News @ M-Media

Author: editor

  • မြန်မာနိုင်ငံမှ မွတ်စ်လင်မ်များရဲ့ ၀ါကျွတ်(အီးဒ်) ပွဲတော်နေ့

    မြန်မာနိုင်ငံမှ မွတ်စ်လင်မ်များရဲ့ ၀ါကျွတ်(အီးဒ်) ပွဲတော်နေ့

    ဇူလိုင် ၅ ၊ ၂၀၁၆
    M-Media
    133695783_14125794092911n
    အစ္စလာမ်သာသနာဝင် ကမ္ဘာ့မွတ်စ်လင်မ်များအဖို့ နှစ်စဉ်နှစ်တိုင်း ဥပုသ်လအပြီး နောက်တစ်ရက်မှာ အာရဗီလို “အီးဒုလ် ဖိသ်ွရ်” လို့ခေါ်တဲ့ ၀ါကျွတ်ပွဲတော်ကို ကျင်းပကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အများအားဖြင့် တစ်ရက်သာ ကျင်းပကြပေမယ့် ၂ ရက် သို့မဟုတ် ၃ ရက်ထိ ပြုလုပ်ကျင်းပတဲ့ နေရာဒေသအချို့လည်း ရှိပါတယ်။

    ဒီနေ့ကို အစ်နေ့ သို့မဟုတ် အစ်ကလေး သို့မဟုတ် စမိုင်/ရှမိုင်အစ် လို့ အလွယ်တကူ ခေါ်ဆိုတတ်ကြတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့ကို အများပြည်သူအားလပ်ရက်အဖြစ် သတ်မှတ်ပေးခြင်း မရှိသော်လည်း လုပ်ငန်းရှင်အများစုကတော့ မွတ်စ်လင်မ်လုပ်သား ၀န်ထမ်းတွေအပေါ် နားလည်မှုပေးပြီး လိုလိုလားလား ခွင့်ရက် ပေးလေ့ရှိကြပါတယ်။ တစ်ချို့ဆိုရင် လစာ မဖြတ်တောက်တဲ့အပြင် မိမိတို့ရဲ့ မွတ်စ်လင်မ်ဝန်ထမ်းများဆီကို အခြားဘာသာဝင် ၀န်ထမ်းများနဲ့အတူ အလုပ်ချိန်မှာပင် တကူးတက အချိန်ယူ သွားရောက်လည်ပတ် အားပေးလေ့ရှိပါတယ်။ သိပ်ချစ်စရာကောင်းတဲ့ ဓလေ့တစ်ခုပါ။

    မြန်မာနိုင်ငံမှာ တစ်မျိုးတည်းသော ဆုံးဖြတ်ချက် ပေးစွမ်းနိုင်တဲ့ တစ်ခုတည်းသော အစ္စလာမ့်အဖွဲ့အစည်း ဆိုတာ မရှိတာကြောင့် အီးဒ်နေ့ သို့မဟုတ် ရမဿွာန်(ဥပုသ်ဆောက်တည်ရတဲ့လ) အစပြုရက်အတွက် လမြင်ခြင်း/မမြင်ခြင်းနဲ့ပတ်သက်ပြီး တညီတညွတ်တည်းဖြစ်ဖို့ ရံဖန်ရံခါ ခဲယဉ်းတတ်ပါတယ်။ ဒါကြောင့်လည်း မြို့ငယ်လေးဖြစ်စေ၊ ကျေးရွာမှာပင်ဖြစ်စေ အီးဒ်နေ့ စတင်ကျင်းပတဲ့နေ့က ကွဲပြားနေရခြင်း ဖြစ်ပါတယ်။ အိးဒုလ် ဖိသ်ွရ် နေ့မြတ်ကို အစဉ်အဆက် အစိုးရဖက်က အများပြည်သူအားလပ်ရက်အဖြစ် သတ်မှတ်ပေးဖို့ ခက်ခဲမှုရှိနေတာလည်း ဒီကိစ္စကြောင့် ဖြစ်ပါလိမ့်မယ်။ (အများပြည်သူအားလပ်ရက်ဆိုတာ တင်ကြိုသတ်မှတ်ပေးရတာပါ)။

    ဒါပေမယ့်လည်း အစ္စလာမ်ရဲ့ အီးဒ်ပွဲတော်နေ့ ၂ မျိုးအနက် အစ်ကြီးလို့ အလွယ်ခေါ်ကြတဲ့ “အီးဒုလ် အဿွ်ဟာ” နေ့မြတ်ကိုတော့ အများပြည်သူအားလပ်ရက်အဖြစ် သတ်မှတ်ပေးထားပါတယ်။ အစ္စလာမ့်ပြက္ခဒိန်အရ ဇုလ်ဟိဂ်ျဂျဟ်လ ၁၀ ရက်နေ့မှာ နှစ်စဉ်ကျရောက်တဲ့ ဒီနေ့မှာ မြန်မာနိုင်ငံ မွတ်စ်လင်မ်များအဖို့ ဆင်နွှဲကျင်းပခွင့် ရကြပါတယ်။ ဒီ အီးဒုလ်အဿွ်ဟာ (တစ်နည်း) ကုရ်ဘာနီအစ်နေ့ကို တစ်ရက်တည်းသာ ကျင်းပလေ့ရှိတာက တစ်ကြောင်း၊ လမြင် လကြည့်ကိစ္စကို ဆယ်ရက်အလျင် ပြုလုပ်ပြီး ရက်သတ်မှတ်ထားနိုင်တာက တစ်ကြောင်း၊ ဇုလ်ဟိဂ်ျဂျဟ်လ ၁၀ (သို့) ၁၁ (သို့) ၁၂ ရက် – ၃ ရက်အထိ ပြုလုပ်နိုင်တာကတစ်ကြောင်းကြောင့် မြန်မာအာဏာပိုင်များအတွက် အားလပ်ရက်အဖြစ် ကြေငြာပေးဖို့ လွယ်ကူမှု ရှိပါတယ်။ ဟဂ်ျ ကိစ္စက မွတ်စ်လင်မ်အားလုံးအတွက် ပိုမိုအရေးကြီးတဲ့အတွက် ဆော်ဒီအစိုးရရဲ့သတ်မှတ်ရက်အတိုင်း လိုက်နာကြတာများပါတယ်။

    မွတ်စ်လင်မ်များဟာ “သပ်ကဘီရ်” လို့ခေါ်တဲ့ ဖန်ဆင်းရှင်ရဲ့ကြီးမြတ်မှု၊ ဖန်ဆင်းရှင်အပေါ် ချီးမွှမ်းမှု ကို အီးဒ်နေ့ အထိမ်းအမှတ် ၀တ်ပြုမှု မစတင်မီအချိန်ကစပြီး ၃ ရက်တာ တစ်လျှောက်လုံး (ငါးကြိမ် ၀တ်ပြုမှု ပြီးလေတိုင်း) အသံထုတ်ရွတ်ဆို သရဇ္ဈာယ်လေ့ရှိကြပါတယ်။

    မြန်မာနိုင်ငံ မွတ်စ်လင်မ်အများစုက စွန္နီမွတ်စ်လင်မ်ဖြစ်ပြီး ဟနဖီဓမ္မသတ်လမ်းကြောင်းအပေါ် လိုက်နာကြသူများ ဖြစ်ပါတယ်။ ဒီလမ်းကြောင်းအရ အီးဒ်နေ့ အထိမ်းအမှတ် ၀တ်ပြုမှုကို ၀ါဂျိဘ် (ဖန်ဆင်းရှင်ရဲ့အမိန့် မဟုတ်သော်လည်း တမန်တော့်ဓလေ့အရ အရေးပေါ်အကြောင်းထူးမရှိဘဲ မပျက်ကွက်အပ်တဲ့တာဝန်)အဖြစ် သတ်မှတ်ကြပါတယ်။ ၀တ်ပြုမှုကို ၂ ရကအသ်(၂ ကျော့)ကို သပ်ကဘီရ်(လက်မြှောက်ခြင်း) အပိုခြောက်ကြိမ်နဲ့ စုပေါင်း ၀တ်ပြုလေ့ရှိပါတယ်။

    933950_630843503615009_1096479696_n
    Photo Credit-Hina FB

    ရပ်ကွက်ထဲ မြို့ထဲက ဗလီဝတ်ကျောင်းတော်များမှာ လူမဆန့်တဲ့အခါမျိုးကျရင် မြို့တွင်း သို့မဟုတ် မြို့ပြင်က ကွင်းပြင်တစ်ခုခုမှာ အီးဒ်နေ့ ၀တ်ပြုမှုကို စုပေါင်းဆောင်ရွက်လေ့ရှိပါတယ်။ မလိုလားအပ်တဲ့ အခြားတားမြစ်မှု၊ တင်းကြပ်မှုတွေ ရှိကြပေမယ့် အဓိကရည်ရွယ်ချက်ကတော့ စည်းလွတ်ဘောင်လွတ်ပျော်ရွှင်မှုမျိုး မဖြစ်အောင်၊ အများကို မထိခိုက်စေအောင်၊ ဂုဏ်သိက္ခာနဲ့ မင်္ဂလာရှိအောင် ကန့်သတ်ပေးခြင်းပါ။

    မြန်မာနိုင်ငံ မွတ်စ်လင်မ်များအနေနဲ့ ၀ါကျွတ် အီးဒ်ပွဲတော်မှာ ပြုလုပ်ကျွေးမွေးလေ့ရှိတဲ့ စားဖွယ်ရာများကတော့ ဆနွင်းမကင်း၊ ဟာလ၀ါ၊ ဒန်ပေါက်ထမင်း၊ ထောပတ်ထမင်း၊ မုန့်ဟင်းခါး၊ ကြာဆံဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ပန်းသေးခေါက်ဆွဲ၊ လ္ဘက်သုတ်နဲ့ အကြော်စုံ၊ စမူဆာ၊ ကျောက်ကျော၊ မုန့်လက်ဆောင်း၊ စမိုင်/ရှမိုင်၊ အအေးဖျော်ရည်များ အပါအ၀င် ဒေသဆိုင်ရာနဲ့ လူမျိုးစုရိုးရာ အစားအသောက်များဖြစ်ကြပါတယ်။

    အီးဒ်နေ့ကာလအတွင်း တစ်ဦးနဲ့တစ်ဦး အပြန်အလှန် စလာမ်ဆိုခြင်း(ငြိမ်းချမ်းစေကြောင်း မေတ္တာပို့သခြင်း)၊ အီးဒ် မုဘာရပ်(မင်္ဂလာ အီးဒ်နေ့မြတ်) စကားနဲ့ နှုတ်ခွန်းဆက်ခြင်း ပြုကြပါတယ်။ အီးဒ်နေ့အထိမ်းအမှတ် ၀တ်ပြုမှုအပြီးမှာ အချို့မွတ်စ်လင်မ်အမျိုးသားများက သင်္ချိုင်းကို သွားရောက်ပြီး ကွယ်လွန်သူများကို တွေ့ဆုံဂါရ၀ပြုတာ၊ ကုသိုလ်ပို့တာ၊ ဆုမွန်ကောင်းတောင်းပေးတာမျိုးလည်း ကျင့်မူလေ့ရှိကြပါတယ်။ ၀ါကျွတ်အီးဒ်ပွဲတော်မှာ သက်ကြီးရွယ်အိုဆွေမျိုးသားချင်းတွေကို သွားရောက်တွေ့ဆုံနှုတ်ဆက်တာ၊ စားဖွယ်ရာနဲ့ပစ္စည်းတွေကို လက်ဆောင်သွားပို့တာမျိုးကို အစဉ်အလာတစ်ရပ်အနေနဲ့ ပြုလေ့ရှိပါတယ်။ မွတ်စ်လင်မ်မဟုတ်တဲ့ လုပ်ငန်းရှင်တွေ၊ အာဏာပိုင်တွေကိုပင်လျှင် သွားရောက်ဂါရ၀ပြု နှုတ်ဆက်ပေးကမ်းတာမျိုးလည်း ရှိကြပါတယ်။ မိမိရဲ့မိသားစုဝင်တွေ၊ မိမိလက်အောက်ခံ လုပ်သားဝန်ထမ်းတွေကို အ၀တ်အစားသစ်များ ဆင်ယင်ပေးလေ့ရှိပါတယ်။ မြန်မာနိုင်ငံ မွတ်စ်လင်မ်တွေဟာ မိမိတို့ရဲ့ရင်သွေးများကိုရော အခြားကလေးငယ်တွေကိုပါ ပျော်ရွှင်အောင် “အီတီ” ခေါ်တဲ့ အီးဒ်နေ့အထိမ်းအမှတ် မုန့်ဖိုးတွေ ပေးတတ်ကြပါတယ်။ ကလေးငယ်တွေကလည်း ဆွေမျိုးတော်စပ်သည်ဖြစ်စေ မတော်စပ်သည်ဖြစ်စေ၊ သိကျွမ်းသူဖြစ်စေ မသိကျွမ်းသူဖြစ်စေ မွတ်စ်လင်မ်အိမ်မှန်သမျှ အုပ်စုလေးဖွဲ့ပြီး သွားရောက်လည်ပတ်စားသောက်လေ့ရှိတယ်။ နည်းများမဟူ ပေးကမ်းတဲ့ အီတီ မုန့်ဖိုးတွေ ရယူလေ့ရှိပါတယ်။ သက်ငယ်ပိုင်းများကလည်း မိမိတို့မိဘ၊ သက်ကြီးရွယ်အိုဆွေမျိုးသားချင်းနဲ့ အိမ်နီးချင်းတွေဆီ သွားရောက်တွေ့ဆုံ စလာမ်ဆို နှုတ်ဆက်ကြပါတယ်။ မိမိတို့အချင်းချင်းအကြား အမှားအယွင်းရှိရင် ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံတောင်းပန်တတ်ကြပါတယ်။ မိမိတို့ဖက်က အချိန်ယူပြီး သွားရောက်လည်ပတ်လေ့ရှိသလို လူမျိုးမရွေး ဘာသာမရွေး မိတ်ဆွေရန်သူမရွေး ဆင်းရဲချမ်းသာ အယုတ်အလတ်အမြတ်မရွေး လာရောက်တွေ့ဆုံလည်ပတ်သူများအတွက်လည်း တံခါးဖွင့်ထားပေးကြပါတယ်။

    ဒါဟာ အစ္စလာမ်ဘာသာဝင်များရဲ့ ၀ါကျွတ် အီးဒ်ပွဲတော် မြင်ကွင်းအကျဉ်း ဖြစ်ပါတယ်။ အာရဗီဝေါဟာရ အီးဒ် ရဲ့ အဓိပ္ပာယ်က “ပျော်ရွှင်ခြင်းနေ့” ဖြစ်တဲ့အတိုင်း အစ္စလာမ်ဘာသာဝင်များသာမက မြန်မာပြည်လူထုအပေါင်း ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

    ××××××××××××

    Dr. Ko Ko Gyi’s Burmese Muslims‘ way of celebrating Eid ကို ကိုးကားမှီငြမ်း၍ ဂျူလိုင်ရဲရင့် ရေးသားသည်။

  • သံဃာတော်များ လူမှုရေးကိစ္စများတွင် မပါဝင်ရန်နှင့် အကြမ်းဖက်မှုများ မလုပ်ရန် ညွှန်ကြား

    သံဃာတော်များ လူမှုရေးကိစ္စများတွင် မပါဝင်ရန်နှင့် အကြမ်းဖက်မှုများ မလုပ်ရန် ညွှန်ကြား

    ဇူလိုင် ၄ ၊ ၂၀၁၆
    ဟင်္သာမီဒီယာမှ ကူးယူဖော်ပြသည်။
    .Myo Chit Yahan
    သံဃာတော်များဖြစ်ကြသည့် ရဟန်းနှင့် သာမဏေများ လူမှုရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရန်နှင့် တရားဥပဒေနှင့် ဆန့်ကျင်သော အကြမ်းဖက်မှုများကို မပြုလုပ်ရန် ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း မွန်ပြည်နယ် မော်လမြိုင်မြို့၊ မြို့နယ်သံဃမဟာနာယကအဖွဲ့ထံမှ သိရသည်။
    .
    ယင်းသို့ လူမှုရေးကိစ္စများတွင် ပါဝင်မဆောင်ရွက်ရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားချက်အရ ထပ်ဆင့်ညွှန်ကြားထားခြင်းဖြစ်ပြီး မော်လမြိုင်မြို့အတွင်းရှိ ကျောင်းတိုက် ၃၁၄ ခုကို လျှောက်တင်ထားကြောင်း မော်လမြိုင်မြို့ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဌဆရာတော် ဘဒ္ဒန္တဉာဏုတ္တရ က မိန့်ကြားသည်။
    .
    “ရဟန်းအလုပ်က စာပေကျမ်းဂန်သင်ကြားပို့ချဖို့၊ တရားဘာဝနာအားထုတ်ဖို့ လူမှုရေးကိစ္စတွေ မလုပ်သင့်ဘူး။ လူမှုရေးကိစ္စတွေပါလာရင် ရှုပ်လာမယ်”ဟု ဆရာတော် ဘဒ္ဒန္တဉာဏုတ္တရ က မိန့်ဆိုသည်။
    .
    ထို့ပြင် ဥပဒေနှင့် ဆန့်ကျင်သည့် အကြမ်းဖက်ကိစ္စရပ်များတွင်မပါဝင်ရဆိုသည်ကို လက်ခံပြီး ဥပဒေနှင့် ဆန့်ကျင်သောကိစ္စများတွင် သံဃာများဝင်ရှုပ်လို့မရကြောင်း၊ သို့သော် လူမှုရေးကိစ္စနှင့်ပတ်သက်သည့် နေရာတွင် သံဃာတွေမပါဝင်ရဆိုသည်ကိုမူ လက်မခံနိုင်ကြောင်း ရိုးဂိုးကျောင်းဟောင်း စာချဆရာတော် ဘဒ္ဒန္တ သုခိတက မိန့်ကြားသည်။
    .
    “လူမှုရေးကိစ္စနဲ့ပတ်သက်တာ သံဃာတွေမပါဝင်ရဘူးဆိုတာ လက်မခံနိုင်ဘူး။ သေရေးရှင်ရေးကိစ္စတွေမှာ လည်း အသုဘချတာ လူမှုရေးကိစ္စပဲ” ဟု ဆရာတော်က မိန့်ဆို သည်။
    .
    လူမှုရေးကိစ္စများတွင် မပါဝင်ရဆိုသည်မှာ စကားလုံးအားဖြင့်ကျယ်ပြန့်ပြီး ဝိနည်း၊သုတ္တန်တို့ဖြင့် ပြောဆိုဆွေးနွေးရန်လိုအပ်ကြောင်း မွန်ရဟန်းပျိုအဖွဲ့ဝင် ဟောင်းတစ်ပါးဖြစ်သူ ရာမညဓမ္မာစရိယ အရှင်အာလောကက မိန့်ကြားသည်။
    .
    “အဓိကတော့ စကားလုံးတွေက ကျယ်ပြန့်တယ်၊ ယုတ္တိလည်း မရှိဘူး၊ အသုဘသွားဖို့ ဒါလည်း လူမှုရေးကိစ္စပဲ။ အဓိက ပြောချင်တာက ဒီကိစ္စက ဗုဒ္ဓပညာရှင်တွေလည်း debate လုပ်နေတာပဲ”ဟု အရှင်အာလောက ရှင်းပြမိန့်ဆိုသည်။
    .
    ရဟန်းနှင့် သာမဏေများသည် မိမိတို့၏ တာဝန်ဖြစ်သော ဂန္ထဓူရ နှင့် ဝိပဿနာဓူရ နှစ်ပါးတို့တွင် တစ်ပါးကိုသော်လည်းကောင်း၊ နှစ်ပါးစလုံးကိုသော်လည်းကောင်း ဆောင်ရွက် ကြရန်၊ ယင်းဓူရနှစ်ပါးနှင့် မသက်ဆိုင်သည့် လူမှုရေးကိစ္စများတွင်ပါဝင်ဆောင်ရွက်ပြီး လူမှုရေးကိစ္စများကို အကြောင်းပြု၍ တရားဥပဒေနှင့် ဆန့်ကျင်သည့် အကြမ်းဖက်မှုများကို မကျူးလွန်ရန် ညွန်ကြားလွှာအမှတ် (၉၁)ဖြင့် ထုတ်ပြန်ထားကြောင်း ကျောင်းတိုက်များသို့ ပေးပို့သော ညွှန်ကြားချက်တွင် ဖော်ပြထားသည်။
    .
    ထိုသို့ညွှန်ကြားထားသော်လည်း မေလ ၂၅ ရက်နေ့က ရန်ကုန်မြို့တော်၊ ဆီဒိုးနားဟိုတယ်တွင် ဝန်ထမ်းများက မြန်မာ့ရိုးရာယဉ်ကျေးမှု ဝတ်စုံများဝတ်ဆင်၍ ဧည့်သည်တော်များကိုဝန်ဆောင်မှုပေးခြင်းကို မလျော်ကန်သည့် နေရာတွင် အသုံးပြုသည်ဟု အမြင်ရှိသဖြင့် မျိုးးချစ်ရဟန်းပျိုသမဂ္ဂအဖွဲ့ မှ ဥက္ကဋ္ဌ ဦးဆောင်သည့် သံဃာ ၁၅ ပါးက ဟိုတယ်မန်နေဂျာနှင့် တာဝန်ရှိသူများကို သွားရောက်တွေ့ဆုံခဲ့သည်ဟု ညွှန်ကြားစာတွင် ဖော်ပြထားသည်။
    .
    ယင်းကြောင့် ကျောင်းထိုင်ပဓာန နာယက ဆရာတော်ကြီးများက မိမိတို့၏ တပည့်ရဟန်း၊သာမဏေများကို ထိုသို့မဖြစ်စေရန် ညွှန်ကြားလွှာအမှတ်(၉၁)နှင့်အညီကြပ်မတ်၍ လိုက်နာဆောင်ရွက်ရေး အကြောင်းကြား လျှောက်ထား ခြင်းဖြစ်ကြောင်း အဆိုပါမြို့နယ်သံဃမဟာနာယက၏ ညွှန်ကြားစာတွင်ဖော်ပြထားသည်။

    မူရင်းလင်ခ်=>http://goo.gl/PZdL0Z

  • တိုင်းအဆင့် စည်ပင်မှ မဖျက်ရန် သဘောတူထားသည့် ရမည်းသင်း မွတ်စလင်သုသာန်ဟောင်း အား မြို့နယ်စည်ပင်မှ ဖျက်ဖို့စီစဉ်နေ

    တိုင်းအဆင့် စည်ပင်မှ မဖျက်ရန် သဘောတူထားသည့် ရမည်းသင်း မွတ်စလင်သုသာန်ဟောင်း အား မြို့နယ်စည်ပင်မှ ဖျက်ဖို့စီစဉ်နေ

    ဇူလိုင် ၇ ၊ ၂၀၁၆
    M-Media
    သတင်း-ထွန်းတောက်

    13615424_1820844471511985_4919531922473261702_n
    .
    ဇွန်လ ၉ ရက်နေ့တွင် ဖျက်သိမ်းတော့မည့် ရမည်းသင်းမှ သုဿာန် ၂ ခုတွင် ထုံးတမ်းအစဉ်အလာရ ဝိဥာဉ်ပြောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။
    .
    နှစ်ရာကျော် သက်တမ်းရှိ ရမည်းသင်း မွတ်စလင်မ် သုဿာန်  ကို ဗုဒ္ဓဘာသာဝင်တို့၏ သုဿာန် နှင့်အတူ စည်ပင်မှ ၂၀၁၄ ခုနှစ်တွင် တရားဝင် ပိတ်သိမ်းခဲ့ပြီး  မြို့ စွန်တွင် နေရာအစား ပေးခဲ့ပါတယ်။ ထိုစဉ်ကတည်းက စည်ပင်မှ ပိတ်သိမ်းပြီး ဆိုတာကို စာကပ်ထားခဲ့ပါတယ်။ ထိုစဉ်ကတည်းက သဂြိ င်္ုဟ် ခွင့်သာ ပိတ်သိမ်းခြင်းဖြစ်ပြီး ဖျက်သိမ်းခွင့် မချခဲ့ပါ။
    .
    ယခုအခါ စည်ပင်မှာ ဖျက်သိမ်းရန် စီစဉ်လျက်ရှိပြီး ဗုဒ္ဓဘာသာဝင် သချို င်္င်းဟောင်းကို မြေထိုးစက်ဖြင့် ထိုးနေပြီ ဖြစ်ပြီး၊  မွတ်စလင်မ်သချို င်္င်းဟောင်းကိုလည်း ထိုးမည်ဖြစ်တယ်လို့ သိရပါတယ်။
    .
    ယင်းမွတ်စလင်မ် သုဿာန်မှာ အများမွတ်စလင်မ်များမှ မိမိတို့  ဘိုးဘွားပိုင်မြေဂရံပေါက်မြေများကို သုဿာန်ပြုလုပ်ရန်အတွက် အပိုင်းလိုက် လှူဒါန်းထားခဲ့ခြင်းဖြစ်ပါတယ်။
    .13615358_1015693691885206_3354055121266911770_n
    လွန်ခဲ့သော ခြောက်လခန့်က ယင်းမွတ်စလင်မ် သုဿာန်နေရာတွင် အိမ်ရာစီမံကိန်းနှင့် ဗုဒ္ဓဘာသာဝင်တို့ သုဿာန်တွင် ကားပါကင်နေရာ စီမံကိန်းကျကြောင်း သက်ဆိုင်ရာမှာ အကြောင်းကြားခဲ့ရာ မူလ လှူဒါန်းထားသူ မွတ်စလင်မ်မိသားစုများမှ သုဿာန်ပြုလုပ်ရန်အတွက်သာ မိမိတို့ ဘိုးဘွားစဉ်ဆက် မြေလှူထားခြင်း ဖြစ်ကြောင်း၊ စီမံကိန်းများလုပ်မည်ဆိုပါက မိမိတို့  မြေပိုင်ဆိုင်မှုအထောက်အထားများနှင့် မိမိတို့မြေကို ပြန်ယူလိုကြောင်း တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။
    .
    ဒါကြောင့် မွတ်စလင်မ်သုဿာန်ကော်မတီမှ တိုင်းဒေသကြီး စည်ပင်ဌာနနှင့် သွားရောက်ဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးစည်ပင်မှာ အိမ်ရာစီမံကိန်းကို ဆက်မလုပ်တော့ကြောင်း၊ အိမ်ယာအစား အများပြည်သူအတွက် ပန်းခြံသာတည်ဆောက်မည်ဖြစ်ကြောင်း၊ ထိုနေရာတွင် မြို့ခံ မွတ်စလင်မ်တို့ကို အခါကြီး ရက်ကြီးများတွင် ဝတ်ပြုခွင့်ပြုမည်ဖြစ်ကြောင်းဖြင့် သဘောတူညီမှု ရယူခဲ့ကြပါတယ်။
    .
    ထို့နောက် ပြဿနာမရှိဘဲ ကိစ္စပြေလည်သွားခဲ့ပြီးဖြစ်သည်။ ယခုအခါတွင် တိုင်းဒေသကြီးစည်ပင်၏ ထုတ်ပြန်ချက် တစ်စုံတစ်ရာမပါဘဲ မြို့နယ်အဆင့်တွင် ရွေးချယ်ခံထားရသော ရပ်မိရပ်ဖ စည်ပင်ကော်မတီဝင်လူကြီးများမှာ မိမိတို့ သက်တမ်းကုန်ဆုံးရန် တစ်ပတ်အလိုတွင် မိမိတို့သဘောဖြင့် မြို့နယ် အဆင့် ဆုံးဖြတ်ချက်ဖြင့် ဖျက်သိမ်းရန် စီစဉ်ကြခြင်းဖြစ်ကြောင်း သိရသည်။
    .
    ” ဒီနေ့ နေလည် ၁ နာရီခန့်က မြေသယ်ကား အဝါကြီးနဲ့ လူ ၃၀-၄၀ တင်ပြီးလာတာပါ။ သူတို့လည်း မဝင်ရဲတော့ လူအုပ်နဲ့ လာပုံရတယ်။  ရဲတို့ အုပ်ချုပ်ရေးတို့တော့ မပါဘူး။ စည်ပင်သာယာက ပဲပါတာပါ။ ရှေ့ဘက်တံခါး သော့ကို ရိုက်ဖျက်ပြီး လူဆယ်ယောက်ခန့် ဝင်ခိုင်းပြီး ပရိတ်ရွတ် ကမ္မဝါဖတ်ပွဲလုပ်ဖို့  သချိုင်္င်းဖရပ်ကို လာရှင်းကြတယ်။ ကောဇောစိမ်းခင်း ဘုန်းကြီးပင့်ပြီး ဝိညာဉ်ထုတ်တာ လုပ်တွေ လုပ်တယ်။ မြို့ ခံမွတ်စလင်မ်တွေက ဘာမှ မပြောကြဘူး။ အဝေးကနေပဲ ဝိုင်းကြည့်နေကြတယ်။ နောက်တော့ သတင်းကပြန့်သွားတယ်။ ဘုန်းကြီးတွေလည်း မကြွလာကြတော့ဘူး။ အဲ့တော့ ၁ နာရီခွဲလောက်မှာ ပွဲပျက်သွားတယ်။ သူတို့အဲ့လို လာလုပ်ပြီး ပွဲပျက်သွားပြီးတော့မှ ၉ ရက်နေ့ ဇူလိုင် မှာဖျက်မယ်လို့ စပီကာနဲ့ စည်ပင်က အော်နေတယ် ။  ကျန်တာကတော့ မြို့ က တည်ငြိမ်နေပါတယ်။ ”  ရမည်းသင်းမြို့ခံတဦး ဒီကနေ ဖြစ်ပေါ်တဲ့အခြေအနေကို M-Media ကို ပြောပြတာပါ။
    .
    မွတ်စလင်မ်သချိ င်္ုင်းဟောင်းအနီးတွင် အစ္စလာမ့်ဘာသာဝင်တွေရဲ့ အတွင်းလမ်းစဉ် ဆူဖီအသင်းတစ်ခု၏ အစ္စလာမ့်ဝိပဿနာ ဓမ္မာရိပ်သာ တစ်ခုရှိကြောင်းသိရပါတယ်။ ယခင် သိကြားထားမှုအရ ထိုရိပ်သာနှင့် ဝင်းမှာ သချိ င်္ုင်းမြေထဲတွင် မပါကြောင်း၊ သို့သော် နောက်ပိုင်းတွင် ထိုအသင်းမှ ဆုံးပါးသွားသော အသင်းဝင်များကို ထိုဝင်းထဲတွင် မြှုပ်နှံမှုများပြုလုပ်ခဲ့ရာ ယခုအခါ ထိုဝင်းနှင့် ရိပ်သာသည် ယခုဖျက်သိမ်းမည့်ထဲတွင် ပါ/မပါကိုမူ အတိအကျ မသိရှိရသေးပါဘူး။ .
    .
    သချို င်္င်းများ ဖျက်သိမ်းမည်ဖြစ်သဖြင့် ဘာသာရေးနည်းလမ်းအရ စီမံမှုများပြုလုပ်ရန် စည်ပင်မှ မွတ်စလင်မ် သချို င်္င်းဟောင်း အတွက် မြို့ခံမွတ်စလင်မ်များကို တောင်းဆိုခဲ့ရာ မွတ်စလင်မ်များမှ ငြင်းဆိုသဖြင့် ဗုဒ္ဓဘာသာဝင် ဘုန်းကြီးများမှ ဗုဒ္ဓဘာသာဝင်နှင့် မွတ်စလင်မ် သချို င်္င်းဟောင်းနှစ်ခုစလုံးအတွက် ဝိညာဉ်ပြောင်းသည့် ထုတ်သည့် ပရိတ်.ကမ္မဝါများရွတ်ဖတ်ခြင်း အစီအမံများကို လာရောက်လုပ်ခဲ့တာဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။

  • ကနေဒါ အမျိုးသားနေ့နှင့် နိုင်ငံသားသစ် ကျမ်းကျိန်ပွဲ ဗလီမှာ ကျင်းပ

    ကနေဒါ အမျိုးသားနေ့နှင့် နိုင်ငံသားသစ် ကျမ်းကျိန်ပွဲ ဗလီမှာ ကျင်းပ

    ဇူလိုင် ၄၊ ၂၀၁၆
    M-Media
    .a mosque on Canada Day.
    – ကနေဒါနိုင်ငံရဲ့ လူနေအထူထပ်ဆုံးဖြစ်ပြီး နိုင်ငံအရှေ့ပိုင်းမှာတည်ရှိတဲ့ Quebec ပြည်နယ်က ဘရော့ဆာ့ဒ်မြို့လေးမှာ ဇူလိုင်လ ၁ ရက်နေ့ကကျရောက်တဲ့ “ကနေဒါနေ့” အခမ်းအနားကို ဗလီဝတ်ကျောင်းတော်မှာ ကျင်းပပြုလုပ်ခဲ့ပြီး၊ နိုင်ငံသားသစ် ၄၀ ရဲ့ ကျမ်းကျိန်ပွဲအခမ်းအနားလည်း ပါဝင်ခဲ့ပါတယ်။
    .
    နိုင်ငံရဲ့ မတူကွဲပြားစွာညီညွတ်မှုကို ဖော်ပြလိုတဲ့အနေနဲ့ ဘရော့ဆာဒ်မြို့ရဲ့ လွှတ်တော်အမတ် အလက်ဇန်ဒရာမန်ဒက်ဇ်က ဦးဆောင်ကာ ဒီအခမ်းအနားကို ကျင်းပတာ ဖြစ်ပါတယ်။
    .
    “လက်ရှိ ဖြစ်ပျက်နေတဲ့ကိစ္စတွေအတွက် စိုးရိမ်မိတယ်လို့ မွတ်စလင်လူ့အဖွဲ့အစည်းက ကျွန်မကို လာပြောတယ်။ သူတို့ အနေနဲ့ ကနေဒါနိုင်ငံသားဖြစ်ရတာကို အရမ်းဂုဏ်ယူကြောင်း၊ အခြားလူတွေလိုပဲ တိုင်းပြည်ရဲ့ ကောင်းရာကောင်းကျိုးကို ဆောင်ရွက်နေကြာင်း ပြသချင်တဲ့ နည်းလမ်းတစ်ခုကို သူတို့က ရှာဖွေနေကြတာပါ” လို့ မန်ဒက်ဇ်က ပြောကြားခဲ့ပါတယ်။
    .
    သူမရဲ့ ဒီအစဉ်အစဉ်ကို ဝေဖန်သူတစ်ချို့ရှိပေမယ့် အများစုကတော့ လိုလိုလားလားနဲ့ ထောက်ခံ ခဲ့ကြပါတယ်။
    .
    ၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုအရ ကနေဒါမှာ အစ္စလာမ်ဘာသာဝင်ဦးရေဟာ ၃.၂ ရာခိုင်နှုန်းရှိပြီး ခရစ်ယာန်ပြီးတဲ့နောက် ဒုတိယအကြီးဆုံး ဘာသာရေးအုပ်စုကြီးဖြစ်ပါတယ်။
    .
    ဗလီဝတ်ကျောင်းတော်မှာပြုလုပ်တဲ့ ကနေဒါနေ့အခမ်းအနား၊ ကျမ်းကျိန်ပွဲအခမ်းအနားနဲ့ ကနေဒါပြည်သူတွေရဲ့ တုန့်ပြန်မှုတွေကို အောက်ပါဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။
    .
    source: Al Jazeera

  • ထိုင်းနိုင်ငံ အတွင်း မြန်မာမုန်းတီးရေး လှုံဆော်မှုများပေါ်ပေါက်

    ထိုင်းနိုင်ငံ အတွင်း မြန်မာမုန်းတီးရေး လှုံဆော်မှုများပေါ်ပေါက်

    81EB57CC-A9C2-4968-9FA0-1100884AB7A5_w987_r1_s
    ဓါတ်ပုံအညွှန်း- အဖမ်းခံထားရသည့် နာနတ်သီး စက်ရုံရှိ မြန်မာ အလုပ်သမားများ။ မဟာချိုင်၊ ထိုင်း။ ဇူလိုင် ၃၊ ၂၀၁၆။

    ဇူလိုင် ၄ ၊ ၂၀၁၆
    ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေနဲ့ပတ်သတ်ပြီး လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ မြန်မာ မုန်းတီးရေးကို လှုံဆော်မှုတွေရှိနေတဲ့ အတွက်မြန်မာအလုပ်သမားတွေ အနေနဲ့ သတိထားသွားလာကြဖို့ ရွှေ့ပြောင်းအလုပ်သမားရေး ကူညီနေတဲ့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက သတင်းထုတ်ပြန်ပါတယ်။ မြန်မာတွေကို မြန်မာပြည် ပြန်ပို့သင့်ကြောင်း ထိုင်းနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်နိုင်ကြောင်းစတဲ့လှုံဆော်မှုတွေ ပျံ့နှံ့နေတဲ့အတွက် သတိပေးတာဖြစ်တယ်လို့ ပညာရေးနဲ့ဖွံ့ဖြိုး တိုးတက်ရေး ဖောင်းဒေးရှင်း အမှုဆောင် (FED) ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။
    .
    မြန်မာနိုင်ငံသားတွေက သူတို့ရဲ့အလုပ်တွေ လုလုပ်နေတယ်။ ထိုင်းနိုင်ငံမှာ တခြားရောဂါတွေကို ရွှေ့ပြောင်းအလုပ်သမားတွေက ယူလာတယ်။ နောက် ထိုင်းနိုင်ငံရဲ့အမျိုးသား လုံခြုံရေးကို ထိခိုက်နိုင်တယ်။ နောက် မူးယစ်ဆေး ကိစ္စတွေမှာလည်း ပတ်သတ်နေတယ်။ လှူုမှုကွန်ရက်တွေမှာ လှုံဆော်မှုတွေရှိတယ်။ ကျွန်တောတ်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် ထိုင်း အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ ၊ လူမှုရေးအသင်းအဖွဲ့တွေက တာဝန်ရှိတဲ့သူတွေက ကျွန်တော်တို့ကို သတိပေးတာတွေရှိတယ်။ ထိုင်းမှာနေတဲ့ ရွေ့ပြောင်း အလုပ်သမားတွေအတွက် ကျွန်တော်တို့က စိုးရိမ်မှုတွေရှိတယ်။ ဒါကြောင့်မို့လို့ ဒီထုတ်ပြန်ကြေငြာချက်လေးကို လုပ်လိုက်ရတာဖြစ်ပါတယ်။
    .
    ထိုင်းစာသင် ကျောင်းတွေက ဆရာ၊ ဆရာမ တွေကလည်း တိုက်ခိုက်မှုတွေဖြစ် လာနိုင်လို့ မြန်မာ ကျောင်းသား တွေကို လူစုလူဝေးနဲ့ မနေဖို့သတိပေးထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
    .
    ထိုင်းနိုင်ငံ တောင်ပိုင်း မှာလည်း မြန်မာရေလုပ်သားတွေကို အလုပ်မှ ထုတ်ပယ်တာတွေရှိနေတယ်လို့လည်း ဦးထူးချစ်က ပြောပါတယ်။
    .
    ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေကို ဆောက်လုပ်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ အိမ်ဖော်လုပ်ငန်း၊ ရေလုပ်ငန်း နဲ့ အောက်ခြေသိမ်းအလုပ်တွေမှာသာ ထိုင်းအစိုးရက တရားဝင်လုပ်ကိုင်ခွင့်ပေးထားပြီး။ စကားပြန် မန်နေဂျာ စတဲ့ အလုပ်အကိုင်တွေမှာ တရားဝင်လုပ်ကိုင်ခွင့်ပြုမထားတဲ့အတွက် စတင်အရေးယူနေတယ် လို့လည်းပြောပါတယ်။
    .
    ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ အနေနဲ့ ပြဿနာကြုံတွေ့လာရင် ဆက်သွယ်နိုင်ဖို့ မြန်မာသံရုံးရဲ့ အရေးပေါ်ဖုန်းနံပါတ်တွေ ကိုလည်း ထုတ်ပြန်ပေးထားပါတယ်။
    .
    ပြီးခဲ့တဲ့ဇွန်လကုန်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်၏ ထိုင်းနိုင်ငံခရီးစဉ်အပြီး နှစ်နိုင်ငံ အစိုးရအကြား မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ခံစားခွင့်ရရှိရေးနဲ့ပတ်သတ်တဲ့ သဘောတူညီမှုတွေ ရရှိခဲ့လို့ မြန်မာအလုပ်သမားတွေ အတွက် မျှော်လင့်ချက်တွေ ထားရှိနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
    .
    နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ ခရီးစဉ်အပြီး အခုလို မြန်မာ မုန်းတီးရေး လှုံဆော်မှုတွေပေါ်ပေါက်လာတာဖြစ်တယ်လို့ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး ဖောင်းဒေးရှင်း က သုံးသပ်ထားပါတယ်။
    .
    source: RFA Burmese ရေဒီယို