News @ M-Media

Tag: burqa

  • မျက်နှာဖုံးအုပ်ခွင့် ပိတ်ပင်ခြင်းကို ဥရောပ လူ့အခွင့်အရေး ခုံရုံး ထောက်ခံမှု ထင်ရှားသည့် ဂျူးဘုန်းတော်ကြီး ရှုတ်ချ

    ဇူလိုင် ၈ ၊ ၂၀၁၄
    M-Media
    EuropeSenior-Rabbi-Slams-Burqa-Ban
    – အစ္စလာမ်ဘာသာဝင် အမျိုးသမီးများ နီကဘ် ၀တ်ဆင်ခြင်းကို ပိတ်ပင်ထားသည့် ပြင်သစ်အစိုးရ၏ ဥပဒေကို ထောက်ခံခဲ့သော ဥရောပလူ့အခွင့်အရေးခုံရုံး၏ ဆုံးဖြတ်ချက်အား ဥရောပရှိ အကြီးတန်း ဂျူးဘုန်းတော်ကြီးက ဝေဖန်လိုက်ပြီး မွတ်စလင် အမျိုးသမီးများ၏ ဘာသာရေး လွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “၂၀၀၉ ခုနှစ်က ဆွဇ်ဇာလန်မှာ မင်နာရာ ဆောက်လုပ်မှု၊ ဘုရ်ခါ ၀တ်ဆင်ခြင်းကို ပိတ်ပင်လိုက်တာနဲ့ ဒါတွေကို ဥရောပ လူ့အခွင့်အရေး ခုံရုံး ECHR က ပြီးခဲ့တဲ့ ရက် အနည်းငယ်အတွင်းမှာ ခွင့်ပြုလိုက်တာက ” ဟု The Telegraph သတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါး၌ ဥရောပဂျုးဘုန်းတော်ကြီးများ အဖွဲ့ အကြီးအကဲ ပင်ချက် ဂိုးလ်ရှမစ်က ပြောကြားလိုက်သည်။ ၎င်းမှာ မော်စကိုမြို့ ဂျူးဘုန်ကြီးများအသင်း၏ အကြီးအကဲလည်းဖြစ်သည်။

    မွတ်စလင်အမျိုးသမီးများ ၀တ်ဆင်သည့် ဘုရ်ခါအား ပိတ်ပင်ခြင်းကို ၂၀၁၀ နှစ်က ပြင်သစ်နှင့် ဘယ်လ်ဂျီယံတို့တွင် စတင်ခဲ့ပြီး အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် မျက်နှာဖုံးအုပ်ခြင်းအား တရားမ၀င်ဟု သတ်မှတ်ခဲ့သည်။

    မျက်နှာကို ဖုံးအုပ်ရသည့် နီဘဘ်အား ပိတ်ပင်ခြင်းမှာ နိုင်ငံသားများအား အတူတကွ နေထိုင်မှုကို အားပေးခြင်းဖြစ်သည်ဟု ပြင်သစ်နိုင်ငံက စောဒက တက်ခဲ့ပြီးနောက် ဥရောပ လူ့အခွင့်အရေးခုံရုံး ECHR ကလည်း ထိုပိတ်ပင်မှုအား ပြီးခဲ့သည့် အင်္ဂါနေ့က လက်ခံခဲ့သည်။

    သို့သော်လည်း ဂိုလ်းရှမစ်ကမူ ထိုဥပဒေမှာ ဘာသာရေး လွတ်လပ်ခွင့်ကို ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် ဘုရ်ခါနှင့် နီကဘ်ကို ပိတ်ပင်ခြင်းက အစွန်းရောက်ဝါဒအား တိုက်ထုတ်ရာတွင် အကူအညီဖြစ်လိမ့်မည်ဟု ပြောဆိုကြသောနိုင်ငံရေးသမားများမှာ အသုံးမကျသူ များသာဖြစ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ဘုရ်ခါကို ပိတ်ပင်တာဟာ အစွန်းရောက်ဝါဒကို တစ်နည်းတစ်ဖုံ တိုက်ဖျက်တယ်လို့ ထင်နေတဲ့သူတွေဟာ တကယ့်ကို အသုံးမကျတဲ့သူတွေပါပဲ။ အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒကို တွန်းလှန်ဖို့ ကြိုးပမ်းမှုကနေ သူတို့ဟာ အပြောင်းအလဲတစ်ခုကို ဖန်တီးရင် ဒါဟာ ပြဿနာကို ပိုရှုပ်စေတာပါပဲ” ဟု ဂိုးလ်ရှမစ်က ဆိုသည်။

  • ပြင်သစ်ဆီးနိတ်တွင် ဘူရ်ကာခြုံလွှာပိတ်ပင်ရေးကိစ္စ မဲခွဲဆုံးဖြတ်မည်။

    ပဲရစ်၊ ပြင်သစ်နိုင်ငံ — စက်တင်ဘာ ၂၁တွင် ပြင်သစ်ဆီးနိတ်လွှတ်တော်၌ ဘူရ်ကာခြုံလွှာပိတ်ပင်ရေးကိစ္စ မဲခွဲရန် မျှော်မှန်းထားကြောင်း စီအင်အင်သတင်းတစ်ရပ်က ဖော်ပြသည်။ ထိုပိတ်ပင်ရေးတွင် မျက်နှာကိုဖုန်းထားခြင်းမျိုးသာ

    မက ခန္ဓာကိုယ်တစ်ခုလုံးအားဖုန်းထားခြင်းမျိုးများကိုပါ အကြုံးဝင်စေမည်ဖြစ်သည်။ ထိုသို့ဖုန်းအုပ်ထားခြင်းကို အချို့သောမွတ်စလင်အမျိုးသမီးများက ပြုလုပ်ဆောင်ရွက်ကြခြင်းဖြစ်သည်။

    ထိုပိတ်ပင်ရေးကိစ္စကို လွန်ခဲ့သည့်ဂျူလိုင်လက ပြင်သစ်အောက်လွှတ်တော်ပါလီမန်တွင် အတည်ပြုထားပြီးလည်းဖြစ်သည်။ “Pew Global Attitudes Project” ဟုအမည်ပေးထားသော ယခုနှစ်နွေဦးကာလတွင်ကောက်ခံခဲ့သည့် စစ်တမ်းတစ်ရပ်တွင်မူ ပြင်သစ်ရှိ လူလေးဦးတွင် တစ်ဦးထက်မနည်းသောအရေအတွက် (more…)