆွေတွေနဲ့ ကျင်းပဖို့ စိုင်းပြင်းနေပါတယ်။ မြားမြောင်လှတဲ့ အားပေးမှုတွေနဲ့ ဆုမွန်ကောင်း တောင်းပေးမှုတွေ အတွက်လည်း အလီရဲ့ မိသားစုဟာ ပီတီဖြစ်ရပါတယ်။ ပြီးတော့ ဆရာဝန်တွေနဲ့ သူနာပြုအဖွဲ့တွေရဲ့ ချွင်းချက်မဲ့ စောင့်ရှောက်ကုသပေးမှုကိုလည်း သူတို့က ကျေးဇူးတင်နေကြပါတယ်´ ဟု မိုဟာမက်အလီ၏ ပြောရေးဆိုခွင့်ရှိသူ ဘော့ ဂန်နဲလ်က ကြညာချက် ထုတ်ခဲ့သည်။

    ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ သုံးကြိမ်ဖြစ်ခဲ့သည့် အလီမှာ လွန်ခဲ့သည့် ၃ နှစ်က ပါကင်ဆန်ရောဂါကို ခံစားခဲ့ရသည်။ မိုဟာမက်အလီမှာ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ၎င်း၏ဇာတိဖြစ်သည့် ကန်တာကီပြည်နယ် လူးဝစ်ဗီလီမြို့တွင် ပြုလုပ်ခဲ့သော `မိုဟာမက်အလီ
    လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆု´ ချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

    Ref: aljazeera

  • ကိုယ်ပိုင်လေယာဉ်နဲ့အတူ ကြွားလုံးအသစ်ထုတ်တဲ့ မေ၀ယ်သာ

    ကိုယ်ပိုင်လေယာဉ်နဲ့အတူ ကြွားလုံးအသစ်ထုတ်တဲ့ မေ၀ယ်သာ

    ဇန်န၀ါရီ ၆၊ ၂၀၁၅
    M-Media

    mwt 2

     

    – အိပ်ရာပေါ်မှာ ငွေပုံတွေထားပြ၊ ဒေါ်လာရာတန်အုပ်လိုက်အရှေ့မှာ ထိုင်ပြ စတဲ့ နည်းမျိုးစုံနဲ့ ကိုယ်ရဲ့ ပိုင်ဆိုင်မှုကို ကြွားလုံးထုတ်ခဲ့ဖူးတဲ့ အမေရိကန်ဘောက်ဆာအကျော်အမော် မေ၀ယ်သာတစ်ယောက် ဒီတစ်ခါမှာလည်း နောက်တစ်မျိုး ကြွားလုံးထုတ်လိုက်ပြန်ပါတယ်။

    အဲဒါကတော့ သူ့ရဲ့ ကိုယ်ပိုင် ဂျက်လေယာဉ်ကို နောက်ခံထားပြီး သူပိုင်ဆိုင်တဲ့ ဇိမ်ခံကား ၈ စီးနဲ့အတူ ဓာတ်ပုံရိုက်ကာ Twitter စာမျက်နှာပေါ်မှာ လွှင့်တင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

    အဲဒီကားတွေကတော့ Ferrari၊ Porsche၊ Lamborghini နဲ့ Bugatti စတဲ့ နာမည်ကျော် တံဆိပ်နဲ့ တန်ဖိုးကြီးကားတွေဖြစ်ပြီး ဈေးအနိမ့်ဆုံးက ပေါင် တစ်သိန်းခွဲရှိတဲ့ Porshe 911 ကားဖြစ်ပြီး တန်ဖိုးအမြင့်ဆုံးကတော့ ပေါင် ၁.၅ သန်းတန်တဲ့ Bugatti Veyron ကား ပဲ ဖြစ်ပါတယ်။

    သူပိုင်ဆိုင်တဲ့ ကားတွေရဲ့ စုစုပေါင်းတန်ဖိုးပဲ ပေါင် ၅.၄၅ သန်းရှိပြီး ဂျက်လေယာဉ် တန်ဖိုး မပါသေးပါဘူး။

    ပြီခဲ့တဲ့ တစ်နှစ်တည်းမှာ ၀င်ငွေ ပေါင် ၆၆ သန်းလောက် ရခဲ့တဲ့ မေ၀ယ်သာတစ်ယောက် သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ကြွားဝါဖော်ပြရတာကို နှစ်သက်သူတစ်ယောက်ဖြစ်ပြီး မကြာသေးမီကပဲ သူ့ရဲ့ ဖိနပ်တွေနဲ့ နေကာမျက်မှန်တွေကို ဓာတ်ပုံရိုက်ပြီး Twitter စာမျက်နှာပေါ်
    လွှင့်တင်ခဲ့ပါသေးတယ်။

    mwt

     

    မေ၀ယ်သာဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ အာဂျင်တိုင်း ဘောက်ဆာသမား မားကို့စ် မိုင်ဒါနာနဲ့ နောက်ဆုံးထိုးသက်ခဲ့ပြီး ဒီနှစ်အတွင်းမှာတော့ ဖိလစ်ပိုင်ဘောက်ဆာသမား ပက်ကွီအို၊ ဗြိန်တိန်အကျော်အမော် အမီးရ်ခန်းတို့နဲ့ ထိုးသတ်ရဖို့ ရှိနေပါတယ်။

    ပက်ကွီအိုကတော့ သူ့အနေနဲ့ မေ၀ယ်သာရဲ့ ပိုင်ဆိုင်မှုတွေ၊ လူမှုဘ၀တွေကို စိတ်မ၀င်စားဘဲ သူနဲ့ထိုးသတ်ဖို့သာ စိတ်ဝင်စားတယ်လို့ ပြောခဲ့ပါတယ်။

    Ref : dailymail

  • ဗြိတိန် လက်ဝှေ့ကျော် အမီးရ်ခန်း ၀ယ်သာဝိတ် ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့

    ဗြိတိန် လက်ဝှေ့ကျော် အမီးရ်ခန်း ၀ယ်သာဝိတ် ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့

    ဒီဇင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    _79717757_amir_khan_getty
    – ယနေ့နံနက်က လက်စ်ဗီးဂက်စ်၌ ထိုးသတ်ခဲ့သည့်ပွဲတွင် ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းမှာ စိန်ခေါ်သူ အမေရိကန်နိုင်ငံသား ဒီဗွန် အလက်ဇန်းဒါးကို အနိုင်ရရှိခဲ့ပြီး WBC ဆေးလ်ဗားဝယ်သာဝိတ် ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့သည်ဟု သိရသည်။

    အသက် ၂၈ နှစ်အရွယ်အမီးရ်ခန်းမှာ ပွဲစဉ်တစ်လျှောက်လုံး အလက်ဇန်းဒါးအား အသားစီးဖြင့် ထိုးသတ်နိုင်ခဲ့သည်။ ပွဲအပြီးတွင် ဒိုင်လူကြီးသုံးဦး၏ ဆုံးဖြတ်ချက်အရ ခန်းမှာ ၁၁၉-၁၀၉၊ ၁၁၈-၁၁၀၊ ၁၂၀-၁၀၈ မှတ်တို့ဖြင့် အပြတ်အသတ်အသာရကာ အနိုင်ရှိခဲ့ခြင်းဖြစ်သည်။

    ပွဲအပြီးတွင် ခန်းက ၎င်းအနေဖြင့် အမေရိကန် လက်ဝှေ့ချန်ပီယံ ဖလွိုက်မေ၀ယ်သာဖြင့် ထိုးသတ်ချင်သည်ဟု ပြောကြားခဲ့သည်။

    `ကျွန်တော့်ရဲ့လက်သီးက ကမ္ဘာ့ အကောင်းဆုံး လက်ဝှေ့သမားနဲ့ ထိုက်တန်တယ်လို့ ကျွန်တော် တကယ့်ကို ယုံကြည်ပါတယ်။ သူကတော့ မေ၀ယ်သာပါပဲ။ သူဟာ ကျွန်တော့်အတွက် အသင့်တော်ဆုံး ပြိုင်ဘက်ပါ။ သူနဲ့ထိုးရင် စစ်တုရင်ကစားသလိုဖြစ်မှာပါ။ ဒါပေမယ့် ကျွမ်းကျင်မှုချင်း ပြိုင်ရပါလိမ့်မယ်။ သူ့ကိုအနိုင်ထိုးဖို့ ကျွမ်းကျင်မှု၊ လှုပ်ရှားမှုတွေ ကျွန်တော့်မှာ ရှိပါတယ်။ သူကျွန်တော့်ကို နာကျင်စေမှာ မဟုတ်ပါဘူး´ ဟု ခန်းက ၎င်း၏ ဆန္ဒကို ဖွင့်ဟခဲ့သည်။

    ထို့ပြင် အသက် ၂၅ နှစ်အရွယ်ကထက် ယခုအချိန်ခံစားမှုက ပိုမိုကောင်းမွန်ကြောင်း၊ မိမိ၏ဘ၀ကို လက်ဝှေ့ အားကစားတွင်သာ နှစ်မြှုပ်ထားပြီး ကစားနိုင်မည့် နှစ် အနည်းငယ်လည်း ကျန်ရှိသေးကြောင်း မေ၀ယ်သာနှင့် ထိုးသတ်ရန်အတွက် ကြိုးစားသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ခန်းမှာ ၂၀၁၂ ခုနှစ် ဇူလိုင်လနောက်ပိုင်း ထိုးသတ်ခဲ့သည့် လေးပွဲစလုံးကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ပရော်ဖက်ရှင်နယ် သက်တမ်းတစ်လျှောက် ထိုးသတ်ခဲ့သည့် ပွဲပေါင်း ၃၃ ပွဲတွင် ခန်းမှာ ပွဲပေါင် ၃၀ အထိ အနိုင်ရရှိထားသည်။

    ref_ BBC

  • ကြွယ်ဝမှုကို Instagram ပေါ် တင်ကြွားတဲ့ အမေရိကန် ဘောက်ဆာသမား မေ၀ယ်သာ

    ကြွယ်ဝမှုကို Instagram ပေါ် တင်ကြွားတဲ့ အမေရိကန် ဘောက်ဆာသမား မေ၀ယ်သာ

    နိုဝင်ဘာ ၁၅ ၊ ၂၀၁၄
    M-Media
    1415193325861_wps_8_image001_png
    – ကမ္ဘာပေါ်မှာရှိတဲ့ အားကစားသမားတွေထဲမှာ ၀င်ငွေအကောင်းဆုံးဖြစ်တဲ့ အမေရိကန်ဘောက်ဆာသမား ဖလွိုဒ်မေ၀ယ်သာတစ်ယောက် သူ့ရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ ပတ်သက်ပြီး Instagram စာမျက်နှာမှာ ဗီဒီယိုတစ်ခုတင်ပြီး ကြွားဝါလိုက်ပါတယ်။

    ဗီဒီယိုအတိုလေးတစ်ခုဖြစ်ပြီး ဒေါ်လာ ၁၀၀ တန်အုပ်လိုက် ဖြန့်ချထားတဲ့ စားပွဲခုံအနောက်မှာ ဖုန်းကို ကိုင်တွယ်အသုံးပြုနေတဲ့ မေ၀ယ်သာရဲ့ ပုံကို ရိုက်ကူးထားတာပါ။ သူဆောင်းထားတဲ့ အနက်ရောင် ဦးထုတ်မှာလည်း $1M ဆိုပြီး သူ့ရဲ့ ကြွယ်ဝမှုကို ဖော်ကျူးထားပါသေးတယ်။

    အားကစား မဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ Forbes ရဲ့ စစ်တမ်းအရတော့ မေ၀ယ်သာဟာ လက်ရှိ ကမ္ဘာပေါ်မှာ ၀င်ငွေအများဆုံးရတဲ့ အားကစားသမားတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်က ၀င်ငွေဟာ ပေါ ၆၆ သန်းတောင်ရှိပါသတဲ့။ ဒီပမာဏဟာ မေ၀ဲသာအနေနဲ့ ၂ ပွဲထိုးပြီး အနိုင်ရခဲ့ရကာ ရရှိခဲ့တဲ့ ၀င်ငွေဖြစ်ပြီး ကြော်ငြာကနေ ရတဲ့ဝင်ငွေ မပါပါဘူး။

    မေ၀ယ်သာဟာ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုကို ပြီးခဲ့တဲ့ လနည်းငယ်ကလည်း ပြသခဲ့ဖူးပါတယ်။ အဲဒါကတော့ သူရဲ့ အိပ်ရာပေါ်မှာ ဒေါ်လာ ၁၀၀ တန်အုပ်တွေ အများကြီး တင်ထားတဲ့ပုံကို သူ့ရဲ့ Instagram မှာ တင်ခဲ့တာပါပဲ။

    ရှုံးပွဲမရှိသေးတဲ့ မေ၀ယ်သာရဲ့နောက် ဒုတိယ၀င်ငွေအကောင်းဆုံး အားကစားသမားကတော့ ရီးယဲလ်မက်ဒရစ်က ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဖြစ်ပြီး စုစုပေါင်း တစ်နှစ်ဝင်ငွေ ပေါင် ၅၀.၃၆ သန်းရှိပါတယ်။ သူ့နောက်မှာတော့ ဘက်စကတ်ဘောကစားသမား လီဘရွန်ဂျိမ်းစ်၊ ဘာစီလိုနာက လီယွန်နယ် မက်ဆီတို့ အသီးသီးရှိနေကြပါတယ်။

    ref_Daily Mail