News @ M-Media

Tag: iraq

  • ရာမာဒီမြို့ IS လက်မှ လုံးဝ လွတ်မြောက်ပြီဟု အီရတ်ကြေငြာ

    ရာမာဒီမြို့ IS လက်မှ လုံးဝ လွတ်မြောက်ပြီဟု အီရတ်ကြေငြာ

    ဒီဇင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    iraq

    – တစ်ပတ်ကျော်ကြာ အပြင်းအထန်ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက် အီရတ်နိုင်ငံအနောက်ပိုင်းရှိ IS အကြမ်းဖက်အဖွဲ့ သိမ်းပိုက်ထားရာ ရာမာဒီမြို့မှာ လုံးဝ လွတ်မြောက်သွားခဲ့ပြီဟု အီရတ်စစ်တပ်က ယနေ့နေ့လည်ပိုင်းတွင် ကြေငြာခဲ့သည်။

    ယမန်နေ့မနက် စောစောပိုင်းကတည်းက အစိုးရတပ်များမှာ မြို့တွင်းရှိ IS ၏ နောက်ဆုံးခံတပ်ဖြစ်သော အစိုးရအဆောက်အအုံအား ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု အီရတ် အကြမ်းဖက်တိုက်ဖျက်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆာဘာဟ် အလ်-နူမန်က ပြောကြားခဲ့သည်။ ယခုအခါ အဆိုပါအဆောက်အဦးတွင် အီရတ်အလံကို လွှင့်ထူထားနိုင်ပြီဖြစ်သည်။

    ရာမာဒီမှာ မဟာဗျူကျသည့် မြို့တစ်ခုဖြစ်ပြီး ယခုနှစ်အစောပိုင်းတွင် IS မှ သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ အီရတ်စစ်တပ်မှာ နောက်ပိုင်းတွင် ထိုးစစ်ဆင်မှုများ တောက်လျှောက်ပြုလုပ်ခဲ့သော်လည်း မြို့၏ အစိတ်အပိုင်းအချို့ကိုသာ ပြန်လည်ရရှိခဲ့ပြီး ယခုမှ တစ်မြို့လုံးကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

    Ref: PressTV

  • IS လက်ထဲမှ ရာမာဒီကိုပြန်ရရေး အီရတ်စစ်တပ်က ထိုးစစ်ဆင်နေ

    IS လက်ထဲမှ ရာမာဒီကိုပြန်ရရေး အီရတ်စစ်တပ်က ထိုးစစ်ဆင်နေ

    ဒီဇင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    iraq

    – အီရတ်နိုင်ငံအလယ်ပိုင်းရှိ IS များထိန်းချုပ်ထားရာ ရာမာဒီမြို့အား ပြန်လည်ရရှိရေးအတွက် အီရတ်စစ်တပ်က ယနေ့တွင် အလုံးအရင်းနှင့် ထိုးစစ်ဆင်နေသည်ဟု သိရသည်။

    ယနေ့မနက်က စတင်ခဲ့ခြင်းဖြစ်ပြီး IS ဘက်ကလည်း အသေခံကားဗုံးခွဲသမားများနှင့် ပြန်လည်တုန့်ပြန်ခဲ့သည်ဟု အီရတ်စစ်တပ် အကြမ်းဖက်တိုက်ဖျက်ရေးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆာဘာဟ် အလ်-နူမာနီက ပြောကြားခဲ့သည်။ ထို့ပြင် လေကြောင်းမှတိုက်ခိုက်မှုများကိုလည်း ပြုလုပ်နေသည်။

    မြို့တော်ဘဂ္ဂဒတ်မှ ကီလိုမီတာ ၁၂၀ အကွာအဝေးတွင်ရှိပြီး အန်ဘာရ်ပြည်နယ်၏ မြို့တော်ဖြစ်သော ရာမာဒီမြို့ကို IS က ယခုနှစ်မေလတွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် အီရတ်စစ်တပ်က မြို့၏ အချို့အစိတ်အပိုင်းကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်။ စစ်တပ်ကမူ ၎င်းတို့မှာ အဓိက စစ်ဌာနချုပ်တစ်ခုအပါအ၀င် မြို့၏ ထက်ဝက်ကျော်ကို ထိန်းချုပ်ထားနိုင်သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • IS အားတိုက်ရန် နိုင်ငံခြားတပ်ဖွဲ့မလိုဟု အီရတ်ပြော

    IS အားတိုက်ရန် နိုင်ငံခြားတပ်ဖွဲ့မလိုဟု အီရတ်ပြော

    ဒီဇင်ဘာ ၂၊ ၂၀၁၅
    M-Media

    iraq

    – IS အကြမ်းဖက်အဖွဲ့အား တိုက်ခိုက်ရန်အတွက် နိုင်ငံခြားတပ်ဖွဲ့များ ထပ်မံမလိုအပ်တော့ဘဲ အစိုးရ၏ ခွင့်ပြုချက်မရရှိပါက နိုင်ငံခြားတပ်များ နိုင်ငံအတွင်းသို့ ၀င်ရောက်တပ်စွဲခြင်းမှာ ဖြစ်လာနိုင်မည်မဟုတ်ဟု အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီက ပြောကြားလိုက်သည်။

    အာဘာဒီ၏ ထိုကဲ့သို့ ပြောကြားမှုမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်တန် ကာတာရ်က ၎င်းတို့မှာ IS အဖွဲ့အား တိုက်ခိုက်ရေးတွင် ကူညီရန်အတွက် အထူးတပ်ဖွဲ့များကို အီရတ်၌ ချထားသွားမည်ဟု စောစောပိုင်းက ကြေငြာခဲ့မှုကို ပြန်လည်တုန့်ပြန်ခြင်းလည်း ဖြစ်သည်။

    “အီရတ်မြေပေါ်မှာ နိုင်ငံခြား မြေပြင်တပ်တွေ ကျွန်တော်တို့ မလိုပါဘူး။ အီရတ်နိုင်ငံရဲ့ ဘယ်လိုနေရာမှာမှ ဘယ်လိုနိုင်ငံခြားတပ်ဖွဲ့ရဲ့ ဘယ်လိုတပ်ဖြန့်မှုမျိုး၊ ဘယ်လို စစ်ဆင်ရေးမျိုး – အထူးဖြစ်ဖြစ်၊ ရိုးရိုးဖြစ်ဖြစ် – ဘာကိုမှ ကျွန်တော်တို့ရဲ့ ခွင့်ပြုချက်၊ ပူးပေါင်းဆောင်ရွက်မှု၊ အီရတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားသမှု မရှိဘဲနဲ့ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး” ဟု ယမန်နေ့က ထုတ်ပြန်သည့် ကြေငြာချက်တွင် ဟိုင်ဒါ အလ်-အာဘာဒီက ပြောကြားခဲ့သည်။

    ကာတာရ်ကမူ ၎င်းတို့၏ အထူးတပ်ဖွဲ့မှာ ဆီးရီးယားစစ်ပွဲတွင်လည်း ပါဝင်နိုင်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ အမေရိကန်မှာ ၎င်းတို့၏ အထူးစစ်ဆင်ရေး တပ်ဖွဲ့ ၅၀ ခန့်ကို ဆီးရီးယားသို့ စေလွှတ်မည်ဟု စောစောပိုင်းက ကြေငြာခဲ့သည်။

    Ref: Aljazeera

  • အီရတ်၏ အဖွဲ့ကွဲမှုများတွင် အမေရိကန်အား ၀င်စွက်ခွင့်မပြုရဟု အီရန်ခေါင်းဆောင် ပြော

    အီရတ်၏ အဖွဲ့ကွဲမှုများတွင် အမေရိကန်အား ၀င်စွက်ခွင့်မပြုရဟု အီရန်ခေါင်းဆောင် ပြော

    နိုဝင်ဘာ ၂၅၊ ၂၀၁၅
    M-Media

    iran

    အီရတ်နိုင်ငံအတွင်း အစိတ်စိတ်အမွှာအမွှာ ဖြစ်နေမှုနှင့်ပတ်သက်၍ အမေရိကန်ကို ၀င်ရောက်စွက်ဖက်ခွင့် မပြုရဟု အီရန် အစ္စလာမ်မစ်တော်လှန်ရေးခေါင်းဆောင် အယာတိုလာ ဆိုက်ယဒ် အလီ ခိုမေနီက ပြောကြားလိုက်သည်။

    အယာတိုလာခိုမေနီသည် အီရတ်သမ္မတ ဖူဝဒ်မာဆူမ်နှင့် အီရန်နိုင်ငံမြို့တော် တီဟီရန်တွင် အင်္ဂါနေ့က တွေ့ဆုံခဲ့ရာတွင် ထိုကဲ့သို့ မှတ်ချက်ပြု ပြောဆိုခဲ့ခြင်းဖြစ်သည်။

    “အီရတ်ပြည်သူများသည် ရှီအာများအပါအ၀င်၊ ဆွန်နီများ၊ ကာ့ဒ်လူမျိုးများ၊ အာရဗ်လူမျိုးများနှင့်အတူ ရာစုနှစ်များစွာ ပြဿနာဖြစ်ပွားခြင်းမရှိဘဲ နေထိုင်ခဲ့ကြသူများဖြစ်သည်။ သို့သော် ကံဆိုးစွာပဲ ဒေသတွင်းနိုင်ငံများရော ပြည်ပနိုင်ငံများပါ ပဋိပက္ခများဖြစ်ပေါ်စေရန် လမ်းစရှာလာကြသည်” ဟု အီရန်ခေါင်းဆောင်က ပြောကြားခဲ့ပါသည်။

    ခိုမေနီက အမေရိကန် ဤကဲ့သို့ကြိုးပမ်းလာမှုများကို တန်ပြန်ချေပမှုများ ပြုလုပ်သင့်ပြီး နိုင်ငံအချင်းချင်း စိတ်ဝမ်းမကွဲပြားရန် ရှောင်ကြဉ်ရမည်ဟု ဆိုသည်။

    ကြီးမား၊ ကြွယ်ဝသောနိုင်ငံဖြစ်ပြီး နှစ်ထောင်ချီသမိုင်းရှိသော အီရတ်နိုင်ငံကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ချေမွဖျက်ဆီးလိုက်သည့်အတွက် နိုင်ငံတွင်းသဘောကွဲလွဲမှုများ၊ ထိတ်တိုက်ရင်ဆိုမှုများ ဖြစ်လာရသည်ဟု အယာတိုလာ ခိုမေနီက ထည့်သွင်းပြော့ားခဲ့သည်။

    ခိုမေနီက ထပ်မံ၍ အီရတ်အစိုးရသည် အမေရိကန်အပါအ၀င် အခြားနိုင်ငံများနှင့် ကူးလူးဆက်ဆံရေးအား အီရတ်ပြည်သူများ၏ အကျိုးစီးပွားကို မျှော်ကိုး၍ ထိန်းညှိဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ သို့သော် အမေရိကန်အနေဖြင့် အီရတ်နိုင်ငံအား သူ့ပိုင်ပစ္စည်းကဲ့သို့ ပြုမူဆောင်ရွက်မှုများကို ခွင့်မပြုသင့်ကြောင်း အလေးထား ပြောဆိုခဲ့သည်။

    အီရန်ခေါင်းဆောင်၏ စည်းလုံးညီညွှတ်စေရန်နှင့် အီရတ်ပြည်သူများ စိတ်ဝမ်းကွဲမှုမရှိစေရန် ပြောဆိုအကြံပေးမှုများသည် “ထိရောက်မှုရှိလှသည်” ဟု အီရတ်သမ္မတ မာဆူမ်က မှတ်ချက်ပြုခဲ့သည်။

    သမ္မတမာဆူမ်သည် အီရန်က ထောက်ပံ့သော အကူအညီများကိုလည်း ကျေးဇူးဥပကာရတင်ရှိကြောင်း ပြောခဲ့သည်။ အထူးသဖြင့် အီရတ်နိုင်ငံသည် IS အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် ဖြစ်သည်။ ဘဂ္ဂဒက်နှင့် တီဟီရန်တို့အကြား ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်သွားရန်လည်း ဖိတ်ခေါ်ခဲ့သည်။

    အီရန်ခေါင်းဆောင်သည် အလ်ဂျီးရီးယား ၀န်ကြီးချုပ် အဗ္ဗဒူလ်မာလစ်က် ဆယ်လာနှင့်လည်း သီးခြား တွေ့ဆုံခဲ့သေးသည်။ ဒုတိယအကြိမ် တွေ့ဆုံခဲ့ရာတွင် ခိုမေနီသည် IS နှင့် အခြားသော အကြမ်းဖက်အဖွဲ့အစည်းများသည် အစ္စလာမ်ကို နာမည်ဖျက်ရန် ဖန်တီးထားသော အဖွဲ့များသာဖြစ်ပြီး အချို့သော မြင်သာသည့် အထောက်အပံ့များကို လက်ခံနေကြောင်း ပြောဆိုခဲ့သည်။

    အပြန်အလှန်နားလည်မှုကို ဂရုတစိုက် ဝေမျှနိုင်သော အစ္စလာမ့်နိုင်ငံများသာ စားပွဲတွင်ဆွေးနွေးမှုနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများမှ တဆင့် အကြမ်းဖက်သမားများကို လက်တွေ့ကျကျ ရင်ဆိုင်နိုင်မည်ဖြစ်ကြောင်း ခိုမေနီက ထပ်လောင်းပြောကြားခဲ့သည်။

    ခိုမေနီက တီဟီရန်နှင့် အလ်ဂျီးရီးယားအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုအဆင့်သည် အလွန်နည်းပါးသည့် အဆင့်သို့ ရောက်ရှိနေပြီး မကြာမီ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

    ခေါင်းဆောင်ကြီးသည် အလ်ဂျီးရီးယန်းသမ္မတ အဗ္ဗဒူလ်အဇစ်ဇ် ဘိုတီဖလီကာကိုလည်း အမြန်ပြန်လည်နေကောင်းစေရန် ဆုတောင်းပေးခဲ့သည်။

    ဆယ်လာက အလ်ဂျီးရီးယားနှင့် အီရန်တို့၏ နိုင်ငံရေးအမြင်များသည် အလွန်တူညီလေ့ရှိပြီး အထူးသဖြင့် IS နှင့် အခြားအကြမ်းဖက်သမားများအပေါ်တွင် ဖြစ်သည်ဟု ဆိုသည်။ ၎င်းအပြင် နိုင်ငံနှစ်ခုအကြား စီးပွားရေး ဆက်ဆံမှုများလည်း လက်ခံနိုင်လာသည့် အနေအထားသို့လည်း ရောက်ရှိရန် မျှော်လင့်မိကြောင်း ပြောကြားခဲ့သည်။

    အီရတ်သမ္မတမာဆူမ်နှင့် အလ်ဂျီးရီးယန်းဝန်ကြီးချုပ်ဆယ်လာတို့ နှစ်ဦးမှာ ဓာတ်ငွေ့တင်ပို့သောနိုင်ငံများဖိုရမ် (GECF) တတိယအကြိမ်မြောက် ထိပ်သီးညီလာခံသို့ တက်ရောက်ရန် ထွက်ခွာခဲ့ကြသည်။

    Ref: PressTV

  • အီရတ်ရှိ ဆင်ဂျာဒေသ IS ထံမှ လုံးဝ လွတ်မြောက်ပြီ

    အီရတ်ရှိ ဆင်ဂျာဒေသ IS ထံမှ လုံးဝ လွတ်မြောက်ပြီ

    နိုဝင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    iraq

    – ကာ့ဒ်တပ်ဖွဲ့ဝင်များက IS အဖွဲ့အား ၂ ရက်ကြာ ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက် အီရတ်နိုင်ငံမြောက်ပိုင်းရှိ ဆင်ဂျာဒေသ လွတ်လပ်ကြောင်းကို ကာ့ဒ်ဒေသ သမ္မတ မက်ဆူဒ် ဘာရ်ဇာနီက ယမန်နေ့တွင် ကြေငြာခဲ့သည်ဟု သိရသည်။

    အဆိုပါ ထိုးစစ်တွင် ယာဇီဒီလူနည်းစုမှ တိုက်ခိုက်ရေးသမားများအပါအ၀င် တိုက်ခိုက်ရေးသမား ၇၅၀၀ ခန့် ပါဝင်ခဲ့ပြီး အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့က လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ပေးခဲ့သည်။

    “ဆင်ဂျာဒေသ လွတ်မြောက်ကြောင်း ဒီနေရာမှာ ကျွန်တော် ကြေငြာလိုပါတယ်။ ဘယ်ဒေသမှာမဆို ရရှိခဲ့တဲ့ ဘယ်လိုအောင်ပွဲမျိုးမဆို ကျန်ရှိနေတဲ့ဒေသတွေရဲ့ အောင်မြင်မှုအပေါ် သက်ရောက်မယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ နောက်ပြီး ဆင်ဂျာလွတ်မြောက်ခြင်းဟာ မူဆိုးလ်မြို့ လွတ်မြောက်ဖို့မှာ ကြီးမားတဲ့ သက်ရောက်မှု ရှိပါလိမ့်မယ်” ဟု ဘာရ်ဇာနီက ပြောကြားခဲ့သည်။

    ဆင်ဂျာမြို့အား သိမ်းပိုက်နိုင်ခြင်းက အီရတ်နှင့် ဆီးရီးယားရှိ IS ၏ ခြေကုပ်မြို့များဖြစ်သော မူဆိုးလ်နှင့် ရက်ကာမြို့များကို ဆက်သွယ်ထားသည့် ထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်နိုင်ခြင်းဖြစ်ပြီး မူဆိုးလ်မြို့အား ပြန်လည်သိမ်းပိုက်ရေး ခြေတစ်လှမ်းတိုးခြင်းလည်း ဖြစ်သည်။

    Ref: Aljazeera