ဇူလိုင် ၁၃ ၊ ၂၀၁၄
M-Media
– ထိုင်းနိုင်ငံတွင် သွားရောက်ခိုလှုံနေရသည့် မြန်မာနိုင်ငံသား ဒုက္ခသည် ၁ သိန်း ၃ သောင်းကျော်ကို နေရပ်ပြန်ပို့ရေးအတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထိုင်းနိုင်ငံ ငြိမ်ဝပ်ပိပြားရေးကောင်စီမှ တာဝန်ရှိသူ ပရာယွတ် အိုချာက ပြောကြားလိုက်သည်။
ယမန်နေ့က ပြုလုပ်ခဲ့သည့် Return Happiness to the People တီဗွီအစီအစဉ်တွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံသို့ ပြီးခဲ့သည့် သီတင်းပတ်က လာရောက်လည်ပတ်ခဲ့သည့် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးးကြီးမင်းအောင်လှိုင်နှင့် ဆွေးနွေးခဲ့ပြီးဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် မြန်မာဒုက္ခသည်များအား လူသားချင်းစာနာသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုံခြုံစိတ်ချစွာ နေရပ်ပြန်ရေး ထိုင်းနှင့် မြန်မာနှစ်နိုင်ငံတို့မှာ အတူတကွ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရိုဟင်ဂျာပြောင်းရွှေ့အခြေချသူများကို နိုင်ငံသား ဖြစ်၊ မဖြစ် စစ်ဆေးရာတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက်လည်း နှစ်နိုင်ငံ သဘောတူညီခဲ့ကြကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅၀ နီးပါး ရှည်ကြာခဲ့သည့် အာဏာရှင်စနစ်ကြောင့် တိုင်းရင်းသားများအပါအ၀င် မြန်မာနိုင်ငံသား ၅ သိန်းကျော်မှာ ဒုက္ခသည်အဖြစ် ထိုင်းနိုင်ငံတွင် ခိုလှုံနေရသည်။
Ref: UNHCR and Bangkok Post