News @ M-Media

Author: editor

  • အကြမ်းဖက်မှုတွေကြောင့် ပိတ်ခံလိုက်ရတဲ့ ဗလီတွေ ပြန်ဖွင့်ခွင့်ရဖို့ ဝန်ကြီးသူရဦးအောင်ကို ဖြေကြားမှု

    အကြမ်းဖက်မှုတွေကြောင့် ပိတ်ခံလိုက်ရတဲ့ ဗလီတွေ ပြန်ဖွင့်ခွင့်ရဖို့ ဝန်ကြီးသူရဦးအောင်ကို ဖြေကြားမှု

    ယခင်အစိုးရတွေ လက်ထက် အကြမ်းဖက်မှုတွေကြောင့် ပိတ်ခံလိုက်ရတဲ့ ဗလီဝတ်ကျောင်းတွေ ပြန်ဖွင့်ခွင့်ရဖို့ နှင့် ပတ်သက်ပြီး ဝန်ကြီးသူရဦးအောင်ကို ဖြေကြားမှု

    မြန်မာမွတ်စလင် စီးပွားရေးလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးသော အီးဒ်မိတ်ဆုံညစာ စားပွဲ သို့ တက်ရောက်လာတဲ့ ယဉ်ကျေးမှုနှင့် သာသနာရေး ပြည်ထောင်စု ဝန်ကြိး သူရဦးအောင်က အား မီဒီယာများမှ မေးမြန်းခဲ့မှု အစီအစဉ်တွင် ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

    Video Credit -Ko Tin Shwe FB

  • မ.ဘ.သ အဖွဲ့ အပေါ် ဝန်ကြီးချူပ် ဦးဖြိုးမင်းသိန်း ပြောစကားအပေါ် ဝန်ကြီးသူရဦးအောင်ကို ဘာပြောသလဲ ?

    မ.ဘ.သ အဖွဲ့ အပေါ် ဝန်ကြီးချူပ် ဦးဖြိုးမင်းသိန်း ပြောစကားအပေါ် ဝန်ကြီးသူရဦးအောင်ကို ဘာပြောသလဲ ?

     မ.ဘ.သ အဖွဲ့ အပေါ် ဝန်ကြီးချူပ် ဦးဖြိုးမင်းသိန်း ပြောစကားအပေါ် ဝန်ကြီးသူရဦးအောင်ကို ဘာပြောသလဲ ?

    Video Credit -Ko Tin Shwe FB

  • IS အား တိုက်ဖျက်ရေး စည်းလုံး ညီညွတ်ရန် အမေရိကန်ရှိ ထိပ်တန်း မွတ်စလင်အဖွဲ့ တိုက်တွန်း

    IS အား တိုက်ဖျက်ရေး စည်းလုံး ညီညွတ်ရန် အမေရိကန်ရှိ ထိပ်တန်း မွတ်စလင်အဖွဲ့ တိုက်တွန်း

    ဇူလိုင် ၉၊ ၂၀၁၆
    M-Media
    85de2764-266d-470b-aaf8-61916511adfe
    – တူရကီ၊ အီရတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဆော်ဒီအာရေဗျတို့မှာ IS ရဲ့ စနက်ကြောင့် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဒီအကြမ်းဖက်အဖွဲ့ကို ချေမှုန်းရေး စည်းလုံးညီညွှတ်ကြဖို့ အမေရိကန်နိုင်ငံရဲ့ အကြီးဆုံးမွတ်စလင်အဖွဲ့ကြီးဖြစ်တဲ့ အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ (CAIR) က တိုက်တွန်းဆော်သြလိုက်ပါတယ်။

    ကြာသာပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်ထဲမှာ ဒီလို တိုက်တွန်းလိုက်တာဖြစ်ပြီး CAIR ရဲ့ နိုင်ငံလုံးဆိုင်ရာ အမှုဆောင်ဒါရိုက်တာ နီဟတ် အ၀ဒ်က

    “ISIS အကြမ်းဖက်အဖွဲ့ဟာ အစ္စလာမ်သာသနာရဲ့ သွန်သင်ချက်နဲ့ ဆန့်ကျင်တဲ့ ကိစ္စတွေကို ပြုလုပ်နေတယ်ဆိုတာ ပြောစရာတောင် မလိုတော့ပါဘူး။ သူတို့လုပ်ရပ်နဲ့ သူတို့ သက်သေပြနေတာပါ။ ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာကတည်းက ဒီလူသတ်ကောင်တွေဟာ မည်သည့်ဘာသာတရားရဲ့ စည်းကမ်းကိုမှ မလိုက်နာဘဲ အပြစ်မဲ့တဲ့လူတွေကိုပဲ သတ်ပြီးရင်းသတ်နေတာ ဖြစ်ပါတယ်၊ နောက်ဆုံး မဒီနာမြို့က တမန်တော်မြတ်ဗလီ အပြင်ဘက်မှာ ဗုံးခွဲတိုက်ခိုက်တဲ့အထိ ဖြစ်လာခဲ့ပါတယ်”

    “ဒီအစွန်းရောက်တွေကို သုတ်သင်ဖို့၊ ရက်စက်ကြမ်းကြုတ်တဲ့ အာဆတ်အစိုးရကို ဖြုတ်ချဖို့၊ ဒေသတွင်း အေးချမ်းတည်ငြိမ်မှုရရှိဖို့၊ ISIS နေရာမှာ နောက်ထပ်အကြမ်းဖက်အုပ်စုတစ်ခု ထပ်မံမ၀င်ရောက်လာဖို့အတွက် ကမ္ဘာကြီး၊ ဒေသတွင်းအင်အားစုတွေအနေနဲ့ ကိုယ်ရဲ့မတူညီမှုတွေကို ဘေးဖယ်ထားပြီး ဒီအစွန်းရောက်တွေကို ချေမှုန်းဖို့ တောင်းဆိုလိုက်ပါတယ်”  လို့ ပြောကြားခဲ့ပါတယ်။

    ထို့ပြင် IS အကြမ်းဖက်အဖွဲ့ကို ဆန့်ကျင်ကြောင်း ဆိုရှယ်မီဒီယာ၌ ဖော်ပြရာတွ် အသုံးပြုသည့် #StopCallingISISIslamic လှုပ်ရှားမှုကိုလည်း အ၀ဒ်က ချီးကျူးခဲ့ပြီး အခြားသော အဖွဲ့အစည်းများအနေဖြင့်လည်း ၎င်းတို့ကဲ့သို့ ကြေငြာချက်ထုတ် ရှုတ်ချရန်လည်း တိုက်တွန်းခဲ့ပါတယ်။

    Ref : IINA

  • ပိတ်သိမ်းထားသည့် ရမည်းသင်းမှ မွတ်စလင်မ် သုသာန်ဟောင်းကို ဒီကနေ့ ဖျက်သိမ်းမည်

    ပိတ်သိမ်းထားသည့် ရမည်းသင်းမှ မွတ်စလင်မ် သုသာန်ဟောင်းကို ဒီကနေ့ ဖျက်သိမ်းမည်

    ဇူလိုင် ၉ ၊ ၂၀၁၆
    M-Media
    သတင်း-ထွန်းတောက်
    .13615424_1820844471511985_4919531922473261702_n
    ပိတ်သိမ်းထားသည့် ရမည်းသင်း မွတ်စလင်မ်သုဿာန် ဟောင်းကို တိုင်းစည်ပင်က ဖျက်သိမ်းခွင့်ချလိုက်ကြောင်းသိရပါတယ်။
    .
    ဖျက်သိမ်းခွင့် စာရွက်စာတမ်းတော့ မတွေ့ရသေးကြောင်းနှင့် ဖျက်သိမ်းမယ့် မွတ်စလင်မ် သုဿာန် ဟောင်းမှ နေ့လည်၁နာရီမှာ ပရိတ်၊ ကမ္မဝါဖတ်ရွတ်ကျမှာ ဖြစ်ကြောင်း သိရပါတယ်။
    .
    မွတ်စလင်မ် နဲ့ ဗုဒ္ဓဘာသာဝင် သုဿာန်သစ်မှာ  လုံခြုံရေးတွေ သွားချထား မြို့ခံတွေ မျက်စိလည်ပြီး နားမလည်နိုင်အောင် ဖြစ်နေကြတယ်လို့ သိရပါတယ်။
    .
    ဖျက်သိမ်းမယ့် သုသာန်ဟောင်းနဲ့ ကပ်လျက်မှာ ဟူယာသွလ်အူလွမ်အာရဗီ ကျောင်း ရှိသဖြင့်  မြို့ခံမွတ်စလင်မ်တွေ စိုးရိမ်စိတ်တွေ ဖြစ်နေကြကြောင်းသိရှိရပါတယ်။
    .
    နှစ်ရာကျော် သက်တမ်းရှိ ရမည်းသင်း မွတ်စလင်မ် သုဿာန်  ကို ဗုဒ္ဓဘာသာဝင်တို့၏ သုဿာန် နှင့်အတူ စည်ပင်မှ ၂၀၁၄ ခုနှစ်တွင် တရားဝင် ပိတ်သိမ်းခဲ့ပြီး  မြို့ စွန်တွင် နေရာအစား ပေးခဲ့တာပဲဖြစ်ပါတယ်။
    .
    ဓါတ်ပုံ – Facebook

    ဆက်စပ်သတင်းဖတ်ဖို့
    ————————
    တိုင်းအဆင့် စည်ပင်မှ မဖျက်ရန် သဘောတူထားသည့် ရမည်းသင်း မွတ်စလင်သုသာန်ဟောင်း အား မြို့နယ်စည်ပင်မှ ဖျက်ဖို့စီစဉ်နေ

    တိုင်းအဆင့် စည်ပင်မှ မဖျက်ရန် သဘောတူထားသည့် ရမည်းသင်း မွတ်စလင်သုသာန်ဟောင်း အား မြို့နယ်စည်ပင်မှ ဖျက်ဖို့စီစဉ်နေ

  • အာဇာနည် (၉) ဦး ကြေးရုပ်များ တောင်တွင်းကြီး ဗိုလ်ချုပ်ပန်းခြံမှာ ထားရှိမည်

    အာဇာနည် (၉) ဦး ကြေးရုပ်များ တောင်တွင်းကြီး ဗိုလ်ချုပ်ပန်းခြံမှာ ထားရှိမည်

    ဇူလိုင် ၉ ၊ ၂၀၁၆
    M-Media
    သတင်း- သူရိန်
    .19 july 2016
    မကြာမီ ကျရောက်တော့မည့် ၆၉နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသော အားဖြင့် အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ကြေးသွန်း ရုပ်တုများကို တောင်တွင်းကြီးမြို့နယ် ဗိုလ်ချုပ်ပန်းခြံတွင် ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။
    .
    အဆိုပါ ကြေးရုပ်တုများကို မန္တလေးမြို့ တမ္ပဝတီရပ် မှ ကြေးသွန်းပညာရှင် ဦးမြင့်ဌေး (သား) ကိုတိုင်းလင်း ချမ်းသာအောင် မြန်မာမှု ကြေးသွန်းလုပ်ငန်းက သွန်းလုပ်ခဲ့ခြင်း ဖြစ်သည်။
    .
    တောင်တွင်းကြီးမြို့မှ အာဇာနည် ကြေးရုပ်တုများ သယ်ယူရေးဆပ်ကော်မတီမှ အာဇာနည်ကြေးရုပ်များကို လာမည့် ဇူလိုင်လ ၁၁ရက်နေ့ မွန်းလွဲ ၃နာရီခန့်တွင် မန္တလေးမြို့မှ သယ်ယူမည် ဖြစ်ပြီး ကျောက်ပန်းတောင်မြို့တွင် ညအိပ်ရပ်နားမည် ဖြစ်သည်။
    .
    သယ်ယူရေးကားတစ်စီးလျှင် အာဇာနည်တစ်ဦးချင်းစီ၏ ကြေးသွန်းရုပ်တုများ တင်ဆောင်ကာ ဗီနိုင်း ပိုစတာများ ချိတ်ဆွဲသယ်ယူမည်ဟုလည်း သိရသည်။
    .
    ဇူလိုင်လ ၁၂ရက်နေ့ နံနက် ၇နာရီတွင် ကျောက်ပန်းတောင်မြို့မှ ပြန်လည်ထွက်ခွာပြီး ရေနံချောင်း၊ မကွေးမြို့များကို ကျော်ဖြတ်ကာ တောင်တွင်းကြီးမြို့သို့ ညပိုင်းတွင် ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။
    .
    မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ ဗိုလ်ချုပ်ပန်းခြံအတွင်းရှိ အာဇာနည် ရင်ပြင်ပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုနှင့် အတူ ဂုဏ်ပြုခံထားရှိမည့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကြေးရုပ်တုများအား တောင်တွင်းကြီး မြို့သူမြို့သားများနှင့် ပြည်သူအားလုံး သိမြင် ဂုဏ်ပြုနိုင်ရန် ရည်ရွယ်ကြောင်း သတင်းရရှိသည်။
    .
    Photo Credit: Aung KyawKyaw FB