သီတင်းပတ် ၅ပတ်ကြာ ရေလွှမ်းမိုးခံလိုက်ရသော ပါကစ္စတန် ရေဘေး ကူညီရေးအတွက် မွတ်စလင်နိုင်ငံများ ၊မွတ်စလင်လူ မှုကူညီရေးအဖွဲ့စည်းများက အမေရိကန်ဒေါ်လာ ၁ဘီလီယံ လှုဒါန်းမည်ဟု ကတိပြုလိုက်ကြပါသည်။ အစ္စလာမ်နိုင်ငံများ ညီလာခံအဖွဲ့ OIC အကြီးအကဲ အက္ကမီလဒ္ဒင်း အဲဟ်ဆန်နိုလူမှ ယင်းငွေကြေးများကို ပါကစ္စတန် ရှိ မည်သည့် အဖွဲအစည်းထံပေးပို့မည်ဟု ထုတ်ဖေါ်မပြောကြားခဲ့သော်လည်း လှုဒါန်သူများက သူတို့၏ ကတိ က၀တ်ကို ချက်ချင်းအကောင် အထည်ဖေါ်မည်ဖြစ်ကြောင်း ဆိုခဲ့သည်။ ပါကစ္စတန် ၀န်ကြီးချုပ် ယူစွဖ် ရာဇာ ဂီလာနီက ပါကစ္စတန်သို့ပေးပို့လှုဒါန်းသော အထောက်အပံ့များ ကို နိုင်ငံတော် အစိုးရထက် NGOများသို့ ပေးအပ်နေခြင်းပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချထားပြီး ပေးပို့လှုဒါန်သည့် ငွေကြေး ၈၀%သည် အမှန်တကယ် ဒုက္ခရောက်နေသူများထံမရောက်ပဲ NGOများ၏ အိတ်ကပ်ထဲသို့ ရောက်နေရကြောင်း အစောပိုင်းတွင် ဝေဖန်ခဲ့သည်။ ပါကစ္စတန်သမိုင်းတွင် အဆိုးဝါးဆုံး ဖြစ်ခေဲ့သော ယင်းရေးဘေးဒဏကို လူပေါင်း ၁၇သန်းကျော် ထိခိုက်ခဲ့ရာပြီး နေအိမ်ပေါင်း .၂သန်းကျော် ပျက်စီးခဲ့ရသည်။ ယင်းရေဘေးသည် ဟေတီငလျင်၊ အင်ဒိုနီရှား ဆူနာမီ စသည့် သဘာဝဘေးအန္တရယ်များထက် ပိုမိုဆိုးဝါးခဲ့ကြောင်း လေ့လာသူများကဆိုပါသည်။ Al jazeerah
Author: admin
-
၂၀၁၀ ခုနှစ်အတွက် TIME မဂဇင်းကရွေးချယ်သော သြဇာကြီးမားသူ၁၀၀ စာရင်းဝင် မွတ်စလင်များ
ကမ္ဘာကျော် TIMEမဂဇင်းကြီးက ကမ္ဘာသြဇာကြီးမားသူ ၁၀၀စာရင်းကို နိုင်ငံခေါင်းဆောင်၊ အတွေးအခေါ်ရှင်၊ အနုပညာရှင်၊ ဆေးပညာရှင်၊စီးအီးအို စတဲ့ ဂဏ္ဍအလိုက်ပြုစုထုတ်ပြန်ခဲ့ပါတယ် ဒီနှစ်မှာတော့ နိုင်ငံခေါင်းဆောင်၊ အနုပညာရှင်၊ အတွေးအခေါ်ပညာ နှင့် သာမန်ပြည်သူ ဆိုပြီး ဂဏ္ဍ၄ခုခွဲရွေးချယ်ခဲ့ရာ ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်တွေလည်း ပါဝင်ခဲ့ပါတယ် ၂၀၁၀နှစ်ရဲ့ သြဇာကြီးမားသူ ၁၀၀စာရင်းဝင် မွတ်စလင်တွေ ကို TIME မဂဇင်းကြီးက ဘယ်လို ဘယ်ပုံ ရွေးချယ်ခဲ့သလဲဆိုတာ ကိုတင်ပြပေးလိုက်ပါတယ်။
-
အစ္စရေးနဲ့ ပတ်သက်ပြီး မီဒီယာများကလိမ်လည်ထားတဲ့ အချက်၁၀ ချက်
ဘယ်ဂျီယမ်စာရေးဆရာ၊ ဂျာနယ်လစ် ဖြစ်သူ Michel Collon က အစ္စရေးနဲ့ ပတ်သက်ပြီး ဆယ်စုနှစ်ချီ ကမ္ဘာကို လိမ်လည် ခဲ့တဲ့ ဥရောပမီဒီယာတွေ အကြောင်း ဝေဖန်ပြစ်တင် ရေးသားထားတဲ့Israel, let’s talk about it,အမည်ရ စာအုပ်ကိုရေးသား
ထုတ်ဝေခဲံပါတယ်။သူ့စာအုပ်မှာ ပါရှိတဲ့ အနောက် မီဒီယာများရဲ့ အလိမ်အညာ ၁၀ ခုအကြောင်း ကို ဖေါ်ပြပေးလိုက်ပါတယ်။၁။ ပထမ လိမ်လည်ထားတဲ့ အချက်ကတော့ ဒုတိယ ကမ္ဘာစစ်အတွင်းဂျုးတွေအစုလိုက် အသတ်ခံလိုက် ရတဲ့အတွက် အစ္စရေးနိုင်ငံကိုထူထောင်ပေးခဲ့တယ် ဆိုတာပဲ.. ဒါက မှားယွင်းနေပါတယ်..အမှန်တကယ်က ၁၈၉၇ မှာ ဆွစ်ဇလန်နိုင်ငံဘရပ်ဆဲလ်မှာကျင်းပတဲ့
ပထမအကြိမ် ဇီယွန်ကွန်ဂရက် အစည်းဝေးကတည်းက ဂျူးအမျိုးသားရေးဝါဒီတွေဟာ ပါလက်စတိုင်းကို လွှမ်းမိုး သိမ်းပိုက်ဖို့ ထောက်ခံအတည်ပြုပေးခဲ့တာပါ.၂။ ဒုတိယလိမ်လည်တာကတော့ အေဒိ ၇၀ခုအတွင်းက မောင်းထုတ်တာခံလိုက်ရတဲ့ သူတို့ရဲ့ဘိုးဘေးသီဘင်တွေရဲ့နယ်မြေကို ပြန်လည်သွားရောက်နေထိုင်တာဖြစ်လို့ အစ္စရေးနိုင်ငံထူထောင်တာဟာ ဥပဒေကြောင်းအရ တရားဝင်တယ် လို့
ပြောနေခြင်းပါ။ဒါက အစစ်မှန်မဟုတ်ပါဘူး..ပုံပြင်ပါ ၊အရှိန်အ၀ါကြီးကျော်ကြားတဲ့ အစ္စရေး သမိုင်းပညာရှင် Shlomo Sand နဲ့အခြား
သမိုင်းသုတေသီတွေအားလုံးက အိတ်ဇိုးဒပ် လိုခေါ်တဲံ နယ်နှင်ပြောင်းရွေ့မှုဖြစ်ရပ် ဟာ မရှိခဲ့သလို သူတို့တွေ
မူရင်းနယ်မြေဆီပြန်လည် ၀င်ရောက်တာကလည်း အဓိပ္ပါယ်မရှိဘူးလို့ကျွန်တော်ကိုပြောပြခဲ့ပါတယ်..ရှေးခေတ်ကပါလက်စတိုင်းနယ်မြေ
တွေမှာနေထိုင်နေကြတဲ့သူတွေဟာ သူတို့နယ်မြေတွေကနေ ထွက်ခွါခဲ့တာလည်းမရှိခဲ့ပါဘူး။ပါလက်စတိုင်းမှာနေထိုင်ခဲ့ကြတဲ့
ဂျူးအနွယ်တွေကနေဆင်းသက်လာကြတဲ့သူတွေ ကလည်း လက်ရှိ မှာ ပါလက်စတိုင်းမှာနေထိုင်ကြတုန်းပါပဲ ။သူတို့တွေရဲ့
မူရင်းနိုင်ငံတွေဖြစ်တဲ့ အနောက်နိုင်ငံနဲ့ အရှေ့ဥရောပ မြောက်အာဖရိက နိုင်ငံတွေဆီ ပြန်နေ ထိုင် လိုတယ်လို့သူတို့ကတောင်းဆိုနေကြ ပါတယ။်
အစ္စရေး သမိုင်းပညာရှင် Shlomo Sand ပြောတာကတော့ ဂျူးနိုင်ငံဆိုတာမရှိပါဘူး ၊ဂျူးတွေမှာ တူညီတဲ့ သမိုင်း ဘာသာစကား
ယဉ်ကျေးမှုတွေမရှိပါဘူး သူတို့ကြားမှာတူတာဆိုလို့ ကိုးကွယ်တဲ့ဘာသာတရားပဲရှိတယ်..ဘာသာတရားတစ်ခုတည်းနဲ့
နိုင်ငံမထူထောင်နိုင်ပါဘူး လို့ ကျွန်တော်ကို ရှင်းပြခဲ့ပါတယ်..၃။တတိယလိမ်လည်တာက ဥရောပနဲ့ အနောက်နိုင်ငံတွေကနေ ဂျုးရွှေပြောင်းအခြေချသူတွေ ပါလက်စတိုင်းကိုရောက်လာတဲ့အဲဒီအချိန်မှာ
ပါလက်စတိုင်း ဟာ နယ်မြေခိုင်ခိုင်မာမာနဲံသတ်သတ်မှတ်မှတ်အခြေချ နေထိုင်တာမရှိဘူး လို့ဆိုတာကလည်း တတိယမြောက် လိမ်လည်တာပါ ..အမှန်တကယ်က ပါလက်စတိုင်းဟာ ၁၉ရာစုအတွင်းမှာ လက်ယာထွက်ကုန်တွေကို ပြင်သစ်အပါဝင် နိုင်ငံများစွာဆီကို တင်ပို့ခဲ့တယ်ဆိုတဲ့
သက်သေအထောက်အထားခိုင်ခိုင်လုံလုံရှိပါတယ်၎။စတုတ္ထမြောက် လိမ်တဲအချက်က…ပါလက်စတိုင်းတွေဟာ သူတိုရဲ့ ကိုယ်ပိုင်စိတ်ဆန္ဒနဲ့ သူတို့တိုင်းပြည်နယ်မြေ ကို စွန့်ခဲ့တာလို့
ဝါဒဖြန့်တယ်..ဒါပေမဲ့ အစ္စရေး သမိုင်းပညာရှင် Benny Morris. Ilen Pappe တို့ကတော့ ပါလက်စတိုင်းသားတွေကို သူတို့ရဲ့နယ်မြေတွေကနေ အဓမအကြမ်းဖတ်မောင်းထုတ်ခဲ့တာလို့ထုတ်ဖေါ်ပြောဆိုခဲ့ကြပါတယ်၅။ သူတို့တွေထပ်ပြောနေတာက အစ္စရေးဟာ အရှေ့အလယ်ပိုင်းက တစ်ခုတည်းသော ဒီမိုကရေစီနိုင်ငံဖြစ်တယ် ဒါကြောင့် ကာကွယ်ပေးရမယ်
လို့ဒီနေ့ဆိုနေကြတာပါ။ဒါပေမဲ့ကျွန်တော့် အမြင်အရဆိုရင် အစိုးရဥပဒေ တင်မက နယ်မြေကန့်သတ်မထား နယ်နမိတ်မျဉ်းမရှိတဲ့ အစိုးရက အုပ်စိုးနေကြတာပါ။ယနေ့ ကမ္ဘာပေါ်ရှိနိုင်ငံအားလုံးလိုလိုမှာ အခြေခံဥပေဒေအရ သတ်မှတ်ဖွင့်ဆိုထားတဲ့ နိုင်ငံ နယ်နမိတ်စည်မျဉ်းဆိုတာရှိပါတယ် ဒါပေမဲ့ ဒီလို မျိုးအစ္စရေးဥပဒေ မှာမရှိ ပါဘူး။တကယ်တမ်းတော့ အစ္စရေးက နယ်နမိတ်စည်ရှိုးမရှိတဲ့ နယ်ချဲ့ဝါဒီတွေပါ။ သူရဲ့ဥပဒေဆိုတာကလည်း လုံးဝကို လူမျိုးခွဲခြားရေးဝါဒပါ .. အစ္စရေးဥပဒေအရဆိုရင် အစ္စရေးဟာ ဂျူးတွေ အတွက်ပဲဖြစ်ရမယ် ဂျုးမဟုတ်တဲ့ အစ္စရေးနိုင်ငံသားဆိုရင် လူသားအဖြစ်နဲ့တောင်မစဉ်စားပါဘူး..ဒီလိုဥပဒေကဒီမိုကရေစီအနှစ်အသားနဲ့ကွဲလွဲနေတယ်..၆။နောက်ပြီး အစ္စရေးကိုကာကွယ်ပြီး အရှေ့အလယ်ပိုင်းရဲ့ ဒီမိုကရေစီကို အမေရိကန်က ကာကွယ်ဖို့ကြိုးစားမယ်လို့ဆိုကြပါသေးတယ်။ အမှန်က အစ္စရေးက အမေရိကန် နှစ်စဉ်ထောက်ပံ့ငွေ ဒေါ်လာ ၃ ဘီလီယံ နဲ့အိမ်နီနားချင်းတွေကို ဗုံးကြဲနိုင်တာဖြစ်တယ်။ အမေ၇ိကန် ရဲ့ အရှေ့အလယ်ပိုင်းမှာ ဒိမိုကေ၇းထူထောင်ရေးဆိုတာလည်း ရေနံကိုလက်ဝါးကြီးအုပ်နိုင်ဖို့ပဲဖြစ်ပါတယ်
၇။လိမ်လည်ထားတဲ့နောက်တစ်ချက်ကတော့ အမေ၇ိကန်က အစ္စရေးနဲ့ ပါလက်စတိုင်ကြားမှာ စေ့စပ်ဖြန်ဖြေပေးဟန်လုပ်ပြပါတယ်..ဒါကလုံးဝကို
မှားယွင်းနေတာပါ.. အကြောင်းကတော့ ဥရောပသမဂ္ဂ ရဲ့နိုင်ငံခြားဆက်ဆံရေးအကြီးကဲဟောင်း ဟာဘီယားဆိုလာနာအစ္စရေးကို
ရည်ညွန်းပြောသွားတာရှိပါတယ် .“ ခင်ဗျားတို့ဟာဥရောပသမဂ္ဂရဲ့ ၂၁ခုမြောက်နိုင်ငံဖြစ်ပါတယ်..”လို့ဆိုခဲ့တယ်.နောက်ပြီး
ဥရောပမှာရှိတဲ့လက်နက်ထုတ်လုပ်ရေး လုပ်ငန်ကြီးတွေက အစ္စရေးစစ်ဘက်လက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေနဲ့ပူးပေါင်းနေသလို
ပံ့ပိုးပေးနေပါတယ်။ဒါပေမဲ့ ပါလက်စတိုင်းတွေတရားဝင်ရွေးကောက်တင်မြှောက်ထားတဲ့ ဟားမတ်အစိုးရကို ဥရောပက အသိအမှတ်မပြုပါဘူး ဒါ့အပြင်သူတို့က ၂၀၀၈က ဂါဇာတိုက်ခိုက်မှုကိုတောင် မီးစိမ်းပြလိုက်ပါသေးတယ်၈။နောက်ထပ်အချက်က ဘယ်သူမဆို အစ္စရေးနဲ့ပါလက်စတိုင်းနဲ့ပတ်သက်ပြီးဒီ အချက်တွေကိုပြောမယ်၊ ဒီဒေသက အမေရိကန်အကျိုးစီးပွါးကို ထောက်ပြမယ်ဆိုရင် ပြောဆိုထောက်ပြတဲ့သူကိုလူမျိုးရေးဆန့်ကျင်သူ လို့အသံမထွက်နိုင်အောင်သူတို့က ပြောဆိုဝေဖန်ကြမယ် ဒါပေမဲ့ ကျွန်တော်တို့တွေ အစ္စရေးကိုဝေဖန်ရဲသင့်တယ် ဒါဟာ လူမျိုးရေးမုန်းတီး အောင်လုပ်တာမဟုတ်ပါဘူး မွတ်စလင် ၊ခရစ်ယာန်၊ဂျူး တို့မှာ
တူညီတဲ့အခွင်အရေးရှိတယ်လိုမမြင်တဲ့ ဘာသာတရားနောက်လိုက်တွေအကြားငြိမ်းချမ်းရေးကိုဖျတ်ဆီးနေတဲ့ အစိုးရကို
ရှုတ်ချရမယ်၉။နောက်ထပ် အလိမ်အညာက အနောက်တိုင်း မီဒီယာတွေကနေယနေ့ ပဋိပက္ခ၊ပြဿနာ အရပ်ရပ် ကို လှုံ့ဆော်နေတဲ့သူတွေ ဟာ
ပါလက်စတိုင်း တွေပဲလို့ စွပ်စွဲဖေါ်ပြကြတယ် ၊ဒါကို ကျွန်တော်တို့ကအစ္စရေးတွေသိမ်းပိုက်မှုကပဲ ပဋိပက္ခပြဿနာတွေ ဖြစ်ပေါ်စေတာကို
ပြောဆိုရမယ် ။ ပါလက်စတိုင်းတွေရဲ့အခွင့်အရေး၊နဲ့နယ်မြေတွေကိုခိုယူသိမ်းပိုက်ထားတဲ့ မူဝါဒက ပဲ ပြဿနာတွေကို ဖြစ်ပေါ်စေတယ်ဆိုတာကို ပြောဆိုရမယ်။၁၀။ နောက်ဆုံးကတော့ ပါလက်စတိုင်း-အစ္စရေး ပြဿနာမှာ အစ္စရေးနဲ့သူရဲ့ကြံရာပါတွေရဲ့လုပ်ရပ်တွေက နေဖြစ်ပေါ်စေတဲ့ အမုန်းတရား
ရန်ငြိုးအာဃာတ တွေကြောင့် ဒီပြဿနာအကျပ်အတည်း ကိုဖြေရှင်ပေးနိုင်မဲ့လမ်းစ အဖြေမရှိဘူး ဖြစ်နေတယ်အဖြေတစ်ခုတော့ရှိပါတယ်။ လူထုဖိအားနဲ့အစ္စရေးနဲ့ အမေရိကန်၊ဥရောပ၊နဲ့ကမ္ဘာတ၀ှမ်းမှာရှိတဲ့ ကြံရာပါတွေအပေါ်မှာ ဒီဖြစ်စဉ်ကို
ရပ်တန့်သွားအောင် လူထုကနေ ဖိအားပေးရပါမယ်.. မီဒီယာတွေကိုလည်းအဖြစ်မှန်တွေ ထုတ်ဖေါ်တင်ပြကြဖို့က လည်းဖိအားပေးရပါမယ်.. အင်တာနက်.နဲ့အခြားသတင်းမီဒီယာတွေကနေ လည်းပါလက်စတိုင်းအရေးကို တင်ပြသွားရမှာဖြစ်တယ်။from myanmarmuslim.net
-
ကအ်ဗာဟ်ဝတ်ကျောင်း အိမာမ်ရှေ့ဆောင် ရှိုခ်ဆိုဒိုင်းစ် ၏ ဗြိတိန်ခရီး
ကအ်ဗာဟ်ဝတ်ကျောင်းတော်၏ အထင်ကရအိမာမ်ရှေ့ဆောင်ဖြစ်သူ ရှိုခ် အဗ္ဗဒူလ် ရဟ်မာန် အလ် ဆုဒိုင်းစ် သည် ဗြိတိန်နိုင်ငံ သို့အလည်ပတ်ရောက်ရှိခဲ့သည်။ ရှိုခ် ဆိုဒိုင်းစ်သည် ဘလက်ဘမ် လန်ကတ်စ်ရှိုင်းယားတွင် ကာတာတော်ဝင်မိသားစု၏ လှုဒါန်းငွေဖြင့်ဆောက်လုပ်နေသော သောင်ဟီဒ်ဒွလ်အစ္စလာမ် ဗလီကြီးတွင် ဗြိတိန်မွတ်စလင်များအား ခွသ်ဗဟ် မိန်ခွန်းပြောကြားခဲ့သည်။
အစ္စလာမ်က လူသားအကျိုးစီးပွါးရဲ့ အကာကွယ်ပါ၊ ဆိုးမှုအထွေထွေကို ဟန့်တားပေးတဲ့ အဟန့်အတားပါ၊ လူမှုအဖွဲအစည်း အားလုးံကို ပေါင်းကုးပေမဲ့ တံတားတစ်စင်းပါ ယနေ့ကမ္ဘာကြီးက အစ္စလာမ်နဲ့ မွတ်စလင်တို့အပေါ်အထင်အမြင်လွဲမှားကာ ကြောက်ရွံနေ မသင့်ပါဘူး အစ္စလာမ်ဟာ ငြိမ်းချမ်းရေး၊ စာနာဂရုဏာ နဲ့ သဘောထားကြီးမှုတွေ ကို ဆောင်ကြဉ်းလာတဲ့ သာသနာဖြစ်သာဖြစ်ပါတယ်ဟု ပြောဆိုခဲ့ သည်
(more…)