6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်နဝါရီ ၂၄ ၊ ၂၀၁၆
M-Media
ဦးခင်မောင်ချို (တရားလွှတ်တော်ရှေ့နေ) ရေးသည်။

cenpher job

(၁၈-၁၂-၂၀၁၅) ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်း များ စွမ်းရည်မြှင့် သင်တန်းအပတ်စဉ်(၁) ဆင်းပွဲမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က တိုင်းပြည်ပြုပြင်ပြောင်းလဲရေးမှာ ဗိုလ်ချုပ်အောင်ဆန်းက ဦးဖေခင်ကို ပါဝင်စေခဲ့ကြောင်း ဥပမာ ပေးပြီး ပြောကြားခဲ့ပါတယ်။

အဲ့ဒီလိုပြောကြားချက်မှာအချက်(၂)ချက် ထူးခြားချက်ရှိပါတယ်။ပထမတစ်ချက်က ဗိုလ်ချုပ်အောင်ဆန်းသည် လူနည်းစုများမှ အရည်အချင်းရှိသော ပုဂ္ဂိုလ်များကိုလည်း ခွဲခြားခြင်း မရှိတာပေါ်လွင်သကဲ့သို့ ဦးဖေခင်သည် မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် အထင်ကရ ပုဂ္ဂိုလ်အဖြစ် ကျော်ကြားသူဖြစ်ကြောင်း နောင်လာနောက်သားလူငယ်များ အနေနဲ့ သမိုင်းကြောင်းကို သိသင့်တယ်လို့ ယူဆပြီး၊ ဗိုလ်ချုပ်အောင်ဆန်း က ရွေးချယ်ခဲ့တဲ့ပုဂ္ဂိုလ်များ လူမှန် နေရာမှန် (အပိုင်း-၁)၊ (အပိုင်း-၂)၊ (အပိုင်း-၃) များကို ရေးသားဖို့အကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက လူမှန်နေရာမှန်ရွေးချယ်ရာမှာလည်း အင်မတန်တော်တယ်လို့ မှတ်ချက်ပြုကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ပုဂ္ဂိုလ်များအဖြစ် ဆရာကြီး ဦးရာဇတ်၊ ၀န်ကြီးဦးရာရှစ်နှင့် ဦးဖေခင်(ပင်လုံ)တို့ အကြောင်းများကို အကျဉ်းဖော်ပြခဲ့ခြင်းဖြစ်ပါ တယ်။ အကျဉ်းချုပ်များကို ထပ်မံဖြော်ပလိုပါတယ်။

ဆရာကြီးဦးရာဇတ်အကြောင်းပြောရရင် “သူများကျောင်းက အိုင်စီအက်စ် တစ်ယောက် ထွက်ရင် ငါ့ကျောင်းက ဗြိတိသျှအစိုးရကို ပုန်ကန်မယ့်သူပုန် ဆယ်ယောက်ထွက်ရမယ် ”ကြုံးဝါးပြီး ဆရာကြီးရဲ့ မန္တလေးဗဟိုအမျိုးသားအထက်တန်းကျော င်းကမွေးထုတ်ေ ပးလိုက်တဲ့ သခင်ဗဟိန်း တို့လို နယ်ချဲ့ဆန့်ကျင်ရေးနဲ့ လွတ်လပ်ရေးအတွက် အသက်စွန့် တိုက်ပွဲဝင်ခဲ့တဲ့ နိုင်ငံ့ ခေါင်းဆောင်များ ကိုလေ့ကျင့်ပျိုးထောင်ပေးခဲ့တဲ့ဆရာကြီး၊ နယ်ချဲ့စနစ်ကို ဗွေဆော်ဦး ဆန့်ကျင် တိုက်ခိုက်ခဲ့တဲ့ ၁၉၂၀ပထမကျောင်းသားသပိ တ်မှာ တက်တက်ကြွကြွပါဝင်ခဲ့၍၊ ဘီအေဘွဲ့ကို ပါဠိဘာသာဖြင့် အောင်မြင်ပြီး၊ မဟာဝိဇ္ဇာတန်းတက်မည့်ဆဲဆဲ၊ မန္တလေးဗဟို အမျိုးသား အထက်တန်းကျောင်းကြီးကို တည်ထောင်ခဲ့သူ၊ မိမိကျောင်းရဲ့ဆောင်ပုဒ်က “အတ္တာဟိ အတ္တာနော နာထော” ဖြစ်ပြီး အမျိုးသားသီချင်းမဆိုရင် ကြိမ်လုံးနဲ့ရိုက်ပြီး အမျိုးသားရေးစိတ် သွတ်သွင်း ပေး တဲ့ဆရာကြီး၊ နိုင်ငံအကျော်အမော်ခေါင်းဆောင်များ၊ ၀န်ထမ်းများကို မွေးထုတ်ပေးတဲ့ ဆရာကြီး၊ ကျားဘငြိမ်းကဲ့သို့ နိုင်ငံ့ဂုဏ်ဆောင် လက်ဝှေ့အားကစားသမားများကို ပျိုးထောင်ပေးခဲ့သူ၊လူထုဒေါ်အမာ၊အမ်အေဒေါ်အုန်းကဲ့သို့ထူးချွန်ထက်ြမက်တဲ့အမျိုးသမီးခေါင်း ဆောင်များကိုပြုစုပျိုးထောင်ပေးခဲ့သူ၊တိုင်းပြည်အတွက်ကိုယ်ကျိုးစွန့်ပြီးလွတ်လပ်ရေးယဇ်ပလ္လင် တွင်သွေးနှင့်စတေးခံရရှာသောအာဇာနည်ဆရာကြီးဦးရာဇ တ်အကြောင်းပြောလျှင်မကုန်ဆုံး နိုင်ဘွယ်ရာဖြစ်တော့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူတူ သေပွဲဝင်ခဲ့တဲ့ အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကို ဗိုလ်ချုပ်က ရွေးခဲ့တာပါ။

ဗိုလ်ချုပ်အောင်ဆန်းရွေးချယ်ခဲ့တဲ့နောက်ပုဂ္ဂိုလ်က ၀န်ကြီးဟောင်းဦးရာရှစ်၊ ၁၉၃၆ ခုနှစ် သပိတ်ကစပြီး ဗိုလ်ချုပ်အောင်ဆန်းသေသည့် တိုင်အောင် လက်တွဲချင်တဲ့ပုဂ္ဂိုလ်၊ စစ်ကြီး အတွင်း မှာ အိန္ဒိယကို ရောက်နေတဲ့ ဦးရာရှစ်ကို အိန္ဒိယ၀န်ကြီးချုပ် ဂျဝါဟလာနေရူးထံ စာရေး အကြောင်းကြားပြီး မြန်မာပြည်ကို ဗိုလ်ချုပ်အောင်ဆန်းက ပြန်ခေါ်ခဲ့တဲ့ ပုဂ္ဂိုလ်၊ ၁၉၃၆ ဒုတိယကျောင်းသားသပိတ်ရဲ့ အသက်ဝိဥာဉ်လို့ ဒေါက်တာမောင်မောင်ရဲ့ ချီးကျူးခံရတဲ့ ပုဂ္ဂိုလ်၊ ၁၉၃၁ ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (RUSU) ရဲ့ ပထမဦးဆုံးသော အတွင်းရေးမှူးး ၁၉၃၆ ရ.က.သနဲ့၊ ဗ.က.သ ရဲ့ ပထမဆုံး တစ်ပြိုင်တည်း ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့သူ၊ ဒု-ကျောင်သားသပိတ်အပြီး၊ တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီသို့ စေလွှတ်ခံရတဲ့ ပထမဦးဆုံးသော ကျောင်း သားကိုယ်စားလှယ်၊ ၁၉၃၉ ဗမာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်၏ လူငယ်များ ညီလာခံက တင်မြှောက်တဲ့ ဥက္ကဌ၊ လွတ်လပ်ရေးရယူစဉ်က ရခိုင်မြောက်ပိုင်းကို အရှေ့ပါကစ္စတန် နယ်ထဲပါမသွားအောင် မြန်မာနိုင်ငံ နယ်နိမိတ်ကို ကာကွယ်ခဲ့သူ၊ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မတီဝင်၊ လွတ်လပ်ရေးရယူစဉ်က အိန္ဒိယရဲ့ အကြွေးတွေ ကို ဖြေရှင်းပေးခဲ့တဲ့ ပုဂ္ဂိုလ်၊ (၁၉၅၂-၅၄) ပြည်သူ့အိုးအိမ်ပြန်လ ည်ထူထောင်ရေးနှင့် အလုပ်သမားဝန်ကြီး၊ (၁၉၅၄-၅၆) ကုန်သွယ်မှုတိုးတက်ရေးနှင့် အလုပ်သမားဝန်ကြီး၊ (၁၉၅၆-၅၈) အလုပ်သမားနှင့် သတ္ထုတွင်း ၀န်ကြီး၊ (၁၉၅၈-၆၀) သတ္တုတွင်းဌာန၀န်ကြီး၊ ၁၉၆၁ ၊ ဂျနီဗာ ၄၅ ကြိမ်မြောက် နိုင်ငံတကာ အလုပ်သမားညီလာခံသဘာပတိ၊ ရန်ကုန်တက္ကသိုလ်တွင် ၁၅ နှစ်ခန့် ကောင်စီဝင်၊ မန္တလေး တက္ကသိုလ်ရဲ့ ပထမဦးဆုံး အဓိပတိ၊ ကုရ်အာန်မြန်မာဘာသာပြန်ကို ဦးဆောင်ကြိုးပမ်းခဲ့သူ စသည့် ဂုဏ်ပုဒ်များစွာနဲ့၊ နိုင်ငံ့အကျိုးကို သည်ပိုးထမ်းဆော င်ခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရွေးခဲ့တဲ့နောက်ပုဂ္ဂိုလ် တစ်ဦးကတော့ မဟာသရေစည်သူ ဦးဖေခင် (နိုင်ငံ့ဂုဏ်ရည်ပထမဆင့်) နိုင်ငံတော်က ချီးကျူးးဂုဏ်ပြုခံရသူဖြစ်ပါတယ်။ ဖဆပလ အဖွဲ့ချုပ်၊ နယ်ခြားဒေသဌာနခွဲအတွင်းရေးမှူးအဖြစ် ဗိုလ်ချုပ်အောင်ဆန်းက တာဝန်ပေးအပ်ခဲ့ ပါတယ်။

“ကိုဖေခင်ဟာပျော်ဘွယ် ဇာတိဖြစ်တယ်။သူဟာရန်ကုန်တက္ကသိုလ်ဘွဲ့ရတဲ့ ကျောင်းသားတစ်ဦးဆိုတော့ သူ့နောက်မှာ ဘီအေ၊ ဘီအယ်လ်၊ ဘာညာဆိုတဲ့ ဘွဲ့နဲ့ပေါ့ဗျာ၊ ဒါပေမဲ့ ကျုပ်က ဒါတွေကို သိပ်အရေးကြီးတယ်လို့ မယူဆပါ ဘူး။ကျုပ်အသုံးချဖို့ရှိ လို့ရွေးထားတာပါ။ အဲဒါကတော့ အခြားမဟုတ်ပါဘူး ။ တောင်တန်းဒေသ ရှိလူမျိုးစု များကို ပြည်မနှင့် ပေါင်းဖို့စည်းလုံးညီညွတ်တဲ့ ဗမာနိုင်ငံကြီး ပေါ်ပေါက်လာေ ရးအတွ က် ဆောင်ရွက်ဖို့ပါပဲ။ ဒါကိုလည်း သူ့အနေနဲ့ အောင်အောင်မြင်မြင်ဆောင်ရွက်နေပါပြီ။ ” လို့ ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့ဘူးပါတယ်။

အမှန်တကယ်တော့ ၁၉၄၆ ခုနှစ်၊ ရွှေတိဂုံအလယ်ပစ္စယံ ဖဆပလညီလာခံကြီး သည် ပင်လုံစာချုပ်ရဲ့ အသဲနှလုံးဖြစ်သကဲ့သို့၊ အဲဒီညီလာခံကြီးမှာ ဦးဖေခင်တင်သွင်းတဲ့ အဆိုမှတ်-၇ (ပြည်နယ်/ပြည်မပူးပေါင်းရေးအဆို) မှာ ထိုညီလာခံကြီးရဲ့ အသဲနှလုံးဖြစ်လာခဲ့ပါ တယ်။ အဲ့ဒီအဆိုကို ဦးဖေခင်တင်သွင်းစဉ် “နယ်ခြားဒေသ” မပါသော လွတ်လပ်ရေးသည် အဆီ အနှစ်ကင်းမဲ့သည့် အောင်မြင်မှုသာဖြစ်သည်။ ဟူသော သဘောထားကို ထည့်သွင်းပြောကြားခဲ့ပါ တယ်။ ထိုသဘောထားမှာ ဖဆပလအဖွဲ့ချုပ်က တောင်တန်းသားများ (ထိုစဉ်က အသုံးအနှုန်း)အပေါ်ထားသော တရားဝင် သဘောထား အမြင်ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သဘောထားအမြင်နဲ့ ထပ်တူထပ်မျှပါပဲ။ ဦးဖေခင်သည် ဗမာမွတ်စလင်ကွန်ဂရက် (ဗ.မ.က) ဒု-ဥက္ကဌဖြစ်ပြီး၊ အဲ့ဒီညီလာခံကြီးကို ဗ.မ.က ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ပါတယ်။

ပင်လုံစာချုပ်ချုပ်ဆိုရာလည်း လွယ်လွယ်ကူကူမဟုတ်ပါ။ လိပ်ခဲတည်းလင်းဖြစ်နေတဲ့ အခြေအနေမှာ ဗိုလ်ချုပ် ရန်ကုန်သို့ ပြန်ရန် လေယာဉ်ပျံ စီစဉ်ခိုင်းတဲ့ အခြေအနေ အ ထိ ရောက်နေ ဆဲမှာ ဦးဖေခင်နဲ့ ဗိုလ်ချုပ်ရဲ့ အပါးတော်မြဲ ဗိုလ်ထွန်းလှတို့က ဗိုလ်ချုပ်ကိုဖြောင်းဖြခဲ့ကြပြီး၊ ပင်လုံ စာချုပ်ချုပ်ဖြစ်အောင် ရှမ်းခေါင်းဆောင်များ၊ အခြားတိုင်းရင်းသားများနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြ ပါတယ်။ အဲဒီတော့မှ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) နေ့ နံနက် (၁၁)နာရီအချိန်မှာ သမိုင်းတွင်တဲ့ ပင်လုံစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုခဲ့ကြတာပါ။ အဲဒီ ပင်လုံစာချုပ်သည် အောင်ဆန်း-အက်တလီစာချုပ်ရဲ့ အသဲနှလုံးလို့လည်း ဆိုနိုင်ပါတယ်။ ဒါကြောင့် ပင်လုံစာချုပ်ကို အခြေခံပြီး၊ မြန်မာ့လွတ်လပ်ရေးကို ရယူခဲ့ကြတယ်လို့ဆိုနိုင်ပါတယ်။

“ ဦးဖေခင်သည် ဖဆပလ အဖွဲ့ချုပ်နှင့် ကျွန်တော်တို့ ရှမ်းပြည်လွတ်လပ်ေ ရးအဖွဲ့ချုပ်ြ ကား တွင်အောင်သွယ်ကြီး သဖွယ်ဆောင်ရွက်ခဲ့ကြောင်း ”ရှမ်းခေါင်းဆောင် ဦးတင်ဧ (နောင်နိုင်ငံတော် ကောင်စီဝင်အငြိမ်းစား) က ချီးကျူးခဲ့သလို “ဦးဖေခင်သ ည် ရွှေတိဂုံအလယ် ပစ္စယံ ညီလာခံကြီးမှသည် ၁၂-၂-၄၇ နေ့ ပင်လုံစာချုပ်လ က်မှတ်ရေးထိုးချုပ်ဆိုပြီး သည်အထိ သူကိုယ်တိုင်တောက်လျှောက် တိုင်းရင်းသားစည်းလုံးညီညွတ်မှုတည်ဆောက်ရေး ကြိုးပမ်းမှု တွင် ပါဝင်ခဲ့ကြောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ အပါးတော်မြဲအတွင်းဝန်ဟောင်း ဗိုလ်ထွန်းလှ (တက္ကသိုလ်နေ၀င်း)နိုင်ငံဂုဏ်ရည်ပထမဆင့်ကလည်းထောပနာပြုခဲ့ပါတယ်။ဗိုလ်ချုပ်အောင် ဆန်းရွေးခဲ့တဲ့ သံအမတ်ကြီး (အငြိမ်းစား) မဟာသရေစည်သူ ဦးဖေခင် (နိုင်ငံဂုဏ်ရည်ပထမဆင့်) သည်ဂုဏ်ပုဒ်များနဲ့ထိုက်တန် သူအဖြစ်နိုင် ငံတာဝန် များကိုစွမ်းစွမ်းတမံထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

အဲဒီပင်လုံစာချုပ်ဟာ ဘယ်လောက်အရေးပါသလဲဆိုရင် ပင်လုံစာချုပ် ကပေါ်ပေါက်လာ တဲ့ “ပင်လုံစိတ်ဓါတ်”ကိုအခြေခံပြီး၊ယ ခုပဉ္စမမြန် မာနိုင်ငံတော်စည်းလုံးညီညွတ်ေ ရးကိုတည်ဆောက် ကြရမှာဖြစ်ပါတယ်။

NLD ဘယ်လို ပုဂ္ဂိုလ်တွေကို ရွေးချယ်မလဲ ?
———————————–
အစိုးရတစ်ရပ်ဖွဲ့စည်းရတာမလွယ်ကူကြောင်းမကြာခင်ကNLDကထုတ်ဖော်ပြောကြားခဲ့ပါတယ်။ကမ္ဘာ့နိုင်ငံအသီးသီးတွင်စနစ်ဟောင်းတစ်ရပ်မှစနစ်သစ်တစ်ရပ်သို့အသွင်ကူးပြောင်း ရာတွင်စနစ်ဟောင်းကအမျှင်တန်း၍ ပါလာတတ်ပါတယ်။ ယတိပြတ် ပြောင်း လဲခြင်းမျိုးမဖြစ်နိုင်ပါ။ ဒီမိုကရေစီအသွင်ပြောင်းရာတွ င်စေ့စပ်ညှိနှိုင်းမှု များသ ည်အလွန် အရေးပါပါတယ်။ အာဏာရှင်စနစ်မှဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရာတွင် အာဏာရှင်များနှင့်စေ့စပ်ညှိနှိုင်း မှုများပြုလုပ်ရန်လိုအပ်လာပါတယ် ။အတိုက်အခံ များဘက်ကသြဇာတိက္ကမနှင့်ပြည့်စုံသောခေါင်း ဆောင်ကောင်းများလိုအပ်ပါတယ်။အတိုက်အခံများဖက်မှလည်းတစ်သံတည်းထွက်ရန် အရေးကြီးပါတယ် ။အသွင်ကူးပြောင်းေ သာအာဏာရှင်နိုင်ငံများအနက်အင်ဒိုနီရှား၊တောင်အာ ဖရိက၊လက်တင်အမေရိက ၊တူရကီ၊ဆားဘီးယားနိုင်ငံများတွင်ထင်ရှားသောသာဓကများရှိပါတယ် အာဏာရှင်များအနေဖြင့်လည်းထိုသို့စေ့စပ်ညှိနှိုင်းဆွေးနွေးရ န်လိုအပ်ကြောင်း အသိအမှတ်ပြုကြရပါမယ်။ထိုနည်းလမ်းကို မရွေးချယ်လျှင် ထိပ်တိုက်ရင်ဆိုင်ရေး လမ်းကြောင်းသို့ရောက်ရှိ သွားမည်ဖြစ်ကြောင်းနှစ်ဖက်စလုံး ကသိရှိကြရပါမယ်။ စေ့စပ်ဆွေးနွေးရာတွင်တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပုံသေကားချပ် မတူညီနိုင်ပါ။

ယခုမြန်မာနိုင်ငံတွင်တွေ့ကြုံနေရသောစိန်ခေါ်မှုများသည်ကမ္ဘာပေါ်တွင်အတိတ်က အာဏာရှင်နိုင်ငံများတွေ့ကြုံ ရင်ဆိုင်ခဲ့ရသည်များနှင့်ဆင်တူနေကြောင်းနိုင်ငံရေးသိပ္ပံပညာရှင် ဖရန်းစစ်ဖူကူးယားမားက ရေးသားခဲ့ပါတယ်။ယခင် ချီလီသမ္မတMr.Ricard Lagosမြန်မာနိုင်ငံသို့ လာရောက် လည်ပတ်စဉ် ချီလီနိုင်ငံတွင်အာဏာရှင်စနစ် မှအရပ်သားအုပ်ချုပ်ရေး စနစ်သို့ပြောင်းလဲခဲ့ပုံအကြောင်းရှင်းပြခဲ့ပါတယ်။ ချီလီအာဏာရှင်ပီနိုချေးနှင့်လက်တွဲ၍ စစ်တပ်အုပ်ချုပ်ရေးစနစ်မှအရပ်သား ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်သို့ အသွင် ကူးပြောင်းခဲ့ကြောင်း ပြောပြခဲ့တယ်။

တပ်မတော်အတွက် သာမက ဒီမိုကရေစီ အင်အားစုများ အတွက်ပါကောင်းသော အသွင် ကူးပြောင်း ခြင်းဖြစ်ရန် အရေးကြီးကြောင်း Mr. RicardoLagosက ပြောကြားခဲ့ပါတယ်။

“ရန်သူတော်တစ်ဦးနှင့် ငြိမ်းချမ်းရေးရယူလိုသော်၊၄င်းနှင့် အတူ လက်တွဲလုပ်ကိုင်နို င်စွမ်း ရှိရမည်။ ယင်းသို့ လုပ်ကိုင်ခြင်းဖြင့် သင့်ရန်သူဟောင်းသည် သင်၏ လုပ်ဖော်ကိုင်ဖက်ဖြစ်လာပေမည်။” လို့ နယ်လ်ဆင်မင်ဒဲလားက ပြောဘူးပါတယ်။

ယခုမြန်မာနိုင်ငံတွင်စည်းကမ်းပြည့်ဝသောဒီမိုကရေစီစနစ်မှဒီမိုကရေစီဖယ်ဒရယ် ပြည်ထောင်စုစနစ်သို့ကူးပြောင်းရာမှာလက်ရှိအာဏာရပုဂ္ဂိုလ်များအထူးသဖြင့်တပ်မတော်နဲ့ အသေအချာစေ့စပ်ဆွေးနွေးညှိနှိုင်းချက်အပေါ်အခြေခံ၍အစိုးရဖွဲ့စည်းရန်သင့်တော်သော ပုဂ္ဂိုလ်များကို ရွေးချယ်ရပါမယ်။ ဒါကပထမအချက်ပါ။

ဒုတိယအချက်ကအမျိုးသားပြန်လည်သင့်မြတ်ရေး၊ရင်ကြားစေ့ရေး၊ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို တိုင်းရင်းသားများနဲ့ လက်တွဲဆောင်ရွက်ရမှာဖြစ်လို့ တိုင်းရင်းသားများကိုလည်း အစိုးရအဖွဲ့ထဲမှာ ထည့်သွင်းရန်လိုအပ်ပါတယ်။

တတိယအချက်ကNLDမှသင့်တော်သောပုဂ္ဂိုလ်များကိုအမာခံထားပြီးအစိုးရအဖွဲ့ထဲမှာ ထည့်သွင်းသင့်ပါတယ်။

စတုတ္ထအချက်ကတတ်/သိပညာရှင်များကိုသင့်တော်ရာအစိုးရအဖွဲ့ဝန်ကြီးဌာနများမှာ တာဝန်ပေးအပ်ခြင်းဖြင့် နိုင်ငံအနေနဲ့ ဘက်စုံက တိုးတက်ဖွံ့ဖြိုးလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ပညာရှင်များကို ဒု-၀န်ကြီးများကဲ့သို့ Technocrats များမဖြစ်စေချင်ပါ။
ပဉ္စမအချက်ကလူနည်းစုများကိုလည်းမခွဲခြားဘဲ၊ပါဝင်ဖွဲ့စည်းစေခြင်းဖြင့်ဘက်စုံ၊ ဒေါင့်စုံများအကြောင်းအရာများကိုထိတွေ့၊သိရှိခြင်းအားဖြင့်Unity in diversity မတူကွဲပြားမှုများဖြင့်စည်းလုံးခိုင်မာသောပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မှာဖြစ် ပါတယ်။

အစိုးရ ဖွဲ့စည်းရန်ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်နဲ့ နိဂုံးချုပ်ဖော်ပြလိုပါတယ်။

“There are two sorts of things : Efficiency and Inefficiency, and two sorts of people: The efficient and the inefficient. (George Bernard Shaw)

“အရည်အချင်းရှိခြင်းနဲ့ အရည်အချင်းမရှိခြင်းဆိုတဲ့ အကြောင်းအရာ (၂) မျိုးရှိတယ်။ လူတွေမှာလည်း အရည်အချင်းရှိသူနဲ့ အရည်အချင်းမရှိသူဆိုပြီး (၂) မျိုးပဲရှိတယ်။”

ဒေါ်အောင်ဆန်းစုကြည်လည်း အဲဒီလိုပြောဘူးပါတယ်။ NLD စတင်ဖွဲ့စည်းစဉ်ကလောက် ဖြစ်မည်ထင်ပါတယ်။ယခုလည်း အရည်အချင်းပြည့်ဝသူများကို ဦးစားပေးဖို့ မူသဘောသတ်မှတ်သင့်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက အထက်ပါအတိုင်း သင့်တော်သောပုဂ္ဂိုလ်များကို လူမှန်၊ နေရာမှန် ရွေးချယ်ခဲ့ပါတယ်။ ယခု NLD က ဘယ်လို ပုဂ္ဂိုလ်တွေ ကို ရွေးချယ်မလဲ?

အားလုံးကို ကျေးဇူးတင်ပါတယ်။

ခင်မောင်ချို

လူမှန်နေရာမှန် (အပိုင်း – ၁)
http://www.m-mediagroup.com/news/50534

လူမှန်နေရာမှန် (အပိုင်း -၂)
http://www.m-mediagroup.com/news/50599

ဦးရာရှစ်- လူမှန်နေရာမှန် (အပိုင်း -၃)
http://www.m-mediagroup.com/news/51004

Leave a Reply