News @ M-Media

Author: M-Media

  • ၂၀၁၄  သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာကို ထည့်သွင်းမည်မဟုတ် ဆိုခြင်းကို ဝန်ကြီးဌာန ငြင်းဆို

    ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာကို ထည့်သွင်းမည်မဟုတ် ဆိုခြင်းကို ဝန်ကြီးဌာန ငြင်းဆို

    ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာကို ထည့်သွင်းမည်မဟုတ် ဆိုခြင်းကို ဝန်ကြီးဌာန ငြင်းဆို

    စိုးထက်ဝင်း
    သြဂုတ်၊ ၁၁၊ ၂၀၁၂
    The Messenger ဂျာနယ်မှ ကောက်နှုတ်ဖော်ပြပါသည်။

    The Messenger ဂျာနယ်မှ မူရင်းသတင်း

    ၂၀၁၂ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းများကောက်ယူရာတွင် ရိုဟင်ဂျာများကို ထည့်သွင်းကောက်ယူမည် မဟုတ်ဟု ဆိုခြင်းကို လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ငြင်းဆို လိုက်သည်။

    ယခုလ ၇ ၇က်နေ့ထုတ် ပြည်တွင်း ဂျာနယ်တစ်စောင်တွင် ဖော်ပြခဲ့သော ၂၀၁၄ ခုနှစ် လူဦးရေ စာရင်းတွင် ရိုဟင်ဂျာကို ထည့်သွင်းခြင်း မပြုဆိုသည့် သတင်းကို ငြင်းဆိုကြောင်း အဆိုပါဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချူပ်က The Messenger ဂျာနယ်သို အတည်ပြုပြောကြားသည်။
    “ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်တယ်ဆိုမှတော့ တစ်တိုင်းပြည်လုံးမှာရှိတဲ့ လူတွေအကုန်လုံးကို ကောက်ယူရမှာဖြစ်ပါတယ်။  အဲဒိမှာ တိုင်းရင်းသားခွဲခြားတာတွေ ၊ လူမျိုးခွဲခြားတာတွေ မ၇ှိဘူး၊ နိုင်ငံသားတွေ အပြင် ပြည်တွင်းမှာရှိတဲ့ နိုင်ငံခြားသားတွေကိုပါ ထည့်သွင်း ကောက်ခံမှာ ဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။
    မြန်မာနိုင်င့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေတွင် လူတယောက်သည် မြန်မာနိုင်ငံအတွင်း ၁၈၈၅ ခုနှစ် မတိုင်မီ နေတိုင်သူများ၏ တတိယမျိုးဆက်ကို နိုင်ငံသားအဖြစ်သတ်မှတ်သည်ဟု ဖော်ပြထားသည်။
    ရိုဟင်ဂျာတွေကို ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ရင် မထည့်သွင်းဘူးလို့ ဝန်ကြီး ဦးခင်ရီက ပြောပါတယ်ဆိုပြီး ရေးသားထားတာ တွေ့ရတယ်။ ဒါဟာ လုံးဝ မဟုတ်ပါဘး ရေးတဲ့သူက ဥပဒေကို သေချာမသိဘဲ ရေးလိုက်တာ ဖြစ်ပါလိမ်မယ်” ဟု လူဝင်မှု့ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဖြည့်စွက် ပြောသည်။

  • ပြည် က မွတ်စလင်မ် သုဿန် နောက်ဆုံးရသတင်း (၁၂-၈-၂၀၁၂၊ ညနေ ၄း၃၀ နာရီ)

    နောက်ဆုံးရသတင်း (၁၂-၈-၂၀၁၂၊ ညနေ ၄း၃၀ နာရီ)

    ရန်ကုန်။

    M-Media

    သတင်း – ပြည့်ပြည့်

    “ပြည်မြို့မွတ်စလင်မ်သုဿာန်ရှေ့မှာ လူက ပိုများလာတယ်။ အဲဒီလူတွေထဲမှာ အရက်မူးနေတဲ့ အရက်သမားတွေလည်းအများကြီးပဲ။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို သွားတွေ့တဲ့ နာရေးရှင်တွေလည်းပြန်လာပြီ။ သူတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်တယ်။ အဓိကရုဏ်းဖြစ်မယ်ဆိုတာပဲ အတွင်တွင်ပြောနေတယ်။ နာရေးပိုင်ရှင်ကလည်းပြန်ပြောတယ်။ နာရေးချတာ ဘာမှအဓိကရုဏ်းဖြစ်စရာမရှိပါဘူး။ ဒါကြောင့်အဓိကရုဏ်းမဖြစ်အောင် အုပ်ချုပ်ရေးမှူးတို့ဘက်က ထိန်းပါ။ နာရေးချတဲ့ကိစ္စအတွက် ကျွန်တော့်ကို တရားစွဲပါ။ ကျွန်တော် တရားစွဲခံမယ်လို့ ပြန်ပြောတယ်။ အဲဒါလည်းလက်မခံပဲ ခြိမ်းခြောက်စကားတွေပဲပြောနေတယ်။

    သုဿာန်အသစ်မှာ မမြှုပ်ချင်ကြတာက အဲဒီနေရာက လယ်ကွက်တွေဗျ။ ပိုင်ရှင်တွေရှိတယ်။ မွတ်စလင်မ်သုဿာန်အတွက်ဆိုပြီး ဂရံတွေဘာတွေချပေးထားတာမရှိဘူး။ အထဲမှာ ဗလီလုပ်ခွင့်မပေးဘူး။ ၀င်းခတ်ခွင့်တော့ ပေးတယ်။ သေချာမှုမရှိတဲ့နေရာဖြစ်လို့ အဲဒီအသစ်မှာ မမြှုပ်ချင်ကြတာ။

    အခုတော့ နာရေး ၂-ခုလုံး အောင်လံကို သယ်သွားလိုက်ကြတယ်။ အောင်လံက ပြည်နဲ့ မိုက် ၄၀-ကျော်ဝေးတယ်။ ဟိုမှာပဲမြှုပ်တော့မယ်။ နာရေးရှင်တွေလည်း တော်တော်စိတ်သောက ဖြစ်ရတယ်။ ကျွန်တော်တို့အားလုံးလည်း ဒီအပေါ်မှာ စိတ်သောက ဖြစ်ရတယ်။ အဓိကရုဏ်းဖြစ်မယ်ဆိုပြီးခြိမ်းခြောက်တာ တကယ်ဆိုဖြစ်စရာမလိုပါဘူး။ ဒါဟာ ပြည်သူတွေအချင်းချင်းဖြစ်တဲ့ကိစ္စမှမဟုတ်တာ။ အာဏာပိုင်က သက်သက်မဲ့ လုပ်နေတဲ့လုပ်ရပ်ပဲဗျာ။ ကျွန်တော်တို့တွေကို အဲလိုနှိပ်စက်အနိုင်ကျင့်ခံရတဲ့ဘ၀က လွတ်မြောက်ချင်ပါပြီဗျာ”

    အဲဒါကတော့ ပြည်မြို့မွတ်စလင်မ်သုဿာန်နဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေကို ပြည်မြို့ခံတစ်ဦးက M Media ကို ပြောပြသွားတာဖြစ်ပါတယ်။့ 

  • ပြည် က မွတ်စလင်မ် သုဿန်ရှေ ယနေ့အခြေအနေ

    ပြည် က မွတ်စလင်မ် သုဿန်ရှေ ယနေ့အခြေအနေ

    သြဂုတ်လ၊ ၁၂ ရက်၊၊ ၂၀၁၂

    ရန်ကုန်။

    M-Media

    သတင်း – ပြည့်ပြည့်

     

    နှစ်ပေါင်း ၁၀၀-ကျော်သက်တမ်းရှိ ပြည်မြို့မှ မွတ်စလင်မ်သုဿာန် အားသော့ခတ်ထားပုံ

    လွန်ခဲ့သော မကြာခင်ရက်ပိုင်းအတွင်းက ပြည်မြို့ မွတ်စလင်မ် သုဿန် အဟောင်းအား မြို့နယ်အာဏာပိုင်ဘက်မှ လာရောက် သော့ခတ်သွားခြင်း၊ သော့မခတ်မီရက်တွင် မြှုပ်နှံခဲ့သူမိသားစု ၃-စုအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်မှ တရားလိုလုပ်ပြီး တရားစွဲသဖြင့် ထိုမိသားစု ၃-စုမှ တရားရုံးတွင် တရားရင်ဆိုင်နေရခြင်း၊ အဆိုပါကိစ္စရပ် ရုံးတင်သော တရားခွင်တိုင်းတွင် ဦးအောက်ဇော်ထက်မှ တရားသူကြီးနှင့် ရှေ့နေများအပေါ် မထေမဲ့မြင်ပြုပြီး တရားစွဲခံရသူများဘက်မှ ရှေ့နေအား တရားခွင်ပြင်ပ တရားရုံးတွင်ပင် ခြိမ်းခြောက်မှုသက်ရောက်စေသော စကားမျိုးပြောကြောင်း သတင်းများရရှိပြီးဖြစ်ပါတယ်။

    ယနေ့တွင် မိုင်ယာသ်(နာရေး) နှစ်ခုရှိရာ ကဘာရ်စတာန်အဟာင်းတွင်ပင် မြှုပ်နှံရန် တွင်းတူးနေကြောင်း၊  မွတ်စလင် သုဿာန် ပင်မ ၀င်ပေါက်ကို သော့ခတ်ထားသော်လည်း ဘေးတံခါးပေါက်အသေးမှ ၀င်ထွက်နိုင်ကြောင်း၊ ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့သည် နာရေးအိမ်သို့ရောက်ရှိလာပြီ ယင်းကဘာရ်စတာန်တွင် မမြှုပ်ရန်နှင့် မြှုပ်နှံပါက အဓိကရုဏ်းဖြစ်မည်ဟုခြိမ်းခြောက်သွားကြောင်း၊ တွင်းတူးနေရာသို့လာရောက်ပြီး ဓါတ်ပုံများရိုက်ယူသွားကြောင်း၊ မိုက်ယာသ်ရှင်သည် အခုအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်တွေ့ဆုံရာမှ ပြန်လည် မရောက်ရှိလာသေးကြောင်းနှင့် အခုအခါ မွတ်စလင် သုဿန်အဟောင်းရှေ့တွင် အရပ်ဝတ်နှင့် လူ ၂၀ ၀န်းကျင်ခန့်စုရုံးရောက်ရှိနေပြီး တချို့စကားပြောစက်များ ကိုင်ထားသည်ကိုတွေ့မြင်ရကြောင်းကို အဆိုပါဖြစ်စဉ်နှင့် အနီးဆုံးနေရာတွင် ရောက်ရှိနေသည့် ပြည်မြို့ခံတစ်ဦးမှ M media သို့ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

    ဤသုဿာန်မြေသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက တည်ရှိခဲ့သော သုဿာန်ဖြစ်ပြီး ကိုယ်ပိုင်ဝယ်ယူထားခဲ့ကြသော မြေနေရာဖြစ်ကြောင်း၊ ၂၀၀၈-ခုနှစ်တွင် မြို့နယ်စည်ပင်မှ မြို့နယ်အင်္ဂါရပ်နှင့်မညီညွတ်ဟုပြောသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှပိတ်သိမ်းရန် အမိန့်ထုတ်ခဲ့ကြောင်း၊ သုဿာန်မြေအဟောင်းအား ပိတ်သိမ်းပြီး အသစ်သို့ပြောင်းရွှေ့ရန် နေရာအသစ်ပေးခဲ့သော်လည်း အဆိုပါနေရာမှာ အဆင်မပြေသောကြောင့် မပြောင်းရွေ့ပဲ နေခဲ့ကြကြောင်း၊ ယခုအခါ ထပ်မံ၍ နေရာအသစ်တစ်ခုသို့ ပြောင်းရွှေ့ရန် လွန်ခဲ့သော ၁-လကျော်မှ သတ်မှတ်ပေးခဲ့ကြောင်း၊ ဒေသခံများမှ သုဿာန်အသစ်သို့ ပြောင်းရွှေ့ခြင်းမပြုသေးတာကြောင့် ဇူလိုင်လ ၂၅-ရက်နေ့ ည ၉-နာရီခန့်တွင် ရဲများမှ လာရောက်ပြီး သော့ခတ်သွားကြောင်း သတင်းရရှိပါသည်။

    နောက်ဆက်တွဲအခြေအနေကို ထပ်မံဖော်ပြပေးပါမည်။

  • ပါကစ္စတန်နိုင်ငံ ဆွားသ်ဒေသတွင် ဗုဒ္ဓရုပ်ပွားတော်ကို ပြန်လည်တူးဖော်မည်

    ပါကစ္စတန်နိုင်ငံ ဆွားသ်ဒေသတွင် ဗုဒ္ဓရုပ်ပွားတော်ကို ပြန်လည်တူးဖော်မည်

    သြဂုတ်လ ၁၁ ရက်၊ ၂၀၁၂

    source: http://www.aljazeera.com/video/asia/2012/08/201281118348543239.html

     

    ရပ်ဝေးဒေသနိုင်ငံများမှ ကိုးကွယ်ယုံကြည်သူများနှင့် ခရီးသွားများကို ဆွဲဆောင်နေသည့် ဗုဒ္ဓရုပ်ပွားတော် များထဲမှ တာလီဘန်များလက်ထဲတွင် မပျက်မစီးဘဲကျန်နေသေးသည့် ဆွားသ်ဒေသမှ ရုပ်ပွားတော်များကို ဆက်လက်တူးဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

    အီတလီလူမျိုးရှေးဟောင်းသုတေသီ ပရောဖက်ဆာလူကာသည် ပါကစ္စတန်နိုင်ငံသို့ပြန်လာပြီး ထိုရုပ်ပွား တော်များ တူးဖော်ရေးကို ဦးဆောင်သွားမည်ဖြစ်သည်။ ရုပ်ပွားတော်များမှာ ရာစုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီလည်းဖြစ်သည်။

    လွန်ခဲ့သည့်ငါးနှစ်ခန့်က ဂျဟန်ဒါဘတ်မြို့အနီးရှိ ထိုသမိုင်းဝင်လက်ရာများကို ဒေသခံတာလီဘန်များက ဖျက်ဆီးပစ်ဖို့ ကြိုးစားခဲ့ကြဖူးသည်။

    ဟိန္ဒူ၊ ဗုဒ္ဓနှင့် အာဖဂန်နိုင်ငံများကို သိမ်းပိုက်ခဲ့သည့် ဂရိလူမျိုး အလက်ဇန္ဒါးသည်ဂရိတ်က ပါကစ္စတန်နိုင်ငံ ဆွားသ်ဒေသသို့  အစ္စလာမ်သာသနာကို ဆောင်ယူလာခဲ့သူဖြစ်ပြီး ထိုဒေသ၌ပင် ၁၁ ရာစုက အာဖဂန်ဘုရင်များ တည်ဆောက်ထားသော ဒေသတွင်း သက်တမ်းအရင့်ဆုံးဗလီတစ်လုံးလည်း တည်ရှိနေပေသည်။

    ရှေးဟောင်းသုတေသီများကမူ ဆွားသ်ဒေသမှ သမိုင်းဝင်ရှေးဟောင်းအဆောက်အဦလက်ရာများထဲမှ ၁၆၀ စတုရန်းကီလိုမီတာရှိသည့် ၁ရာခိုင်နှုန်းပမာဏလောက်ကိုသာ တူးဖော်ပြီးဖြစ်သည်ဟု ယုံကြည်နေကြသည်။.ထို့ကြောင့် ရှေးဟောင်းလက်ရာအမြောက်အမြားကို ဆက်လက်တူးဖော်ရန် ကျန်ရှိနေသေးသည်။

    ရဲများနှင့်ဒေသခံ ရှေးဟောင်းသုတေသနဌာနမှ တာဝန်ရှိသူများကလည်း ထိုသမိုင်းဝင် လက်ရာများတူးဖော် ရေးကို ဆောင်ရွက်နေကြကြောင်း သိရှိရသည်။

    အလ်ဂျဇီးရားမှ ကမားလ်ဟိုင်ဒါ၏ သတင်းတင်ပြချက်ဖြစ်ပါသည်။

  • ရခိုင်မှ ရိုဟင်ဂျာဒုက္ခသည်များအတွက် ဆော်ဒီ ဒေါ်လာ သန်း ၅၀ လှူမည်။

    သြဂုတ်၊ ၁၂ ရက်၊ ၂၀၁၂

    ကိုးကား – ဘန်ကောက်ပိုစ်

    ရခိုင်ပြည်နယ် က ရိုဟင်ဂျာ ဒုက္ခသည်တွေ အကူအညီပေးဖို့  မြန်မာအစိုးရက ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဆော်ဒီအာရေးဗီးယား နိုင်ငံအခြေစိုက် အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကထုတ်ပြန်ကြေငြာလိုက်ပါတယ်။ သောကြာနေ့က OIC ကိုယ်စားလှယ်အဖွဲ့နဲ့ သမ္မတဦးသိန်းစိန် တို့ရခိုင်ပြည်နယ်အခြေအနေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရာမှ မြန်မာအစိုးရ သဘောတူလိုက်တာဖြစ်ကြောင်း OIC က ပြောဆိုတယ်လို့ AFP သတင်းက ပြောပါတယ်။

    လူသားချင်းစာနာမှုဆိုင်ရာ အကူပေးရေး အစ္စလာမ်အဖွဲ့တွေ အနေနဲ့ ရခိုင်ပြည်နယ်အတွင် ပဋိပက္ခဒဏ်ခံစားရသူ အားလုံးကို ကူညီလိုတာဖြစ်ကြောင်း သမ္မတဦးသိန်းစိန်ကို OIC ကိုယ်စားလှယ်အဖွဲ့က အာမခံပြောကြားခဲ့တာ ဖြစ်ကြောင်းပြောပါတယ်။

    ဆော်ဒီဘုရင် အဗ်ဗဒူလာက ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ဒုက္ခသည်တွေ ကို ကူညီဖို့ အမေရိကန်ဒေါ်လာ သန်း ၅၀ ထောက်ပံ့ဖို့ ဆုံးဖြတ်လိုက်ကြောင်း ဆော်ဒီအခြေစိုက် SPA သတင်းဌာနမှာ ဖော်ပြထားပါတယ်။

    အာရဗ်စော်ဘွားများနိုင်ငံ (UAE) မှလဲ ရခိုင်ပြည်နယ်မျာ လူနည်းစု မွတ်စလင်မ်တွေရဲ့ ဆင်းရဲဒုက္ခတွေ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို မနေ့က တိုက်တွန်းလိုက်ပါတယ်။

    ဇွန်လ ဆန်းပိုင်းက စတင်ဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ် အကြမ်းဘက်မှုတွေမှာ နှစ်ဘက်သေဆုံး သူ ၈၀ ၇ှိကြောင်း မြန်မာအစိုးရက ထုတ်ပြန်တဲ့ စာရင်းများအရ သိရှိရပါတယ်။

    ပြိးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့တွင် တူရကီ နိုင်ငံခြားရေးဝန်ကြီး  H.E. Mr. Ahmet Davutoglu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ရာတွင် တူရကီ ပြည်သူများမှ ရခိုင်ပြည်နယ် ဒုက္ခသည်များအတွက် ဒေါ်လာ သန်း ၅၀ လှူဒါန်းဖို့ အလှူငွေကောက်ခံရရှိ ပြိးဖြစ်ကြောင်း ဒုက္ခသည်များအတွက် ထပ်မံလှူဒါန်းလိုသူအများအပြားရှိသေးကြောင်းပြောကြားခဲ့တာကို နိုင်ငံပိုင်သတင်းစာများမှာ ဖော်ပြချက်အရ သိရှိရပါတယ်။

    တူရကီ နိုင်ငံခြားရေးဝန်ကြီး  H.E. Mr. Ahmet Davutoglu နှင့် တူရကီ ဝန်ကြီးချူပ် ကတော်တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဟာ သြဂုတ်လ (၁၀) ရက်နေ့မှာ ရခိုင်ပြည်နယ်သို့ သွားရောက်ပြိး ရိုဟင်ဂျာနှင့် ရခိုင် နှစ်ဘက် ဒုက္ခသည်များကို တွေ့ဆုံအားပေးခဲ့ပြီး ရိက္ခာပစ္စည်းများ လှူဒါန်းခဲ့ကြောင်းသိရှိရပါတယ်။