News @ M-Media

Tag: EPL 2016-2017

  • တိုက်စစ်မှူးမဟ်ရက်ဇ် ဆက်ရှိမည်ဟု လက်စတာနည်းပြ ပြော

    တိုက်စစ်မှူးမဟ်ရက်ဇ် ဆက်ရှိမည်ဟု လက်စတာနည်းပြ ပြော

    ဇူလိုင် ၁၅၊ ၂၀၁၆
    M-Media

    leis

    – ပြီးခဲ့သည့်နှစ် ခြေစွမ်းကြောင့် အသင်းကြီးများက ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း တိုက်စစ်မှူး ရီယဒ် မဟ်ရက်ဇ်မှာ အသင်း၌ပင် ဆက်လက်ရှိနေမည်ဟု ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာစီးတီးနည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။

    မဟ်ရက်ဇ်၊ ဗာဒီနှင့် အန်ဂိုလို ကန်တီတို့ အပါအ၀င် လက်စတာအသင်း၏ အံ့ဖွယ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည့် ကစားသမားများကို ဥရောပ ထိပ်တန်းအသင်းကြီးများက ခေါ်ယူရန် ကြိုးစားနေကြသည်။

    သို့သော်လည်း အသက် ၂၅ နှစ်အရွယ် မဟ်ရက်ဇ်မှာ အသင်း၌ ဆက်ရှိမည်ဟု ရာနီယေးရီက ဆိုသည်။

    “သူ့အပေါ်မှာ ကျွန်တော် ယုံကြည်မှုအပြည့် ရှိပါတယ်။ သူ ဆက်နေမှာပါ။ သူ ကျွန်တော်တို့နဲ့အတူ ဆက်ရှိချင်နေပါတယ်။ သူ ပျော်လည်း ပျော်နေပါတယ်။ ‘ကျွန်တော် အသင်းက ထွက်ချင်တယ်’ လို့ပြောမယ့် လူစားမျိုး မဟုတ်ပါဘူး။ သူ ဒီမှာ ပျော်နေပါတယ်” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။

    မဟ်ရက်ဇ်မှာ လက်စတာနှင့် ၂၀၁၉ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး၊ ဗာဒီမှာလည်း အသင်းတွင် ဆက်ရှိနေမည့် အလားအလာ ရှိနေသည်။ သို့သော်လည်း ကန်တီ၏ အနာဂတ်မှာမူ မသေချာတော့ပေ။

    Ref: Goal

  • မန်ယူကို ပရီးမီးယားလိဂ်ယူပေးနိုင်ပါက မော်ရင်ဟိုမှာ ပဉ္စလက်ပညာရှင်ဖြစ်မည်ဟု အန်ဒီကိုးလ်ပြော

    မန်ယူကို ပရီးမီးယားလိဂ်ယူပေးနိုင်ပါက မော်ရင်ဟိုမှာ ပဉ္စလက်ပညာရှင်ဖြစ်မည်ဟု အန်ဒီကိုးလ်ပြော

    ဇူလိုင် ၁၄၊ ၂၀၁၆
    M-Media

    mor

    – မန်ယူအား ကိုင်တွယ်သည့် ပထမဆုံးရာသီတွင် ပရီးမီးယားလိဂ်ဖလားရရှိအောင် ဆောင်ရွက်နိုင်ပါက မော်ရင်ဟိုမှာ နာမည်ကျော် ပဉ္စလက်ဆရာ ဒိုင်နမိုကဲ့သို့ မှော်စွမ်းအားရှိသူသာ ဖြစ်မည်ဟု မန်ယူတိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်က ပြောကြားလိုက်သည်။

    မိမိကိုယ်ကို စပါယ်ရှယ်ဝမ်းဟု သတ်မှတ်ထားသည့် မော်ရင်ဟိုမှာ ပေါ်တို၊ အင်တာနှင့် ချယ်ဆီးတို့တွင် ၎င်း၏ ပထမဆုံး ရာသီမှာပင် အမှတ်ပေးဖလားများရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး လက်ရှိတွင် ပြန်လည်တည်ဆောက်ရမည့် မန်ယူအသင်းတွင် အစမ်းသပ်ခံရမည်ဖြစ်သည်။

    သို့သော်လည်း အန်ဒီကိုးလ်ကမူ မော်ရင်ဟိုအပေါ် မျှော်လင့်ချက်များကို ဆန်းစစ်သင့်သည်ဟု ဆိုသည်။

    “မော်ရင်ဟို မန်ယူကိုရောက်လာပြီး ချက်ခြင်းပဲ (ပရီးမီးယားလိဂ်) ဖလားရသွားရင် သူဟာ ဒိုင်နမိုလို ပဉ္စလက်ပညာရှင်ပဲ ဖြစ်တယ်လို့ ကျွန်တော်ယူဆမှာပါ။ ဒီလိုဗိုလ်စွဲခဲ့ရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ မန်ယူနည်းပြဖြစ်ရတာ၊ ပထမဆုံးရာသီမှာ ပရီးမီးယားလိဂ်ဖလားရဖို့ ကြိုးစားရတာတွေဟာ ဘယ်လောက်ခက်ခဲမလဲဆိုတာ သူ စဉ်းစားလို့ကို ရမှာမဟုတ်ပါဘူး” ဟု ကိုးလ်က ပြောကြားခဲ့သည်။

    ထို့ပြင် ယမန်နှစ်က အဆင့် ၅ ဖြင့် ရာသီသိမ်းခဲ့သည့် မန်ယူအနေဖြင့် ချန်ပီယံလိဂ်တွင် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရေးမှ မော်ရင်ဟိုလက်ထက် အရေးပါသည့် မျှော်လင့်ချက်တစ်ခုဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • မန်ယူနှင့် ပွဲဦးထွက်ရန် မစောင့်နိုင်ဟု မော်ရင်ဟိုပြော

    မန်ယူနှင့် ပွဲဦးထွက်ရန် မစောင့်နိုင်ဟု မော်ရင်ဟိုပြော

    ဇူလိုင် ၁၃၊ ၂၀၁၆
    M-Media

    mour

    – မန်ယူအသင်းနှင့် ပထမဆုံးပွဲအတွက် အ၀တ်လဲခန်းဥမင်မှ နည်းပြထိုင်ခုံသို့ သွားရောက်ရန် မစောင့်နိုင်တော့ဟု နည်းပြသစ် ဂျိုဆေး မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ချယ်ဆီးနည်းပြဟောင်း မော်ရင်ဟိုမှာ သြဂုတ်လ ၃ ရက်နေ့တွင် အိုးထရက်ဖို့ဒ်၌ အဲဗာတန်အသင်းနှင့်ကစားမည့် ၀ိန်းရူနီ၏ အမှတ်တရပွဲတွင် အသင်းအား ပထမဆုံး ကိုင်တွယ်ရမည်ဖြစ်သည်။ မော်ရင်ဟိုကမူ ၎င်း၏ ပထမဆုံးပွဲတွင် ပရိတ်သတ်များ၏ တုန့်ပြန်မှုကို တွေ့မြင်ရန် စိတ်အားထက်သန်နေသည်။

    “မနက်ဖြန်မှာ ဒီလိုအခြေအနေမျိုး မဖြစ်လာနိုင်တာ စိတ်မကောင်းစရာပါပဲ။ ကျွန်တော်က ဒီအချိန်တစ်ခဏကို မျှော်လင့် စောင့်စားနေတာပါ။ ဘောလုံးလောကရဲ့ ထိပ်တန်းအဆင့်မှာ ကျွန်တော် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ဖူးပါတယ်။ အရမ်း စိတ်လှုပ်ရှာတာမျိုး သိပ်မရှိခဲ့ပါဘူး။ အမြဲတမ်း စိတ်ကိုတည်ငြိမ်အောင်ထားသလို ကျွန်တော်လုပ်မယ့်အလုပ်အတွက် အဆင်သင့်ဖြစ်နေတယ်ဆိုတာကိုလည်း ကျွန်တော် သိခဲ့ပါတယ်။ ဒါပေမယ့် မန်ယူနည်းပြအဖြစ်နဲ့ ကွင်းထဲကို ၀င်ရမယ်ဆိုတာက တကယ့်ကို စပါယ်ရှယ်ဖြစ်မယ်ဆိုတာ ကျွန်တော် အသေအချာ ပြောရဲပါတယ်” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    Ref: Goal