News @ M-Media

Tag: rakhine_violence

  • အာဆီယံ၏ ရခိုင်အရေး ဆွေးနွေးဖို့ ကမ်းလှမ်းချက်အား မြန်မာပယ်ချ

    အာဆီယံ၏ ရခိုင်အရေး ဆွေးနွေးဖို့ ကမ်းလှမ်းချက်အား မြန်မာပယ်ချ

    အောက်တိုဘာ ၃၀၊ ၂၀၁၂

    M-Media

    ကွာလာလန်ပူ

    source: www.channelnewsasia.com/stories/afp_asiapacific/view/1234343/1/.html

    အာဆီယံအထွေအထွေအတွင်းရေးမှူး ဆူရင်ပစ်ဆူဝမ်

    အာဆီယံမှ ကြောက်မက်ဖွယ်ရခိုင်အဓိကရုဏ်းအား အဆုံးသတ်ရေးရည်သန်ပြီး မြန်မာအစိုးရအား ဆွေးနွေးညှိနှိုင်းရန် ကမ်းလှမ်းခဲ့ကြောင်း၊ ယင်းကမ်းလှမ်းမှုကို မြန်မာအစိုးရဘက်မှ ငြင်းဆန်ပယ်ချလိုက်ကြောင်း စီအင်အေသတင်းတစ်ရပ်အရ သိရှိရပါသည်။

    အာဆီယံအထွေအထွေအတွင်းရေးမှူး ဆူရင်ပစ်ဆူဝမ်က သူ့အနေဖြင့် မြန်မာအသွင်းပြောင်းအစိုးရ၊ ကုလသမဂ္ဂနှင့် အာဆီယံတို့ပါဝင်သည့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို အကြံပြုတင်ပြခဲ့ကြောင်း၊ သို့အားဖြင့် ဒေသတွင်းစုစည်းညီညွတ်မှုကို ပိုမိုစေနိုင်မည့်အကြောင်း ပြောဆိုခဲ့သည်။သို့သော် မြန်မာအစိုးရက ရခိုင်ပြည်နယ်တွင်း သွေးထွက်သံယိုမှုများအား အဆုံးသတ်အရေး ဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို ငြင်းဆန်ပယ်ချက်လိုက်ကြောင်း ဆူရင်က ပြောကြားခဲ့သည်။”မြန်မာကတော့ ဒါသူတို့ပြည်တွင်းရေးလို့ ပြောပါတယ်၊ ဒါပေမယ့် သူတို့ဂရုတစိုက်မရှိမှတော့ ဒီပြည်တွင်းရေးက နောက်တစ်နေ့မှာ ကျွန်တော်တို့အရေး လည်း ဖြစ်သွားနိုင်တယ်လေ။” ဟု ဆူရင်က ကွာလာလန်ပူတွင်ကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲအပြီး မီဒီယာများကို ပြောကြားခဲ့သည်။

    ထိုသတင်းဖော်ပြချက်အပြီးတွင် စီအင်အေက မြန်မာနိုင်ငံ၌ ရိုဟင်ဂျာပေါင်း ၈ သိန်းရှိနေပြီး ၄င်းတို့ကို တရားမ၀င်အခြေချနေသူများအဖြစ် မြန်မာအများစုကရော ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကပါ သတ်မှတ်ထားကြောင်း၊ သို့သော်ကုလသမဂ္ဂကမူ ၄င်းရိုဟင်ဂျာများကို ကမ္ဘာပေါ်၌ ညှင်းပမ်းနှိပ်စက်မှုအခံရဆုံး ဒုက္ခသည်များစာရင်းဝင်အဖြစ်  သတ်မှတ်စဉ်းစားကြောင်း ဖော်ပြပါရှိပါသည်။

  • ပေါက်တော့မြို့ မီးလောင်ပျက်စီး အိမ်ခြေစာရင်းနှင့် မွတ်စလင် ဒုက္ခသည်များ အခြေအနေ

    ပေါက်တော့မြို့ မီးလောင်ပျက်စီး အိမ်ခြေစာရင်းနှင့် မွတ်စလင် ဒုက္ခသည်များ အခြေအနေ

    အောက်တိုဘာ၊ ၂၉ ၊ ၂၀၁၂

    M-Media

    သတင်း-ထွန်းတောက်

    ပေါက်တောမြို့မှ မွတ်စလင်ကျေးရွာများ မိးရှို့ဖျက်ဆီးခံရစဉ်

    ရခိုင်ပြည်နယ် ပေါက်တော့မြို့နယ် ရပ်ကွက်(၃) နှင့် ရပ်ကွက်(၄) မှ ( ၂၄.၁၀.၁၂)နေ့မှ ရောက်ရှိလာသော ဒုက္ခသည်များကို အမှတ်(၆) အုန်းတောကျေးရွာအနီး ပင်လယ်ကမ်းစပ် နားတွင် မိုးအကာမရှိ မြေပြင်ပေါ်တွင် တိရစ္ဆာန်များသဖွယ် ပစ်ထားကာ ယနေ့အထိ စစ်တွေမြို့မှ ဒုက္ခသည်စခန်းများသို့ ၀င်ခွင့်မပြုသေးကြောင်းသိရပါတယ်။ ထိုအပြင် အစားရေစာ နှင့် ဆေးဝါးကုသမှုလည်း မပေးကြာင်း၊ စစ်သားများ၊ နစက များ၊ရဲ များက ရိုက်နှက်ညှင်းပမ်းမှုများ ပြုလုပ်နေကြောင်းသိရပါတယ်။

    အစာရေစာ ပြတ်လပ်မှု့နှင့် ဆေးဝါးကုသမှု့မရရှိသောကြောင့် ဒုက္ခသည်များ နေ့စဉ် သေဆုံးမှု့များရှိကြောင်း သတင်းရရှိပါသည်။

    ယနေ့ လည်း အသက်ကြီးရွယ်အို တစ်ဦး အလေးသွားပြန်လာရာ နောက်ကျရမှာလား ဆိုပြီး နစက နှင့် ရဲများက ရိုက်နှက်သဖြင့် ထိုလူအိုကြီး သေးဆုံးသွားကြောင်း စုံစမ်းသိရှိရပါတယ်။ ရခိုင်များအကြမ်းဖက်မှုကြောင့် အသက်လုထွက်ပြေးလာရသော ကမန်တိုင်းရင်းသား နှင့် ရိုဟင်ဂျာ များကို စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများတွင် လက်မခံရန်ပြည်နယ်ဝန်ကြီး ချူပ် ဦးလှမောင်တင် မှ အမိန့်ပေးထားသောကြောင့် လက်အောက် ငယ်သားများက တားဆီးနေရသည်ဟု ပြောပါသည်။

    ရခိုင်အကြမ်းဖက်သမားများ၏ မီးရှို့ ဖျက်ဆီးမှု့ကြောင့် ပေါက်တောမြို့နယ်မှ ပျက်စီးဆုံးရှုံးမှုများအား အနီးစပ်ဆုံး သိရှိရသည်မှာ

    သဲစုဒိုင်ကျေးရွာ ၁၃၀
    ရပ်ကွက် (၃) ၅၀၀
     ရပ်ကွက် (၄) ၅၂၀
     ဒုံရွာ ၃၆၀
    လင်္ကာဒီယာကျေးရွာ ၈၇
    ဒိုင်းချောင်း ၃၂၀
    ကန်ရေဟောင်း ၃၁၀
    ရွာသစ် ၄၆၀
    ကွမ်းသီးပြင် ၈၇
    ၁၀ ရွာဟောင်း ၁၃၇
    ၁၁ ရိုးလေးပြင် ၃၁၂
    ၁၂ ထွန်းပြင် ၂၁၈
    ၁၃ ကန်နီပြင် ၃၃၀

    ပေါက်တောမြို့ရှိ ဗလီ(၁၅) လုံး မီးရှို့ဖျက်ဆီးခြင်းခံရကြောင်း သတင်းရရှိပါသည်။ မပျက်စီးသော ရွာ ၅ ရွာမျှသာ ကျန်ရှိကြောင်း၊ ရခိုင်များ မီးရှို့မှုကြောင့် အိုးမဲ့အိမ်မဲ့ ဒုက္ခသည်ဖြစ်သွားသူ လူဦးရေ ၈၆၇၀ ခန့်ရှိကြောင်းသိရှိရပါတယ်။ အကြမ်းဖက်တိုက်ခိုက်ခံရမှကြောင့် သေဆုံးသည့် မွတ်စလင်အရေအတွက် များပြားကြောင်း  နှင့်အကြမ်းဖက်မီးရှို့မှု့နှင့်  သတ်ဖြတ်မှုကြောင့် သေဆုံးသူ အေ၇အတွက်အလွန်များကြောင်း ၊ အသေးစိတ် သေဆုံးဒဏ်ရာ ရရှိသူများစာရင်းကို တိကျစွာ သိရှိရန်အတွက် M-Media မှ ထပ်မံ စုံစမ်းလျှက်၇ှိပါတယ်။

    ရခိုင်ပြည်နယ် အတွင်း ထပ်မံဖြစ်ပွား ခဲ့သည့် ပဋိပက္ခ များကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ ရသူ ဦးရေသည် အနည်းဆုံး လူဦးရေ နှစ်သောင်း နှစ်ထောင့် ငါးရာ ရှိသည်ဟု ကုလသမဂ္ဂ အဖွဲ့ကြီးက ထုတ်ပြန် ခဲ့ကြောင်း အောက်တိုဘာလ ၂၉ ရက်နေ့ တွင် CNN သတင်းဌာန က ဖော်ပြသည်။

  • ကျောက်ဖြူတွင် အကြမ်းဖက် တိုက်ခိုက်ခံရသူများမှာ ကမန်မွတ်စလင် အများစုဖြစ် (RFA သတင်း/အင်တာဗျူး)

    ကျောက်ဖြူတွင် အကြမ်းဖက် တိုက်ခိုက်ခံရသူများမှာ ကမန်မွတ်စလင် အများစုဖြစ် (RFA သတင်း/အင်တာဗျူး)

    အောက်တိုဘာ၊ ၂၈ ၊ ၂၀၁၂
    M-Media
    Source: RFA

    ကျောက်ဖြူမှ မီးရှို့ခံရသူ အများစုမှာ ကမန် မွတ်စလင်များဖြစ်ကြောင်း RFA အင်တာဗျူးသတင်း by M-Media

    ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ရက် ညဘက် ၈း၀၀ နာရီဝန်းကျင်လောက်နှင့် အောက်တိုဘာလ ၂၄ရက် မနက်အစော ၈း၀၀ လောက်မှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ မီးရှို့တိုက်ခိုက် အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီး အိမ်ခြေရာပေါင်းများစွာ မီးထဲပါသွားခဲ့ပါတယ်။ အိုးအိမ်တွေစွန့်ခွါထွက်ပြေးကြရတဲ့ ကျောက်ဖြူမြို့ ရပ်ကွက်တချို့က ဒေသခံတွေဟာ နီးစပ်ရာ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရပါတယ်။ ကျောက်ဖြူမြို့သမ္ဗာန်ချောင်းရပ်ကွက်မှာနေထိုင်ခဲ့တဲ့ အလယ်တန်းပြဆရာမ မနီလာသန်းကတော့ နှစ်ဖက်မိသားစုပိုင်ဆိုင်တဲ့ အိုးအိမ်တွေ မီးရှို့တိုက်ခိုက်ခံရတဲ့အကြောင်းကို ပြောပြပါတယ်။ ကလေးငယ်တွေအပါအ၀င် နှစ်ဖက်မိသားစု ၁၄ဦးဟာ ပြေးစရာနေရာမရှိဘဲ သက်ဆိုင်ရာအာဏာပိုင်တွေစီစဉ်ပေးတဲ့ ကျောက်ဖြူမြို့ ကျောက်တစ်လုံးဆားကွင်းဒုက္ခသည်စခန်းမှာ အခုနေထိုင်နေရတယ်လို့ ပြောပြသလို တဆက်တည်းမှာဘဲ သူတို့နေ့စဉ်နေထိုင်ရတဲ့ ဒုက္ခသည်စခန်းထဲကအခြေအနေကို အခုလို ပြောပြပါတယ်။

    “၂၄ရက်နေ့ကရောက်တယ်၊ သုံးထောင်နီးပါးရှိသွားပြီ၊ အကုန်လုံးပေါ့နော် ကလေးရောလူကြီးရော၊ အဲ့ဒါ စားဖို့သောက်ဖို့ကြတော့လေ သူတို့က စားဖို့ကြတော့ စစ်တပ်ကအကူအညီပေးနေပါတယ်၊ ဆန်တွေဘာတွေပေါ့နော်၊ ပြီးတော့ ညစာကတော့ပေါ့ မနက်ဖက် ဆန်တစ်ဘူး၊ ညနေဆန်တစ်ဘူး အဲ့ဒါပဲပေါ့။ ရေကတော့ သိပ်အဆင်မပြေဘူး၊ လုံးဝရေက မကောင်းဘူးလေ၊ ဆန်လောက်ပဲရတယ်။ ကျန်းမာရေးစောင့်ရှောက်မှုက သူတို့တပ်ကနေ ဆေးမှူးတွေဘာတွေ ချပေးထားပါတယ်။”

    ကျောက်ဖြူမြို့မှာ ပိုက်ဆိပ်ရပ်ကွက်၊ သမ္ဗာန်ချောင်းရပ်ကွက်၊ အရာရှိရပ်ကွက်၊ တိုးချဲ့ရပ်ကွက် စတဲ့ရပ်ကွက်တွေဟာ အစ္စလာမ်ဘာသာကိုးကွယ်ကြတဲ့ ကမန်လူမျိုး အများစု နေထိုင်ကြတဲ့ ရပ်ကွက်တွေဖြစ်တယ်လို့ မနီလာသန်းကပြောပါတယ်။

    ” ဒီမှာကတော့လေ ဟုတ် ပိုက်ဆိပ်၊ ပိုက်ဆိပ်ရယ် ဆင်ဖြူမော်ရယ် နောက်ပြီးတော့ အရာရှိရပ်ကွက်၊ တိုးချဲ့ရပ်ကွက်ရယ် သမ္ဗာန်ချောင်းရယ် အနောက်ပိုင်းရယ် အဲ့ဒါတွေပဲ အဲ့ဒါတွေက မွတ်စလင်တွေနေတဲ့ရပ်ကွက်တွေလေ အကုန်လုံးတော့၊ ဒီကလူတွေက ကမန်တွေများတယ် ကမန်တွေများပြီးတဲ့အခါမှ ရောက်တာ”

    အောက်တိုဘာလ ၂၄ရက်နေ့ အခင်းဖြစ်ပြီး နေအိမ်မီးထဲပါသွားတဲ့ ကျောက်ဖြူကုလားပိုက်ဆိပ်လို့ လူသိများတဲ့ ပိုက်ဆိပ်ရပ်ကွက်မှာနေထိုင်ခဲ့တဲ့ နောက်ထပ်မိသားစုတစ်စုကတော့ သူတို့ပိုင်ဆိုင်တဲ့လှေနဲ့ ကျောက်ဖြူပင်လယ်ဝမှာ နာရီအတော်ကြာနေခဲ့ပြီးရပြီးတဲ့နောက်ပိုင်း စစ်တွေဘက်ကို ခိုလှုံဖို့ အောက်တိုဘာလ ၂၅ရက်နေ့က ရောက်ရှိခဲ့ပါတယ်။ အဲ့ဒီမှာ စစ်တွေကနေ တစ်နာရီကျော်လောက်ဝေးတဲ့ သဲချောင်းဒုက္ခသည်ကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေရပြီး သူတို့ကြုံတွေ့ရတဲ့ ဒုက္ခအခက်အခဲတွေကိုတော့ ဆယ်ကျော်သက်ကလေးငယ်တစ်ဦးက အခုလိုပြောပြပါတယ်။

    ရခိုင်များ အကြမ်းဖက်မှုကြောင့် စက်လှေဖြင့် ထွက်ပြေးစဉ် လမ်းတွင် သေဆုံးသွားသော မွတ်စလင် ကလေးငယ်

    ” သဲချောင်းမှာ ကျွန်တော်တို့ရောက်ခါစကနေပြီးတော့ ဟိုး အရင်တုန်းက ကျွန်တော်မရောက်ခင်မှာ စစ်တွေက ဟိုမှာမီးရှို့ခံရတဲ့လူတွေရှိတယ်လေ။ ဒုက္ခသည်တွေ။ အဲ့ဒါ သူတို့တွေက ဟိုး ကျွန်တော်တို့နဲ့မြင်ပြီးတော့ တစ်နာရီခွဲလောက်လမ်းလျှောက်ရတဲ့ အဲ့ဒီနေရာမှာနေကြတယ်။ ကျွန်တော်တို့က သူတို့နဲ့ တစ်မိုင်ခွဲလောက်တော့ ဝေးတယ်။ သူတို့မှာ ဒီ နယ်ကလူတွေက အိမ်ရှိတယ်။ သူတို့အိမ်တွေမှာနေပြီးတော့ ကျွန်တော်တို့ဒုက္ခသည်တွေကို နေပြီးတော့ သူတို့ နေရာလေးဘာလေး ချပေးထားတာပေါ့။ ဇိမ်နဲ့တော့ဘယ်နေရမှာလဲ၊ ဒုက္ခခံပြီးနေရတာပေါ့။ ဒီလိုပါပဲပေါ့ လူတွေက၊ တဲမှာနေပြီးတော့ ကတ်ပြားတွေဘာတွေခင်းပြီးတော့ အိပ်ကြတယ်။ ထမင်းကတော့ ဟိုမှာ ဆန်တစ်ဘူးကို လေးယောက် လေးယောက်လောက် စားရတာပေါ့။ နောက်အကုန်လုံး ဒီမှာရောက်တဲ့ လူတွေအကုန်လုံးက ပိုက်ဆိပ်ရပ်ကွက်နဲ့ ကမန်လူမျိုးများ ဒီမှာအကုန်လုံး ကမန်လူမျိုးတွေချည်းပဲ။ ကျန်တဲ့လူမျိုးတွေသိပ်မရှိဘူး။ ဘင်္ဂလီတွေဘာတွေ အဲ့ဒါတွေ မရှိဘူး။ တစ်ရာမှာ တစ်ယောက်လောက်ကတော့ ရှိမှာပေါ့။”

    ကျောက်ဖြူမြို့ကရပ်ကွက်တစ်ချို့ မီးရှို့တိုက်ခိုက်ခံရမှုမှာ အိုးအိမ်ဘယ်လောက်ပျက်စီးသွားတယ်၊ လူဦးရေဘယ်လောက် ဒဏ်ရာရတယ်၊ သေဆုံးသူ ဘယ်နှစ်ဦးရှိတယ်ဆိုတာ ကိုတော့ ကျောက်ဖြူမြို့တစ်ခုတည်းအနေနဲ့တော့ မသိရှိရသေးပါဘူး။ ဒါပေမယ့် အစိုးရထုတ်ပြန်တဲ့ကိန်းဂဏာန်းတွေကို ကိုးကားပြီး ကုလသမဂ္ဂက ဒီကနေ့ ထုတ်ပြန်တဲ့စာရင်းမှာတော့ ရခိုင်ပြည်နယ်မှာ အောက်တိုဘာလ၂၁ရက်ကနေ ၂၆ရက်နေ့ဝန်းကျင်အထိ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မီးရှို့တိုက်ခိုက်မှုတွေမှာ အိမ်ခြေ လေးထောင့်ခြောက်ရာကျော် မီးလောင်ပျက်စီးသွားတယ်လို့ ပြောထားပါတယ်။ ကျောင်းဆရာမ မနီလာသန်းဟာ ၀န်ထမ်းဖြစ်တဲ့အလျောက် အစိုးရ၀န်ထမ်းအလုပ်ကိုသာ လုပ်လိုကြောင်း၊ သူတို့ပိုင်ဆိုင်မှုတွေဆုံးရှုံးသွားပြီ ဖြစ်တာကြောင့် လုပ်စားစရာ၊ နေစရာ၊ လုံခြုံမှုဆိုတာ မရှိတော့တာကြောင့် ရန်ကုန်မြို့ လိုနေရာမျိုးကိုသာ ပြောင်းရွှေ့နေထိုင်လိုကြောင်း RFA ကိုပြောပါတယ်။

    ကျောက်ဖြူတင်မကဘဲ မင်းပြား၊ ရသေ့တောင်၊ မြေပုံ စတဲ့မြို့နယ်ခြောက်မြို့နယ်လောက်မှာ မီးရှို့တိုက်ခိုက်မှုတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ရပြီး လူဦးရေ အနည်းဆုံး နှစ်သောင်းနှစ်ထောင်ကျော်လောက် ဘေးလွတ်ရာမှာထွက်ပြေးနေရတယ်လို့ ကုလသမ္မဂရဲ့ စာရင်းအရ သိရပါတယ်။
    ပြီးခဲ့တဲ့ ဇွန်လတုန်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ဒုက္ခသည်အရေအတွက်ကလည်း ခုနှစ်သောင်း ငါးထောင်လောက် ကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံနေကြပြီးသား ဖြစ်ပါတယ်။ အခုဆိုရင် နောက်ထပ်တိုးလာတဲ့ဒုက္ခသည်တွေကို တွက်ကြည့်လိုက်ရင် ရခိုင်ပြည်နယ်ထဲမှာ ဒုက္ခသည်အရေအတွက်ဟာ တစ်သိန်းကျော်ရှိနေပြီလို့ ဆိုရမှာဖြစ်ပါတယ်။ နောက်ထပ်တိုးတဲ့ဒုက္ခသည်တွေအပြင် အရင်ရှိပြီးသားဒုက္ခသည်တွေကို နေရာပြန်လည်ချထားရေး၊ သူတို့တွေရဲ့စားဝတ်နေရေးနဲ့ ကလေးတွေရဲ့ပညာရေး စတာတွေဟာ ရခိုင်ပြည်နယ်အစိုးရနဲ့နေပြည်တော်အစိုးရအတွက် လတ်တလောရင်ဆိုင်နေရတဲ့ အကြပ်အတည်းတွေဖြစ်နေကြောင်း သတင်းတွေမှာ ရေးသားကြပါတယ်ခင်ဗျာ။

  • စစ်တွေမှ မွတ်စလင်မ် ဒုက္ခသည်များ အတွက် ရိက္ခာတင်ကားများကို ဘုန်းကြီးများမှ ဓါးပြတိုက်လုယက်

    စစ်တွေမှ မွတ်စလင်မ် ဒုက္ခသည်များ အတွက် ရိက္ခာတင်ကားများကို ဘုန်းကြီးများမှ ဓါးပြတိုက်လုယက်

    အောက်တိုဘာ ၁၉၊ ၂၀၁၂
    M-Media
    သတင်း – ထွန်းတောက်

    ရခိုင်ပြည်နယ်မှာဖြစ်ပေါ်ခဲ့တဲ့ အဓိကရုဏ်းတွေရဲ့နောက်ပိုင်းမှာ ‘စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ’ဆိုပြီး စာတွေထုတ်၍ မွတ်စလင်မ်များကို ရိက္ခာများပြတ်တောက်အောင် ညဉ်းပန်းမှုများပြုလုပ်နေကြောင်း ကြားသိခဲ့ရပြီးနောက် မွတ်စလင်မ်ဒုက္ခသည် စခန်းများကို ထောက်ပံ့ရန်ပစ္စည်းများ တင်ဆောင်လာသော ကားများကို ဘုန်းကြီးများ ဦးဆောင်၍ လုယက်မှုများဖြစ်ပေါ်နေကြောင်း သတင်းရရှိပါသည်။

    ဒေသဆိုင်ရာ ရခိုင်လူမျိုးများ အပါအဝင် မည်သူမျှ မွတ်စလင်မ် ဒုက္ခသည်များအတွက် စားနပ်ရိက္ခာမရောင်းရန်၊ ခြိမ်းခြောက်ထားသည့် ကြေငြာချက် လက်ကမ်းစာစောင်၊

    ယင်းကိစ္စအား ဆက်သွယ်စုံစမ်းရာ “ဟုတ်ပါတယ် အဲလို လုယက်နေတာ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းကပါ။ အဓိကဦးဆောင်နေတာ ဘုန်းကြီးတွေပါ။ ရခိုင်တွေလည်း ပါတယ်။ ဓါးမြတိုက်တာပေါ့။ ဘုန်းကြီး(၆)-ပါးရယ် ရခိုင်တွေရယ် မွတ်စလင်မ်ဒုက္ခသည်စခန်းကို ထောက်ပံ့တဲ့ပစ္စည်းတွေမှသာမဟုတ်ပါဘူး။ တစ်ခြား ကုန်သည်တွေရဲ့ ပစ္စည်းတွေကိုပါ လုယူနေတာပါ။ ရခိုင်တွေမောင်းတဲ့ သုံးဘီးတွေဆိုရင် ပစ္စည်းတွေကို ယူထားလိုက်ပြီး သုံးဘီးတွေကို ပြန်လွှတ်ပေးလိုက်ပါတယ်။ နောက်တစ်ခါ သုံးဘီးတွေနဲ့ မသယ်ပေးဖို့ သုံးဘီးမောင်းသူတွေကို ပြောပါတယ်။ လမ်းတွေမှာ ဓါးမြတိုက်သလို၊ စစ်တွေဝန်းကျင်က မွတ်စလင်မ် ရွာတွေဘက်အထိလည်း အဲလိုလာပြီးလုယက် ဓါးမြတိုက်တာ လုပ်ပါတယ်။”လို့ စစ်တွေမြို့ခံတစ်ဦးမှပြောပြလာပါတယ်။

    နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ပြီးခဲ့တဲ့စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ရခိုင်ပြည်နယ်မှ နှစ်ဘက် ဒုက္ခသည်တွေ အတွက်လူသားချင်း စာနာမှု့အကူညီများ လိုအပ်ကြောင်း ပြောကြားခဲ့သော်လည်း မွတ်စလင်မ် ဒုက္ခသည်များအား ရိက္ခာမထောက်ပံ့ရန်၊ ဆေးကုသခွင့်မရရန် ဒေသဆိုင်ရာ ရခိုင်ဘုန်းကြိးများနှင့် အာဏာရ RNDP ပါတီမှ နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်နေကြောင်း တွေ့ရှိရပါတယ်။

    ပဋိပက္ခများဖြစ်ပွားသည်မှ (၄) လကျော် ရှိနေပြီဖြစ်သော်လည်း အစိုးရက ထုတ်ပြန်သော စာရင်းများအရ မွတ်စလင်မ် ၈၀၀၀၀ ကျော်မှာ ဒုက္ခသည် စခန်းများတွင် နေထိုင်နေရပြီး ဈေးဝယ်ခွင့်၊ ပညာသင်ခွင့်၊ ဆေးကုသခွင့် ၊ အလုပ်လုပ်ခွင့် များမရှိသေးဘဲ ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ နှင့် အလှူရှင်များလှူဒါန်းသည့် ရိက္ခာများကိုသာ မှီခို အသက်ဆက်နေကြရပါတယ်။

    စစ်တွေမြို့မှ တခုတည်းသော လက်ကျန်မွတ်စလင်မ် ရပ်ကွက်ကိုလဲ ဖယ်ရှားပေးရန် ရခိုင်လူမျိုးများမှ အဆိုပါ အောင်မင်္ဂလာရပ်ကွက်ကို အကြမ်းဘက်ရန် အကြိမ်များစွာလုပ်ဆောင်ခဲ့ကြပြိး ၊ပြည်နယ်အစိုးရနှင့် ပြည်ထောင်စု အစိုးရသို့ အောင်မင်္ဂလာ ရပ်ကွက်ကို ဖယ်ရှားပေးဖို့ ဖိအားပေးတောင်းဆိုထားကြပါတယ်။