News @ M-Media

Tag: Lashio

  • လားရှိုးမြို့ရှိ ဂျာမေဗလီ ပြန်ဖွင့်ခွင့်ပြု

    7 Days News  မှ ကူးယူဖော်ပြပါသည်။
    ဇူလိုင်-၂၁၊၂၀၁၃

    လားရှိုး။ ။ လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သော ဘာသာရေးအသွင်ဆောင်သည့် ပဋိပက္ခအခြေအနေများတည်ငြိမ်သွားပြီ ဖြစ်သဖြင့် ရှမ်းပြည်နယ် ဝန်ကြီးချူပ် ဥိးစဝ်အောင်မြတ်က ဇူလိုင် ၂၀ ရက်မှာ စတင်ပြီး လားရှိုးမြို့မဈေးအနီးရှိ ဂျာမေဗလီပြန်ဖွင့်ခွင့်နှင့် စုပေါင်းဝတ်ပြု ခွင့်ပေးလိုက်ကြောင်း သတင်းရရှိသည်။

    lasho

  • ပဋိပက္ခကြိုတင်ကာကွယ် တားဆီးရေးကော်မတီ(မန်း)မှ လားရှိုးမြို့က အကြမ်းဖက်ခံရသည့် ဒုက္ခသည်များကို သွားရောက်အားပေး

    မေ-၃၀၊၂၀၁၃
    M-Media
    ဗေဒါလမ်း

    ပဋိပက္ခကြိုတင်ကာကွယ်တားဆီးရေးကော်မတီ (မန္တလေး)မှ ဦးဆောင် ဆရာတော်များ ဖြစ်ကြသော အာရှ အလင်းရောင် ဆရာတော် ဘဒ္ဒန္တစိန္တိတ၊ ဂဠုန်နီ ဆရာတော် ဦးကာဝိယ၊ဘုရားကြီး အလယ်တိုက်ကြီးမှ ဆရာတော် ဦးခေမာစာရ တို့ ဦးဆောင်သော အဖွဲ့ဝင်များ လားရှိုးမြို့ရှိ အကြမ်းဖက်သမားများ အန္တရာယ်မှ ရှောင်တိမ်းလာကြသော ဒုက္ခသည်များအား သွားရောက် လှုဒါန်းပြီး အားပေးစကားများ ပြောကြားခဲ့ကြပါသည်။

    ပဋိပက္ခကြိုတင်ကာကွယ်တားဆီးရေးကော်မတီ (မန္တလေး)သည် ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီမှ ခေါင်းဆောင်များနှင့် အလွှာအသီးအသီးမှ မန္တလေးမြို့ခံ လူကြီးများဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါသည်။

    1 2

  • လားရှိုးမှာ အကြမ်းဖက်မီးရှို့မှုတွေရပ်တံ့၊ ထွက်ပြေးတိမ်းရှောင်နေသည့် မွတ်စလင် နေအိမ်များကို ဖျက်ဆီး လုယက်နေ

    မေလ ၃၀၊ ၂၀၁၃
    M-Media
    သတင်း – ဆုံမှတ်

    43
    Photo-FB

    လာရှိုး။    ။ ယနေ့ မေလ ၃၀ရက်နေ့ နံနက် (၁၁)နာရီတွင် လာရှိုးမြို့တွင် အစ္စလာမ် ဘာသာဝင်များ အကြမ်းဖက်ခံရမှု အခြေအနေနှင့် ပတ်သက်၍ လတ်တလော အခြေအနေအား M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    “အခုတော့ မီးရှို့တာကို ရပ်ပြီး ပထမတစ်ရက်၊ နှစ်ရက်တုန်းက ဘာမှ မဖြစ်ဘဲ ကျန်နေသေးတဲ့ အစ္စလာမ်ဘာသာဝင် အိမ်တွေကို စာရင်းလိုက်ကောက်ပြီး လိုက်လံ ဖျက်ဆီး လုယက် ယူဆောင်နေပါတယ်၊ အစ္စလာမ်ဘာသာဝင်တွေလည်း သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာပြီး ရပ်ကွက်ရုံးတွေမှာ ခိုလှုံနေရပါတယ်၊ ကျွန်မတို့ (၉)ရပ်ကွက် ရပ်ကွက်ရုံးကဆို ကာကွယ်ပေးထားပါတယ်၊ ကျွန်မတို့က ဆွေးမျိုးသားချင်းတွေ ရှိတဲ့ မြို့တွေ၊ ရွာတွေကို သွားချင်တယ်ဆိုရင်လည်း ခရီးသွားလာဖို့ ကိစ္စတွေကို ကူညီဆောင်ရွက်ပေးပါတယ်၊ ဟုတ်ကဲ့ အဲဒီလို လိုက်လံ အကြမ်းဖက် ဖျက်ဆီးသူတွေက ကားတွေ၊ ဆိုင်ကယ်တွေ၊ ဘုန်းကြီးတွေ၊ အပြင်လူတွေ လူအင်းအားတော်တော်များပါတယ်၊  ဟုတ်ကဲ့ ရဲတွေရော၊ စစ်သားတွေရော ရှိပါတယ်၊ အကြမ်းဖက်သူတွေရဲ့ အနောက်ကိုတော့ လိုက်ပြီး ကြည့်ပေးကြပါတယ်၊ အကြမ်းဖက် သူတွေက လူအင်အား များတော့ သူတို့လည်း ၀င်မထိန်းရဲကြဘူး၊ ဟုတ်ကဲ့ စစ်သားတွေမှာ လက်နက်တွေတော့ ကိုင်ဆောင်ထားတာ တွေ့ပါတယ်၊ သေနတ် ပစ်ဖောက်ခြောက်လှန့်တာမျိုးတော့ မလုပ်ပါဘူး၊ လာရှိုးမှာ ရှိတဲ့ အစ္စလာမ်ဘာသာဝင်တော်တော်များများကတော့ အခြား မြို့တွေကို တိမ်းရှောင် ထွက်ခွာသွားကြပါပြီ”

  • လားရှိုးမြို့ အကြမ်းဖက်မှုများအပေါ် တရားဥပဒေစိုးမိုးရေး ရှိစေချင်သူ ပြည်သူတစ်ဦး ပြောကြားချက်

    မေလ-၃၀၊ ၂၀၁၃
    M-Media
    ဇာဏီ

    “လားရှိုးမြို့ အကြမ်းဖက်မှု ပြဿနာ အစ အမျိုးသမီးကို မီးရှို့တယ်ဆိုတဲ့ ကိုနေ၀င်းဟာ သာမန်လူမဟုတ်ပါဘူး။ သူဟာ အရက်ကြောင် ကြောင်တတ်ပါတယ်။ သူ့ရဲ့ ဆေးမှတ်တမ်းတွေကိုလည်း ကျိုင်းတုံကနေ ယူဖို့ လုပ်ထားပါတယ်။ သူရဲ့ ဆေးမှတ်တမ်းတွေရှိပါတယ်။ သူက အဲလို ပုံမှန်မဟုတ်တဲ့ အချိန်တွေဆို အိမ်ကနေ ၃-၄-၅ ရက် ပျောက်သွားတတ်တယ်။ ပြီးတော့မှ ပြန်လာတဲ့အခါတွေရှိတယ်။

    နောက်ဖြစ်စဉ်တစ်ခုက လွန်ခဲ့တဲ့ ၄-၅နှစ်က သူဟာ အလုပ်တစ်ခုနဲ့လာရင်း မန္တလေးမြို့ ၂၇-လမ်းဘက်က တည်းခိုခန်းတစ်ခုရဲ့ တိုက်ပေါ်ကနေ ခုန်ချဖို့ လုပ်လိုက်သေးတယ်။ သူဟာ သာမန်လူတစ်ယောက်မဟုတ်ဘူးဆိုတာ သိသာတယ်။ အဲဒီ ဆေးမှတ်တမ်းတွေကိုလည်း ရအောင် ယူထားသင့်ပါတယ်။ တာဝန်ရှိသူတွေက အဲဒါတွေကို ဖျောက်ဖျက်ပစ်လိုက်မှာ စိုးရိမ်ရပါတယ်။

    ရဲသတင်း(ရဲဇာနည်)က တက်လာတဲ့အထဲမှာ အဲဒီဖြစ်စဉ်ကို ဖော်ပြရာမှာ အမျိုးသမီးရဲ့ ကိုးကွယ်တဲ့ဘာသာမပါဘူး။ ဒီအမျိုးသားရဲ့ ကိုးကွယ်တဲ့ဘာသာကို ရဲဘက်က ထည့်ထားတာရှိတယ်။ အဲဒါမျိုးဆို ဒါက တမင် ပြဿနာတွေဖြစ်အောင် ဖန်တီးနေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ တဖက်က တရားလိုက ဘာသာမဲ့ တရားခံက ဘယ်ဘာသာဆိုတာ ဖော်ပြပြီးရေးတာက ဘယ်လမ်းကို သွားနေတယ်ဆိုတာ သိသာထင်ရှားနေတယ်။

    1
    ပဋိပက္ခကြိုတင်ကာကွယ် တားဆီးရေး ကော်မတီ(မန္တလေး)ရဲ့ အရေးပေါ်စည်းဝေး

    မနေ့က ပဋိပက္ခကြိုတင်ကာကွယ် တားဆီးရေး ကော်မတီ(မန္တလေး)ရဲ့ အရေးပေါ်စည်းဝေးလုပ်တယ်။ ဦးဝီရသူလည်း အဲဒီထဲမှာ ပါနေတယ်။ ဦးဝီရသူရဲ့ အပြောတွေက မူမမှန်ဘူး စကားကို အမျိုးမျိုးပြောနေတာ သုံးသပ်လို့ရတယ်။ ဦးဝီရသူက လားရှိုး စိတ္တသုခကျောင်းကို ကုလား လေး-ငါးဆယ်က ၀ိုင်းထားတယ်လို့ပြောတယ်။ စိတ္တသုခကျောင်းဆိုတာက ကျောင်းထိုင်ဆရာတော် ဦးပုညက ဘ-ကကျောင်းလေးဖွင့်ထားတယ်။ ဘေးမှာက မွတ်စလင်မ်ရပ်ကွက်ရှိတယ်။ အဲ့ဒီက မွတ်စလင်မ်ကလေးတွေလည်း အဲ့ဒီကျောင်းမှာ လာတက်ရတယ်။ ဆရာတော် ဦးပုညက ဒီကလေးတွေကိုလည်း သံယောဇဉ်ရှိတဲ့အတွက် မိဘတွေကိုရော ကျောင်းထဲမှာ ခေါ်ပြီး ထိန်းသိမ်းထားပေးတယ်။ အဲဒါကို ဦးဝီရသူက ကုလားတွေက ပြန်ချဖို့ လူစုနေတယ်လို့ပြောတယ်။ ပဋိပက္ခကြိုတင်ကာကွယ် တားဆီးရေးကော်မတီက တချို့လည်း ဦးဝီရသူက ဒီအဖွဲ့မှာ ပါနေတာကို စိတ်ညစ်တယ်။ ဦးဝီရသူ လုပ်ထားတဲ့ကိစ္စတွေကိုပဲ လိုက်ရှင်းနေရသလိုဖြစ်နေတယ်။

    အခု လားရှိုးကိစ္စကလည်း ဦးဝီရသူ အဲ့ဒီဘက် တကြောသွားတယ်။ သူပြန်လာပြီး မကြာဘူး ဒီပြဿနာဖြစ်တယ်။ အခုဖြစ်နေတဲ့ ကိစ္စတွေကို အမြန်ဆုံး ထိန်းသိမ်းနိုင်ဖို့ လိုနေတယ်။ ကျွန်တော်တို့ကတော့ တရားဥပဒေစိုးမိုးရေး ဖြစ်စေချင်ပါတယ်”လို့ M-Media ကို ဆက်သွယ်ပြောပြလာပါတယ်။

  •်ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည် ဝန်ကြီးချူပ် နှင့် လားရှိုးမြို့ခံများ အစည်းအဝေးလုပ်စဉ် အကြမ်းဖက်သမားများ အော်ဟစ်လှောင်ပြောင်ခဲ့

    မေလ-၃၀၊ ၂၀၁၃
    M-Media
    ဇာဏီ

    မနေ့က နေ့ခင်းပိုင်းမှာ မောသီရိရပ်ကွက် မွတ်စလင်မ်အိမ်တွေကို မီးရှို့ပါတယ်။ ရပ်ကွက်(၇)က မောသီရိတိုးချဲ့ရပ်ကွက်ပါ။ အိမ်ခြေ (၅၀)လောက် မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။

    39
    တုတ် ဓါးလက်နက်ကိုယ်စီနဲ့ အကြမ်းဖက်သမားများ ဓါတ်ပုံ-FB

    မနေ့က နေ့လည် ၁-နာရီမှာ ပြည်နယ်ဝန်ကြီးချုပ်နဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်က သတင်းသမားတွေနဲ့ သံဃာတော်တွေကို ခေါ်ပြီးတော့ အစည်းအဝေးလုပ်တယ်။ အစည်းအဝေးလုပ်နေတဲ့အချိန်မှာ လားရှိုးမြို့ရဲ့ ဖြစ်စဉ်ကို ပြောပြတယ်။ ဖြစ်စဉ်မှာ ကျိုင်းတုံဘက်ကလာတဲ့သူရဲ့ အပြုအမူကို ပြောပြပါတယ်။ သူ့ကို ဖမ်းထားတဲ့ ရဲစခန်းမှာ လူအုပ်ကြီးက သွားပြီးတောင်းတယ်၊ တောင်းတာ မပေးတော့ ဒီဘက်ကို လှည့်သွားတယ်ပေါ့။

    သူပြောတာနဲ့ တကယ့်ဖြစ်စဉ် ကွာတာနဲ့က သာသနာရေးဝန်ကြီးက ပြောတယ်။ သံဃာတော်တွေက ဒီအုပ်စုကို လိုက်ပြီး အကြမ်းမဖက်ဖို့ လိုက်ပြောတဲ့အတွက် သံဃာတော်တွေကို ကျေးဇူးတင်ကြောင်းပြောတယ်။ အစည်းအဝေးမှာပါတဲ့ သံဃာတော်တွေကတော့ လားရှိုး ဇာတိကျောင်းထိုင် ဆရာတော်တွေပဲဖြစ်တဲ့အတွက် နဂိုကတည်းက အဲဒီ လုပ်ရပ်တွေမှာ မပါဘူး။ လုပ်တာလည်းမပါဘူး။ တားတဲ့အထဲမှာလည်း မပါဘူး။ ဘယ်နေရာမှာမှ မပါဘူး။ ဒါပေမယ့် ဝန်ကြီးက အကြမ်းမဖက်ဖို့ တားပေးတဲ့အတွက် သံဃာတော်တွေကို ကျေးဇူးတင်တယ် ဆိုတဲ့အကြောင်းပြောသွားတယ်။

    လားရှိုးကျောင်းထိုင်ဆရာတော်တွေထဲက အစည်းအဝေးမှာ စကားပြောတာကတော့ မန်ဆူ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် တစ်ယောက်ပါတယ်။ နောက်ပြီးတော့ ရပ်ကွက်(၄) လမ်းထိပ် ဗောကာရုံကျောင်းက ဆရာတော်ပါတယ်။ ဒီဆရာတော် နှစ်ပါးကတော့ အကြမ်းမဖက်ပဲ ငြိမ်းငြိမ်းချမ်းချမ်းနေဖို့ မိန့်ကြားပါတယ်။  တကယ် ပြဿနာဖြစ်တုန်းက ဒီဆရာတော်တွေက ပါတာမဟုတ်ဘူးလေ။ ခုနတုန်းက ၀န်ကြီးပြောတဲ့ သံဃာတော်တွေက အကြမ်းဖက်သမားတွေကို တားတယ်ဆိုတာ မဟုတ်မှန်းလည်းသိပါတယ်။ ဒါပေမယ့် ဘယ်သူမှ ဘာမှ မပြောခဲ့ဘူး။

    နောက်တစ်ခုက ဒီအစည်းအဝေးမှာ ကျွန်တော်တို့ ဘာသာရေးအသင်းကလည်း တက်တယ်လေ။ ရဲလုံခြုံရေးတွေလည်း အများကြီးချထားတယ်။ ဒါပေမယ့် အစည်းအဝေးပြုလုပ်ရာနေရာရဲ့ လမ်းမပေါ်မှာ ဆိုင်ကယ် အစီး (၃၀) (၄၀) လောက်နဲ့ အော်ပြီး လူတွေက ပြောင်လှောင်နေကြတာ။ ‘ငါတို့က ကုလားသတ်ဖို့ကို လုပ်နေတာ။ မင်းတို့ ဘာလုပ်နေတာလဲ’ဆိုပြီး မိုက်ရိုင်းစွာ အော်ဟစ် ဆဲဆိုကြတယ်။ အဲဒီအချိန်မှာ သံဃာတော်တွေရော၊ ကျွန်တော်တို့ တက်ရောက်သူတွေရော အကုန်ကြည့်မိလိုက်ကြတယ်။ သတင်းထောက်တွေကလည်း အကုန်လုံး လမ်းမဘက်ကို အာရုံရောက်သွားပြီး ပြေးပြီး ဓါတ်ပုံတွေရိုက်ကြတယ်။

    ဟုတ်ကဲ့ လုံးဝ မတားပါဘူး။ အဲလို ဖြစ်နေတာကိုတော့ အာဏာပိုင်ဘက်ကရော၊ ရဲတွေ၊ စစ်တွေကရော လုံးဝ မတားမပါဘူး။ အပြင်က အော်နေတာကို အထဲက လူတွေက ကြားရပြီးတော့ ဒီအထဲမှာပြောနေတဲ့ လူတွေက လိမ်နေတယ်ဆိုတာ အဲဒါက သက်သေပဲလေ။

    မြို့တော်ခန်းမရှေ့တွင် ရပ်အော်နေတာမဟုတ်ပါဘူး။ ဆိုင်ကယ် မောင်းသွားရင်း အော်တာပါ။ လမ်းလယ်ကျွန်းကို ဟိုဘက် ဒီဘက် ခွပြီး သုံးလေးပတ် ပတ်ပြီးမှ အော်နေတာ။ ကျွန်တော်တို့က သာသနာ့ဗိမာန်မှာ အစည်းအဝေးလုပ်တာ။ သူတို့က မြို့တော်ခန်းမဘက်ကနေ မီးသတ်ဘက်ကို သွားတာ။ ဒါပေမယ့် သူတို့က မီးသတ်ဘက် ရဲစခန်းဘက်ကို သွားတာမဟုတ်ပဲ ဒီနားလေးက လမ်းလယ်ကျွန်းလေးမှာပဲ ပတ်အော်နေတာ။ သူတို့ လာတဲ့လမ်းအတိုင်း ပြန်အတိုင်းပြန်ထွက်သွားကြတယ်။ သူတို့က ဆေးရုံဘက်ကို ဦးတည်ပြီး ပြန်ထွက်သွားကြတယ်။

    အဲလိုဖြစ်နေတာကိုကြည့်ခြင်းအားဖြင့် လုံခြုံရေးအခြေအနေက ဘယ်လိုလဲဆိုတာ အဲ့ဒီမှာ ခန့်မှန်းလို့ရပြီလေ။ သူတို့ပြောတဲ့ ရှမ်းပြည်နယ်ရဲ့ ၀န်ကြီးချူပ် အဆင့်ကိုတောင်မှ ဒီလို ပြောင်လှောင်နိုင်ခြင်းရှိတယ်ဆိုတော့ ကျန်တဲ့အရပ်သားတွေရဲ့ လုံခြုံရေးအတွက် သူတို့ကို ကျွန်တော်တို့ ဘယ်လိုလုပ်ယုံရမလဲ။

    မနေ့က နေ့ခင်းပိုင်းထပ်ပြီး အကြမ်းဖက်ခံရတာက ရပ်ကွက် (၂)(၃)တင် မဟုတ်ပါဘူး။ ရပ်ကွက်(၇)မှာရောပဲလေ။ ရပ်ကွက်(၇)မှာ အာရဗီစာသင်ကျောင်းတစ်ကျောင်းရှိတယ်။ အဲဒီကျောင်းကို ၀ိုင်းပြီးဖျက်ဆီးနေတုန်း ထပ်ဝင်လာတဲ့ အကြမ်းဖက်သမားတချို့ကို ရပ်ကွက်က ပြန်ခုခံတိုက်ထုတ်လို့ အကြမ်းဖက်သမား ၂-ယောက် ဒဏ်ရာရသွားတယ်။

    အကြမ်းဖက်သမားတွေက အာရဗီစာသင်ကျောင်းပိုင် နာရေးကားတစ်စီးကို ဘောလုံးကွင်းထဲ တွန်းယူသွားပြီး မီးရှို့ပစ်လိုက်တယ်။ အသေအပျောက် တချို့ရှိပါတယ်။ ဒါပေမယ့် ကျွန်တော် သေချာ မပြောနိုင်ပါဘူး။ သေချာပြောနိုင်တာက တစ်ဦး သေတယ်ဆိုတာတော့ အတိအကျပြောနိုင်ပါတယ်။ ကျန်တဲ့စာရင်းကို ကျွန်တော် သေချာမပြောနိုင်ပါဘူး။

    ၂၈-ရက်နေ့ည ဗလီကို မီးရှို့တုန်းက ဗလီထဲမှာ ပိတ်မိပြီး သေဆုံးသွားသူတွေ ရှိမယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် အဲ့ဒီမှာ ပိတ်မိပြီး သေဆုံးသွားသူမရှိဘူး။ ၂၉-ရက် မနက် အစောကြီး ကျွန်တော်သွားကြည့်တယ် ဗလီက ချောင်ကြိုချောင်ကြားမှာများ ရှိနေမလားလို့ ရှာကြည့်ပေမယ့် မတွေ့ပါဘူး။

    ဒါပေမယ့် ၂၉-ရက်နေ့ မနက် ၁၀-နာရီလောက်မှာ ဗလီအနားတစ်ဝိုက် ဘေးပတ်ဝန်းကျင်မှာ လူတွေဝိုင်းအုံနေတာ အများကြီးတွေ့တယ်။ အဲဒါကတော့ ဗလီမီးလောင်လို့ လာကြည့်တဲ့သူတွေပါ။ အဲဒီထဲက အသက်(၁၇)နှစ်ဝန်းကျင် လူငယ်တစ်ဦးက အလှူခံပုံးကို လာဖောက်ခွဲပြီးတော့ အဲ့ဒီထဲက ပိုက်ဆံတွေယူနေတာကို တွေ့တယ်။ ဟုတ်ကဲ့ သူ့ကို ဘယ်သူမှ မတားပါဘူး။ တားမယ့်သူ မရှိပါဘူး။ အဲဒီမှာ လုံခြုံရေးမရှိဘူး။ ကျွန်တော် ဆိုလိုချင်တာက မနက် မီးလောင်ပြီးချိန်မှာလည်း လုံခြုံရေးက ကျွန်တော်တို့ဘက်ကို လုံခြုံရေးမပေးဘူးဆိုတာ သိအောင်ပြောပြတာပါ။

    ဟုတ်ကဲ့၊ လားရှိုးမှာ ရပ်ကွက် စုစုပေါင်း(၁၂)ရပ်ကွက်ရှိပါတယ်။ ရပ်ကွက်(၃)၊ (၁၀)၊ (၇)၊ တိုးချဲ့ မောသီရိတိုးချဲ့ရပ်ကွက် တွေက အဓိက မီးရှို့ဖျက်ဆီးခံရပြီး တခြားရပ်ကွက်တွေကတော့ သတင်းတော့ ကြားနေရပါတယ်။ ကျွန်တော်တို့လည်း လုံခြုံရေးကြောင့် အိမ်ထဲက ပြန်မထွက်ဖြစ်တော့ တခြားရပ်ကွက်တွေဖြစ်နေတာကို သတင်းပဲ ကြားနေရပါတော့တယ်။ အစည်းအဝေးက ပြန်လာတော့တောင် ခက်ခက်ခဲခဲ ပြန်လာခဲ့ရတယ်လို့ ပြောပါတယ်။ လားရှိုးကြီးဗလီက လားရှိုးကြီးမှာ ရပ်ကွက်(၁၂)ဆိုတာ ရှိပါတယ်။ အဲဒီကိုလည်း ၀င်မယ်လို့ ပြောသံကြားပါတယ်။

    ညမထွက်ရအမိန့်က ည(၇)နာရီဆိုတော့ လော်စပီကာနဲ့ လိုက်အော်တာရှိပါတယ်။ ည(၇)နာရီနဲ့ မနက်(၅)နာရီအတွင်းမှာ မထွက်ရဘူး။ ထွက်ရင် အရေးယူမယ်ဆိုတာ အော်ခဲ့တာမို့။ ညဘက် လမ်းပေါ်မှာ လူသိပ်မရှိတော့ပါဘူး။ ဟိုနေ့ကထက် မနေ့ကမှ ဥပဒေက သက်ရောက်တဲ့ပုံစံဖြစ်နေပါတယ်။

    အကြမ်းဖက်မှုတွေ နောက်ထပ် မဖြစ်ပွားလာစေဖို့ တရားဥပဒေစိုးမိုးရေးအတွက် အများကြီး လုပ်ဆောင်ပေးဖို့ လိုအပ်နေပါသေးတယ်” လို့ သူ့အား ဆက်သွယ်မေးမြန်းချက်တွင် သုံးသပ်ချက်များနှင့်အတူ ဖြေကြားပေးခဲ့ပါတယ်။