Author: editor
-
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများ ကို ကိုရီးယားနှင့် မြန်မာ ဆရာဝန်များ ပူးပေါင်း၍ အခမဲ့ခွဲပေးမည်။
အောက်တိုဘာ ၂၂ ၊ ၂၀၁၆
M-Media
ကျန်းမာရေး ဝန်ကြီးဋ္ဌာနနှင့် ကိုရီးယားနိုင်ငံ POSCO DAEWOO Corporation တို့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ကိုရီးယားနိုင်ငံ ဆိုလ်းမြို့မှ ပလပ်စတစ် ခွဲစိတ်ဆရာဝန်များနှင့် မြန်မာနိုင်ငံမှ ဆရာဝန်များ ပူးပေါင်းပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများကို (၀၆.၁၁.၂၀၁၆ မှ ၁၁.၁၁.၂၀၁၆)နေ့ထိ အခမဲ့ ခွဲစိတ်ကုသပေးမည် ဖြစ်ပါ၍ ခွဲစိတ်ကုသမှု ခံယူလိုသည့် လူနာများ (၀၃.၁၁.၂၀၁၆) ရက်နေ့ နောက်ဆုံးထားပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီး မျက်နှာ မေးရိုးခံတွင်းနှင့် ပြုပြင်မှုဆိုင်ရာ ခွဲစိတ်ကုဋ္ဌာနတွင် လာရောက် စာရင်းပေးသွင်းနိုင်ပါပြီ။ဆက်သွယ်ရန် – ၀၉၇၈၀၅၂၆၂၇၁၊ ၀၁-၂၅၆၁၁၂ ~ ၁၂၈ (လိုင်းခွဲနံပါတ် ၉၄၅)
Info and image via-Myint Zaw FB
-
မုန်တိုင်းငယ်ကို အနီရောင် အဆင့် တိုးမြှင့်သတ်မှတ်
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ နောက် ၁၂ နာရီအတွင်း မြစ်ဝကျွန်း ပေါ်ဒေသအနီး ကို ဦးတည်ရွေ့လျားနိုင်ကြောင်း နဲ့ မြန်မာ့ကမ်းရိုးတန်းနဲ့ နီးကပ်နေပြီဖြစ်တဲ့အတွက် အနီရောင်အဆင့်သတ်မှတ် လိုက်ကြောင်း မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ သတိပေးလိုက်ပါတယ်။
အဲ့ဒီမုန်တိုင်းငယ်ဟာ ကိုကိုးကျွန်းမြို့ရဲ့ မြောက်-အနောက်မြောက်ဘက် (၈၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ အနောက်တောင်ဘက် (၈၅)မိုင်ခန့်၊ ပုသိမ်မြို့ရဲ့ အနောက်တောင်ဘက် (၁၂၅) မိုင်ခန့်၊ ဂွမြို့ရဲ့ တောင်-အနောက်တောင်ဘက် (၁၅၅) မိုင်ခန့်နဲ့ ရန်ကုန်မြို့ရဲ့ အနောက်တောင်ဘက် (၂၀၅) မိုင် ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မုန်တိုင်းငယ်အရှိန်ကြောင့် ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းတို့မှာ အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီကို (၄၅)မိုင်ကနေ မိုင်(၅၀)အထိ တိုက်ခတ်နိုင်ပြီး၊ ရန်ကုန်တိုင်း ဒေသကြီးမှာ တစ်နာရီကို မိုင်(၃၀)ကနေ (၃၅)မိုင်အထိ တိုက်ခတ်နိုင်တယ်လို့လည်း သတိပေးထား ပါတယ်။
ဒါ့အပြင် မုန်တိုင်းဒီရေအမြင့်ဆုံးမှာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်နဲ့ ရခိုင်ပြည်နယ် တောင်ပိုင်း၊ သံတွဲ ခရိုင်တို့မှာ (၇)ပေကနေ (၁၀)ပေခန့် အထိ မြင့်တက်နိုင်ပါတယ်။
မနေ့ကလည်း စစ်ကိုင်းမြို့မှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် မြို့ထဲရပ်ကွက်အပါအ၀င် ရပ်ကွက် ၈ ခုလောက် ရေကြီးခဲ့ပြီး တချို့နေရာတွေမှာ ရင်လောက်အထိ ရေဖုံးလွှမ်းခဲ့တယ် လို့ စစ်ကိုင်းမြို့နယ်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုမြတ်ထက် က ပြောပါတယ်။
ဒါ့အပြင် ရေတွေဝင်ရောက်မှုကြောင့် ထုံးဘိုရပ်ကွက်က နေအိမ် ၄ လုံး ပြိုကျပျက်စီးသွားခဲ့ပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းအရှိန်ကြောင့် လာမယ့် ၂၄ ရက်နေ့ကနေ ၂၇ ရက်နေ့ အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးကြီးနိုင် တယ်လို့ သတိပေးထားပါတယ်။
ဒါ့အပြင် လေပြင်းတိုက်ခတ်တာ၊ မိုးကြီးတာ၊ ရုတ်တရက်ရေကြီးတာနဲ့အတူ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေ အနေနဲ့ မြေပြိုမှုအန္တရာယ်ကို သတိထားကြဖို့၊ မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေအနေ နဲ့ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တဲ့ အတွက် သတိပြုနေထိုင်ကြဖို့အပြင် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ ပြည်တွင်းရေကြောင်း သွားလာရေး၊ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း သတိပြုကြဖို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြား မှု ဦးစီးဌာနက သတိပေးချက်ထုတ်ထားပါတယ်။
RFA မှ ကူးယူဖော်ပြပါသည်။
-
မုန်တိုင်းငယ် သတိပေးချက် (လိမ္မော်ရောင်အဆင့်)
မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၄)၊၂၀၁၆မုန်တိုင်းငယ်အခြေအနေ
===============
(က)ယနေ့မြန်မာစံတော်ချိန်(၀၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသောဘင်္ဂလားပင်လယ်အော် အရှေ့ တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် သိသိသာသာ ရွေ့လျားခြင်း မရှိပဲ ဆက်လက် တည်ရှိနေပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်ဘက် မိုင် (၂၀၀)ခန့်၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် မိုင်(၃၃၀)ခန့်၊ ရန်ကုန်မြို့ ၏ အနောက်-အနောက်တောင်ဘက် မိုင်(၄၀၀)ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပို့လ်ဘလဲယား မြို့၏ အနောက်-အနောက်မြောက်ဘက် မိုင်(၂၂၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟို ပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အရှေ့-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး၊ နောက်(၄၈)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်မည် ဟု ခန့်မှန်းရပါသည်။(ခ) မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်း ဘက်သို့ ဦးတည်နေပါ သဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။
မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
========================================
(က)အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၀၅း၃၀)နာရီအချိန်တွင်
မြောက်လတ္တီကျု (၁၃.၉)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၉.၈)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်နှုန်းခန့် ဖြစ်ပါသည်။နောက်(၄၈)နာရီအတွင်း ခန့်မှန်းချက်
=======================
(က) အဆိုပါမုန်တိုင်းငယ်သည် နောက်(၄၈)နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်း အဖြစ်သို့ အားကောင်းလာနိုင်ပြီး၊ မြန်မာနိုင်ငံကမ်းရိုးတန်း အနီးသို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။သတိပေးနှိုးဆော်ချက်
===============
(က) အဆိုပါမုန်တိုင်းငယ်၏ အရှိန်ကြောင့် (၂၃.၁၀.၂၀၁၆)ရက်နေ့မှ (၂၅.၁၀.၂၀၁၆) ရက်နေ့အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါ သည်။
(ခ)အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင် အထိ တိုက်ခတ်နိုင်ပါသည်။အကြံပြုချက်
========
(က) မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင် သတိပြုရန် အကြံပြုအပ်ပါသည်။source: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
-
ဘိုးဘွားပိုင် တောင်ဖီလာ သင်္ချိုင်းမြေ ပြန်လည် ရရှိရေး ဒု-သမ္မတထံ စာပို့
အောက်တိုဘာ ၂၁ ၊ ၂၀၁၆
ကလေးမြို့၊ တောင်ဖီလာ ရပ်ကွက်ရှိ ဘိုးဘွားပိုင် ချင်းခရစ်ယာန် ဂိုဏ်းပေါင်းစုံ သင်္ချိုင်းမြေပြန် လည်ရရှိရေး အတွက် နိုင်ငံ တော်ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူ ထံသို့ အောက်တိုဘာလ ၇ ရက်နေ့က စာပို့ထားကြောင်း သိရသည်။
တောင်ဖီလာရပ်ကွက် နယ်မြေ(၈)တွင်ရှိသော အဆိုပါ အဆိုပါ သင်္ချိုင်းမြေသည်သာသနာပိုင် မြေနေ ရာ ပုံစံ၁၀၅(က) (Land Record 105(A) ရရှိထားသည့် အတွက် သိမ်းဆည်းခွင့် မရှိသော် လည်း မတရား အသိမ်းခံရသည့် အတွက် မူလပိုင်ရှင် ထံပြန်လည် အပ်နှံပေးရန် လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆီးခံရမှုများ ပြန်လည်စီစစ်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ လည်းဖြစ် သည့် ဒု-သမ္မတထံ ယခုကဲ့သို့ တင်ပြရခြင်းဖြစ်သည်ဟု တောင်ဖီလာ၊ ခရစ်ယာန် သာသာရေး ပေါင်းစုံမှ အတွင်းရေးမှူး ဦးဗန်ကီးက ပြောသည်။
အဆိုပါသင်္ချိုင်းမြေနေရာတွင် ၂၅ ကုတင်ဆံ့ တိုင်းရင်းဆေးရုံ တည်ဆောက်ရန်ဟုဆိုကာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် က ဇွန်လဆန်းပိုင်က သိမ်းဆည်းခံရပြီး ညသန်းခေါင်ချိန်တွင် သင်္ချိုင်း အုတ်ဂူများကို ကလေးခရိုင် စီမံခန့်ခွဲမှု ကော်မတီ နှင့် စည်ပင်သာယာရေး အဖွဲ့မှ ရဲအင်အား ၂၀၀ ခန်ဖြင့် စက်ယန္တယား ကြီးများဖြင့်ဖြိုချ ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။
“သူတို့က တိုင်းရင်းဆေးရုံးဆောက်ဖို့ ဆိုပြီး အကြောင်းပြတယ်၊ ဒါပေမယ့် ကလေးမြို့မှာက တိုင်းရင်းဆေးရုံး တစ်ရုံရှိပြီး သားပါ၊ တကယ်လို့ဆောက်ချင်တယ်ဆိုရင် အစိုးရပိုင်တဲ့ တခြား မြေနေရာတွေ အများကြီးရှိပါတယ်၊ ကျနော်တို့အပေါ် တမင်သက်သက် ညစ်ပတ် တာပါ’’ ဟု ဦးဗန်ကီးကပြောသည်။
သင်္ချိုင်းမြေ သိမ်းဆည်းခံရသည့် ကိစ္စကို ယခင်အစိုးရ လက်ထက်တွင်လည်း ပြည်ထောင်စု လွှတ်တော်အထိ ချင်းလွှတ် တော် ကိုယ်စားလှယ်များမှ တဆင့် တင်ပြခဲ့သော်လည်း ထူးခြား မှုမ ရှိဘဲ၊ ယခုအခါ ကုတင် ၂၅ ဆံ့ တိုင်းရင်းဆေးရုံကိုလည်း တည်ဆောက်ပြီးနေပြီဖြစ်သည်။
“ကျနော်တို့ ဒီအစိုးရသစ် လက်ထက်မှာတော့ အများကြီးမျှော်လင့်ထားပါတယ်၊ မတရား သိမ်းခံရ တဲ့ ဘိုးဘွားပိုင် သင်္ချိုင်း မြေကို မူလပိုင်ရှင်ထံပြန်အပ်ပေး မယ်လို့ကျနော် တို့မျှော်လင့် ချက်ရှိပါတယ်’’ ဟု ဦးဗန်ကီးကပြောသည်။
တောင်ဖီလာ အရပ်ဒေသသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော် ၁၉၁၄ ဒီဇင်ဘာလ ၂၄ ရက်တွင် ချင်းတိုင်းရင်းသားများ ဖြစ်ကြသော ဦးလှိုင်မှူန်း နှင့် အခြားမိသားစု ၈ စုတို့မှ တောကြီး မျက်မည်းအား ရှင်းလင်းကာ ရွာတည်နေထိုင်ခဲ့ကြပြီး၊ အသိမ်းခံရသည့် သင်္ချိုင်းမြေသည်လည်း ထိုစဉ်ကတည်းက အသုံးပြုလာခဲ့ကြသော သင်္ချိုင်းဖြစ်သည်။
ယင်းမိမိတို့ဘိုးဘွားပိုင် သင်္ချိုင်းမြေပေါ်တွင် အများပြည်သူ အကျိုးပြုစေမည့် အားကစား၊ စာသင်ကျောင်း၊ ပန်းခြံ နှင့် တောင်ဖီလာနှစ် ၁၀၀ ပြည့်အထိမ်းအမှတ် အုတ်ဂူများထားရှိရန် တောင်ဖီလာ၊ ခရစ်ယာန် သာသာရေး ပေါင်းစုံမှ ရှေးယခင်ကတည်းက စီစဉ်ထားခဲ့ကြ သည်ဟုသိရသည်။
ခိုနူမ်းထုန် သတင်းဌာနမှ ကူးယူဖော်ပြသည်။
http://www.khonumthungburmese.org/