News @ M-Media

Author: M-Media

  • ချယ်ဆီးအသင်း ချန်ပီယံဖြစ်ရေးထက် ထိပ်ဆုံး ၃ သင်း ဝင်ရေး အဓိကဟု မော်ရင်ဟိုဆို

    မတ်လ ၉ ၊ ၂၀၁၄
    M-Media
    premier-football-hotspur-jose-mourinho-chelsea-league-tottenham-spurs-stamford_3097183
    – အသင်းမှာ ရလဒ်ကောင်းများ ရရှိနေပြီး ပရီးမီးယားလိဂ်ဇယားတွင် ၇ မှတ်ဖြတ်ကာ ထိပ်ဆုံးမှ ဦးဆောင်နေသော်လည်း မိမိအနေဖြင့် ချန်ပီယံဖြစ်ရေးနှင့် ပတ်သက်၍ မစဉ်းစားသေးဟု ချယ်ဆီးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက ပြောကြားခဲ့သည်။

    ယမန်နေ့က စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် စပါးအသင်းအား ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပွဲအပြီးတွင် မော်ရင်ဟိုက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ထိပ်ဆုံး ၄ သင်းဝင်ရန်အခွင့်အရေးမှာ မိမိတို့လက်တွင် ရှိနေပြီး မိမိတို့၏ နောက်ပစ်မှတ်တစ်ခုမှာ ထိပ်ဆုံး ၃ သင်း စာရင်းဝင်ရန်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ ထိပ်ဆုံးလေးသင်းစာရင်းကနေ ထွက်သွားဖို့ဆိုတာ တော်တော်လေး ခက်ခဲသွားပါပြီ။ သူတို့(စပါး) ဟာ အဆင့်လေးနေရာအတွက် အကြီးဆုံး ငြိမ်းခြောက်မှု ဖြစ်ခဲ့ပါတယ်။ ၉ ပွဲကစားဖို့ရှိရာမှာ ကျွန်တော်တို့ ၇ မှတ် ဆုံးရှုံးသွားတာမျိုးလည်း အများကြီးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ၁၃ မှတ်ဆုံးရှုံးတာမျိုးတော့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ နောက်ထပ်ရည်ရွယ်ချက်တစ်ခုက ပရီးမီးယားလိဂ် ထိပ်ဆုံး ၃ သင်းထဲဝင်ဖို့ဖြစ်ပါတယ်”ဟု စပါးနှင့် ပွဲအပြီးတွင် မော်ရင်ဟိုက ပြောကြားခဲ့သည်။

    Ref: skysports

  • အီဂျစ်ထောင်တွင်းမှ လူမဆန်သော နှိပ်စက်မှုများ ဖြစ်ရပ်များ ဗီဒီယို မှတ်တမ်းများ အရ သိရ

    မတ် ၁၀၊ ၂၀၁၄
    M-Media
    20143885328159734_20
    – အီဂျစ်နိုင်ငံ အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားတစ်ယောက်အား လျှို့ဝှက်ရိုက်ကူးထားသော ဗီဒီယိုတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ ထိုဗီဒီယိုမှတ်တမ်းများ အရ အကျဉ်းသားများအား နှိပ်စက်ခြင်း၊ အဓ္ဓမ သက်သေထွက်ဆိုခိုင်းခြင်း၊ အခန်းကျဉ်းများတွင် ပိတ်လှောင်ထားခြင်း စသည် လူမဆန်သော လုပ်ရပ်များ ရှိနေသည်ဟု သိရသည်။

    မိုဘိုင်းဖုန်းဖြင့်ရိုက်ကူးထားပြီး ဂျာနယ်လစ်များလက်သို့ ရောက်ရှိလာခဲ့သည့် အဆိုပါဗီဒီယိုတွင် လက်ရှိ အကျဉ်းကျခံနေရသူ တစ်ဦး၏ ထောင်အတွင်းနေထိုင် ရသည့် အတွေ့အကြုံများအား ဖော်ပြထားပြီး၊ ပထမဦးဆုံး ရိုက်ကူးနိုင်ခဲ့သည့် ဗီဒီယိုမှတ်တမ်းလည်းဖြစ်သည်။

    “ပြောလို့မရတဲ့ ပုံစံမျိုးတွေနဲ့ ကျွန်တော့်ကို သူတို့နှိပ်စက်ခဲ့ကြပါတယ်။ ထွက်ချက်ကို အလွတ်ကျက်ဖို့ကျွန်တော့်ကိုခိုင်းတယ်၊ ပြီးတော့ “မင်းလူ တစ်ယောက်ရှေ့မှာရပ်ပြီး၊ ငါတို့ပြောတာကို တစ်လုံးမကျန် ပြောရမယ်” လို့ သူတို့ ကျွန်တော့်ကို ပြောပါတယ်” ဟု တက္ကသိုလ်ကျောင်းသားဟုဆိုသည့် လူငယ်တစ်ဦးက ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်းမသိသောမေးခွန်းများ၊ မသိသောသူများကို မေးမြန်းကြောင်း၊ နှိပ်စက်မှုများနှင့် ခြိမ်းခြောက်မှုများကိုမခံနိုင်သောကြောင့် ၎င်းတို့ ခိုင်းစေသမျှကို ပြောမည်ဟု ပြောခဲ့ရကြောင်း၊ ၎င်းတို့၏ မေးခွန်းများကို မဖြေပါက ရိုက်နှက်ကြောင်း အဆိုပါလူငယ်က ထည့်သွင်းပြောကြားခဲ့သည်။

    ထောင်အတွင်း၌ ညှင်းပန်းနှိပ်စက်မှုများရှိသည်ဆိုခြင်းနှင့် ပတ်သက်၍ အီဂျစ် ပြည်ထဲရေးနှင့် သတင်းအချက်အလက်ဝန်ကြီးဌာနက မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။ သို့သော်လည်း ပြည်ထဲရေး ၀န်ကြီး မိုဟာမက် အီဗရာဟင်ကမူ ထိုင်သတင်းအား ငြင်းဆိုခဲ့ပြီး၊ မည်သူတစ်ဦး တစ်ယောက်မှ တင်းအဓ္ဓမ ဖမ်းဆီးချုပ်နှောင်ခြင်းခံရမှု မရှိဘဲ ၎င်းတို့မှာ ရမ်းကားသော ဆန္ဒပြမှုများနှင့် လက်နက်ကိုင်ဆောင်မှုများ အတွက် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထိုဗီဒီယို မှန်ကန်မှုရှိ မရှိကို အတိအကျပြော၍ မရသေးပေ။

    Al Jazeer

  • မလေးရှားလေယာဉ်ပျောက်ဆုံးမှု နောက်ဆုံး စက်ရပ် သတင်းစာရှင်းလင်းပွဲ

    မတ်လ ၁၀ ရက်၊ ၂၀၁၄။ (မြန်မာစံတော်ချိန် ည ၇ နာရီခန့်)
    M-Media
    တင်ဆက်သူ- ရောဘတ်အယ်လ်ဟို့စ်

    _73477732_china_malaysia_plane2_624

    ပြီးခဲ့တဲ့ ၇၂ နာရီကျော်ကတည်းက ပျောက်ခြင်းမလှပျောက်နေပြီး ခရီးသည် ၂၂၇ ဦးနဲ့ လေယာဉ် အမှုထမ်း ၁၂ ဦးပါဝင်တဲ့ မလေးရှားလေကြောင်းလိုင်း ခရီးစဉ် အမှတ် ၃၇၀ ၊ ခရီး သည်တင်လေယာဉ် ပျောက်ဆုံးနေမှုနဲ့ ပတ်သက်ပြီး အခုလေးတင်ဘဲ ကွာလာလမ်ပူမြို့မှာ သ တင်းစာ ရှင်းလင်း ပွဲ လုပ်နေပါ တယ်။ CNN က တိုက်ရိုက်လွှင့်နေပါတယ်။

    မလေးရှားမြို့ပြလေကြောင်းပျံသန်းရေး အာဏာပိုင် အဖွဲ့ရဲ့ ညွန်ကြားရေးမှုးချူပ် ဖြစ်သူ အဇာရွဒ်ဒင် အဗ္ဗဒူရ်ရဟ်မန် ဦးဆောင် ရှင်းပြနေပါတယ်။

    ပြောသွားတဲ့ထဲက အနှစ်ကို ချူပ်လိုက်ရင်၊ လေယာဉ်ပျောက်တာကို အခုထိရှာမတွေ့ သေးပါဘူး။ ဘာ့ကြောင့် ပျောက်နေရတယ်( ပျက်ကျတာမျိုး၊ အပိုင်စီးံရတာမျိုး စသဖြင့် ) တစ်ခုခု အတည်ပြုလို့ မရေသေးပါဘူး။

    တောင်တရုတ်ပင်လယ်ထဲမှာတွေ့တဲ့ လေယာဉ်ပျက်ကျတယ်လို့ အရင်က သံသယဖြစ်ခဲ့ တဲ့ နေရက တွေ့ရတဲ့ ဆီကွက်ကြီး က ဆီနမူနာတွေကို မလေးရှားအဏာပိုင်များက ရယူ ဓာတ်ခွဲကြည့်ရမှာ ပျောက်နေတဲ့ လေယာဉ်က လုံးဝ မဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

    ဗီယက်နမ်နိုင်ငံ ဆိုင်ဂုံ မြို့( ဟိုချီမင်းမြို့) ရဲ့ ကမ်းလွန် မှာတွေရတဲ့ လေယာဉ်ပျက် အစိတ် အပိုင်းလို့ ယူဆရတဲ့ အရာတွေဟာလည်း ခုထိ ပျောက်ဆုံးလေယာဉ်က ဟုတ်သလား မဟုတ်သလား ဆိုတာကိုလည်း စစ်ဆေးနေဆဲပါ။ အတည်မပြုနိုင်သေးပါ။

    အခုအချိန်အထိ အမေရိကန် အပါအ၀င် နိုင်ငံပေါင်း ၁၀ နိုင်ငံက ပင်လယ်ပြင်ရှာဖွေရေး အဖွဲ့တွေနဲ့ နေ့၊ည အပူအပြင်း ရှာဖွေနေဆဲပဲဖြစ်ပါတယ်။ ရှာဖွေနေတဲ့ နေရာကိုလည်းကို ရှာဖွေနေတဲ့ နေရာအကျယ်အ၀န်းထက် အဆပေါင်းများစွာ တိုးချဲ့ပြီး ဆက်လက် ရှာဖွေ နေ ပါတယ်။

    ရှာဖွေနေတဲ့ နေရာကတော့ အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်း မြောက်ပိုင်းနဲ့ ဗီယက်နမ် နိုင်ငံ ကမ်းရိုးတန်း ကမ်း လွန်ဒေသ အကြား ကျယ်ပြန့်တဲ့ ရေပြင်ကြီး တစ်ခုလုံးကို ဇုန် A ၊ B ၊ C ၊ D ဆိုပြီး ဇုန်ေ လးဇုံ ခွဲ ပြီး ရှာဖွေရေး အုပ်စုအသီးသီးနဲ့ ရှာဖွေနေကြပါတယ်။

    လေယာဉ်ပေါ်ပါသွားတဲ့ သံသယ ဖြစ်ဖွယ်ရာ သူနှစ်ဦးဟာ တခြားသူများရဲ့ ပတ်စ်ပို့ကိုခိုး ယူပြီး ကြံစည်ခဲ့ဘွယ်ရှိတယ် ဆိုတဲ့ဟာလည်း သံသယ အဆင့်မှာသာ ရှိနေသေးတာမို့ ဘာမှမသေချာသေးတဲ့ အချက်ကို မူတည်ပြီး ခန့်မှန်းသတင်းတွေ မရေးသားကြဖို့ကိုလည်း တရားဝင် ပန်ကြားလိုပါတယ် ။ ခိုးယူခံခဲ့ရတဲ့ ပတ်စ်ပို့တွေဟာ လွန်ခဲ့တဲ့ နှစ်နှစ် ကတည်းက ထိုင်းနိုင်ငံ မှာ အခိုးယူခံခဲ့ရတာဖြစ်ပါတယ်။

    လို့ မစ္စတာ အဇာရွဒ်ဒင် အဗ္ဗဒူရ်ရဟ်မန် က ပြောကြားသွားပါတယ်။

    သူပြောသွားသမျှတွေ ကို နောက်ဆုံး ကောက်ချက်ချကြည့်ရရင် ဒီလေယာဉ် ပျောက်ဆုံးမှုမှာ အခုထိ ဘာသဲလွန်စ မှ မတွေ့သေး မရသေးပါဘူး၊ ဘာကောက်ချက်မှလည်း ချလို့ မရသေးပါဘူး ဘို့ တရားဝင်ပြော ကြားသွားတာပါ။

    #MH370

  • မြန်မာလူငယ်​ဖိုရမ်​သို့ တက်​​ရောက်​ခဲ့​သော မွတ်​စလင်​ လူငယ် ​ဖိုရမ်​မှ ကိုယ်စားလှယ်နှစ်​ဦး အ​တွေ့အကြုံ ရှင်းလင်းပွဲပြုလုပ်

    မတ်​ ၁၀၊ ၂၀၁၄
    M-Media
    လမင်း
    10014704_604645679609717_884505330_n

    ရန်​ကုန်​  ။       ။  ဖေဖော်ဝါရီလ ၂၂ ရက်​နှင့်​ ၂၃ ရက်​​နေ့တို့တွင်​ ပြုလုပ်​ခဲ့သည့်​ မွတ်​စလင်​လူငယ်​ဖိုရမ်​မှ ကိုယ်​စားပြုလူငယ်​ ကိုယ်​စားလှယ် ​နှစ်​​ယောက်​သည်​ မြန်​မာလူငယ် ​ဖိုရမ်​သို့ တက်​​ရောက်​ ခွင့်​ရခဲ့ပြီး ၎င်းတို့၏အ​တွေ့အကြုံ ရှင်းလင်းပွဲ တစ်​ရပ်​ကို မတ်လ ၉-ရက်နေ့ နေ့လည်​ ၂ နာရီတွင်​ ရန်ကုန်မြို့ Pearl စားသောက်ဆိုင်၌ ပြုလုပ်​ခဲ့သည်​။

    မွန်​ပြည်​နယ်​ ​မော်​လမြိုင်​မြို့နယ်​တွင်​ မတ်​လ ၄၊ ၅၊ ၆ ရက်​​နေ့တို့တွင်​ မြန်​မာနိုင်​ငံလုံး ဆိုင်​ရာ လူငယ်​များ​တွေ့ဆုံပွဲသို့ တက်​​ရောက်​ခဲ့သည့်​ ရှမ်းပြည်​နယ်​ လားရှိုးမြို့နယ်​မှ မယဉ်​ယဉ်​​ထွေးက ‘မွတ်​စလင်​လူငယ်​ ကိုယ်​စားတက်​​ရောက်​ရလို့ အရမ်း ၀မ်းသာမိပါတယ်​။ တိုင်းနဲ့ပြည်​နယ်​ အစုံကလူ​တွေ​ရှေ့မှာ မွတ်​စလင်​လူငယ်​​တွေ အတွက်​ ​ဆွေး​နွေးခွင့်​ရခဲ့တယ်​။ ​ရှေ့ဆက်​ပြီး မွတ်​စလင် ​လူငယ်​​တွေ အတွက်​ အကျိုးပြုနိုင်​မည့် လုပ်​ရပ်​​တွေ ကိုလည်း ကြိုးစားလုပ်​​ဆောင်​သွားပါ့မယ်​’ ဟု​ပြောခဲ့သည်​။

    သူမသည်​ Youth and networking ​ခေါင်း​ဆောင်​​အောက်​တွင်​​ ဆွေး​နွေးခဲ့ပြီး မွတ်​စလင်​လူငယ်​များ အတွက်​ တိုင်းနှင့်​ပြည်​နယ်​ ၁၄ ခုတွင်​ချိတ်​ဆက်​ပြီး လုပ်​ငန်းစဉ်​များပြုလုပ်​သွားနိုင်​ရန်​ ကြိုးပမ်း​ဆောင်​ရွက်​ခဲ့​ကြောင်း၊ မွတ်​စလင်​လူငယ်​များ အ​နေနှင့်​လည်း တက်​ကြွစွာ ပါဝင်​​ဆောင်​ရွက်​သင့်​​ကြောင်း ဆက်​လက်​​ပြောကြားခဲ့သည်​။

    ဆက်​လက်​ပြီး လူငယ်​နှင့်​ပညာ​ရေး​ ခေါင်းစဉ်​​အောက်​တွင်​ ​ဆွေး​နွေးခဲ့သည့်​ ကိုယ်​စားလှယ်​ တစ်​ဦးဖြစ်​သူ ကချင်​ပြည်​နယ်​မှ ကိုတင်​လှိုင်​ဦးက ကျွန်​​တော်​တို့မွတ်​စလင်​ လူငယ်​​တွေအတွက်​ တန်းတူ ပညာသင်​ကြားခွင့်​လို​ဆိုတာကို ကျွန်​​တော်​​ဆွေး​နွေးခဲ့တယ်​။ ​ဆွေး​နွေးတဲ့ လူငယ်​​တွေနဲ့လည်း တိုင်​တိုင်​ပင်​ပင်​ဖြစ်​ကြတယ်​။ ကျွန်​​တော်​တို့မွတ်​စလင် ​လူငယ်​​တွေအ​နေနဲ့ စည်းလုံးမှုကို​ရှေ့တန်းတင်​ပြီး လုပ်​ငန်းစဉ်​​တွေကို လုပ်​​ဆောင်​သွားရမယ်​ ကျွန်​​တော်​တို့အခွင့်​​ရေး​တွေကို​တောက်းဆိုရပါ့မယ်​’ ဟု​ပြောခဲ့သည်​။

    မွတ်​စလင်​လူငယ်​ဖိုရမ်​တွင်​ ကြေညာခဲ့သည့် statement ပါ အချက် ၁၃ ချက်​ကို မြန်​မာလူငယ်​ဖိုရမ်​တွင်​ ဖတ်​ကြားတင်​ပြခွင့်​ မရရှိခဲ့​သော်​လည်း သက်​ဆိုင်​ရာပုဂ္ဂိုလ်​များထံသို့ ​ပေးအပ်​ခွင့်​ရခဲ့​ကြောင်းသိရသည်​။

    ထို့​နောက်​ တက်​​ရောက်​သူများ သိလိုသမျှကို​ မေးမြန်းခဲ့ကြပြီး အခမ်းအနားကို ဆုတောင်းသည့် အစီအစဉ်ဖြင့်​ရုပ်​သိမ်းခဲ့ကြသည်​။

    Photo Credit : Muslim Youth Forum in Myanmar FB

  • ခရိုင်းမီးယားတွင် ယူကရိန်းထောက်ခံသူများအား ရုရှားလိုလားသူများက တိုက်ခိုက်

    မတ် ၁၀၊ ၂၀၁၄
    M-Media

    201439162919700734_20
    – ခရိုင်းမီယားဒေသ ယူကရိန်းမှ ခွဲမထွက်ရေးအတွက် ယမန်နေ့က ပြုလုပ်ခဲ့သည့် နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုများအတွင်း ယူကရိန်းထောက်ခံသူများကို ရုရှားထောက်ခံသူများက တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

    ခရိုင်းမီးယားရှိ ဆီဗက်စ်စတိုပိုလ်မြို့တွင် ယူကရိန်းသူရဲကောင်း ကဗျာဆရာ တာရက်စ် ရှက်ဗ်ချန်ကို၏ နှစ် ၂၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ပြုလုပ်သော အခမ်းအနားတွင် ယူကရိန်းထောက်ခံသူ လူနည်းစုအား ရုရှားထောက်ခံသူများက တိုက်ခိုက်ခဲ့ကြပြီး ရဲတပ်ဖွဲ့က ၀င်ရောက်ဖြန်ဖြေခဲ့ ရသည်အထိ ဖြစ်ခဲ့သည်ဟု Reuters သတင်းဌာနမှ ဖော်ပြခဲ့သည်။

    ထိုအခမ်းအနားကို မှတ်တမ်းတင်ထားသည့် ဗီဒီယိုတွင် အုပ်စုတစ်စုမှာ မြေပြင်ပေါ်တွင် လဲကျနေသည့် ယူကရိန်းတစ်ဦးအား ပြင်းပြင်းထန်ထန် ကန်ကျောက်နေပြီး လူတစ်ဦးကလည်း အနက်ရောင် လယ်သာကြာပွတ်ဖြင့် ရိုက်နေကြာင်းတွေ့ခဲ့ရသည်။

    ဆင်မ်ဖီရိုပိုလ်မြို့တွင်လည်း ရုရှားထောက်ခံသူများနှင့် ယူကရိန်းထောက်ခံသူများ ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး၊ ရုရှားကို ဆန့်ကျင်သည့် ရာပေါင်းများစွာသော ပြည်သူများက ယူကရိန်းအလံမှ အရောင်များဖြစ်သည့် အပြာနှင့် အ၀ါရောင်ဘောလုံးများကို လွှတ်တင်ခဲ့ကြသည်။ ထို့ပြင် ယူကရိန်းနိုင်ငံတော်သီချင်းကိုလည်း နှစ်ကြိမ်တိုင်တိုင်ဆိုခဲ့ပြီး ခရစ်ယာန်အော်သိုဒေါ့စ် ဘုန်းတော်ကြီးတစ်ဦး ဦးဆောင်၍ ၀တ်ပြုမှု ဆုတောင်းမှုများ ပြုလုပ်ကာ၊ ဓမ္မတေးများကိုလည်း သီဆိုခဲ့ကြသည်။ ရုရှားထောက်ခံသည့် လူ ၂၀၀၀ ခန့်မှာလည်း ဆိုဗီယက်ခေါင်းဆောင် လီနင်အား ဂုဏ်ပြုထားသည့် လီနင် ရင်ပြင်တွင် စုရုံးခဲ့ကြပြီး၊ ဆိုဗီယက်ခေတ် သီချင်းများကို သီဆိုခဲ့ကြသည်။

    ရုရှားသမ္မတ ပူတင်ကမူ ထိုကဲ့သို့ ယူကရိန်းထောက်ခံကြောင်း ဆန္ဒပြမှုများမှာ ရန်လိုသောလုပ်ရပ်များဖြစ်သည်ဟုဆိုပြီး ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်နှင့် တယ်လီဖုန်းပြောဆိုမှုတွင် ယူကရိန်းခေါင်းဆောင်သစ်များက နိုင်ငံအတွင်းရှိ အမျိုးသားရေး အစွန်းရောက်ဝါဒီများအား ထိန်းသိမ်းနိုင်ခြင်းမရှိဟုထည့်သွင်းပြောကြားခဲ့သည်။

    မာကဲလ်ကလည်း ခရိုင်းမီးယားဒေသ ရုရှားသို့ဝင်ရောက်ရေးအတွက်  မတ်လ ၁၆ ရက်နေ့တွင် စီစဉ်ထားသည့် ပြည်သူ့ဆန္ဒခံယူပွဲမှာ တရားမ၀င်ဟု ပူတင်အားသတိပေးခဲ့သည်။ ခရိုင်းမီးယားဒေသအတွင်း နိုင်ငံရေးတင်းမာမှုများမှာ ရုရှားလိုလားသော သမ္မတဟောင်း ယာနူကိုဗစ်ခ်ျကို ထုတ်ပယ်ခဲ့ပြီးနောက်ပိုင်းတွင် စတင်လာခဲ့ခြင်းဖြစ်ပြီး ဒေသတစ်ခုလုံးကိုလည်း မည်သူမည်ဝါမှန်း မသိသေးသည့် လက်နက်ကိုင်များက သိမ်းပိုက်ခဲ့ကြသည်။ ယူကရိန်းဝန်ကြီးချုပ် ယက်ဆန်ယွတ်ကမူ ယူကရိန်းနိုင်ငံအား ရုရှားမှ သိမ်းပိုက်ခြင်းကို ကာကွယ်ရန် သန္ဓိဌာန်ချထားသည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ယူကရိန်းအရေးနှင့် ပတ်သက်၍ ရုရှားနှင့် အနောက်နိုင်ငံများ၏ ဆက်ဆံရေးမှာ ကတောက်ကဆဖြစ်ခဲ့ပြီး၊ အမေရိကန်ကလည်း ရုရှားနှင့်ပြုလုပ်နေသည့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်ခဲ့သည်။

    Ref: Agencies