News @ M-Media

Tag: UK

  • ဂါဇာကို အစ္စရေး ကျူးကျော် တိုက်ခိုက်နေမှု လန်ဒန်မြို့ခံ လူတစ်သိန်းခန့် ဆန့်ကျင် ဆန္ဒပြ

    ဇူလိုင် ၂၀ ၊ ၂၀၁၄
    M-Media
    သတင်း/ဓါတ်ပုံ -ကျော်စိုးဝင်း

    “အစ္စရေးစစ်တပ်မှ ဂါဇာဒေသရှိ လူနေရပ်ကွက်များအပေါ်ဗုံးကြဲမှုနှင့် မြေပြင်မှ ကျူးးကျော်တိုက်ခိုက်နေမှုအား ဆန့်ကျင်သောအားဖြင့် လန်ဒန်မြို့ခံ တစ်သိန်းခန့် လမ်းလျှောက်ဆန္ဒပြ”

    10450150_737044029671403_8782697977251105655_n

    အစ္စရေးစစ်တပ်မှနေ၍ ပါလက်စတိုင်း ဂါဇာဒေသရှိ လူနေရပ်ကွက်များအပေါ်ဗုံးကြဲမှူနှင့် မြေပြင်မှ ကျူးးကျော်တိုက်ခိုက်နေမှူအား ဆန့်ကျင်သောအားဖြင့် လန်ဒန်မြို့ခံ တစ်သိန်းခန့်ဟာ ဇူလိုင်လ ၁၉ရက် စနေနေ့ နေ့လည် ၁၂နာရီတွင် အမှတ် ၁၀၊ ဝန်ကြီးချူပ်နေအိမ်ရှိသော ဒေါင်းနင်းလမ်းတွင် စုဝေးကာ ကင်ဆင်တန် အရပ်ရှိ အစ္စရေးသံရုံးရှိရာသို့ နွေရာသီ၏ ပြင်းထန်သော အပူချိန်အား အံတု၍ ၃မိုင်ကျော် အကွာအဝေးအား လမ်းလျှောက်ဆန္ဒပြခဲ့ကြပါသည်။

    ပါဝင်ဆန္ဒပြသူများ များပြားခဲ့သော် လည်း ခရီးလမ်းတလျှောက် ၁၀ဦးခန့် မူးမော်လဲကျခဲ့သည်မှ အပ ဆန္ဒပြပွဲဟာ ငြိမ်းချမ်းစွာဖြင့်ပြီးဆုံးသွား ခဲ့ကြောင်းသိရပါတယ်။ဆန္ဒပြပွဲတွင် လန်ဒန်မြို့ခံများ အပြင် ငြိမ်းချမ်းမှူကို လိုလားသော ဘောလုံးကလပ်အသင်း အားပေးသူများ၊ အင်္ဂလန်နှင့် ဝေလနယ်မှ မြို့ခံ၊ဒေသခံ ကောင်စီနယ်များ၊ တက္ကသိုလ်ကြီးများမှ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ အဆိုကျော်များ၊ရွေးကောက်ခံ မြို့နယ်အသီးသီးမှ ကောင်စီလွှတ်တော် အမတ်များ ဇီယွန်ဝါဒကို ဆန့်ကျင်သော အင်္ဂလန်နှင့် နိုင်ငံတကာမှ ဂျူးးအမျိုးသားများလည်း ပူးပေါင်းပါဝင်လာကြသည်ဟုလည်းသိရပါသည်။

    ထို့အပြင် လန်ဒန်မြို့ အခြားနေရာများနှင့် အတူ အင်္ဂလန်နိုင်ငံ အနှံ့အပြားရှိ ဘတ်ဖို့စ်၊လက်စ်စတာ၊ မန်ချက်စတာမြို့ကြီးများတွင် ပါလက်စတိုင်း အရေးကိစ္စနှင့် ပတ်သက်၍ ဆန္ဒပြပွဲများဖြစ်ပွါးလျှက်ရှိကြပါသည်။

    လာမည့်အင်္ဂါနေ့တွင် အစ္စရေး သံရုံးရှေ့နှင့် စနေ့နေ့တွင် ဒေါင်းနင်းလမ်းမှ ကာကွယ်ရေးဝန်ကြီးငှါန ရုံးအထိ လမ်းလျှောက် ဆန္ဒပြကြဦးမည်ဟုသိရပါသည်။

    ရက်သတ္တပတ်ကျော်ကြာမြင့်နေပြီဖြစ်တဲ့ အစ္စရေးစစ်တပ်မှ ဝေဟင်၊မြေပြင် တိုက်ခိုက်မှူများကြောင့် ပါလက်စတိုင်း အရပ်သား ၃၀၀ကျော် သေဆုံး၊ ၁၅၀၀ကျော် ဒဏ်ရာရ၊ ၁၈၀၀၀ ကျော် အိုးအိမ်များ ဆုံးရှုံးခဲ့ရကာ သေဆုံးသူများ အနက်မှ ၇၀ကျော်ဟာ အသက် ငါးလခန့်မှ စ၍ အရွယ် မရောက်သေးသူ ကလေးငယ်များဖြစ်ကြပါသည်။ ပါလက်စတိုင်း ဟာ့မားစ်အဖွဲ့မှ ဒုံးကျည်များဖြင့်ပြန်လည် တိုက်ခိုက်မှုကြောင့် အစ္စရေး စစ်သားတစ်ဦးနှင့် အရပ်သားတစ်ဦးတို့လည် သေဆုံးခဲ့ရကြောင်းသိရပါသည်၊

  • ဗြိတိန် လက်ယာစွန်းရောက် အဖွဲ့မှ လန်ဒန်ရှိ ဗလီဝတ်ကျောင်းတော်သို့ ကျူးကျော်ဝင်ရောက်

    ဇူလိုင် ၁၇ ၊ ၂၀၁၄
    M-Media
    BritainFirst-Invades-East-London-Mosque
    – ယူကေ လက်ယာစွန်းရောက် Britain First အဖွဲ့မှ အဖွဲ့ဝင်များက လန်ဒန်အရှေ့တောင်ပိုင်းရှိ ဗလီဝတ်ကျောင်းတော်တစ်ခုသို့ ကျူးကျော်ဝင်ရောက်ခဲ့ကာ အမျိုးသားနှင့် အမျိုးသမီး သီးခြားဝင်ပေါက် လက္ခဏာများအား ၇ ရက်အတွင်း ဖယ်ရှားပေးရန် သတိပေးခဲ့သည်ဟု သိရသည်။

    Kent မြို့ရှိ Crayford ဗလီဝတ်ကျောင်းတော်အတွင်းသို့ Britain First မှ တက်ကြွလှုပ်ရှားသူများဟုဆိုသည့် အမျိုးသား ၅ ဦးနှင့် အမျိုးသမီးတို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီး ဗြိတိန်တွင် အမျိုးသားနှင့်အမျိုးသမီးမှာ တန်းတူဖြစ်သည်ဟုဆိုကာ ထိုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဗလီအတွင်းရှိ မွတ်စလင်များအား ရန်လိုသည့် ပုံစံဖြင့် ခြိမ်းခြောက်ခဲ့ခြင်းများလည်းရှိခဲ့သည်။

    မွတ်စလင်များက ဖိနပ်ချွတ်ရန် ပြောကြားခဲ့သော်လည်း လိုက်နာခဲ့ခြင်းမရှိဘဲ အမျိုးသမီးများကို လေးစားမှုရှိမှ ဗလီများကိုလေးစားမည် ဟုလည်း ပြန်လည်ပြောကြားခဲ့သည်။

    ထို့ပြင် ဗလီဝတ်ကျောင်းတော်အား ကျူးကျော်ဝင်ရောက်ခဲ့သည့် ထိုအဖွဲ့ဝင်များမှာ  အမုန်းတရားများကို ပြောကြားထားသည့် ဗီဒီယိုတစ်ခုကိုလည်း အင်တာနက်စာမျက်နှာပေါ်သို့ လွှင့်တင်ခဲ့သည်။

    Kent မြို့အနောက်မြောက်ပိုင်းရှိ အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ အခြားသော အော်သိုဒေါ့စ် ဂျူးဘုရားကျောင်းများ၊ ဆစ်ခ်ဘုရားကျောင်းများနည်းတူ အမျိုးသားနှင့် အမျိုးသမီးဝင်ပေါက်များကို သီးသန့်ထားရှိထားသည်။

    သို့သော်လည်း Britain First အဖွဲ့မှ လွှင့်တင်ထားသည့် အဆိုပါ ဗီဒီယိုတွင် ထိုဗလီဝတ်ကျောင်း တော်မှ အမျိုသား အမျိုးသမီး သီးသန့်ဝင်ပေါက်ထားရှိခြင်းအား ၇ ရက်အတွင် ဖယ်ရှားပေးရန် ရှေ့ဆောင်ဆရာတော်အား အကြောင်းကြားထားပြီး မဖယ်ရှားပါက ၎င်းတို့မှ လာရောက်ဖယ်ရှားသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

    ထို့ပြင် Britain First အဖွဲ့၏ ၀ဘ်ဆိုဒ်တွင် “Britain Firstမှ တက်ကြွလှုပ်ရှားသူများ Crayford ဗလီသို့ ၀င်ရောက်ခြင်း” ခေါင်းစဉ်ဖြင့် ရေးသားမှုတွင်လည်း အစ္စလာမ်သာသနာမှာ အမျိုးသမီးများအား ဒုတိယတန်းစားနိုင်ငံသားအဖြစ် ဆက်ဆံသည်ဟု ဖော်ပြထားသည်။

    အငြင်းပွားဖွယ် အဆိုပါ အဖွဲ့အား ဗြိတိန်အမျိုးသားပါတီ BNP အဖွဲ့ အတိုင်ပင်ခံဟောင်း ပေါလ်ဂိုးလ်ဒင်နှင့် နိုင်ငံရေးသမားဟောင်း ဂျင်မ်ဒေါ်ဆန်တို့က ဦးဆောင်ဖွဲ့စည်းထားခြင်းဖြစ်သည်။ Channel Four News နှင့် အင်တာဗျူးတွင် ဒေါ်ဆန်က ဗြိတိန်ရှိလမ်းမများပေါ်တွင် “မြင့်မြတ်သောစစ်ပွဲ” တစ်ခု ပြုလုပ်ရန် ဆွဲဆောင်နေကြောင်း ၀န်ခံခဲ့သည်။

    လက်ယာစွန်းရောက် အဆိုပါ Britain First အဖွဲ့မှာ လန်ဒန်၊ ဘရက်ဖို့ဒ်နှင့် ဂလက်စဂိုရှိ ဗလီဝတ်ကျောင်းတော်များအတွင်းသို့ လွန်ခဲ့သည့် သီတင်းပတ်များက ကျူးကျော်ဝင်ရောက်ခဲ့ကြပြီး ခရစ်ယာန်ဘာသာနှင့် သက်ဆိုင်သည့် လက်ကမ်းစာစောင်များ သမ္မာကျမ်းစာများ ဝေငှခဲ့သည်။ အဆိုပါအဖွဲ့မှ ကိုယ်စားလှယ် တစ်ဦး၏ ပြောဆိုချက်အရ ဗလီဝတ်ကျောင်းတော်များအတွင်းသို့ ထိုကဲ့သို့ ၀င်ရောက်မှုမှာ အစ္စလာမ်သာသနာအား တစ်စိတ်တစ်ပိုင်း ခရူးဆိတ်စစ်ပွဲ ဆင်နွှဲခြင်း ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် ၎င်းတို့အဖွဲ့မှာ Christian patrols ဟုခေါ်သည့် ကင်းလှည့်မှုများကိုလည်း ပြုလုပ်နေသည်။

    Britain First အဖွဲ့၏ ဖက်စစ် ဆန်သော အဆိုပါလုပ်ရပ်များကို ဆန့်ကျင်ရန် Dartford Against Britain First အဖွဲ့ကို ဗြိတိန်ပြည်သူများက ဖွဲ့စည်းထားပြီး Britain First အဖွဲ့၏ လမ်းပေါ်ထွက်ရန် အစီအစဉ်ကို ဇူလိုင် ၁၉ ရက်နေ့တွင် ဆန္ဒပြရန် စီစဉ်ထားသည်။

    “Dartford မှာနေထိုင်သူတွေကတော့ ကျွန်တော်တို့မြို့မှာ အမုန်းစကားတွေ သည်းမခံနိုင်မှုတွေကို ပြန့်နှံ့စေလာမယ့် ဒီဖက်စစ်ကောင်တွေရဲ့ လုပ်ရပ်ကို လက်မခံနိုင်ပါဘူး။ သူတို့ရဲ့ လူမျိုးရေးခွဲခြားမှုနဲ့ အစ္စလာမ်ကြောက်ရောဂါကို ဒီမှာ လက်မခံဘူးဆိုတာ Britain First အဖွဲ့ကို သိစေဖို့အတွက် ဒီလိုငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲပြလုပ်ဖို့ ရည်ရွယ်ခဲ့တာပါ” Dartford Against Britain First အဖွဲ့ဝင် ဂါဘရီယဲလ် ဖိုဆဲလ်လာ ဘာတန်က ပြောကြားခဲ့သည်။

    Ref:OnIslam & Newspapers

  • အစ္စရေး၏ ကျူးကျော် တိုက်ခိုက်မှုအား ဘက်လိုက် ဖော်ပြသည့် BBC ကို လူထောင်ပေါင်းများစွာ ဆန္ဒပြ

    ဇူလိုင် ၁၆ ၊ ၂၀၁၄
    M-Media
    သတင်း/ဓါတ်ပုံ -ကျော်စိုးဝင်း

    10489797_800044300019769_1386972333618948600_n

    ဂါဇာဒေသရှိ ပါလက်စတိုင်းပြည်သူများကို ကျူးကျော် တိုက်ခိုက်နေသည့် အစ္စရေး၏ လုပ်ရပ်ကို ဘီဘီစီ သတင်းဌာနမှ အမှန်တရားကို ဖုံးကွယ်ကာ ဘက်လိုက်စွာဖြင့် သတင်းထုတ်လွှင့်မှုများကို မကျေနပ်၍ ထောင်သောင်းချီသော လန်ဒန်မြို့ခံများ ဘီဘီစီ ရုံးချူပ်အဆောက်အဦးရှေ့၌ ဆန္ဒပြ ယနေ့ ဇူလိုင် ၁၅ ရက်နေ့ တွင် ဆန္ဒပြခဲ့ကြပါတယ်။

    အဆိုပါ ဆန္ဒပြပွဲတွင် လူများ အများအပြားပါဝင်၍ လန်ဒန်မြို့လယ်ခေါင်၌ပင်လမ်းပိတ်ဆို့မှူများဖြစ်ပေါ်၊ နိုင်ငံတကာမှ ဇီယွန်ဝါဒကိုဆန့်ကျင်သော ဂျူးးအမျိုးသား အဖွဲ့အစည်းများပါ ပူးပေါင်းပါဝင်လာကြပါတယ်။

    BBC သတင်းဌာနဟာ အစ္စရေးရဲ့ ဂါဇာဒေသကို ကျူးကျော်တိုက်ခိုက်မှု စတင်တဲ့နေ့မှာ “ဟားမက်စ်၏ တစ်ကျော့ပြန်တိုက်ခိုက်မှုကို အစ္စရေးခံနေရ” ဆိုပြီး သတင်းခေါင်းစဉ်နဲ့ ဖော်ပြခဲ့တယ်။

    ဒါအပြင် ဇူလိုင် ၁၂ ရက်နေ့က လန်ဒန်မြို့မှာ ပြုလုပ်ခဲ့တဲ့ အစ္စရေး ရဲ့ ကျူးကျော်မှုကို ရှုံချဆန္ဒပြခဲ့ကြတဲ့ ဗြိတိန်ပြည်သူတွေရဲ့ သတင်းကို BBC သတင်းဌာနက ဖော်ပြခဲ့ခြင်းမရှိပါဘူး။

    အီဂျစ်မှ ကြားဝင်ညှိနှိုင်းသော အပစ်အခတ်ရပ်စဲရေး မအောင်မမြင် ဖြစ်ပြီး နာရီပိုင်းအကြာ အစ္စရေးစစ်တပ်မှ ဂါဇာကမ်းမြှောင်ဒေသအား ဗုံးများထပ်မံကြဲချခဲ့ပါတယ်။

    သေဆုံးသူ အရေအတွက်များ ထပ်မံတိုးလာဖွယ်ရှိပြိး  အစ္စရေးရဲ့ ဂါဇာကိုတိုက်ခိုက်မှု ၈ မြောက်နေ့မှာတော့ ပါလက်စတိုင်းဘက်မှ  လူ ၁၇၀ ကျော်သေဆုံးပြီး ၁၅၀၀ နီးပါးဒဏ်ရာရခဲ့ပါတယ်။ အများစုမှာ အမျိုးသမီးများနှင့် ကလေးတွေ ဖြစ်ကြပါတယ်။

    ဓါတ်ပုံများ FB တွင်ကြည့်လိုလျှင် Click Here

  • ပါလက်စတိုင်းအား အစ္စရေး၏ လေကြောင်းမှ တိုက်ခိုက်မှုကို လန်ဒန်တွင် လူပေါင်း သောင်းချီ ဆန္ဒပြ

    ဇူလိုင် ၁၂ ၊ ၂၀၁၄
    M-Media
    သတင်း/ဓါတ်ပုံ – ကျော်စိုးဝင်း
    10492212_797808656910000_8463177290887770466_n
    လန်ဒန်။    ။ အစ္စရေး စစ်တပ်မှ ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်နေမှုကို ချက်ခြင်းရပ်တန့်ဖို့ ပါလက်စတိုင်းထောင်ခံသူ ထောင်ပေါင်း များစွာဟာ ဇူလိုင်လ ၁၁ ရက်နေ့က လန်ဒန်မြို့မှာ လမ်းပေါ်ထွက် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

    သောင်းချီတဲ့ ဆန္ဒပြ လူုအုပ်တွင် ဇီယွန်ဝါဒ လက်မခံတဲ့ ဂျူး လူမျိုးများလဲ ပူးပေါင်း ပါဝင်ခဲ့ကြပြီး လန်ဒန်မြို့ အနောက်ပိုင်းမှာရှီတဲ့ အစ္စရေး သံရုံးရဲ့ အပြင်ဘက်မှာ ပိုဆန္ဒတာများ ၊ ကြွေးကြော်သံများ ဖြင့် တောင်းဆို ဆန္ဒပြခဲ့ကြကြောင်း သိရပါတယ်။

    အစ္စရေးလေတပ်မှာ ဂါဇာဒေသကို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဇူလိုင်လ(၁၁) ရက်နေ့က ထိ ပါလက်စတိုင်း ၁၀၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ အမျိုးသမီး နှင့် ကလေးငယ်များ ဖြစ်ကြကြောင်း သိရပါတယ်။

    အစ္စရေးရဲ့ လုပ်ရပ်ကို ကမ္ဘာတဝှမ်းမှာ ဆန္ဒပြပွဲများ ပြုလုပ်ကာ ရှုတ်ချ လျက်ရှိကြောင်းပါ။

  • ယူကရိန်း ရွေးကောက်ပွဲအား နှောက်ယှက်ရန် ရုရှား ကြိုးစားနေဟု ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဆို

    မေ ၇ ၊ ၂၀၁၄
    M-Media

    – သမ္မတ ရွေးကောက်ပွဲကျင်းပရန် ယူကရိန်း၏ အစီစဉ်အား ရုရှားမှ နှောက်ယှက်ရန် ကြိုစားနေသည်ဟု ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ၀ီလီယံ ဟေ့ဂ်က ယနေ့ပြုလုပ်သည့် ဥရောပကောင်စီ အစည်းဝေးတွင် ပြောကြားလိုက်သည်။

    william-hague

    ယူကရိန်းသမ္မတ ရွေးကောက်ပွဲအား မေလ ၂၅ ရက်နေ့တွင် ပြုလုပ်ရန် ရက်သတ်မှတ်ထားသော်လည်း ရုရှားကမူ ထိုရွေးကောက်ပွဲမှာ ကျိုးကြောင်း ဆီလျော်ခြင်းမရှိဟု စွပ်စွဲခဲ့သည်။ ယူရိန်းအရှေ့ပိုင်းရှိ ခွဲထွက်ရေးသမားများကလည်း ယခုလာမည့် တနင်္ဂနွေနေ့တွင် အရှေပိုင်းဒေသအချို့အား လွတ်လပ်သော နိုင်ငံအဖြစ်ထူထောင်ရန် ပြည်သူ့ဆန္ဒ ခံယူမည်ဖြစ်သည်။

    ထို့ကြောင့် ဗီယင်နာတွင်ပြုလုပ်သည့် ဥရောပကောင်စီအစည်းအဝေးတွင် ဟေ့ဂ်က

    “(ယူကရိန်းရဲ့) ဒီရွေးကောက်ပွဲတွေကို တားမြစ်တာတွေ၊ နှောက်ယှက်တာတွေလုပ်ဖို့ ရုရှားက ရည်ရွယ်နေပါတယ်။ ဒါဟာ မှားပါတယ်။ ယူကရိန်းရွေးကောက်ပွဲ ရှေ့ဆက် လုပ်ဆောင်ဖို့ ခွင့်ပြုရမယ်ဆိုတဲ့ ထောက်ခံစကားဟာ ဒီကိုရောက်လာတဲ့ နိုင်ငံတွေမှာ ရှိမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဟေ့ဂ်၏ ပြောကြားချက်အား အစည်းအဝေးသို့ တက်ရောက်လာသည့် ရုရှားနိုင်ငံခြားရေး ၀န်ကြီး လာဗရော့ဗ်က မည်သည့် မှတ်ချက်မှ မပေးခဲ့ဘဲ၊ ယူကရိန်းနိုင်ငံခြားရေး ၀န်ကြီးကမူ ကျင်းပရန်ရှိနေသည့် ရွေးကောက်ပွဲ အတွက် ဥရောပကောင်စီမှ ထောက်ခံမှု လိုချင်ကြောင်း ပြောကြားခဲ့သည်။

    ခွဲထွက်ရေးသမားများကြီးစိုးရာ ယူကရိန်းအရှေ့ပိုင်း Slovyansk မြို့တွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး သေဆုံးမှုများလည်း ရှိနေသည်။

    AFP/nd