News @ M-Media

Author: M-Media

  • Census Day2 :အစ္စလာမ် ဘာသာဝင် အိမ်ထောင်စုများ အတွေ့အကြုံနှင့် တုံပြန့်မှုအသံများ

    ဧပြီ ၁၊ ၂၀၁၄
    M-Media

    သန်းခေါင်စာရင်း  (မတ်-၃၁) ဒုတိယနေ့ အစ္စလာမ် ဘာသာဝင် အိမ်ထောင်စုများ အတွေ့အကြုံနှင့် တုံပြန့်မှုအသံများ

    2nd Days By M-Media

    ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှု ဒုတိယနေ့ တွင် တိုင်းရင်းသား/နိုင်ငံသားအစ္စလာမ်ဘာသာဝင်များ၏ အိမ်ထောင်စုများသို့ စာရင်းကောက်ခံရာတွင် ကြုံတွေရသည့် အခြေအနေများကို စုစည်းတင်ဆက်လိုက်ပါတယ်။ အချို့သော အချက်အလက်များမှာ M-Media မှ စုံစမ်းထားခြင်းဖြစ်ပြီး၊  အချက်အလက်တချို့မှာ အစ္စလာမ် ဘာသာဝင် ပြည်သူများရဲ့ အတွေ့အကြုံများကို ၄င်းတို့ရဲ့ ဆိုရှယ်မီယာစာမျက်နှာမှ ရေးသားချက်များကို စုစည်းဖော်ပြ ထားခြင်းဖြစ်ပါတယ်။

    သန်းခေါင်စာရင်းကောက်ယူချိန် ခဲတံအသုံးရေးသွင်းခြင်းနှင့် တချို့ ခဲဖျက်အသုံးပြုနေ့သည့် ဓါတ်ပုံများ၊သတင်းများ ပျံနှံ့လျက်ရှိပါတယ်။ ဒီကိစ္စအပေါ် ပြည်သူများအကြား မိမိတို့ရဲ့ သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များကို တိကျသေချာမှု ရှိ/မရှိ ကို စိုးရိမ် ပူပန်မှုများ ဖြစ်ပေါ်နေတာကို တွေ့ရှိရပါတယ်။

    တောင်ကြီး
    ———–
    တောင်ကြီးမြို့ပေါ်၌ တစ်ရက်လျှင် ၃-၄ ရပ်ကွက်နှုန်းခန့် ကောက်ယူမည်ဟု အကြမ်းအားဖြင့် သိရှိရ။ ယနေ့ကောက်ယူမှုကို စုံစမ်းရာ အစ္စလာမ်ဘာသာဝင် တိုင်းရင်းသားတို့ကို လူမျိုးနှင့် ဘာသာအား ပြောသည့်အတိုင်း မှန်ကန်စွာ ဖြည့်သွင်းသွားသည်။

    တောင်ကြီးမြို့ပေါ်၌ တစ်ရက်လျှင် ၃-၄ ရပ်ကွက်နှုန်းခန့် ကောက်ယူမည်ဟု အကြမ်းအားဖြင့် သိရှိရ။ ယနေ့ကောက်ယူမှုကို စုံစမ်းရာ အစ္စလာမ်ဘာသာဝင် တိုင်းရင်းသားတို့ကို လူမျိုးနှင့် ဘာသာအား ပြောသည့်အတိုင်း မှန်ကန်စွာ ဖြည့်သွင်းသွားသည်။

    တာချီလိတ်
    ————
    တာချီလိတ်တွင် စာပေမတတ်မြောက်သူ အချို့က ပသီဟု ဖြည့်သွင်းသည်၌ ပသီဟူသည် မကြားဖူးကြောင်း စာရင်းကောက်များက ပြောဆိုမေးမြန်းသဖြင့် ရှမ်းဟုသာ ရေးသွင်းပေးလိုက်သည်ဟု သတင်းရရှိသည်။

    ရန်ကုန်
    ——-
    အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးကို တိုင်းရင်းသားကုဒ်နံပတ်တွေ အစ္စလာမ်ဘာသာကိုးကွယ်သူများအား မထည့်ပေးသည့် အကြောင်း လှမ်းမေးရာ တာဝန်ရှိသူတဦးမှ အောက်ပါ အတိုင်း ပြန်လည်ဖြေကြားပေး ပါတယ်။ အများသိနိုင်ဖို့ ပြန်လည်ဝေမျှ ပါတယ်။ ဗမာအပါအဝင် တိုင်းရင်းသား code များ မဖြည့်ရန် အထက်မှ ညွှန်ကြားထားခြင်း လုံးဝမရှိကြောင်း။ အေက်ခြေမှ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း။ တိုင်းရင်းသား code မဖြည့်ပေးပါက လာရောက်ကောက်ယူသူ၏ နာမည်နဲ့ လုပ်ကွက်ကို မေးမြန်းပြီး Hot line 1840 သို့ သူတို့ရှိနေတုန်းမှာတင် ဖုန်းဆက်တိုင်ကြားနိုင်ကြောင်း။ ဒါမှမဟုတ် သက်ဆိုင်ရာ ကွပ်ကဲရေးရုံးသို့ နောက်နေ့မကူးမီ ကာယကံရှင် ကိုယ်တိုင် တိုင်ကြားနိုင်ကြောင်း ပြည့်ပြည့်စုံစုံ ဖြေကြားပေးသွားပါတယ်။
    (ဒါကတော့ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးကို ကိုယ်တိုင် ဖုန်းဆက်ပြီး မေးမြန်းခဲ့သူ တစ်ဦး သူ့ရဲ့ အတွေ့အကြုံကို FB စာမျက်နှာမှာ ရေးသာချက်ပါ။)

    သန်လျင်မှာ သန်းခေါင်စာရင်းကောက်တယ်… ကျန်တာအားလုံးမေးပြီး လူမျိုးမမေးဘဲ သူတို့ဖြည့်ချင်တာဖြည့်တယ်… ကိုယ်က ဘာလူမျိုးထည့်ထားလဲမေးမှ 904 ပါကစ္စတန်ထည့်ထားတယ်..  တကယ်လို့သာ မမေးဘဲနေလိုက်ရင် ဒီအတိုင်း သူတို့ဖြည့်ချင်ရာဖြည့်ပြီး ထွက်သွားကြမှာဘဲ… ကိုးကွယ်သည့်ဘာသာ အစ္စလာမ်ဆိုတာနဲ့ လူမျိုးနေရာမှာ သူတို့ဖြည့်ချင်တာဖြည့်မယ်…ဒီလိုလုပ်ဖို့လည်း စာရင်းကောက်တွေကို ညွန်ကြားထားပုံရတယ်… ဒါကြောင့် ကိုယ့်ကို ဘယ်လူမျိုးနေရာမှာ ထည့်ထားလဲဆိုတာ ဂရုစိုက်ကြပါ… ဘာကိုမှ ဂရုစိုက်စရာ ကြောက်စရာမလိုဘဲ ကိုယ်ထည့်ချင်တဲ့လူမျိုးကိုထည့်ပါ.. အစိုးရက သန်းခေါင်စာရင်းကောက်တဲ့အခါ ပြည်သူကို အမှန်ပြောဖို့ တိုက်တွန်းထားပေမဲ့ တကယ်လိုအပ်နေတာက စာရင်းကောက်နေ့စားတွေ အမှန်ရေးဖြည့်ဖို့ပါ…ပြည်သူတွေကတော့ ကိုယ်ဘာလူမျိုးလဲဆိုတာပြောဖို့ အသင့်ပါ..
    (ဒါကတော့ သန်လျင် မြို့ခံ တစ်ဦးရဲ့ သန်းခေါင်စာရင်း ဖြည့်ချိန် အတွေ့အကြုံကို သူရဲ့ FB စာမျက်နှာက ရေးသားချက်ပါ။)

    မြောင်းမြ
    ———-
    ဒီနေ့မြောင်းမြ ရွှေဒါးကုန်း ရပ်ကွက် မှာ သန်းခေါင်စာရင်းကောက်တာ သန်းခေါင်စာရင်းကောက်ဆရာမက ပသီဆိုတာ မရှိဘူး။ မဖြည့်ပေးနိုင်ဘူး၊ကုတ် နံပါတ် 914 ဆိုတာ လည်းမရှိဘူး။ အစ္စလာမ်ဘာသာဝင်ဆိုရင် လူမျိုးနေရာမှာ ဘင်္ဂလားဒေရှ့်၊ပါကစ္စတန်၊ အိန္ဒိယ တစ်ခုခုပဲပြောလို့ပြောတယ်။အဲ့ဒါနဲ့ အဲ့ဒီအိမ်က ညီမနှစ်ယောက်က ကျွန်တော့်ကို လာရှာပြီး ပြောတယ်။ ဒါနဲ့ကျွန်တော်က ဖုန်းနံပါတ် 1840 ကိုခေါ်ပြီး အကျိုးအ ကြောင်း ပြောတော့ 1840 ဘက်က သန်းခေါင်စာရင်းနဲ့ပတ်သက်ပြီး အကူအညီပေးနေတဲ့ Hotline တစ်ခု လို့ပြောတယ်။အဲ့ဒါနဲ့ သူတို့ကို အကျိုးအကြောင်းပြောပြီး အိမ်ကို လာတဲ့ ညီမနှစ်ယောက်ကို ပြန်လွှတ် လိုက်တယ်။မကြာမီ သန်းခေါင်စာရင်းကောက်တဲ့ ဆရာမက ပြောတဲ့အတိုင်း ထည့်ပေးမယ်လို့ ပြောပြီး အဆင်ပြေသွားတယ်။ဒါ့ကြောင့် သန်းခေါင်စာရင်းကောက်တဲ့နေရာမှာ တစ်ခုခု အရေးကြုံပါက 1840 ကို ဖုန်းဆက်လိုက်ပါ။
    (မြောင်းမြမြို့ ခံ အစ္စလာမ်ဘာသာဝင် တစ်ဦးရဲ့ အတွေ့အကြုံပါ)

    မင်းပြား
    ———-
    ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ဆိတ်ကျာကျေးရွာအုပ်စုရှိ မြို့နယ် မ.ယ.က ဦးစီးနှင့် လ.၀.က ဦးစီးတို့အပါအ၀င် စစ်ဆေးရေးအဖွဲ့များ လာရောက်ပြီး ဒေသခံမွတ်စလင်မ်များကို ဘာလူမျိုးလဲလို့ မေးမြန်းခဲ့ပါတယ်။ မွတ်စလင်မ်များက ရိုဟင်ဂျာ ဟုဖြေလိုက်ရာ ဦးစီးမှုးက နောက်မှ လာကောက်မည်ဟု ပြောဆိုကာ ပြန်လှည့်သွားပါတယ်။

    သန်းခေါင်းစာရင်းကောက်ယူရာတွင် စာရင်းကောက်များ မမှန်မကန်ဖြည့်သွင်းလျင် လ.ဝ.က ဝန်ကြီးဌာနနှင့် UNFPA တို့ကို အောက်ပါ နံပါတ်များအတိုင်း ချက်ခြင်းတိုင်ကြားနိုင်ကြောင်း  သတင်းရရှိပါတယ်။
    ဖုန်းနံပါတ်-1840 (သို့မဟုတ်) 067-4307369

    သန်းခေါင်စာရင်းကောက်ခံမှုတွေ ကြုံတွေ့ရသည့် အဆင်ပြေမှု မပြေမှုများကို M-Media Email လိပ်စာ ( [email protected] )  သို့မဟုတ် M-Media Facebook Page သို့ Message ဖြင့် ဆက်သွယ်ပေးပို့နိုင်ပါတယ်။
    ပေးပို့လာတဲ့ အချက်အလက် အကြောင်းအရာများကိုသာ ဖော်ပြပြီး ပုဂ္ဂလိက အချက်အလက်များကို (လုံးဝ) ဖော်ပြမည် မဟုတ်ပါ ။

    #CensusUpdateNews

  • Census Day2: ကျောက်ဖြူ ဒုက္ခသည်စခန်းမှ ကမန်များ လူမျိုးအမှန် ဖြည့်ခွင့်မရ

    Census Day2: ကျောက်ဖြူ ဒုက္ခသည်စခန်းမှ ကမန်များ လူမျိုးအမှန် ဖြည့်ခွင့်မရ

    မတ် ၃၁၊ ၂၀၁၄
    M-Media
    ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ကယ်ဆယ်ရေးစခန်းများတွင်ရှိသော ကမန် တိုင်းရင်းသားများအား သန်ခေါင် စာရင်းကောက်ယူရာတွင် လူမျိုးနေရာတွင် ကမန်ဟု ရေးသွင်းခြင်းကို လက်မခံဘဲ ကမန်တိုင်းရင်းသားဖြစ်ကြောင်း အထောက်အထားများ တောင်းဆိုနေကြောင်း သိရပါတယ်။

    တိုင်းရင်းသားများက ကယ်ဆယ်ရေးစခန်းတွင် မည်သည့်အထောက်ထားမှ မရှိကြောင်းပြန်လည်ပြောဆိုရာ စာရင်းကောက်များက ဆက်လက်ကောက်ယူမှု မရှိဘဲ လှည့်ပြန်သွားကြောင်း ကယ်ဆယ်ရေးစခန်းမှ သတင်းပေးပို့လာကြောင်း အချို့စာရင်းကောက်များမှာ ဖြေဆိုသည့် အတိုင်းကမန် မထည့်ဘဲ ဘင်္ဂလီဟု ဖြည့်နေကြောင်း ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက် (PCN) သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

    ၂၀၁၂ ခုနှစ် အောက်တိုဘာလကုန်ပိုင်းတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ကျောက်ဖြူမြို့နေထိုင်သူ မွတ်စလင်အားလုံး ဒုက္ခသည် စခန်းတွင် ယနေ့အချိန်ထိ နေထိုင်နေရသည် နေရပါတယ်။

    အကြမ်းဖက်တိုက်ခိုက်ချိန် နေအိမ်များမီးဖြင့်ရှို့ခြင်း၊ အသက်အန္တရာယ် ရန်ရှာမှုတို့ကြောင့် ၄င်းတို့ ပိုင်ဆိုင်မှုများ တခုမှ သယ်ဆောင်နိုင်ခြင်းမရှိဘဲ အဝတ်တထည်ကိုယ်တခုဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယခုလို ဒုက္ခသည်စခန်းတွင် နေထိုင်လာရသည်မှာ ၁ နှစ်ခွဲ နီးပါးရှိနေပြီဖြစ် ပါတယ်။

    ကျောက်ဖြူတွင် နေထိုင်သူ မွတ်စလင် အများစုမှာ ကမန် တိုင်းရင်းသားများဖြစ်ပြီး ပညာတတ်ဝန်ထမ်း အများအပြား ပါဝင်ကြောင်း သိရပါတယ်။

    ကိုးကား PCN သတင်းထုတ်ပြန်ချက်

  • ပညာရှင်များနှင့် လူငယ်များ၏ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ် (ဓါတ်ပုံ)

    မတ် ၃၁၊ ၂၀၁၄
    M-Media
    ဓါတ်ပုံ- လမင်း

    မျက်မှောက်ခေတ် စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ ပညာရှင်များနှင့် လူငယ်များ၏ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ် 

    DSC00321

    အနာဂတ်မှာ အေးချမ်းဖို့ လူကြီးလူငယ်တွေ့ ဆုံစို့ ခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲ တခုကို မတ်လ ၂၉ ရက်နေ့က ရန်ကုန်မြို့က M3 စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို မြန်မာမွတ်စလင် ဘာသာရေးနယ်ပယ်၊ နိုင်ငံရေး နယ်ပယ်မှ ပညာရှင်များ လူကြီး နှင့် နယ်ပယ်အစုံမှမှ မွတ်စလင် လူငယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါတယ်။

    သတင်းအပြည့်အစုံကို M-Media မှ ထပ်မံတင်ဆက်ပေးသွားပါမယ်။

  • မြောက်ကိုရီးယားမှ နျူလက်နက် ထပ်မံ စမ်းသပ်လျှင် ပေးဆပ် ရမည်ဟု တောင်ကိုရီးယားဆို

    မတ် ၃၁၊ ၂၀၁၄
    M-Media

    – မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ထပ်မံ၍ နျူးကလီးယား လက်နက်စမ်းသမ်မှုပြုလုပ်ပါက ထိုပြုလုပ်မှုအတွက် ပေးဆပ်ရမည်ဟု တောင်ကိုရီးယားက ယမန်နေ့တွင် သတိပေးပြောကြားလိုက်သည်။

    rocket_jpg_2459473b

    အမေရိကန်၏ မိမိတို့အပေါ် ရန်လိုသော ပေါ်လစီများကို ဆန့်ကျင်သောအားဖြင့် နျူးကလီးယားစမ်းသပ်မှု ပုံစံအသစ်တစ်မျိုးကို ပြုလုပ်သွား ဖွယ်ရှိသည်ဟု မြောက်ကိုရီးယားက ပြောကြားခဲ့ပြီးနောက် တောင်ကိုရီးယားဘက်က ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။

    “အကယ်၍ ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက လေးနက်တဲ့တောင်းဆိုမှုကို (မြောက်ကိုရီးယားဘက်က) လစ်လျူရှုပြီး၊ သူတိုရဲ့ (စတုတ္ထမြောက်) နျူးကလီးယားလက်နက်စမ်းသပ်မှုကို ပြုလုပ်မယ်ဆိုရင်၊ အဲဒီအတွက် ပေးဆပ်ရပါလိမ့်မယ်” ဟု တောင်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ထိုကြေညာချက်တွင် နိုင်ငံ၏ကာကွယ်ရေးစနစ် ပိုမိုအားကောင်းစေရန် နျူးစမ်းသပ်မှု ပုံစံ အသစ်အားပြုလုပ်သွားမည်ဆိုသည့်သတင်းအား မငြင်းဟု ဆိုခဲ့ပြီး၊ နျူလက်နက် စမ်းသပ်ရေးအတွက် အရိပ်အမြွက် ဖော်ပြခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

    ထို့ပြင် ကိုရီးယားကျွန်းဆွယ်အတွင်း ဖြစ်ပွားသည့် အဖြစ်အပျက်များအတွက် အမေရိကန်က တာဝန်ယူ ရမည်ဖြစ်ကြောင်းဖော်ပြ ခဲ့သည်။ သောကြာနေ့ကပြုလုပ်ခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တံခါးပိတ်ဆွေးနွေးပွဲအပြီး ထုတ်ပြန်သောကြေညာချက်တွင် မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုများအား ရှုတ်ချသည်ဟု ဖော်ပြခဲ့မှုအပေါ် ပြုံးယမ်က ပြန်လည်တုံ့ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

    မြောက်ကိုရီးယား အနေဖြင့် ဥပဒေနှင့် ညီညွတ်သည့် ကာကာကွယ်ရေးလုပ်ငန်းများကို လေ့ကျင်သွားမည်ဖြစ်ကြောင်း၊ တန်ပြန်လှုပ်ရှားမှုများကိုလည်း ပြင်ဆင်ထားကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

    လွန်ခဲ့သည့် ၂ လကျော်မှစတင်ကာ တာတိုပစ်နှင့် တာလတ်ပစ် ဒုံးကျည်များပစ်လွှတ်ခဲ့ပြီးနောက်ပိုင်း နျူလက်နက် စမ်းသပ်မည်ဟု မြောက်ကိုရီး၏ ခြိမ်းခြောက်မှုအား စိုးရိမ်မိသည်ဟု တောင်ကိုရီးယားက ပြောကြားခဲ့သည်။

    နောက်ဆုံးရရှိသည့် သီတင်းများအရ နှစ်နိုင်ငံ အငြင်းပွားနေသည့် ပင်လယ်ဝါ ရေပိုင်နက်အတွင်း ယနေ့နံနက်က မြောက်ကိုရီးယားမှ အင်အားအပြည့်ဖြင့် စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့သောကြောင့် တောင်ကိုရီးယားဘက်မှလည်း မြောက်ကိုရီးယားရေပိုင်နက်အတွင်းသို့ ပြန်လည် ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု သိရသည်။ Yeonpyeong နှင့် Baengnyeong ကျွန်းတို့မှ ပြည်သူများအား ဘေးလွတ်ရာသို့ရွှေးပြောင်းပေးထားသည်ဟု တောင်ကိုရီးယား အာဏာပိုင်များကလည်း သတင်းထုတ်ပြန်ထားသည်။

    ဆင်ဟွာ

    Photo: REUTERS

  • ခရိုင်းမီးယား၏ ယူကရိန်း စံတော်ချိန်အား ရုရှား စံတော်ချိန်ဖြင့် အစားထိုး

    မတ် ၃၁၊ ၂၀၁၄
    M-Media

    – ယူကရိန်းမှ ခွဲထွက်ကာ ရုရှား ပိုင်နက်အတွင်းသို့ ၀င်ရောက်သွားခဲ့သည့် ခရိုင်းမီးယားဒေသမှာ ၎င်းတို့၏ စံတော်ချိန်ကို ရုရှားစံတော်ချိန်အဖြစ် ယမန်နေ့က ပြောင်းလဲခဲ့သည်ဟု သိရသည်။

    Bj7hC1xCMAA7xw4.jpg medium

    ဆင်ဖီရိုပိုလ်မြို့ ရထားဘူတာရှိ နာရီအား ယမန်နေ့ည ၁၀ နာရီတွင် ရုရှားစံတော်ချိန် ၁၂ နာရီသို့ ပြောင်း လဲခဲ့ပြီး၊ ရာပေါင်းများစွာသော ခရိုင်းမီးယားပြည်သူများကလည်း ထိုအခမ်းအနားသို့ တက်ရောက်အားပေးခဲ့ကြသည်။

    ခရိုင်းမီးယားဒေသ၏ ၀န်ကြီးချုပ်သစ် ဆာဂျီ အက်စ်ယိုနော့ဗ်က ပရိတ်သတ်များအား ချီးကျူးခဲ့ပြီး၊ ၎င်းတို့မှာ ခရိုင်းမီးယားဒေသနှင့် ခရိုင်းမီးယားပြည်သူတို့ အကျိုးအတွက် လုပ်ဆောင်ပေးခဲ့ပြီဟု ပြောကြားခဲ့သည်။

    ရုရှားပိုင်နက်အတွင်းသို့ ၀င်ရောက်ရေးအတွင် မတ်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သော ပြည်သူ့ဆန္ဒခံယူပွဲတွင် ခရိုင်းမီးယားပြည်သူ ၉၇ ရာခိုင်နှုန်းက ထောက်ခံမဲပေးခဲ့ကြပြီး၊ မတ်လ ၁၈ ရက်နေ့တွင် ရုရှားသမ္မတပူတင်နှင့် ခရိုင်းမီးယားခေါင်းဆောင်တို့က သတောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

    ထို့ပြင် ရုရှားရူဘဲလ်အား ခရိုင်းမီးယားငွေကြေးအဖြစ် သတ်မှတ်ခဲ့ပြီး၊ ပင်စင်နှင့် အစိုးရ၀န်ထမ်းများအတွက် လစာများကိုလည်း ရုရှားမှ စတင်ပေးချေနေပြီဖြစ်သည်။

    သို့သော်လည်း အမေရိကန်နှင့် အနောက်နိုင်ငံများကမူ ခရိုင်းမီးယားဒေသ ရုရှားနိုင်ငံပိုင်နက်သို့ ၀င်ရောက်သွားခြင်းမှာ နိုင်ငံတကာဥပဒေများနှင့် မညီဟုပြောကြားခဲ့ပြီး ရုရှားနိုင်ငံအား သံတမန်ရေးအရ ပိတ်ဆို့မှုများပြုလုပ်သွားရန် ကြိုးစားနေသည်။

    CNTV.cn