News @ M-Media
Tag: Thai-Myanmar
  • ထိုင်းနယ်စပ် လူကုန်ကူး စခန်းများ၌ ရိုဟင်ဂျာများ သေဆုံးမှု လူမှောင်ခိုဂိုဏ်း သံသယရှိသူများ ထိုင်းရဲတပ်ဖွဲ့  ဖမ်းဆီး
    ထိုင်းနယ်စပ် လူကုန်ကူး စခန်းများ၌ ရိုဟင်ဂျာများ သေဆုံးမှု လူမှောင်ခိုဂိုဏ်း သံသယရှိသူများ ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး
    မေ ၅၊ ၂၀၁၅
    M-Media
    thai
    – ဆွန်ခ်လာပြည်နယ်တွင် မြှုပ်နှံထားသည့် ရိုဟင်ဂျာများ သေဆုံးမှုတွင် ပါဝင်သော လူမှောင်ခိုဂိုဏ်း သံသယရှိသူ ဒေသတွင်း အာဏာပိုင်များကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး အခြားသူများကိုလည်း လိုက်လံရှာဖွေနေသည်ဟု သိရသည်။
    ဆွန်ခ်လာပြည်နယ် ဆာဒါအိုခရိုင် ထိုင်း-မလေးရှားနယ်စပ်ရှိ ဘန်သာလိုရွာတွင် လူကုန်ကူးသူများ၏ စခန်းများဟု ယူဆရသည့်နေရာများ၌ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် ရိုဟင်ဂျာများ၏ အလောင်းများကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ရှိခဲ့ရပြီးနောက် ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ၊ ဖမ်းဆီးမှုများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
    ဖမ်းဆီးထိန်းသိမ်းခံထားရသူများမှာ မြူနီစီပယ်အရာရှိဖြစ်သူ အသက် ၄၂ နှစ်အရွယ် အာဆမ် အင်သက်ဟန်နူ၊ ဘန်သာလိုရွာ ဒုတိယသူကြီးဖြစ်သူ အသက် ၄၁ နှစ်အရွယ် ရော်အန် ဆွန်ယာလေ၊ ဒုတိယ ရွာခေါင်းဆောင် အသက် ၄၇ နှစ်အရွယ် အလီး လာမိုဟ်နှင့် မြန်မာနိုင်ငံသား အသက် ၄၀ အရွယ့် စိုးနိုင်(ခ)အဏ္ဏဝါ တို့ ဖြစ်ကြသည်။
    အာဆန်နှင့် ရော်အန်တို့မှာ ရိုဟင်ဂျာများအား ဖမ်းဆီးထားသည့် စခန်းများကို ထောက်ပံ့ရေး ပစ္စည်းများ ပေးပို့သည်ဟု စွပ်စွဲခံထားရပြီး၊ အလီးမှာ အဆိုပါ စခန်းများအား စောင့်ကြပ်သည်ဟု သံသယရှိနေသည်။ ၎င်းတို့ကမူ ယမန်နေ့က ဆွန်ခ်လာတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ထိုစွဲချက်များအား ငြင်းဆိုခဲ့သည်။
    စိုးနိုင်(ခ) အဏ္ဏဝါ ကို ရိုဟင်ဂျာများအား ပြန်ပေးဆွဲကာ ပြန်ပေးငွေတောင်းမှုနှင့် လိမ်လည်မှုတို့အတွက် နာခွန် ဆီ သာမာရက်ပြည်နယ်တွင် ထိန်းသိမ်းထားသည်။ ၎င်းတို့ ၄ ဦးစလုံးမှာ လူကုန်ကူးမှု၊ ပြန်ပေးငွေအတွက် ပြန်ပေးဆွဲမှု၊ ဖမ်းဆီးမှုတို့ဖြင့် တရားစွဲဆိုခြင်း ခံထားရသည်။
    ထို့ပြင် ထိုကိစ္စနှင့်ပတ်သက်၍ အခြား လူ ၄ ဦးကိုလည်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားသည်။ ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ အကြီးအကဲ ဆွမ်ယွတ် ပန်ပွန်မောင်က ထိုကိစ္စတွင် ပါဝင်ပတ်သက်သည့် အာဏာပိုင်များအား ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။ ထို့ပြင် အခြားသော သံသယရှိသူများကိုလည်း ၀ရမ်းထုတ်ဖမ်းဆီးသွားမည်ဟု ဆိုသည်။
    ထိုစခန်းများမှ ရုပ်အလောင်း ၂၆ လောင်းကို တူးဖော်ရရှိခဲ့ပြီး အဆိုပါ ရုပ်အလောင်းများကို ကနဦးစစ်ဆေးမှုများရ ရောဂါနှင့် အစာရေစာ ပြတ်လတ်မှုကြောင့် သေဆုံးခဲ့ရသည်ကို တွေ့ရှိခဲ့ရကြောင်း ထိုအမှုကို ကိုင်တွယ်နေသည့် ရဲတပ်ဖွဲ့ ဗိုလ်ချုပ် ဆွမ်ယွတ်က ပြောကြားခဲ့သည်။
    လူကုန်ကူးမှုမှာ ထိုင်းဥပဒေအရ တရားမ၀င်လုပ်ငန်းဖြစ်ပြီး ရိုဟင်ဂျာများအား ထိန်းသိမ်းထားသည့် ထိုစခန်းများကို နယ်စပ် ပတ္တရောင်ရဲတပ်ဖွဲ့ စခန်းအနီးတွင် တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း၊ မလေးရှား၊ မြန်မာအာဏာပိုင်များနှင့် ပေါင်းကာ တရားဥပဒေအရ ဆောင်ရွက်မှုများ၊ စုံးစမ်းစစ်ဆေးမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆွမ်ယွတ်က ပြောကြားခဲ့သည်။
    အဆိုပါ စခန်းများကို ခရီးစဉ်တစ်ခုအတွက် ရိုဟင်ဂျာအမြောက်အမြားအား ပို့ဆောင်ရာတွင် အသုံးပြုလေ့ရှိပြီး၊ ထိုလူကုန်ကူး လုပ်ငန်းမှာ ၃၊ ၄ နှစ်ဆက်တိုက် ထိုနေရာတွင် ရှိနေခဲ့သည်ကို ထိန်းသိမ်းရေးစခန်းများ၏ အနေအထားများက ပြသနေသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    ထိုစခန်းမှ လွတ်မြောက်လာသူများ၏ ပြောပြချက်များအရ  လူကုန်ကူးသူများမှာ ပြန်ပေးငွေ မပေးနိုင်သူများကို သေနတ်ဖြင့် ပစ်သတ်ခြင်း၊ ရိုက်နှက်သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်လေ့ရှိပြီး ထိုစခန်းများတွင် သေဆုံးသူ အရေအတွက်မှာ ၅၀၀ ကျော်ရှိသည်ဟု ဆိုသည်။
    Ref: Bangkokpost
  • မူးယစ်ဆေးဝါးထိန်းချုပ်ရေး မြန်မာ-ထိုင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်
    မူးယစ်ဆေးဝါးထိန်းချုပ်ရေး မြန်မာ-ထိုင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်
    ဖေဖော်ဝါရီ ၉၊ ၂၀၁၅
    M-Media
    thai
    – မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအတွက် မြန်မာနှင့် ထိုင်းတို့ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားမည်ဖြစ်ပြီး ထိုလုပ်ငန်းများအတွက် ထိုင်းနိုင်ငံက မြန်မာနိုင်ငံအား ကန်ဒေါ်လာ ၆ သိန်းနီးပါး ရန်ပုံငွေ ပေးအပ်သွားမည်ဟု တာဝန်ရှိသူများက ယနေ့တွင် ပြောကြားလိုက်သည်။
    ထိုင်းမူးယစ်ဆေးဝါးထိန်းချုပ်ရေး ဘုတ်အဖွဲ့နှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိပ်နင်းရေး ဗဟိုကော်မတီတို့ မကြာသေးမီက ချုပ်ဆိုခဲ့သော နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အောက်တွင် ထိုင်းနှင့် မြန်မာတို့မှာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးနှင့် ဖြိုခွင်းခြင်းတို့ကို မြှင့်တင်ခြင်း တစ်နှစ်တာကြာမြင့်မည့် အစီအစဉ်ကိုဖော်ဆောင်သွားမည်ဖြစ်သည်။
    မြန်မာနှင့် ထိုင်းတို့မှာ ကန်ဒေါ်လာ ၁၀.၇ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ၆ နှစ်တာ အစီအစဉ်ကို မြန်မာနိုင်ငံရှိ တာချီလိတ်နှင့် မိုင်းဆတ်မြို့များတွင် ၂၀၁၂ ခုနှစ်ကတည်းက စတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအစီအစဉ်တွင် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးနှင့် ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးခြင်းအတွက် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များလည်း ပါဝင်သည်။
    မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာ ကုလသမဂ္ဂရုံးမှ ထုတ်ပြန်သော အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုဧရိယာမှာ ၂၀၁၃ ခုနှစ်အတွင်း ၅၇၈၀၀ ဟက်တာ ရှိခဲ့ရာမှာ ၂၀၁၄ ခုနှစ်တွင် ၅၇၆၀၀ ဟက်တာသာ ရှိတော့ကြောင်း ဘိန်းစိမ်းထုတ်လုပ်မှုမှာလည်း ၂၀၁၃ ခုနှစ်တွင် တန်ချိန် ၈၇၀ ရှိရာမှ၊ ၂၀၁၄ ခုနှစ်တွင် ၂၅ ရာခိုင်နှုန်းလျော့ကျကာ တန်ချိန် ၆၇၀ သာရှိတော့ကြောင်း ဖော်ပြထားသည်။
    မြန်မာနိုင်ငံမှာ မူးယစ်တိုက်ဖျက်ရေး ၅ နှစ်တာအစီအစဉ် (၂၀၁၄ ခုနှစ်မှ ၂၀၁၉) ကို ထပ်တိုးဆောင်ရွက်သွားရန် စီစဉ်ထားပြီး ၁၉၉၉ မှ ၂၀၁၄ ခုနှစ်အထိ သတ်မှတ်ဆောင်ရွက်ခဲ့သော မူးယစ်တိုက်ဖျက်ရေး ၁၅ နှစ်တာအစီအစဉ်ကို အရှိန်မြှင့်ရန် ရည်ရွယ်ခြင်းလည်းဖြစ်သည်။
    Ref: xinhua
  • ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်မှု တိုးမြှင့်ရေး အစည်းအဝေး လာမည့်လတွင် ကျင်းပမည်
    ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်မှု တိုးမြှင့်ရေး အစည်းအဝေး လာမည့်လတွင် ကျင်းပမည်
    ဒီဇင်ဘာ ၁၉ ၊၂၀၁၄
    M-Media
    1379915_580267648677529_110169397_n
    – နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် ရင်းနှီးမြှုနှံမှုနှင့် ကုန်သွယ်မှု တိုးမြှင့်ရန် ကြိုးပမ်းမှုအဖြစ် ထိုင်း-မြန်မာ ကုန်သွယ်ရေး ပူးပေါင်းအစည်းအဝေးတစ်ခုကို လာမည့်လတွင် ကျင်းပမည်ဟု သိရသည်။
    အဆိုပါ အစည်းအဝေးမှာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ပမာဏ ဘတ် ၁.၅ ထရီလီယံသို့ ရောက်ရှိရေး မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပထမအကြိမ်အစည်းအဝေးကို ထိုင်းနှင့် မြန်မာတို့မှ ကုန်သွယ်ရေးဝန်ကြီးများက ဦးဆောင်ကာ ပြုလုပ်သွားမည်ဖြစ်သည်။
    ထိုအစည်းအဝေးတွင် မဲဆောက်နှင့် မြ၀တီမြို့နှစ်မြို့အကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် ထိုင်း-မြန်မာ စီးပွားရေးကောင်စီ ထူထောင်ရေးတို့ ပါဝင်မည်ဖြစ်ပြီး ထိုမြို့များ၌ စီးပွားရေးဆိုင်ရာ အသိပညာပေးမှုများမှား မြှင့်တင်ခြင်းလည်း ပါဝင်မည်ဖြစ်သည်။
    ထို့ပြင် နယ်စပ်ကုန်သွယ်ရေးတွင် တွေ့ကြုံရသော ပြဿနာများ၊ အတားအဆီးများကို ဖြေရှင်းရေးအတွက် အကြံပြုချက်များပေးခြင်းလည်း ပါဝင်မည်ဖြစ်ကာ ဆွေးနွေးပွဲ ရလဒ်များကို ထိုင်းဝန်ကြီးချုပ် ပရာယွတ် ဦးဆောင်မည့် အထူးစီးပွားရေးဖွံ့ဖြိုးမှုဇုန်နှင့် ပတ်သက်သည့် ပေါ်လစီကော်မတီသို့ တင်ပြသွားမည်ဖြစ်သည်။
    Bangkok Post
  • ထိုင်းကမ်းခြေတွင် ဗြိတိန် စုံတွဲ အား သတ်ခဲ့သည်ဟု မြန်မာ အလုပ်သမားတစ်ဦး ၀န်ခံ
    ထိုင်းကမ်းခြေတွင် ဗြိတိန် စုံတွဲ အား သတ်ခဲ့သည်ဟု မြန်မာ အလုပ်သမားတစ်ဦး ၀န်ခံ
    အောက်တိုဘာ ၂ ၊ ၂၀၁၄
    M-Media
    Brits-v5
    – ထိုင်းနိုင်ငံ ကမ်းခြေတစ်ခုတွင် ဗြိတိန်စုံတွဲအား သတ်ဖြတ်ခဲ့ကြောင်း သံသယရှိနေသည့် မြန်မာအလုပ်သမား ၃ ဦးထဲမှ တစ်ဦးမှာ သတ်ဖြတ်ကြောင်း ၀န်ခံလိုက်သည်ဟု ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
    ဆိုးရွားပြင်းထန်သည့် ဒဏ်ရာများဖြင့် သေဆုံးနေသည့် ဗြိတိန်နိုင်ငံသား အသက် ၂၄ နှစ်အရွယ် ဒေးဗစ်မီလာနှင့် ၂၃ နှစ်အရွယ် ဟန်နာ ၀ှိုက်ရစ်ခ်ျတို့၏ ရုပ်အလောင်းများကို စက်တင်ဘာ ၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံတောင်ဘက် ခိုတာအို ကျွန်းရှိ ၎င်းတို့နေထိုင်ရာ နေရာအနီးအနားတွင် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
    ထိုကျွန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားအများအပြား နေထိုင်ရာ နေရာလည်းဖြစ်သည်။
    “စုံစမ်းစစ်ဆေးမှုဟာ တော်တော်လေးတိုးတက်နေပါတယ်။ မြန်မာအလုပ်သမား ၃ ယောက်ကို ထိန်းသိမ်းထားပြီး သူတို့ရဲ့ DNA ကို ယူပြီး စစ်ဆေးနေပါတယ်။ အဲဒီလို စစ်ဆေးနေစဉ်မှာ သူတို့ ၃ ယောက်ထဲက တစ်ယောက်က ဒီနိုင်ငံခြားသားနှစ်ယောက်ကို သတ်တယ်လို့ ၀န်ခံခဲ့ပါတယ်” ဟု လက်ထောက် ရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်ကြီး ဂျက်တစ် ချိုင်ဂျင်ဒါက Reuters သတင်းဌာသို့ပြောကြားခဲ့သည်။
    ထိုကဲ့သို့ သတ်ဖြတ်ခြင်းက ခရီးသွားများအား ကြောက်ရွံ့မှုများဖြစ်ပေါ်စေလိမ့်မည်ဟု ထိုင်းအစိုးရ တာဝန်ရှိသူများက သတိပေးခဲ့ပြီး လျင်မြန်စွာဖော်ထုတ်ရန်လည်း တိုက်တွန်းခဲ့သည်။
    ထိုင်းနိုင်ငံတွင် ခရီးသွားလုပ်ငန်းမှာ နိုင်ငံစီးပွားရေး၏ ၁၀ ရာခိုင်နှုန်းရှိပြီး အာဏာသိမ်းမှုဖြစ်ပွားစေခဲ့သည့် ဘန်ကောက်မြို့ဆန္ဒပြပွဲပြီးနောက် ပုံမှန်အခြေအနေကို ပြန်လည် ရောက်ရှိခြင်း မရှိသေးပေ။
    ဂျက်ကစ်ကမူ လူသတ်မှုကျူးလွန်သည်ဟု ထွက်ဆိုသူအား ထိန်းသိမ်းထားဆဲဖြစ်ပြီး မဖမ်းဆီးရသေးကြောင်း၊ နောက်ထပ် ၁၄ နာရီ ကြာမြင့်ဖွယ်ရှိသည့် DNA စမ်းသပ်မှု အဖြေထွက်လာမှ ကျန်ရှိသည့် ကိစ္စများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ref_ REUTERS
  • ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင် အောက်တိုဘာမှာ မြန်မာကို ဘာလို့ လာမှာလဲ
    ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင် အောက်တိုဘာမှာ မြန်မာကို ဘာလို့ လာမှာလဲ
    niblog14e
    မြန်မာ စစ်တပ် အကြီးအကဲ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ အလည်သွားရောက်ခဲ့စဉ်က ၂၀၁၄ ခုနှစ် ဇူလိုင် ၄ ရက်နေနေ့တွင် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာနှင့် တွေ့ဆုံနေစဉ် PHOTO: AFP
    စက်တင်ဘာ ၂၆ ၊ ၂၀၁၄
    M-Media
    – ကြန့်ကြာနေသည့် ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် စက်မှုဇုံ တည်ဆောက်မှု တွန်းအားပေးရန်အတွက် ထိုင်းအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာမှာ လာမည့်လတွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု နေပြည်တော်ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးက ယမန်နေ့တွင် ပြောကြားခဲ့သည်။
    အဆိုပါ ထားဝယ် အထူးစီးပွာရေးဇုံကို Italian-Thai Development ကုမ္ပဏီ လိမိတက်က အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများကြောင့် ရပ်ဆိုင်းထား ရခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာအစိုးရက နိုင်ငံတကာမှ ဘဏ္ဍာရေး အထောက်အပံ့များကို ရှာဖွေခဲ့သည်။
    ထိုင်းမှာ ဘန်ကောက်မြို့ အနောက်မြောက်ဘက် ဆင်ခြေဖုံးဒေသမှ မြန်မာနိုင်ငံတောင်ပိုင်း နယ်စပ် တနင်္သာရီဒေသအထိ ကီလိုမီတာ ၁၆၀ ခန့်ရှိမည့် ကားလမ်းတစ်ခု ဖောက်ရန်လည်း စီစဉ်ထားသည်။
    ဗိုလ်ချုပ်ကြီး ပရာယွတ်မှာ ထိုင်းနိုင်ငံရှိ တရားမ၀င် မြန်မာအလုပ်သမားများ အရေး၊ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုများ အကြောင်းကိုလည်း မြန်မာအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ စက်မှုလက်မှုကဏ္ဍ အများအပြားတွင် အလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား ၂၀၀၀ ကျော်ကိုလည်း တွေ့ဆုံမည်ဖြစ်သည်။ သို့သော်လည်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်မှု တွေ့ဆုံရန် မရှိဟု ထိုင်းသံအမတ်က ထည့်သွင်းပြောကြားခဲ့သည်။
    ref_ ဆင်ဟွာ