News @ M-Media

Author: editor

  • စင်္ကာပူ-မြန်မာ အသက်မွေးဝမ်း ပညာသင်ကျောင်း သင်တန်းသားသစ်များခေါ်ယူ

    စင်္ကာပူ-မြန်မာ အသက်မွေးဝမ်း ပညာသင်ကျောင်း သင်တန်းသားသစ်များခေါ်ယူ

    ဇွန် ၂၉ ၊ ၂၀၁၆
    M-Media
    သတင်း-သီဟ
    .11391146_472536609579055_3291547817223016647_n
    စင်္ကာပူ-မြန်မာ အသက်မွေးဝမ်း ပညာသင်ကျောင်း (Singapore-Myanmar Vocational Training Institute) ရဲ့ ဝင်ခွင့်များ စတင်ခေါ်ယူနေပြီး နိုဝင်ဘာလ ၇ ရက်နေ့ တွင် စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

    ဆယ်တန်းအောင်ပြီး အဝေးသင်တဖက်နဲ့ သက်မွေးပညာတစ်ခုခုကို ဆည်းပူး လုပ်ကိုင်လိုသူများအတွက် အထူးသင့်လျော်တဲ့ လက်တွေ့အသားပေး သင်တန်း ဖြစ်ပါတယ်။ သင်ရိုးနဲ့ သင်ထောက်ကူပစ္စည်းများလည်း ပြည့်စုံကောင်းမွန်ပါတယ်။
    .
    ပဏာမ ရွေးချယ်ခံရသူများ လူတွေ့အင်တာဗျူး ဖြေဆိုကြရမှာ ဖြစ်ပြီး အောင်မြင်မှသာ သင်တန်းတက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။ ၆လ သင်တန်း တစ်သုတ်လျှင် သင်တန်းသား ၄၀၀ ခန့် ခေါ်ယူလေ့၇ှိပါတယ်။
    .
    သင်တန်းကာလမှာ ၆ လဖြစ်ဖြစ်ပြီး တနင်္လာ မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ တက်ရောက်သင်ယူရမှာ ဖြစ်ပါတယ်။
    .
    သင်တန်းပြီးဆုံးပြီး အောင်မြင်ပါက SMVTI Certificate သ.ပ.န အသိအမှတ်ပြု (accredited by Ministry of Science and Technology (MOST)) ရရှိမှာ ဖြစ်ပါတယ်။

    သင်တန်း အမျိုးအစားများမှာ
    -Hotel & Tourism-
    ——————-
    1-Front Desk Operation
    2-Food and Beverage
    3-House Keeping
    4-Retail Operation
    .
    -Engineering
    ——————
    1.Electronics  (Computer & Networking)
    2.Electrical Technology (Electrical Appliances and Special Installations)
    3-Residental Air Conditioning
    4-Building Fixtures and Equipment
    5-General Welding
    6-Mechatronic (Basic Services)
    .
    အဆိုပါသင်တန်းများကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ၁၆နှစ် ပြည့်ပြီးသူများ လျှောက်ထားနိုင်ပါတယ်။
    .
    လိုအပ်သောစာရွက်စာတန်းများ>>>
    ၁- တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ
    ၂- တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းမိတ္တူ
    ၃- မိဘများ၏ မှတ်ပုံတင်မိတ္တူ
    ၅- ရဲစခန်းထောက်ခံစာ
    ၆- ပါတ်စပို့ဆိုဒ်ဓါတ်ပုံ ၁ပုံ
    .
    အသေးစိတ်သိရှိလိုသူများ https://www.facebook.com/SMVTI.Ygn/ ကိုသွားရောက်ကြည့်ရှုနိုင်ပါတယ်။

    SMVTI

  • အာဏာရှင်ဆန်တဲ့ ဒီမိုကရေစီနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုနဲ့ တရားမျှတမှု

    အာဏာရှင်ဆန်တဲ့ ဒီမိုကရေစီနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုနဲ့ တရားမျှတမှု

    2013 Little India riot
    ရေးသူ- Zaw Min Oo
    .
    ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့က စင်္ကာပူနိုင်ငံ Little India မှာ ယဉ်တိုက်မှုကို အစပြုပြီး လူ ၃၀၀ လောက်ပါဝင်တဲ့ ဆူပူအုံကြွမှု ဖြစ်ခဲ့ပါတယ်။ ရဲကားပါ မီးရှို့ခံလိုက်ရတယ်။ ဖြစ်တဲ့ညမှာ ရဲတွေဟာ ဝိုင်းထားပြီး လူစုခွဲဖို့ကိုဘဲ သတိပေးခဲ့ပါတယ်။
    .
    တိုင်ကြားသူမရှိပေမယ့် ရဲတွေကပဲ တစ်နှစ်ကြာ စနစ်တကျ ဖော်ထုတ်ခဲ့ပါတယ်။ လူတွေဆီမှာ ရှိတဲ့ ဓာတ်ပုံတွေ ဗွီဒီယိုတွေကို တောင်းခံပြီး ဖျက်ဆီးမှု လုပ်သူများကို စနစ်တကျ ဖော်ထုတ်ပြီး တရားရုံး အရောက်ပို့ခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်မှာ ၂၇ ယောက် ဒါဏ်ရာရ၊ ၄၀ ယောက် ဖမ်းပြီး ၃၁ ယောက်ကို ပြစ်ဒါဏ်ချမှတ်ခဲ့ပါတယ်။
    .
    ဒီအဖြစ်အပျက်ကို စနစ်တကျ သုတေသနေပြုတဲ့ အဖွဲ့ ဖွဲ့လေ့လာပြီး နောက်နောင် ထပ်မဖြစ်အောင် အစီအမံတွေ လုပ်ခဲ့ပါတယ်။ ည ၁၀:၃၀ နောက်ပိုင်း အရက် ဘီယာ ရောင်းမပေးတော့တာ၊ အများပြည်သူ နားနေရာတွေမှာ ၁၀:၃၀ နောက်ပိုင်း အရက်မသောက်ခိုင်းတော့တာ၊ အလုပ်သမားအဆောင်တွေမှာ အားကစားလုပ်ဖို့ ကစားကွင်း ထောက်ကူပစ္စည်းတွေ ထည့်ပေးတာ၊ ပိတ်ရက်တွေမှာ ရုပ်ရှင်ပြပေးတာတွေအပြင် အများစုက အန္ဒိယတွေ ဖြစ်ခဲ့လို့ အန္ဒိယ သံအမတ်ပါခေါ်ပြီး ကျန်တဲ့ လူတွေကို လိုက်လံ အားပေးမှုတွေ လုပ်ခဲ့ပါတယ်။ တချိန်တည်းမှာ ပြည်သူတွေကိုလည်း နိုင်ငံခြားသားတွေကို မမုန်းဖို့ အစိုးရ မီဒီယာတွေအပြင် လူမှုကွန်ယက်တွေသုံးပြီး ပညာပေးတွေ လုပ်ပါတယ်။
    .
    ဒါဟာ အာဏာရှင်ဆန်တဲ့ ဒီမိုကရေစီနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုနဲ့ တရားမျှတမှုပါ…

  • ပြည်ခရိုင်တွင် အဓိကရုဏ်းများ ဆန့်ကျင်ရေးနှင့် တားဆီးရေး ကွန်ရက် ပြန်လည်ဖွဲ့စည်း

    ပြည်ခရိုင်တွင် အဓိကရုဏ်းများ ဆန့်ကျင်ရေးနှင့် တားဆီးရေး ကွန်ရက် ပြန်လည်ဖွဲ့စည်း

    ဇွန်၂၇၊ ၂၀၁၆
    M-Media
    မိုးစက်
    Pyi
    ပြည်။    ။ ဘာသာရေး အဓိကရုဏ်း များကို ကာကွယ်နိုင်ပြီး ၂၁ ပင်လုံညီလာခံကို နှောင့်ယှက်ဖျက်ဆီးခြင်းမှ ကင်းဝေးရန်အတွက် ဘာသာရေး အဓိကရုဏ်းများ ဆန့်ကျင်ရေးနှင့် တားဆီးရေး ကွန်ရက် (ပြည်ခရိုင်) ကို ဇွန်လ ၂၆ ရက်နေ့က ပြန်လည်ဖွဲ့စည်း ခဲ့ပါတယ်။

    ယခုအချိန်သည် ၂၁ ရာစုညီလာခံအတွက် တိုင်းရင်းသားတွေ လက်နက်ကိုင်အဖွဲ့အစည်းတွေက စည်းလုံးမှုရရန်အတွက် ကြိုးစားနေချိန်ဖြစ်ပြီး အဆိုပါ ကြိုးစားမှုများကို မလိုလားသူများက ဘာသာရေးမှိုင်းတိုက်ပြီး ဆူပှုမှုများဖြစ်အောင် ကြိုးပမ်းနေကြတဲ့အတွက် ယခုလို အဖွဲ့ကို ပြန်လည်ဖွဲ့စည်းလိုက်ခြင်းလည်း ဖြစ်ပါတယ်။

    “ကျွန်တော်တို့အဖွဲ့က ပြည်ခရိုင်မှာ တစ်ခုခု ပြစ်မှုကျူးလွန်တာနဲ့ အဲ့လူကို ချက်ချင်းဖမ်းဆီးဖို့ အရေးယူဖို့ ရဲတွေနဲ့ သက်ဆိုင်ရာတွေကို တောင်းဆိုမယ်၊ မလိုလားအပ်တဲ့ ပြသာနာတွေမရှိလာအောင် ပြည်ခရိုင်မှာ တာဝန်ရှိ အစိုးရအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့တွေ ရှိပါတယ်” လို့  အဓိကရုဏ်းများ  ဆန့်ကျင်ရေးနှင့် တားဆီးရေး ကွန်ရက်က တာဝန်ရှိသူတစ်ဦးက ကွန်ယက်ပြန်လည်ဖွဲ့စည်းရခြင်းနှင့် ပတ်သတ်ပြီး ပြောဆိုပါတယ်။

    ဘာသာရေးအဓိကရုဏ်း  တွေဖြစ်မှ ပင်လုံညီလာခံပျက်သွားမယ်ဆိုတဲ့ အကြံအစည်နဲ့ လုပ်နေကြတာကြောင့် အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့ကို ထိခိုက်အောင် လုပ်နေသူများကို ဖွဲ့စည်းပုံ အခြေခံဥပဒေများအတိုင်း အရေးယူနိုင်အောင် လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရဲ့တပ်ဖွဲ့တို့နှင့် ပူးပေါင်းဖော်ထုတ်သွားမယ်လို့  ဇွန်လ (၂၆) ရက်နေ့က အဓိကရုန်းများ ဆန့်ကျင်ရေးနှင့် တားဆီးရေးကွန်ရက်က ထုတ်ပြန်သော ကြေငြာချက်မှာ ပါရှိပါတယ်။

    လွန်ခဲ့သော ရက်ပိုင်းများအတွင်းက အစ္စလာမ်ဘာသာဝင်တစ်ဦး၏ အိမ်ရှေ့တွင် မီးလောင်မှု တခု ဖြစ်ပွားခဲ့ပါသေးတယ်။ အဆိုပါည ညဥ့်နက်အချိန်တွင် ဆိုက်ကယ်များစီးပြီး လူတစ်စုက ရှို့မီးဖြင့် မီးရှို့ခဲ့တာလို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။။ တရားခံများကို ရဲမှ အမှုဖွင့်ထားပြီး ယနေ့တိုင် တရားခံတစ်စုံတစ်ယောက်မှ မိခြင်း မရှိသေးကြောင်းပါ။