News @ M-Media
Tag: healthy
  • လတ်ဆတ်သော သီးနှံများကို စားသုံးခြင်းက သွေးချိုရောဂါအား ဟန့်တားနိုင်
    သြဂုတ်လ- ၃၀ ၊ ၂၀၁၃
    M-Media
    health-diabetes_8-30-2013_115901_l
    ပဲရစ်။    ။ လတ်ဆတ်သည့်အသီးအနှံများ အထူးသဖြင့် ဘလူးဘယ်ရီ၊ စပျစ်သီး၊ ပန်းသီး နှင့် သစ်တော်သီးတို့အား ပိုမို စားသုံးခြင်းသည် သွေးထဲရှိ သကြားဓာတ် အဆင့် ၂ သို့ရောက်သွားစေခြင်းကို လျှော့ချနိုင်ကြောင်း၊ သို့သော် သစ်သီးဖျော်ရည်အား ပိုမိုသောက်သုံးခြင်းက ဆန့်ကျင်ဖက်အကျိုးဖြစ်စေကြောင်း ဆက်စပ်နေမှုကို တွေ့ရသည်ဟု လေ့လာမှု တစ်ရပ်ကဆိုသည်။
    အမေရိက၌ ၂၅ နှစ် သက်တမ်းရှိ အကြီးစားကျန်းမာရေးစစ်ဆေးသုံးသပ်ချက် သုံးမျိုးထံမှ အချက်အလက်များကို ဗြိတိန်၊ အမေရိကန် နှင့် စင်္ကာပူ သုတေသီများက ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။
    ယင်းလုပ်ငန်း၌ သူနာပြု နှင့် အခြားကျန်းမာရေးဝန်ထမ်းများ ၁၈၇,၀၀၀ ဦးထက်မနည်း ပါဝင်ခဲ့ကြသည်။
    စေတနာ့ဝန်ထမ်းများအနက် ၆.၅ % မှာ လေ့လာမှုကာလအတွင်း သွေးအတွင်း သကြားဓာတ်များ တက်လာခဲ့သည်။
    ဘလူးဘယ်ရီ၊ စပျစ်သီး၊ ပန်းသီး နှင့် သစ်တော်သီး စသည်တို့အား အသီးအတိုင်း တစ်ပတ်လျှင် နှစ်ကြိမ်ခန့်  စားသုံးသူများမှာ တစ်လလျှင် တစ်ကြိမ်သာစားသုံးသူထက် သွေးထဲရှိ သကြားဓာတ် အဆင့် ၂ သို့ရောက်စေခြင်းကို
    ၂၃ %  ပိုမို၍ လျှော့ချနိုင်ကြောင်း တွေ့ရသည်။
    “ ဒီလိုသီးနှံတွေစားသုံးခြင်းဟာ အထူးသဖြင့် သွေးချိုတက်ခြင်းအန္တရာယ်ကို လျှော့ချပေးနိုင်တဲ့ အကျိုးထူးရှိကြောင်း ကျွန်တော်တို့ရဲ့ရှာဖွေတွေ့ရှိမှုက အထောက်အထားဖြစ်စေပါတယ် ” ဟု ဟားဗတ်တက္ကသိုလ်၊ လူထုကျန်းမာရေးဌာနရှိ အာဟာရဆိုင်ရာ တွဲဖက်ပါမောက္ခ ကီဆွန်(Qi Sun) မှ ပြောကြားသည်။
    ဆန့်ကျင်ဖက်အားဖြင့် သစ်သီးဖျော်ရည်အား တစ်ပတ်လျှင် တစ်ကြိမ်ထက်ပိုမို သောက်သုံးသူတို့သည် သာမန်ထက် သွေးချိုတက်မှု ၂၁ % ပိုမိုလာကြောင်းတွေ့ရလေ၏။
    သစ်သီးဖျော်ရည်အစား အသီးသက်သက်စားသုံးခြင်းသို့ ပြောင်းလဲလိုက်သောအခါ ၇ % လျော့ကျသွားကြောင်း တွေရသည်။ သို့သော် စတော်ဘယ်ရီ နှင့် ဖရဲသီး(အ၀ါရောင်အတွင်းသားမျိုး)တို့အတွက်ကား ကွာခြားမှုကို မတွေ့ရချေ။
    သောကြာနေ့ထုတ် ဗြိတိသျှဆေးပညာဂျာနယ် (British Medical Journal – BMJ)က ပြတ်သားသည့် ကွဲပြားခြားနားမှုကို ထပ်မံဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း ဖော်ပြထားသည်။
    သစ်သီး နှင့် သစ်သီးဖျော်ရည်၌ ပါဝင်သော အာဟာရဓာတ်မှာ တစ်ခုတည်းပင်ဖြစ်နေပါလျက် ပုံပြောင်းသည်နှင့် ကွဲပြားသွားရခြင်းအပေါ် အနုစိတ် အဖြေရှာသုံးသပ်နေကြသည်။
    အာဟာရဓာတ်သဘောသည် တူပင်တူငြား အဖတ်ထက် အရည်က ၀မ်းဗိုက်မှတဆင့် အူအတွင်းသို့ ၀င်ရောက်မှု ပိုမိုမြန်ဆန်သောကြောင့်ဖြစ်ကြောင်း၊ သစ်သီးအရည်သည် သစ်သီးအသားထက် သွေးထဲရှိ ဂလူးကို့စ် နှင့် အင်ဆူလင် ဓာတ်များကို လျင်မြန်စွာ တိုးပွားသွားစေသည့် သဘောမျိုးဖြစ်နိုင်ကြောင်း ဂျာနယ်မှ ဥပမာပေးဖော်ပြသည်။
    အချို့သောသီးနှံများသည် ကျန်းမာရေးအတွက် ကောင်းကျိုးဖြစ်ထွန်းစေသည်ကို လေ့လာချက်မှ အထောက်အထားတစ်ရပ်အဖြစ် တွေ့ရသည်။
    သာဓကအားဖြင့် ဘလူးဘယ်ရီ နှင့် စပျစ်သီးတို့၌ Anthocyanins အမည်ရှိ ဒြပ်ပေါင်းများ ပါဝင်နေသည်။ ၄င်းက နှလုံးရောဂါ၏အန္တရာယ်ကို ကာကွယ်လျှော့ချပေးနိုင်သည်။ သို့သော် သွေးချိုဓာတ်အား အဘယ်ကြောင့် နှင့် အဘယ်ကဲ့သို့ လျော့ကျသွားစေကြောင်းကိုမူ ရှင်းလင်းစွာ မသိရှိရသေးဟု ရေးသားထား၏။
    သူနာပြုတို့၏ကျန်းမာရေးလေ့လာချက်အပိုင်း ၁ (၁၉၈၄ မှ ၂၀၀၈ ခုနှစ်)၊ အပိုင်း ၂ (၁၉၉၁ မှ ၂၀၀၉ ခုနှစ်) နှင့် မျက်ခြေမပြတ်ကျန်းမာရေးလေ့လာချက် (၁၉၈၆ မှ ၂၀၀၈ခုနှစ်) စစ်တမ်းများမှ အချက်အလက်ထုတ်ယူထားခဲ့ခြင်း ဖြစ်သည်။
    ဦးတည်လေ့လာသည့် အသီး ၁၀ မျိုးမှာ စပျစ်သီး၊ မက်မုံသီး၊ ဆီးသီး(ဇီးသီး)၊ ဇီးချိုသီး၊ ငှက်ပျောသီး၊ (အတွင်းသားဝါ) ဖရဲသီး၊ ပန်းသီး သို့ သစ်တော်သီး၊ လိမ္မော်သီး၊ ရှောက်ချိုသီး၊ စတော်ဘယ်ရီ နှင့် ဘလူးဘယ်ရီ တို့ဖြစ်ကြသည်။ သစ်သီးရည်များမှာ ပန်းသီး၊ လိမ္မော်သီး၊ ရှောက်ချိုသီး နှင့် အခြားသစ်သီးရည်တို့ ဖြစ်ကြသည်။
    – AFP/nd
  • MP3,MP4 Ipod များ ကြောင့် အကြားအာရုံထိခိုက်သူ ၃ဆအထိမြင့်တက်
    ခေတ်ပေါ် ဖျော်ဖြေရေးပစ္စည်း များဖြစ် သော MP3,MP4 Ipod များ ကြောင့် အနှစ်၂၀ အတွင်း အကြား အာရုံ ထိခိုက် ခဲ့သော ဆယ်ကျော်သက်ဦးရေ သည် ၃ဆ အထိမြင့် တက် လာ ကြောင်း သိရ သည်။ ၂၀၀၅ ခုနှစ်မှ ၂၀၀၆ ခုနှစ် အတွင်း လူ ငယ်၅ဦး လျှင် တစ်ဦး မှာ အကြား အာရုံ ချွတ်ယွင်း မှု များ ဖြစ်ပေါ်နေပြီး ယင်း အရေ အ တွက် သည် ၁၉၈၈ မှ ၁၉၉၄ ခု နှစ် တွင်းရှိ နားဝေဒနာရှင် အ ရေ အတွက်ထက်  ၃၀%အထိ ပိုမိုခဲ့ကြောင်း အမေရိကန် ဆေး ပညာ အစည်းအရုံ့းက ထုတ်ပြန် ခဲ့ပါသည်။ အမေရိကန် ဆယ် ကျော် သက်များနည်းတူ
    (more…)