News @ M-Media

Author: editor

  • ငါးမျှားကြသော ငါးများ

    ငါးမျှားကြသော ငါးများ

    ဖေဖော်ဝါရီ ၁၈ ၊ ၂၀၁၆
    M-Media
    အေးထွန်း ရှာဖွေတင်ဆက်သည်။

    Decoy Scorpionfish

    လူတွေ ငါးမျှားကြတယ်၊ ငါးတစ်ချို့ဟာလဲ ငါးမျှားကြတယ်။

    Decoy Scorpionfish (Iracundus signifer) ငါး တွေ ၊ သူတို့ ဗိုက်ဆာလာပြီဆိုရင် သူတို့ရဲ့ ကျောရိုးဆူးတောင်ကို ဖွင့်မတ်လိုက်တယ်။
    သူ့ရဲ့ ကျောရိုးဆူးတောင်ဟာ ပါးစပ်၊ မျက်စိနဲ့ ဆူးတောင်ပါဝင်တဲ့ ငါးငယ်တစ်ကောင် အသွင်အပြင် ဖြစ်ပေါ်လာတယ် ၊

    သူဟာ ဆူးတောင်ကို ရှေ့တိုးနောက်ဆုတ် ပုံစံ ရိုက်ခတ်တယ်။ ကူးခပ်နေတဲ့ ငါးငယ်တစ်ကောင်ပုံစံပေါ့။

    ဒီငါးငယ်အတုကို အတုမှန်းသတိမထားမိပဲ စားဖို့ ချဉ်းကပ်လာတဲ့ ငါးတွေဟာ Decoy scorpionfish ရဲ့ အစာဖြစ်ပြီပေါ့ ။

    (Diversity and Adaption in Fish Behaviour By Miles H.A. Keenleyside ,2.4.4.2 Luring , Pg .32)

    Frogfish

    ဒီငါးတင်မဟုတ်ဘူး၊ Frogfish (Antennarius maculatus) ငါး တွေလဲ ငါးမျှားသေးတယ်။ အမယ်၊ သူတို့က ပိုအဆင့်မြင့်တယ် ပြောရမယ်၊ ငါးမျှားတံ အင်္ဂါငယ် (Illicium) နဲ့ မျှားတာကိုး ။

    ဒီအင်္ဂါငယ်ထိပ်ဟာ ရေထဲမှာ ကူးခပ်သွားလာနေတဲ့ ငါးငယ်တစ်ကောင်နဲ့ တူလွန်းနေရဲ့ ၊
    ဒီငါးတုကို စားဖို့လာမဲ့ ငါးတွေ Frogfish ငါးရဲ့ အစာဖြစ်ပြန်ပြီပေါ့။

    (Exploring the World of Aquatic Life By John Dawes and Andrew Campbell , Pg. 157)

    ဒီငါးတွေ ငါးမျှားနည်းစနစ် ဘယ်လိုကြောင့်များ တတ်ကျွမ်းနေရတာလဲ၊

  • တောင်ဒဂုံမှာ ပြဿနာဖြစ်နေသည့်သတင်း ကောလဟာလ လှုံ့ဆော်မှုသာဖြစ်

    တောင်ဒဂုံမှာ ပြဿနာဖြစ်နေသည့်သတင်း ကောလဟာလ လှုံ့ဆော်မှုသာဖြစ်

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၆
    M-Media
    သီဟ
    south Dagon
    တောင်ဒဂုံမြို့နယ်အတွင်း အုပ်စုဖွဲ့ကလဲ့စားချေ ခိုက်ရန်ဖြစ်ပွားနေကြောင်း ဆိုရှယ်မီဒီယာမှာ ဖြန့်ဝေမှုများ မဟုတ်မမှန်ဘဲ ကောလဟာလသာဖြစ်ကြောင်းသိရပါတယ်။

    တောင်ဒဂုံမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတခုအား ဆိုရှယ်မီဒီယာတွင် လူမျိုးရေး၊ဘာသာရေး မုန်းတီးပြဿနာဖြစ်ပွားစေမည့် ဓါတ်ပုံနှင့် ရေးသားမှုများကို အမျိုးသားရေး အမည်ခံ FB အကောင့်များမှ အုပ်စုလိုက် လှုံ့ဆော်ပြီးရေးသားပြီးနောက်ပိုင်း ဒီနေ့ မနက်မှာ ယခုကဲ့သို့ သတင်းတွေ ပြန့်နှံလာတာပဲဖြစ်ပါတယ်။

    အုပ်စုဖွဲ့ကလဲ့စားချေခိုက်ရန်ဖြစ်ပွားမှာ ကောလဟာလသာဖြစ်ကြောင်း၊ လူသတ်မှုကိုတော့ ရဲတပ်ဖွဲ့ကသူလုပ်ထုံးလုပ်နည်းအတိုင်း စစ်ဆေးကြောင်း၊ ရန်ကုန်အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ဋ္ဌေး၏ ပြောကြားချက်ကို မဇ္ဈိမ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

    “လက်စားချေ တိုက်ပွဲဝင်နေတဲ့ တောင်ဒဂုံကမျိုးချစ်တို့ရဲ့လက်တွေ့စစ်ပွဲဆော်ကုန်ပြီ” ဆိုသည့် ရေးချက်နှင့် ယခင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ပဋိပက္ခမှ ဓါတ်ပုံတခုတွဲဖက်ပြီး “Mc Kohtet” အမည်ဖြင့် Facebook စာမျက်နှာမှာ ဖြန့်ဝေခဲ့ပြီး အချိန် နာရီပိုင်းတွင်း ထပ်ဆင့် ဖြန့်ဝေသူ ၇၀၀ ကျော်သွားပြီဖြစ်ပါတယ်။

    ဓါတ်ပုံအညွှန်း -Mc Kohtet ၏ FB စာမျက်နှာတွင် ရေးသားထားမှု

  • နမ့်ဆန်မြို့ မီဘေးသင့်သူများသို့ မန္တလေးမှ မွတ်စလင်များ သိန်း ၇၀၀ ကျော် လှူဒါန်း

    နမ့်ဆန်မြို့ မီဘေးသင့်သူများသို့ မန္တလေးမှ မွတ်စလင်များ သိန်း ၇၀၀ ကျော် လှူဒါန်း

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၆
    M-Media
    သတင်း-အောင်သူရ
    .12745457_939620232791224_5563242084711682771_n
    – ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ရှိ မီးဘေးသင့်ပြည်သူများ အတွက် မန္တလေးမြို့ “အစ္စလာမ်ဘာသာ လူမှုရေးအဖွဲ့ မှ” ကျပ်သိန်း ၇၁၀ ကျော် လှူဒါန်းခဲ့သည်ဟု သိရသည်။
    .
    ဖေဖော်ဝါရီ ၁၆ ရက်နေ့ (ယနေ့)တွင် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး မီးဘေးသင့်ပြည်သူများ ပညာရေးအတွက် သိန်း ၃၀၊ ကျန်းမာရေး အတွက် သိန်း ၃၀၊ တစ်အိမ်ထောင်လျှင် ၂၂၅,၀၀၀ ကျပ်စီဖြင့် ငွေကျပ် (၆၅,၉၂၅,၀၀၀) စုစုပေါင်း လှူဒါန်းငွေ တန်ဖိုး ကျပ် (၇၁,၉၂၅,၀၀၀) ရှိခဲ့သည်။
    .
    ထို့ပြင် ငွေကျပ် သုံးသိန်း တန်ဖိုးရှိ ဆေးဖာ ၃ ဖာကိုလည်း မီးဘေးသင့်ပြည်သူများသို့ ပေးအပ်ခဲ့သည်။ မန္တလေးမြို့ အစ္စလာမ်ဘာသာ လူမှုရေးအဖွဲ့က ထိုကဲ့သို့ လှူဒါန်းနိုင်ရန် အတွက် ဗလီဝတ်ကျောင်းတော်များ၊ မွတ်စလင်အဖွဲ့အစည်းများက အလှူငွေ ကောက်ခံပေးခဲ့ခြင်းဖြစ်သည်။

    12742362_939620026124578_8322576254367471908_n
    .
    “လူသားချင်းစာနာမှုပေါ့နော်။ ဟိုမှာ ဒုက္ခအကြီးအကျယ်ရောက်နေတယ်။ ကျွန်တော်တို့ဘက်က ရောက်သွားနိုင်တယ်။ သူ့တို့လက်ထဲကိုလည်း တကယ် ထိထိရောက်ရှိမယ့် ပမာဏ ထည့်ပေးခဲ့တယ်။ အားလုံး အဆင်ပြေအောင် လုပ်ပေးနိုင်ခဲ့တယ်။ အဲဒီအတွက် ဖြစ်ရတဲ့ ပီတိကို ဘယ်လိုမှ ဖော်ပြလို့မရပါဘူး” ဟု အစ္စလာမ်ဘာသာ လူမှုရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဟာဂျီ ကိုစိန်လင်းက M-Media သို့ ပြောကြားခဲ့သည်။
    .
    ထို့ပြင် နမ့်ဆန် မီးဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းအတွက်လည်း ထပ်မံ လှူဒါန်းရန် အစီအစဉ် ရှိနေသေးသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    .
    မန္တလေးရှိ မွတ်စလင်အဖွဲ့အစည်းများ၊ ဗလီဝတ်ကျောင်းတော်များ ပူးပေါင်းဖွဲ့စည်းထားသည့် အဆိုပါ “အစ္စလာမ်ဘာသာ လူမှုရေးအဖွဲ့” မှာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခိုက်ပြီးကတည်းက လူမျိုးဘာသာ မခွဲခြားဘဲ လူမှုကူညီရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်။

    01

  • မန္တလေးမြို့တွင် မွတ်စလင်မ် သက်ကြီး ဆရာဝန်များ ဂုဏ်ပြုပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲ ကျင်းပ

    မန္တလေးမြို့တွင် မွတ်စလင်မ် သက်ကြီး ဆရာဝန်များ ဂုဏ်ပြုပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲ ကျင်းပ

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၆
    M-Media
    သတင်း-ဖြူလေး

    12744075_1099939043370970_9168449193925430582_n
    ဓါတ်ပုံ – ခင်မောင်ထွန်း (Mdy)

    မန္တလေး။     ။ Muslim Medical Family (မန္တလေး) မှ ဦးဆောင်၍ နှစ်စဉ် ကျင်းပသည့်  မန္တလေးမြို့မှ မွတ်စလင်မ် သက်ကြီး ဆရာဝန်များအား ဂုဏ်ပြုပွဲ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ထူးချွန်ကျောင်းသားများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို မန္တလေးမြို့ ပန်းသေးဗလီ ခန်းမတွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ပြုလုပ်ကျင်းပခဲ့ကြပါတယ်။

    အဆိုပါ အခမ်းအနားတွင် သက်ကြီး ဆရာဝန်ကြီးများ၊ ဆေးတက္ကသိုလ်၊ သွားဆေး တက္ကသိုလ်၊ဆေးဝါးကျွမ်းကျင်၊ ဆေးဘက်ဆိုင်ရာ၊ သူနာပြု တက္ကသိုလ် အစရှိသည့် ဆေးနှင့် ပတ်သက်သည့် တက္ကသိုလ်အသီးသီးက ကျောင်းသား ကျောင်းသူများ ၊ဆေးကုမ္ပဏီများမှ ဧည့်သည်တော်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း ၁၀၀ကျော်ခန် တက်ရောက်ခဲ့ကြပါတယ်။

    ရှေးဦးစွာ  ကုရ်အာန်ကျမ်းစာ ရွတ်ဖတ်ကာ အခမ်းအနားကို ဖွင့်လှစ်ပြီး သက်ကြီးဆရာဝန်ကြီးများနှင့် ဧည့်သည်တော်များမှ မိတ်ဆက်ခြင်း၊ ပထမနှစ်မောင်မယ်သစ်လွင်များမှ မိတ်ဆက်ခြင်း၊ နောက်ဆုံးနှစ် ကျောင်းသားသူများမှ မိတ်ဆက်ခြင်းကြပါတယ်။

    12734153_1099938933370981_6354479919765110836_n
    ဓါတ်ပုံ – ခင်မောင်ထွန်း (Mdy)

    သက်ကြီးဆရာဝန်များကိုလည်း မျိုးဆက်သစ် ဆရာဝန်လောင်းများက ပြန်လည်ပြီး ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းလည်း သိရပါတယ်။။ ဆရာဝန်ကြီးများမှလည်း အနာဂတ်ဆရာဝန်လောင်းများကို အမှတ်တရ ဂုဏ်ပြုစကားများ ပြောဆိုခဲ့ကြပါတယ်။

    အဲဒီနောက် သက်ကြီးဆရာဝန်များကိုယ်စား အရေပြားအထူးကုဆရာဝန်ကြီး ဒေါက်တာနူရ်းစလင်းမှ အမှာစကားပြောကြားပြီးနောက်  နှလုံးအထူးကု ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်ထွေးမှ အသင်း၏ လုပ်ငန်းစဉ်များကို ဆွေးနွေး တင်ပြခြင်း၊ ဆေးတက္ကသိုလ် Final part 2 မှ ကိုရှင်းသန့်မှ အသင်း၏ လုပ်ငန်းဆောင်တာများကို တင်ပြခဲ့ပါတယ်။

    ယခုကဲ့သို့ အခမ်းအနားမျိုး ကျင်းပရခြင်းနှင့် ပတ်သက်ပြီး EC တစ်ဦးဖြစ်သူ ကိုမိုးကိုကိုလွင်က “ဒီဆေးလောကမှပေါ့ လူကြီးတွေကနေ အငယ်တွေအထိ တစ်ဦးနဲ့တစ်ဦး သိနေစေဖို့အတွက်ရယ် လူကြီး လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်စေဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်ရခြင်းဖြစ်ပါတယ်။ ကိုယ့်မြို့မဟုတ်တဲ့ တခြားတစ်မြို့ကို ရောက်သွားရင်လည်း အချင်းချင်းသိနေကြပြီးတော့ လိုအပ်ချက်တွေကို အကူအညီရဖို့အတွက်လည်း ရည်ရွယ်ပါတယ်” M-Media ကိုပြောပါတယ်။

    အစီအစဉ် ဒုတိယအပိုင်းအနေဖြင့်  မောင်မယ်သစ်လွင်ကြိုဆိုပွဲ  ပျော်ရွှင်ဖွယ် အစီအစဉ်များကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရှိရပါတယ်။

  • “မန္တလေးက အားလုံး မျက်စိကျနိုင်တဲ့နေရာ”

    “မန္တလေးက အားလုံး မျက်စိကျနိုင်တဲ့နေရာ”

    Zaw Myint Maung
    မကြာသေးမီက နေပြည်တော်တွင် တွေ့ရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဒေါက်တာဇော်မြင့်မောင် (ဓာတ်ပုံ – သင်းလဲ့ဝင်း/Myanmar Now)

    သင်းလဲ့ဝင်း/ Myanmar Now

    နေပြည်တော် (Myanmar Now) – ပညာရေးအလေးပေးသော၊ မောင်နှမ များပြားသောမိသားစုတွင်ကြီးပြင်း လာရသူ ဒေါက်တာဇော်မြင့်မောင်သည် ငယ်စဉ်ကပင် နိုင်ငံရေးစိတ်ဝင်စားသော်လည်း မိဘ ၂ပါး၊ မောင်နှမ ၈ ဦးတို့ ဒုက္ခရောက်မည်ကို ထောက်ထားပြီး နိုင်ငံရေးတွင် ပါဝင်ခြင်းမပြုခဲ့ဟုဆိုသည်။ ဦးနေဝင်းအစိုးရလက်ထက် မန္တလေးဆေးတက္ကသိုလ် ဆရာဖြစ်သူ ဖခင်မှာ ကျောင်းသားအဆောင်မှူးလည်း ဖြစ်သည်။ နိုင်ငံရေးလှုပ်ရှားသော သူငယ်ချင်းများ ကျောင်းထုတ် ခံရသည်ကို တွေ့မြင်ခဲ့ရသည်။

    ၁၉၈၈ လူထုလှုပ်ရှားမှု ဖြစ်လာချိန်တွင်တော့ နိုင်ငံရေးလောကထဲ ခြေစုံပစ် ဝင်လိုက်တော့သည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင် အမရပူရမဲဆန္ဒနယ်မှ ရွေးကောက်ခံရသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမတ် ဖြစ်လာသော်လည်း လွှတ်တော်သို့မရောက်ဘဲ နိုင်ငံအတွင်း ဆိုးရွားပါပေ့ဆိုသောထောင်များတွင် ၁၉ နှစ် နေခဲ့ရသည်။ ၂ဝဝ၉ တွင် လွတ်မြောက်လာပြီးနောက် ပါတီ၏ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဖြစ်လာသော ဒေါက်တာဇော်မြင့်မောင်ကို ဒေါ်အောင်ဆန်းစုကြည် ဘေးတွင် ပုံမှန်မြင်တွေ့ခဲ့ရသည်။

    ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်သောကြောင့် ကျောက်ပန်းတောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ကိုယ်စားလှယ်ဖြစ်လာပြီး ၂ဝ၁၅ ရွေးကောက်ပွဲတွင်မူ မန္တလေးတိုင်းဒေသကြီးလွှတ်တော် အမရပူရ မဲဆန္ဒနယ်အမှတ် ၁ တွင် ထောက်ခံမဲ ၇၆ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သည်။

    မန္တလေးတိုင်းဝန်ကြီးချုပ်ဖြစ်မည်ဟု အများက ခန့်မှန်းနေကြသော ဒေါက်တာဇော်မြင့်မောင်သည် သူ့ကို ပါတီက မည်သည့်နေရာတွင် ချထားမည်ဖြစ်ကြောင်းမသိသေးဟု ဆိုသည်။ Myanmar Now သတင်းဌာန၏ သတင်းထောက်ချုပ် သင်းလဲ့ဝင်းကို ပါတီအကြောင်း၊ မန္တလေးတွင်ရှိသော စိန်ခေါ်မှုများအကြောင်း ပြောပြထားသည်။

    မေး။    ။ ၂ဝ၁၂ မှာ နိုင်တာနဲ့ ၂ဝ၁၅ နိုင်တာ ဘယ်လိုကွာခြားလဲ။

    ဖြေ။    ။ ၂ဝ၁၂ နိုင်တုန်းက P to P (prison to parliament – အကျဉ်းထောင်မှ လွှတ်တော်သို့) ဆိုပြီး ကျွန်တော်ပြောတယ်။ ၉ဝ ခုနှစ်က အိပ်မတ်မက်ခဲ့တဲ့ ပါလီမန်ကိုသွားဖို့၊ ဒီမိုကရေစီရရှိဖို့ကို လုပ်နိုင်တော့မယ် ဆိုပြီးတော့ ဝမ်းသာတယ်။   ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ အပြီး လွှတ်တော်မှာ ကျွန်တော်တို့က လေးဆယ်ကျော်၊ သူတို့ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)က သုံးရာကျော်လောက် ရှိတယ်ပေါ့လေ။ အခု ကျွန်တော်တို့က လေးရာနီးပါးရှိတယ်၊ သူတို့က လေးဆယ်ကျော်။ ပြည်သူ တာဝန်ပေးပြီ၊ ကျွန်တော်တို့ လုပ်ဖို့ပဲကျန်တော့တယ်၊ ဒီတာဝန်ကို ကျွန်တော်တို့ ဘယ်လို ကျေပွန်အောင် ထမ်းဆောင်နိုင်မလဲဆိုတဲ့ စိုးရိမ်စိတ်တော့ရှိတယ်။

    မေး။    ။ ထောင်နဲ့လွှတ်တော် ခရီးလမ်းက ဘယ်လိုလဲ။ လွှတ်တော်ထဲ လွယ်လွယ်ကူကူ ရောက်လာမယ်လို့ ထင်ထားသလား။

    ဖြေ။    ။ ထောင်ထဲမှာနေရတုန်းက တအားကြပ်တယ်။ စာဖတ်ခွင့်မရှိဘူး။ ပုံစံကြီးထိုင်ရတယ်။ မဝရေစာစားရတာ၊ အိမ်က မထောက်ပံ့ဘူးဆိုရင် ရပ်တည်ဖို့ခဲယဉ်းတယ်။ အတိတ်ကိုမဖော်ချင်ပါဘူး။ ပြန်လွတ်လာတဲ့အချိန်မှာလည်း နိုင်ငံရေးအခင်းအကျင်းက တအားဆိုးတယ်။ NLD ဖျက်သိမ်းခံရတော့မယ်ဆိုတာ ပလူကိုပျံနေတယ်။ အဲဒီကြားထဲကနေ ကျွန်တော်တို့ ရုန်းကန်ခဲ့ရတာ လွယ်အိတ်တစ်လုံးနဲ့။ ရုံးတွေပိတ်ထားတယ်။ ၂ဝ၁ဝ မတိုင်ခင် အထက်ဗမာပြည် လှည့်တဲ့အချိန်မှာ တချို့ မြို့နယ်တွေက ကျွန်တော်တို့ကို ည လက်သင့်ခံရင် ည ၁ဝ နာရီ၊ ၁၁ နာရီလောက်မှ အစည်းအဝေး လုပ်ရတယ်၊ မှတ်မှတ်ရရ နေပြည်တော်မှာ လက်ခံမယ့်သူ တစ်ယောက်မှမရှိဘူး။ တည်းခိုခန်း သွားတည်းရတယ်။ တည်းပြီးတော့မှ စည်းရုံးရတယ်။ အဲဒီလို ဆိုတော့ နိုင်ငံရေးမျှော်လင့်ချက်က တော်တော်ကို နည်းပါးပါတယ်။  ရွေးကောက်ပွဲမဝင်ဘူး ၊  အဖျက်ခံရမယ်ဆိုရင်လည်း ဆက်လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်တော့ရှိတယ်။ ဒီလို လျောလျောရှုရှု ပါလီမန်ထဲ ရောက်လာလိမ့်မယ်တော့ မထင်ဘူး။

    ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်တာ တော်တော်ကောင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ ရွေးကောက်ပွဲက ဘယ်လိုမှ အားလုံးပါဝင်တဲ့ရွေးကောက်ပွဲ မဟုတ်ဘူး၊ ဒါကြောင့်မို့လို့ မဝင်ဘူးပေါ့။ ကျွန်တော်တို့ နိုင်ငံရေးဆုံးဖြတ်ချက် မှန်တယ်လို့ထင်တယ်။ ရွေးကောက်ပွဲပြီးတဲ့အချိန်မှာ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပွဲ လုပ်လိုက်တယ်။ အဲဒါကြောင့် လမ်းပွင့်သွားတယ်လို့ ထင်တယ်။

    မေး။    ။ အာဏာလွှဲပြောင်းပေးတဲ့ယဉ်ကျေးမှုက မြန်မာပြည်မှာ မရှိတာကြာလှပြီ။ ဒီအတွက် ပြည်ခိုင်ဖြိုးအစိုးရကို ကျေးဇူးတင်သလား။

    ဖြေ။    ။ နှစ်ပိုင်းပြောရလိမ့်မယ်။ လွှတ်တော် လွှဲပြောင်းရေး လုပ်နေတာ အင်မတန် အဆင်ပြေတယ်၊  အကုန်လုံးပြင်ဆင်ပေးတယ်။ လွှတ်တော်လွှဲပြောင်းရေးကို ဘယ်သူတွေတာဝန် ယူလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တယ်။ ဦးဝင်းမြင့် (ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်လာသူ) နဲ့ ကျွန်တော်နဲ့က လွှတ်တော်ပြောင်းရွှေ့ရေးဆိုင်ရာအဖွဲ့မှာ ပါတယ်။ ကျွန်တော်တို့က လွှတ်တော်ပြောင်းရွှေ့ရေးကို တာဝန်ယူကြတယ်။ စနစ်ကျတယ် ၊ စိတ်ကျေနပ်ဖို့ကောင်းတယ်။ ဗမာပြည်မှာ နှစ်ပေါင်း ငါးဆယ်လောက် ပျောက်နေတဲ့ ဥပဒေပြုတဲ့ ပါလီမန်လွှဲပြောင်းရေးကတော့ တအားကောင်းပါတယ်။

    နောက်တစ်ပိုင်းကတော့ အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူတဲ့တစ်ဖွဲ့ရှိတယ်။   သူတို့က ကျွန်တော်တို့လောက် မလွယ်ကူဘူးပေါ့နော်။

    မေး။    ။ (ထွေအုပ်) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြည်ထဲရေးရဲ့ အောက်မှာ။ ပြည်ထဲရေးဝန်ကြီးကို တပ်မတော်က ရွေးချယ်တာ ဆိုတော့ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မလဲ။

    ဖြေ။    ။ ထွေအုပ်ကို ပြည်ထဲရေးအဖွဲ့ထဲမှာ ထည့်ထားတာက နည်းနည်းလုပ်ရခက်နေတာ။ ကျွန်တော်တို့ ကြားတာပေါ့နော်။ ထွေအုပ်ကို အရင်အစိုးရလက်ထက်မှာကတည်းက ခွဲထုတ်ချင်တယ်။ ဒါပေမယ့် မအောင်မြင်ဘူးပေါ့။
    ဟိုတစ်နေ့က လူဝင်မှုကြီးကြပ်ရေး ဌာနကို ပြည်ထဲရေးအောက်ကို ထည့်ချင်တယ် (လို့ သမ္မတက ပြည်ထောင်စု လွှတ်တော်ကို သဝဏ်လွှာပို့တယ်)။ ကျွန်တော် လက်ရှိ အခြေအနေမှာတော့ ဒါကို လက်မခံနိုင်ဘူး။ တပ်မတော်က ကာကွယ်ရေးရယ်၊ ပြည်ထဲရေးရယ်၊ နယ်စပ်ရေးရာရယ် ယူထားပြီးတော့မှ အရပ်သားဖြစ်နေတဲ့ လူဝင်မှုကြီးကြပ်ရေးကို သူတို့ထဲ ထည့်လိုက်မယ်ဆိုတော့ တပ်ပေါ်မှာ ပိုပြီး ပါဝါ ရသွားတာပေါ့။ အဲဒါလည်း တစ်ပိုင်းပါသလို ပြီးခါနီး လွှတ်တော်ကြီးပေါ်မှာ ကမန်းကတန်းနဲ့ သမ္မတက သဝဏ်လွှာပေးပို့တာ ကတော့… ကျွန်တော်တို့ကတော့ နောက်လွှတ်တော်မှာ ဆက်စဉ်းစားဖို့ ပြောလိုက်တယ်။

    မေး။    ။ ဘာဖြစ်လို့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်အတွက် ဝင်မပြိုင်တာလဲ။

    ဖြေ။    ။ တိုင်းဒေသကြီးမှာ အတွေ့အကြုံရှိတဲ့သူလိုတယ်။ တကယ့် ဖက်ဒရယ်ပြည်ထောင်စု ဆိုရင် တိုင်းဒေသကြီးလည်း အရေးကြီးလာပြီ။ အဲဒါကြောင့်ဆင်းတာ။ (နေပြည်တော်မှာ) နေချင်တယ်ဆိုရင်လည်း ရာထူးမက်တယ်ဖြစ်ဦးမယ်။ မနေချင်ဘူး ဆိုရင်လည်း ကြီးကျယ်တယ်ဖြစ်ဦးမယ်။ အစ်မ (ဒေါ်အောင်ဆန်းစုကြည်)က တိုင်းဒေသကြီး ဆင်းရမယ်ဆိုတော့ ဟုတ်ကဲ့ဆိုပြီး တစ်ချက်လေးမှ မငြင်းပါဘူး။

    မေး။    ။ မန္တလေးမှာ ဘာအခက်အခဲတွေ ရှိမလဲ။

    ဖြေ။    ။ မန္တလေးက အားလုံးမျက်စိကျနိုင်တဲ့နေရာ။ တရုတ်နဲ့လည်းနီးတယ် ၊ အိန္ဒိယနဲ့လည်းနီးတယ်။ စီးပွားရေး အချက်အချာနေရာမြို့ ဖြစ်လာတယ်။ စက်မှုဇုန်တွေ ၊ ပြဿနာတွေ အများကြီးပဲ။ နောက်ပြီး မြို့ကြီးက တဖြည်းဖြည်း ညစ်ပတ်နေပြီ။   ရွေတချောင်း (ချောင်းရေ) က တအားပဲ ညစ်ပတ်နေပြီ။   အဓိကစိန်ခေါ်မှုကတော့ မြေသိမ်းထားတဲ့ကိစ္စတွေ။ အခုလောလောဆယ်ကို ထပ်ပြီးတော့ သိမ်းနေကြသေးတယ်။ ဒီမြေသိမ်းယာသိမ်း ပြဿနာတွေကိုတော့ ရှင်းရမယ်။ နေရာတိုင်းမှာ ပျံ့နှံ့နေတဲ့ လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ချစားမှုကလည်း ရှိနေသေးတာပဲ။ အစိုးရအဖွဲ့ ဖွဲ့ပြီဆိုရင် NLD အနေနဲ့ စိန်ခေါ်မှုလည်းများ၊ အခွင့်အလမ်းလည်း ပိုများမယ် ထင်ပါတယ်။

    မေး။    ။ နန်းတွင်းမှာ စစ်တပ်က အကြီးအကျယ် တပ်စွဲထားတယ်နော်။ အဲဒါကျတော့ ဘယ်လို ကိုင်တွယ်ရမလဲ။

    ဖြေ။    ။ အဲဒါတော့ ခေါင်းထဲ ဘာမှ ထည့်မထားသေးဘူး။ အခုချိန်မှာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဆိုတာ တော်တော်များများ အလေးထားလာတဲ့အချိန်။ တန်ဖိုးထားသင့်တာပေါ့နော်။ ကျုံးကြီးဆိုရင် တော်တော် ပြင်လိုက်တာ ကြည့်ရတာဆိုးသွားပြီ။ ပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ ပြင်ရမှာ။ သပ်ရပ်သွားတယ်လို့ ထင်ပေမယ့် ယဉ်ကျေးမှုရှုထောင့်ကကြည့်လိုက်တဲ့အခါ တန်ဖိုးမဲ့သွားတယ်။ ကျွန်တော်တို့က စီးပွားရေးနဲ့ ဖွံ့ဖြိုးရေး အဲဒီရှုထောင့်ကနေပဲ ကြည့်နေသေးတယ်ပေါ့နော်။ မန္တလေးမှာက နောင်တစ်ချိန်မှာ  ခရီးသွားလုပ်ငန်း တိုးတက်လာမှာ။

    မေး။    ။ စစ်တပ်နဲ့ NLD ညှိနှိုင်းတဲ့အခါမှာ ဝန်ကြီးချုပ်နေရာ တချို့ လိုချင်တယ်လို့ စစ်တပ်က တောင်းဆိုတယ်လို့ ပြောတဲ့သူ တချို့လည်း ရှိတယ်၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဘယ်သူ ဖြစ်လာမလဲ။

    ဖြေ။    ။ ဘာမျှော်လင့်ချက်နဲ့မှ ကျွန်တော် အောက်ကို (မန္တလေးတိုင်းဒေသကြီးကို) ဆင်းတာ မဟုက်ပါဘူး။ အခုလည်း ကျွန်တော် ဘာဖြစ်မယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်မသိတဲ့အတွက် သူတို့တောင်းတဲ့ ဟာတွေ မသိပါဘူး။ (ဒေါ်အောင်ဆန်းစုကြည်နဲ့) ကာချုပ်နဲ့တွေ့တုန်းက ကျွန်တော်ပါတယ်၊ ဒါတွေက (ထုတ်) ပြောလို့ မရဘူးလေ။

    မေး။    ။ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ဆိုတာတွေ အများကြီးရှိတဲ့ မန္တလေးမှာ အမျိုးသားရေးဝါဒီတွေလည်း တော်တော်များများ ထွက်လာတယ်။ ဘာသာရေးကို အသုံးချပြီးတော့ နိုင်ငံရေးလုပ်တာတွေနဲ့ ပတ်သက်ပြီးတော့ရော စိတ်ပူမိလား။

    ဖြေ။    ။ အမျိုးသားရေးဝါဒီတွေ ပေါ်လာကတည်းကတော့ စိုးရိမ်စရာရှိတယ်။  စာရွက်စာတမ်းတွေ ဖြန့်တာတွေက ကျွန်တော်တို့ ကြားနေရတယ်။ တော်တော် သတိထားပါတယ်။ စိုးရိမ်မှုရှိပေမယ့် မန္တလေးတိုင်းမှာတော့ သံဃာတွေက NLD တွေကို စောင့်ရှောက်တာတွေ ရှိပါတယ်။ ပြောရရင်တော့ တွေ့ဆုံဆွေးနွေးလို့ရတယ်ပေါ့နော်။ အခုလောလောဆယ်ကတော့ ပြဿနာကြီးကြီးကျယ်ကျယ်မရှိပါဘူး။

    မေး။    ။ နိုင်ငံရေးလုပ်ခဲ့တဲ့တစ်လျှောက်လုံး နောင်တ ရမိတာ ရှိသလား။

    ဖြေ။    ။ ဒါက ကျွန်တော်ရွေးတဲ့လမ်းလေ။ ဒီ ရွေးတဲ့လမ်း ကျွန်တော်လျှောက်တဲ့အတွက် မိသားစုနစ်နာသွားတယ်။ ကျွန်တော့်သားတွေမှာ လိုချင်တာတွေ ရှိခဲ့ဖူးတယ်။ သူတို့လိုအပ်ချက်တွေကို ကျွန်တော့်အမျိုးသမီးတစ်ယောက်တည်း မဖြည့်နိုင်ဘူး။ ဒီမှာ အထူးပြောချင်တာကတော့ ကျွန်တော့်အမျိုးသမီး နှစ် ၂ဝ လုံးလုံး ကျွန်တော့်ကို မညီးမညူဘဲနဲ့ ထောင်ဝင်စာလာတွေ့တယ်။ ကျွန်တော့်သားတွေသမီးတွေကို လူဖြစ်အောင် လုပ်ပေးခဲ့တဲ့သူ။ ကျွန်တော့်ကို အင်တာဗျူးတိုင်း နောက်ဆုံးပိတ် ဘာနဲ့ပိတ်တတ်လဲ ဆိုတော့ ကျွန်တော့်အမျိုးသမီးကို ကျွန်တော် ကျေးဇူးတင်ပါတယ်လို့။ ။