News @ M-Media
Author: editor
  • ရွေးလက်ယာ အင်စတီကျုမှ ပြုလုပ်သော သဟဇာတကမ်ပိန်း/ရမသွာန်ဝါဖြေပွဲ (ရုပ်သံ)
    ရွေးလက်ယာ အင်စတီကျုမှ ပြုလုပ်သော သဟဇာတကမ်ပိန်း/ရမသွာန်ဝါဖြေပွဲ (ရုပ်သံ)
    ရွေးလက်ယာ အင်စတီကျူ့ရဲ့ သဟဇာတ ကမ်ပိန် လှုပ်ရှားမှု အနေနဲ့ဘာသာပေါင်းစုံ ၀ါဖြေပွဲလေးတခုကို ဇွန် ၂၅ ရက်နေ့က ဇဖရ်ရှား ဗလီဝတ် ကျောင်း တော်မှာ ပြုလုပ်ခဲ့ပါတယ်။
    ဘာသာတခု နဲ့တခုအကြား ယုံကြည် မှု မြင့်တင်ပြီး အပြန်အလှန်နားလည်ဖေးမမှု နဲ့အတူ ရေးရာကိစ္စတွေမှာ စုပေါင်းလက်တွဲ လုပ်ကိုင်နိုင်ဖို့ ရည် ရွယ် လုပ် ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
    မြန်မာနိုင်ငံနှစ်ချင်း ခရစ်ယာန်တက္ကသိုလ် Myanmar Institute of Theology (MIT) BA (Religion) Final သင်တန်းနှင့် ရန်ကုန်နိုင်ငံရေးသိပံ္ပမှ ခရစ်ယာန် ၊ဗုဒ္ဓဘာသာ ကျောင်းသူ/ကျောင်းသား၊ ဆရာ ၁၅ ဦးပါဝင်ခဲ့ပါတယ်။
    ရိုက်ကူး-မိုးစက်
    M-Media
  • HWPL ၏ သံတမန်များအဖြစ် ဒေါက်တာအရှင်ကုမာရ နှင့် ခလီဖာ ဦးသိန်းဝင်းအောင် တို့ကိုခန့်အပ်
    HWPL ၏ သံတမန်များအဖြစ် ဒေါက်တာအရှင်ကုမာရ နှင့် ခလီဖာ ဦးသိန်းဝင်းအောင် တို့ကိုခန့်အပ်
    13516434_1209329519101951_4039018322686947732_n
    စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးရှိ ဗုဒ္ဓဘာသာ ပညာရေးစင်တာ(IBEC)တွင်၂၀၁၆ ခုနှစ် ဇွန်လ ၂၅ ရက် မွန်းလွဲပိုင်းက HWPL မှဦးဆောင်ကာ ကျင်းပပြုလုပ်သော န၀မအကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် HWPL သံတမန်များအဖြစ်ခန့် အပ်ခြင်းနှင့် ဘာသာအလိုက်ဆွေးနွေးခြင်းများပြုခဲသည်။
    HWPL ဆိုသည်မှာ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် စစ်ပွဲများရပ်စဲရေးအတွက် လုပ်ဆောင်နေသော နိုင်ငံတကာ NGO အဖွဲ့ အစည်းတစ်ခုဖြစ်ပြီး ၂၀၁၃ ခုနှစ် ကမ္ဘာ့ ငြိမ်းချမ်းရေးကြေငြာချက် ပြုလုပ်ပြီးချိန်မှစပြီး DPCW လို့ ခေါ်တဲ့ စစ်ပွဲများရပ်စဲရေးနှင့်ငြိမ်းချမ်းရေးကြေငြာခြင်း၊WALP လို့ ခေါ်တဲ့ ကမ္ဘာ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေ့းဆွေးနွေးပွဲများကဲ့သို့ သော အောင်မြင်မှုများကိုပြုလုပ်နိုင်ခဲ့သောအဖွဲ့ အစည်းတစ်ခုလည်းဖြစ်သည်။
    ( ဓာတ်ပုံ- ဘိုဘို)
    မဇ္ဈိမ သတင်းဌာနမှ ကူးယူဖော်ပြပါသည်။
    13524369_1209329505768619_650511888204439833_n 13537612_1209329639101939_4902427518619735160_n 13438986_1209329625768607_4967595077875217187_n 13521943_1209329582435278_3498663538835451192_n 13501931_1209329512435285_7068392134663697098_n
  • ရွေးလက်ယာ အင်စတီကျုမှ ကျင်းပသော သဟဇာတကမ်ပိန်း (ရမသွာန်ဝါဖြေပွဲ)
    ရွေးလက်ယာ အင်စတီကျုမှ ကျင်းပသော သဟဇာတကမ်ပိန်း (ရမသွာန်ဝါဖြေပွဲ)
    ဇွန် ၂၅ ၊ ၂၀၁၆
    1
    ရွေးလက်ယာ အင်စတီကျုမှ ကျင်းပသော သဟဇာတကမ်ပိန်း (ရမသွာန် ဝါဖြေပွဲ) ကို Bars, MIT မှ ကျောင်းသူ ကျောင်းသားက ရန်ကုန်မြို့ ဇဗဲရှားရ် ဂူဗိမာန်ဒါဂါရ် ဝတ်ကျောင်းတော်တွင် တက်ရောက်ခဲ့ကြသည်။
    .
    Bars, MIT မှ ကျောင်းသူ ကျောင်းသားများ ဝတ်ပြုကျောင်းဆောင်အတွင်း လှည့်လည်လေ့လာခဲ့ကြပြီး ဆရာဘီးလားလ် ရန်နိုင်နှင့် ဆရာဦးကျော်ဝင်းတို့က ကျောင်းသား/ကျောင်းသူများ အစ္စလာမ်ဘာသာနှင့် ပတ်သတ်ပြီး သိလိုသမျှ မေးမြန်းသော မေးခွန်းများကို ပြန်လည်ဖြေဆိုရင်း ဆွေးနွေးခဲ့ကြပြီး ရမာဇာန်လ ဝါဖြေပွဲကို Bars, MIT မှ ကျောင်းသူ ကျောင်းသားနှင့် အတူတကွ ဆင်နွဲခဲ့ကြသည်။
    အဆိုပါ သဟဇာကမ်ပိန်းကို အစ္စလာမ်ဘာသာဝင်တွေရဲ့ သာသနိက အဆောက်အအုံကို  လေ့လာလို့ရအောင်  နှင့် ရမသွာန် ဥပုသ်လအကြောင်းကို ကျောင်းသားတွေ အနီးကပ်သိရှိလေ့လာဖို ၊ဘာသာတစ်ခုနဲ့ပတ်သတ်ပြီး သိဖို့ ငြိမ်းချမ်းစွာ အတူယဥိတွဲနေထိုင်ဖို့ အထောက်အကူဖြစ်အောင် ရည်ရွယ်၍ ကျင်းပပြုလုပ်ကြောင်းသိရှိရပါတယ်။
    ဓာတ်ပုံ – မိုးစက် (M-Media)
    ဓါတ်ပုံအားလုံး ကြည့်ရန်==>
  • သူရဲသမိန်ကျေးရွာ ဖြစ်စဉ်အတွက် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းကို မေးမြန်းချက်
    သူရဲသမိန်ကျေးရွာ ဖြစ်စဉ်အတွက် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းကို မေးမြန်းချက်
    ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် သူရဲသမိန်ကျေးရွာ မှာ မနေ့က ရွာသားအချင်းချင်း စကားများရာကနေ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘာသာရေးအဆောက် အဦတစ်လုံးနဲ့ နေအိမ်တစ်လုံး ဖျက်ဆီးခံလိုက်ရပါတယ်။ အခုချိန်မှာ ရဲတပ်ဖွဲ့တွေနဲ့ လုံခြုံရေး တင်းကြပ်ထားတယ်လို့ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောပါတယ်။
    ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဝင်းသိန်း ကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။
    Credit- ဓါတ်ပုံများကို ဆိုရှယ်မီဒီယာနှင့် မီဒီယာများမှ လည်းကောင်း၊
    ရုပ်သံကို ဧရာဝတီသတင်းဌာနမှ လည်းကောင်း
    ရယူ အသုံးပြုထားပါသည်။
  • အကြမ်းဖက်မှုကြောင့် တိမ်းရှောင်နေသူများ ထပ်မံခြိမ်းခြောက်ခံရ၍ ရဲစခန်းတွင်းသို့ ဝင်ပြေးရ
    အကြမ်းဖက်မှုကြောင့် တိမ်းရှောင်နေသူများ ထပ်မံခြိမ်းခြောက်ခံရ၍ ရဲစခန်းတွင်းသို့ ဝင်ပြေးရ
    ဇွန် ၂၄၊ ၂၀၁၆
    M-Media
    သတင်း-ဖြူလေး
    ရုပ်သံဗီဒီယို- ဧရာဝတီ
    ယမန့်နေ့က အကြမ်းဖက်မှုများဖြစ်ပွားခဲ့သော သူရဲသူမိန် ကျေးရွာမှ အစ္စလာမ်ဘာသာဝင်များ အား ယနေ့ ထပ်မံခြိမ်းခြောက်မှု များရှိလာ၍ ရဲစခန်းအတွင်း ဝင်ရောက်ပြေးဝင် ခှိုလှုံခဲ့ရကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ယမန့်နေ့က သာမန်စကားများ ရန်ပွဲ တခုကို အစပြုပြီး အဆိုပါကျေးရွာမှ လူ ၂၀၀ ကျော်ခန့်က ဗလီ ၊စာသင်ကျောင်း၊ မွတ်စလင်မ် သုသာန် နှင့် နေအိမ်အချို့ကို ဖျက်ဆီးခဲ့မှုကြောင့် အသက်အန္တရာယ်ခြိမ်းခြောက်မှုရှိသဖြင့် ကျေးရွာနေ အစ္စလာမ်ဘာသာဝင်အချို့ ရဲစခန်းအနီး နေအိမ်တခုတွင် ယာယီတိမ်းရှောင်ခဲ့ကြသည်။
    ယနေ့ ၄င်းနေအိမ်များမှ အစားအသောက်အချို့နှင့် အဝတ်အစားများ သွားယူစဉ် ကျေးရွာမှ လူတယောက်က တိုက်ခိုက်ဖို့ အောက်ဟစ် ခြိမ်းခြောက်မှုကြောင့် ရဲစခန်းအတွင်းသို့ ဝင်ရောက် ထွက်ပြေးခဲ့ရကြောင်းနှင့် ကျေးရွာတွင် နေထိုင်သူ မွတ်စလင်မ် လူဦးရေ ၂၀၀ ကျော်ခန့်တွင် ယခု ၈၀ ခနု့်သာ ကျန်ရစ်ပြီး အခြားသူများမှာ ဆွေမျိုးသားချင်းများရှိရာ အခြား ရွာများသို့ တိမ်းရှောင်သွားပြီဖြစ်ကြောင်းနှင့် ယမန်နေ့က အကြမ်းဖက်တိုက်ခိုက်သူများမှ သူရဲသူမိန်ကျေးရွာတွင် မွတ်စလင်မ် မကျန်အောင် လုပ်မည်ဟု ခြိမ်းခြောက်မှုများပြုနေကြောင်း စုံစမ်းသိရှိရပါသည်။