News @ M-Media

Author: M-Media

  • MH370 မှ နောက်ဆုံးဆက်သွယ်မှု မလေးအစိုးရ ထပ်မံထုတ်ပြန်မှု ယခင်ကွဲလွဲ ၊ ဝေဖန်မှုများမြင့်တက်လာနိုင်

    ဧပြီ ၁၊ ၂၀၁၄
    M-Media

    – မတ်လ ၈ ရက်နေ့က ပျောက်ဆုံးသွားခဲ့သည့် မလေးရှားလေယာဉ်နှင့် ပတ်သက်၍ ဝေဖန်မှုများ ရှိနေချိန်တွင် လေယာဉ်မှ နောက်ဆုံးပြောသွားခဲ့သည့် စကားအား မလေးရှားအစိုးရမှ ပြန်လည်ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
    _73934682_73934463
    အဆိုပါလေယာဉ်နှင် မလေးရှား လေကြောင်းထိန်းသိမ်းရေးဌာနတို့ နောက်ဆုံးအဆက်အသွယ်ရချိန်မှာ မလေးရှားစံတော်ချိန် နံနက် ၁ နာရီ ၉ မိနစ်ဖြစ်ပြီး၊ ပိုင်လော့ထိုင်ခုံမှ နောက်ဆုံးပြောကြားခဲ့သည့် စကားမှာ “ကောင်းသောညပါ မလေးရှား သုံး ခုနစ် သုည” ဖြစ်သည်ဟု အရပ်ဘက်လေကြောင်းဌာနက ယနေ့တွင် ပြောကြားခဲ့သည်။ သို့သော်လည်း ထိုစကားအား လေယာဉ်မှူး သို့မဟုတ် တွဲဖက်လေယာဉ်မှူး မည်သူပြောခဲ့သည်ဆိုသည်ကို မှူခင်းဆိုင်ရာနည်းပညာဖြင့် ဆုံးဖြတ်မည်ဟု မလေးရှားပို့ဆောင်ရေး ၀န်ကြီးဌာနကဆိုသည်။

    ပိုက်လော့ထိုင်ခုံမှပြောခဲ့သည် နောက်ဆုံးစကားမှာ “ကောင်းပါပြီ။ ကောင်းသောညပါ” ဟု စောစောပိုင်းက မလေးအစိုးရကာ ပြောကြားထားသည်။ အဆိုပါလေယာဉ်ပျောက်ဆုံးသွားခြင်းနှင့် ပတ်သက်၍ မေးလရှား၏ ဆောင်ရွက်မှုများအတွက် ဝေဖန်မှုများခံရှိနေချိန်တွင် ယခုကဲ့သို့ မတူညီသည့် စကားတစ်ခု ထွက်လာမှုကြောင်း၊ မလေးရှားအစိုးရအနေဖြင့် ပိုမိုဆိုးဝါးသည့် တုံ့ပြန်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။

    ခရီးသည်နှင့် လေယာဉ်အမှူးထမ်း စုစုပေါင်း ၂၃၉ ဦးကို တင်ဆောင်သွားခဲ့သည့် အဆိုပါလေယာဉ်မှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီးနောက်ပိုင်း နောက်ဖက်သို့ ပြန်ကွေ့သွားသည်ဟု ရေဒါလမ်းကြောင်းအရ သိရပြီး၊ ဂြိုဟ်ထုအထောက်အထားများအရ လေယာဉ်မှာ အိန္ဒိယသမုဒ္ဒရာအတွင်းသို့ ပျက်ကျခဲ့သည်ဟု မလေးရှား ၀န်ကြီးချုပ်က ကြေညာခဲ့သည်။

    ထိုသို့ကြေညာပြီးနောက်ပိုင်းတွင် လေယာပေါ်လိုက်ပါသွားကြသည့် တရုတ်နိုင်ငံသားများ၏ ကျန်ရစ်သူ မိသားစု ဆွေမျိုးများက ဘေဂျင်းရှိ မလေးရှားသံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြပြီး၊ လေယာဉ်ကိုပိုင်ဆိုင်သည့် MAS လေကြောင်းလိုင်းကိုပါ တရားစွဲဆိုသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။ မလေးရှားအစိုးရကမူ အိန္ဒိယသမုဒ္ဒရာအတွင်း လေယာဉ်ရှာဖွေရေးလုပ်ငန်းများကို ယခုအချိန်အထိ လုပ်ဆောင်နေသည်။

    (ဓါတ်ပုံ အညွှန်း- လေယာဉ်ပေါ်ပါသွားသော မိသားစုအတွက် ဆုတောင်းနေသူ တဦး)
    Ref BBC

  • အလိမ်အညာ ဓါတ်ပုံဖြင့် ရခိုင်သတင်း Page တခုမှ သွေးထိုး လှုံဆော်မှုများ ပြုလုပ်နေ

    ဧပြီ ၁ ၊ ၂၀၁၄
    M-Media
    KK

    Fake BD Flag

    ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရိုဟင်ဂျာ မွတ်စလင်များမှ ဘင်္ဂလားဒေရှ်နိုင်ငံ အလံလွှင်ထူဆိုသည့် ဓါတ်ပုံ အလိမ်တခုကို သွေးထိုးလှုံဆော်မှုများ အဆက်မပြတ်ပြုလုပ်နေသည့် ရခိုင် FB သတင်း စာမျက်နှာ တခုမှ ဖြန်ချီနေတာကို တွေ့ရှိပါသည်။

    အဆိုပါ ဓါတ်ပုံမှာ ဘင်္ဂလားဒေရှ်သတင်းဌာနမှ ၂၀၁၂ ခုနှစ်က တင်ခဲ့သည့် ပုံကို ကူးယူပြီး ယခုကဲ့သို့ သွေးထိုးလှုံဆော်နေခြင်း ဖြစ်ပါတယ်။

    ပြည်လုံးကျွှတ်သန်းခေါင်စာရင်းကောက်ယူချိန် ရခိုင်ပြည်နယ်၌ ထိလွယ်ရှလွယ် ဖြစ်ပွားသည့်အခြေအနေတွင် အဆိုပါရခိုင်သတင်းဌာနမှ အချိန်ကိုက် သတင်းအမှားများဖြင့် လှုံဆော်လာခြင်းဖြစ်ပြီး သက်ဆိုင်ရာ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့တို့မှာ အချိန်မှီသတင်းထုတ်ပြန်ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းတို့ ပြုလုပ်ဖို့ လိုအပ်ကြောင်းကို ရန်ကုန်မြို့နေ ပြည်သူတစ်ဦးမှ M-Media ကိုပြောပါတယ်။

    ရခိုင် သတင်း Page ဓါတ်ပုံတင်ထားသည့် Link =>https://www.facebook.com/photo.php?fbid=492274894210942&set=a.456827444422354.1073741829.455782234526875&type=1&theater

    People_of_Indian_enclaves_hoist_Bangladesh_flag_-_2014-04-01_12.20.22

    မူရင်းဓါတ်ပုံလင့် ကြည့်ရန်=> http://www.christianarchy.nl/2012/04/onbekende-hongerstakingsactie-in.html

  • လှောင်အိမ်ကြမ်းကြမ်းထဲက မြန်မာမွတ်စလင်များ (Time မဂ္ဂဇင်း ဆောင်းပါး)

    ဧပြီ ၁ ၊ ၂၀၁၄
    M-Media
    ဘာသာပြန်- မြင့်မိုရ်မောင်မောင်

    int_burma_monks_protest_muslims_0327
    မွတ်စ်လင်မ်ဆန့်ကျင်ရေး တို့မီးရှို့မီးကဏ္ဍ၌ ဦးဆောင်ပါဝင်နေသော ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာများ။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်း အဆင့်မြင့် အိုအိုင်စီ ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ အလည်အပတ် ခရီးရောက်ရှိစဉ် ထိုခရီးစဉ်အား ဆန္ဒပြနေကြသည့် သံဃာများ (ဓာတ်ပုံ – စိုးဇေယျာထွန်း၊ ရိုက်တာ)

    ခွဲခြားရေးအခြေခံအဆိုပြုထားသောဥပဒေများမှာ မွတ်စ်လင်မ်များအား နောက်ဆုံးပေါ် အဆင့်ဆင့်ညှင်းဆဲခြင်း (နှင့်) ၂၀၁၅ ခုနှစ်တွင် ဗုဒ္ဓဘာသာဝင်များထံမှ မဲများ အရယူရန် နိုင်ငံရေးအရ ကောက်ကျစ်သောအမြတ်ထုတ်ခြင်းသာဖြစ်သည်။

    ယမန်နှစ် မတ်လက မြန်မာပြည်အလယ်ပိုင်းတွင် လူမျိုးရေးအဓိကရုဏ်းဖြစ်ပွားရာတွင် ဓားရှည်တရမ်းရမ်း လူရမ်းကားများ၏ ခုတ်ထစ် သတ်ဖြတ်မှုဖြင့် အနည်းဆုံး လူ ၄၈ ဦး သေဆုံးခဲ့သည်။ သေဆုံးခဲ့ရသူများမှာ အဓိကအားဖြင့် မွတ်စ်လင်မ် များ ဖြစ်ကြသည်။

    အကြမ်းရန်တာစူနေသည့်လူအုပ်များအပေါ် ဗုဒ္ဓသံဃာများက ရက်စက်လှစွာသော သွေးချောင်းစီး အခြေအနေသို့ရောက်အောင် မီးလောင်ရာလေပင့်ခဲ့ကြသည်။ ယင်းဖြစ်ရပ်က အရှေ့တောင် အာရှနိုင်ငံတစ်ခုမှ လူနည်းစု မွတ်စ်လင်မ်တို့၏ စိတ် အတွင်းဝယ် ဖျက်ပယ်မရအောင် ထာဝရ စွဲထင်ကျန်ရစ်သွားပေသည်။ အကြမ်းဖက်မှုက နောက်ထပ် ၁၁ မြို့နယ်အထိ ကူးစက်ပျံ့နှံ့သွားရသည်။

    တစ်နှစ်ကြာသည့်တိုင် ထောင်ချီသောအိုးအိမ်မဲ့သူနှင့် အငြိုးအာဃာတများ ပုံပြောင်းမလာခဲ့။

    ယင်းအလယ်ပိုင်းဒေသ မိတ္ထီလာရှိ အသက် ၅၁ နှစ်အရွယ် ၀ါရင့်ရှေ့နေ မွတ်စ်လင်မ်တစ်ဦးဖြစ်သူ ဦးအောင်သိန်းက “ တည်ငြိမ်မှု မရှိသေးပါဘူး။ အနေအထားက အန္တရာယ်ရှိနေဆဲပါပဲဗျာ။ အစွန်းရောက်သူတွေဟာ နေ့စဉ်နဲ့အမျှ အမုန်းတရား ဆိုနေတဲ့အတွက် မွတ်စ်လင်မ်တို့အဖို့ မလုံခြုံမှုဖြစ်နေရပါတယ် ” ဟု ပြောကြားသည်။

    မိတ္ထီလာမြို့တွင် လူဦးရေ တစ်သိန်းကျော်ရှိပြီး အနည်းဆုံး ဗလီငါးလုံး နှင့် အိမ်ခြေ ၈၀၀ ကျော်မှာ ပြာကျမြေခခဲ့ရသည်။ ရုပ်ဆိုးအကျည်းတန်ပြီးသော ဤဖြစ်စဉ်မှာပင် မရပ်တန့်နိုင်သေးဘဲ မွတ်စ်လင်မ်တို့အား ထပ်မံ ကန့်သတ်ခွဲခြားတော့မည့် ဥပဒေပြဋ္ဌာန်းချက်များက ခြိမ်းခြောက်လာပါသည်။

    အဆိုတင်သွင်းထားသောဥပဒေကြမ်းက ဗုဒ္ဓဘာသာဝင်အမျိုးသမီးတို့အဖို့ မွတ်စ်လင်မ်အမျိုးသားများနှင့် ထိမ်းမြားမှု တရားမ၀င်ကြောင်း ဖန်တီးထားသည့် ဘာသာကူးပြောင်းရေး အပေါ်တင်းကြပ်ခြင်း၊ မွတ်စ်လင်မ်တို့၏ ရင်သွေးရယူခြင်း ပမာဏနှင့် (အစ္စလာမ်သာသနာက ခွင့်ပြုထားသော်လည်း)  ဇနီးတစ်ဦးထက်ပိုမယူရန် ကန့်သတ်ခြင်း စသည်တို့အား ဖော်ဆောင်မည်ဖြစ်သည်။

    ဤအစီအစဉ်ကိုထောက်ခံသူ၏လက်မှတ်ပေါင်း ၁.၃ သန်းကျော်ကို စုစည်းပြီး တင်သွင်းခဲ့သည်။

    ဦးဆောင်ခဲ့သူများမှာ အစွန်းရောက်ဗုဒ္ဓဘာသာသံဃာအုပ်စုတစ်စုနှင့် ၎င်းတို့၏နောက်လိုက်များ ဖြစ်ကြသည်။ ယင်းအဆို တင်သွင်းမှုသည် ပြန်လည်ပြုပြင်ရေးသမ္မတ ဦးသိန်းစိန်မှတဆင့် အောက်လွှတ်တော် နာယက ဦးရွှေမန်းထံသို့ ပြီးခဲ့သည့်လ၌ တင်သွင်းရာ ယခုသော်  ဥပဒေမူကြမ်းရေးဆွဲရေး အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနများထံ ခွင့်ပြုလိုက်လေပြီ။

    လက်ထပ်ထိမ်းမြားမှုအဆိုနှင့်ပတ်သက်၍ အခြားဘာသာဝင်များက ဗုဒ္ဓဘာသာဝင်တစ်ဦးနှင့်လက်ထပ်လိုလျှင် ဗုဒ္ဓဘာသာသို့ ကူးပြောင်းရမည်၊ ကမ်းလှမ်းခံရသူမိဘများ၏ လက်ခံကြေနပ်မှု ရယူရမည် ဆိုထား၏။ (ကမ်းလှမ်းသူဖက်မှ မိဘများ၏သဘောတူလက်ခံမှု မလိုအပ်၊ ဗုဒ္ဓဘာသာဝင် မဟုတ်သည့်အုပ်စုကို လူရာမသွင်းထိုက် သူများအဖြစ် သတ်မှတ်ထား၏)။ ဤစည်းကမ်းချက်အား မလိုက်နာသော ဗုဒ္ဓဘာသာဝင် မဟုတ်သူမှန်သမျှ  ထောင်ဒဏ် ၁၀ နှစ်ကျခံစေပြီး ထိုသူ၏ပိုင်ဆိုင်မှုအပေါင်းကို သိမ်းယူမည်ဖြစ်သည်။

    ထိုအဆိုပြုချက်များမှာ ၂၀၁၀ ခုနှစ် စပ်ကူးမတ်ကူးဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်လာပြီးကတည်းက နောက်ဆုံးအဆင့် ဘာသာရေးအစွန်းရောက်မှု ပြန်လည်သက်ဝင်လာခြင်းပေ။ ၂၀၁၂ ခုနှစ် အနောက်ပိုင်းရခိုင်ပြည်နယ်၌ အပြင်းအထန် ညှင်းပန်းနှိပ်စက်ခံနေရသော လူနည်းစု ရိုဟင်ဂျာ မွတ်စ်လင်မ်တို့အား အင်အားသုံး အုပ်စုဖွဲ့သတ်ဖြတ်မှုဖြစ်ပွားရာတွင် လူပေါင်း ၂၈၀ ဦးထက်မနည်း သေကြေခဲ့ရသည်။ ယနေ့ထက်ထိ ရိုဟင်ဂျာ တစ်သိန်းလေးသောင်းမျှ စုတ်တီးစုတ်ချာ ဒုက္ခသည်စခန်းများတွင် သောင်တင်နေပြီး ဆေးဝါးကုသ ခွင့်ရရှိရေးနှင့် ရိက္ခာလုံလောက်ရေးအတွက် ရုန်းကန်နေကြရသည်။

    ရိုဟင်ဂျာများသည် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င်ခိုးဝင်လာသူများဟူသော လုပ်ကြံဇာတ်လမ်းကို လက်ကိုင်ပြုထားသော်လည်း စင်စစ်၌ သူတို့သည် မြန်မာပြည်၌ မျိုးဆက်အလီလီ နေထိုင်လာကြသူများဖြစ်၏။ ခိုးဝင်သူဆန့်ကျင်ရေး ပုံဖော်ချက်ဖြင့် ဗုဒ္ဓဘာသာဝင်မြန်မာများက နယ်ပယ်ချဲ့ထွင် လက်ဝါးကြီးအုပ်သူများ အပေါ် ပြန်လည်ဆန့်ကျင် ခုခံသည်ဟုဆိုကာ စုပြုံသတ်ဖြတ်ပွဲကို ကျင်းပခဲ့ကြသည်။

    ဦးဝီရသူဦးဆောင်ပြီး ၉၆၉ ဟု ကျော်ကြားသော အစွန်းရောက်ဗုဒ္ဓဘာသာအုပ်စုက လက်ရှိနှစ်များအတွင်း အင်အားကြီးမား လာသည်။ မြန်မာပြည်တွင်း မွတ်စ်လင်မ်ဦးရေ ပေါက်ကွဲများပြားနေခြင်းမှာ တိုင်းပြည်ကို လွှမ်းမိုးရန်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ချက်ဟူ၍ ပုံဖော်လျက်ရှိသည်။

    ထိုအုပ်စုသည် မြန်မာအမျိုးသမီးများကို ကာကွယ်စောင့်ရှောက်ရေး စကားဖြင့် အမုန်းဝါဒဖြန့်နေသည်သာမက မွတ်စ်လင်မ်တို့၏ စီးပွားရေးလုပ်ငန်းများအား သပိတ်မှောက်ရန် လှုံ့ဆော်နေသည်။

    “ မြို့နယ်တိုင်းလိုလိုမှာ ဗုဒ္ဓဘာသာ အမျိုးသမီးများကို ဘာသာခြားအဖြစ် အဓမ္မသွတ်သွင်းခံနေရကြောင်း ကွင်းဆင်းတွေ့ရှိ ခဲ့ရတယ်။ သူတို့ကို ကာကွယ်နိုင်အောင် ဘာသာရေးဆိုင်ရာထိမ်းမြားမှုဥပဒေရှိဖို့ လိုအပ်တယ် ” ဟု ဧရာဝတီသတင်းဌာနသို့ ဇန္န၀ါရီလက ဦးဝီရသူ ပြောကြားသည်။

    ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၏နောက် လေးနှစ်တာ နိုင်ငံရေးအကျဉ်းစံဖြစ်ခဲ့သော သံဃာဟောင်း ဦးဂမ္ဘီရက – ဦးဝီရသူမှာ နိုင်ငံရေးကစားကွက်အဖြစ် အသုံးချခံနေရသူဖြစ်ကြောင်း ယုံကြည်သည်။

    “ ဗမာအစိုးရဟာ ဗမာလူထုတွေအကြား မတည်ငြိမ်အောင် အမြဲတစေ ဖန်တီးနေလေ့ရှိတယ်။ ၉၆၉ အဖွဲ့ကို အားပေးကူညီနေတာ၊ ငွေကြေးထောက်ပံ့နေတာကလည်း အစိုးရပါပဲ ”။

    ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မွတ်စ်လင်မ် ဆန့်ကျင်ရေး ပိုမိုပေါ်လွင်ထင်ရှားစွာ တွေ့ရမည်၊
    နောက်ဆုံး အဆင့်တွင် အုပ်စု အသီးသီးကလည်း စုစည်းညီညွတ်ဖို့ အလွန်ကို အကြပ်အတည်းဖြစ်လိမ့်မည်၊ ထိုအနေအထားမှာ အမှန်ပင် အန္တရာယ်များပြီး ညစ်ပတ်သည့်အကြံအစည်ဖြစ်ကြောင်း Robertson က ဆိုသည်။

    ရိုဟင်ဂျာတို့အား နိုင်ငံသားပေးမည်မဟုတ်၊ နိုင်ငံထဲ မထား ဟူ၍ ဦးသိန်းစိန်မှ ကုလသမဂ္ဂသို့ ပြောခဲ့ရာ သူ့စကားအား ထောက်ခံ သူများပင်ရှိခဲ့သည်။ သူသည် မိမိကိုယ်ကို အစ္စလာမ်လွှမ်းမိုးမှုဆန့်ကျင်ရေးသူရဲကောင်း ပုံဖော်၍ သူ၏ စစ်တပ်ကျောထောက်နောက်ခံ  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား မသမာသောနည်းဖြင့် ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်လိုဟန်ရှိနေသည်။

    ပို၍ဆိုးဝါးလာစေသည်မှာ ကမ္ဘာ့လူဦးရေရံပုံငွေအဖွဲ့နှင့်နေပြည်တော်အစိုးရအဖွဲ့မှ ဒေါ်လာ ၇၅ သန်း အကုန်အကျခံ ပြုလုပ်သော ပြည်လုံးကျွတ် သန်းခေါင်စာရင်းကိစ္စ ဖြစ်သည်။ ၁၉၈၃ ခုနှစ်တွင် နောက်ဆုံးကောက်ခံခဲ့သည့် သန်းခေါင်စာရင်းက နိုင်ငံတစ်ဝှမ်းတွင် ဗလီဝတ်ကျောင်းများ၊ ဘာသာရေး စာသင်ကျောင်းများ များပြားစွာ မျက်မြင်တွေ့ရပါသော်လည်း မွတ်စ်လင်မ် လူဦးရေပမာဏကို ၄ ရာခိုင်နှုန်းသာ ဖော်ပြခဲ့သည်။ (ကျွမ်းကျင်သူများက၁၀ ရာခိုင်နှုန်းဟု သုံးသပ်သည်)။

    အကယ်၍ ၂၀၁၄ သန်းခေါင်စာရင်းရလဒ်သည် ဗုဒ္ဓဘာသာဝင် မဟုတ်သော လူဦးရေက ၁၉၈၃ ခုနှစ်ရလဒ်ထက် သိသာလွန်းစွာ ကျယ်ပြန့်ကြီးမားနေကြောင်း ပြသနေပါလျှင် လူမျိုးရေးဘာသာရေးဂယက်ရိုက်မှု ပိုမိုပြင်းထန်လာ ဖွယ်ရာရှိနေသည် ဟု ဂျော့ဂ်ျတောင်း တက္ကသိုလ် အာရှရေးရာသုတေသီ ဧည့်ပါမောက္ခ David I. Steinberg က Asia Times တွင် ရေးသား၏။

    ကံမကောင်းအကြောင်းမလှစွာဖြင့် ၁၅ နှစ်တာ နိုင်ငံရေးအကျဉ်းစံ လူ့အခွင့်အရေးခေါင်းဆောင် ဒေါ်စုကြည်သည်ပင်လျှင် လက်ရှိဥပဒေကြမ်းပြုစုရေးအပေါ် ရဲဝံ့စွာ ထုတ်ဖော်ပြောကြားခြင်းသော် လည်းကောင်း၊ အစွန်းရောက်မှုကို ထိပ်တိုက်ရင်ဆိုင်ခြင်းသော် လည်းကောင်း မရှိသည်ကို  တွေ့ရပေသည်။ ယင်းသို့ပြုလျှင် နိုင်ငံရေးအရ ကျဆုံးမည်ကို စိုး၍လော မဆိုတတ်ပြီ။ ပြီးခဲ့သောလတွင် သံဃာတစ်စု၏ဖိအားအောက်မှ တွေ့ဆုံစုဝေးဟောပြောမှုတစ်ရပ်အား NLD မှ ဖျက်သိမ်းခဲ့ရသည်။ မည်သည့် အကြောင်းကြောင့်နည်း ? ဟောပြောသူလေးဦးအနက် နှစ်ဦးမှာ မွတ်စ်လင်မ်  ဖြစ်နေခြင်းကြောင့်ပင်။

    Time မဂ္ဂဇင်း တွင် ဖော်ပြခဲ့သည့် ဆောင်းပါးရှင် Charlie Campbell ၏ “Burma’s Muslims Are Facing Incredibly Harsh Curbs on Marriage, Childbirth and Religion” ဆောင်းပါးကို  မြင့်မိုရ်မောင်မောင်  ဆီလျော်အောင် မြန်မာပြန်ဆို ပါသည်။

  • သန်းခေါင်စာရင်း လိမ်တဲ့ ကိစ္စဟာ အကျိုးဆက် အဆိုးတွေကို ရလာနိုင်စေပါတယ် (သူ့အမြင်)

    ဧပြီ ၁ ၊ ၂၀၁၄
    ရေးသူ- ရောဘတ်အယ်လ်ဟို့စ်

    1609607_221717848027155_1424921123_n
    လက်ဘနွန် ပြည်တွင်းစစ် စဖြစ်ခဲ့ရတဲ့ အဓိက အကြောင်းအရင်းဟာ သန်းခေါင်စာရင်း လိမ်ညာရာက စဖြစ်လာတယ် ဆိုတာ ကို အားလုံးသတိချပ်သင့်ပါတယ်။ တိုင်းပြည်ကို ပြည်တွင်း စစ်မီးကြီး ထဲကို ၀ှဲချီးခေါ်ဆောင်သွားခဲ့တာ အဲ့ဒီ သန်းခေါင်စာရင်းကို မရိုးမသား လိမ်ညာဖုံးကွယ် တဲ့ မာရိုနိုက်ခရစ်ယာန် များဆိုတာ သမိုင်းမှာ ကျန်ခဲ့ပါတယ်။

    လက်ဘနွန် လို နိုင်ငံဟာလည်း အချင်းချင်း တစ်ဂျိန်းဂျိန်း ချတဲ့ စစ်မီးကို ငြိမ်းသတ် ဖို့ အချိန် အကြာကြီး ယူခဲ့ရသလို။ နာလံထူဖို့မှာလည်း အချိန်အကြာကြီး ယူခဲ့ရတယ်( ဗမာပြည်မှာ ဖြစ် ခဲ့တဲ့ ဖြစ်နေတဲ့ ပြည်တွင်းစစ် တိုက်ခိုက်မှု တွေနဲ့ သဘောသဘာဝ အင်မတန် ကွာခြားတာကို သတိပြုရပါမယ်)။ ဗရုတ်ဗရက် ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ် ကာလမှာ အားမွေးခွင့်ရသွားကြတဲ့ လက်နက်ကိုင် အုပ်စုတွေဟာ တစ်ဗိုလ်တစ်မင်း ဖြစ်လာတာ ဒီနေ့ထိ မငြိမ်းချမ်းနိုင်ဘူး။

    ဥပမာ စစ်ပွဲပြီးဆုံးခဲ့တာ ကြာမြင့်လှပြီဖြစ်တဲ့ ဒီနေ့ထိ လက်ဘနွန်ဗဟို အစိုးရ ရဲ့ အာဏာစက် ဟာ လက်နက်ကိုင် ပြည်သူ့စစ် အဖွဲ့တစ်ခုသာ ဖြစ်တဲ့ ဟစ်ဇ်ဘိုလာတွေလောက်တောင် မစူးရှဘဲ ဒီနေ့ထိ မငြိမ်မသက်ဖြစ် နေရတာ မျိုးတွေပါ။

    ဗမာပြည်မှာလည်း ဗမာလူမျိုးကြီး ၀ါဒ၊ ဗုဒ္ဓဘာသာသာ လွှမ်းမိုးရမယ် ဆိုတဲ့ ငါတကောကော တဲ့ အတ္တ၀ါဒီတွေရဲ့ ရူးကြောင်ကြောင် အတွေးအခေါ် တွေကြောင့် လူနည်းစု မွတ်စလင်မ် နဲ့ ခရစ်ယာန်တွေ အပေါ် အခု သန်းခေါင်စာရင်းကို မရိုးမသား လိမ်ညာကောက်ကျစ်နေတာ အတိုင်းသားကို မဖုံးဖိနိုင် တွေ့နေရပါပြီ။ ဒါတွေကို နိုင်ငံတကာ အသိုင်းအ၀န်းက သက်သေ အဖြစ် မိနစ်မလပ် စောင့်ကြည့်နေကြတယ် ဆိုတာလောက်တော့ ဒီလို ပေါတောတော Policy Makers တွေကို သိစေ့ချင်လှပါတယ်။

    အတ္တသမား လူမိုက်လူညာတွေကြောင့်တော့ဖြင့် တိုင်းပြည်မနာရပါစေသား။ လက်ဘနွန်လို ပိုးစိုးပက်စက် အဖြစ်မျိုးတွေနဲ့ မကြုံကြရပါစေသား လို့သာ ဆန္ဒပြုလိုက်ပါ တယ်။ ဆန္ဒပြုရုံက လွဲလို့ ဘာမှလည်း မတတ်နိုင်ပါ။