News @ M-Media

မြန်မာလူငယ်​ဖိုရမ်​သို့ တက်​​ရောက်​ခဲ့​သော မွတ်​စလင်​ လူငယ် ​ဖိုရမ်​မှ ကိုယ်စားလှယ်နှစ်​ဦး အ​တွေ့အကြုံ ရှင်းလင်းပွဲပြုလုပ်

မတ်​ ၁၀၊ ၂၀၁၄
M-Media
လမင်း
10014704_604645679609717_884505330_n

ရန်​ကုန်​  ။       ။  ဖေဖော်ဝါရီလ ၂၂ ရက်​နှင့်​ ၂၃ ရက်​​နေ့တို့တွင်​ ပြုလုပ်​ခဲ့သည့်​ မွတ်​စလင်​လူငယ်​ဖိုရမ်​မှ ကိုယ်​စားပြုလူငယ်​ ကိုယ်​စားလှယ် ​နှစ်​​ယောက်​သည်​ မြန်​မာလူငယ် ​ဖိုရမ်​သို့ တက်​​ရောက်​ ခွင့်​ရခဲ့ပြီး ၎င်းတို့၏အ​တွေ့အကြုံ ရှင်းလင်းပွဲ တစ်​ရပ်​ကို မတ်လ ၉-ရက်နေ့ နေ့လည်​ ၂ နာရီတွင်​ ရန်ကုန်မြို့ Pearl စားသောက်ဆိုင်၌ ပြုလုပ်​ခဲ့သည်​။

မွန်​ပြည်​နယ်​ ​မော်​လမြိုင်​မြို့နယ်​တွင်​ မတ်​လ ၄၊ ၅၊ ၆ ရက်​​နေ့တို့တွင်​ မြန်​မာနိုင်​ငံလုံး ဆိုင်​ရာ လူငယ်​များ​တွေ့ဆုံပွဲသို့ တက်​​ရောက်​ခဲ့သည့်​ ရှမ်းပြည်​နယ်​ လားရှိုးမြို့နယ်​မှ မယဉ်​ယဉ်​​ထွေးက ‘မွတ်​စလင်​လူငယ်​ ကိုယ်​စားတက်​​ရောက်​ရလို့ အရမ်း ၀မ်းသာမိပါတယ်​။ တိုင်းနဲ့ပြည်​နယ်​ အစုံကလူ​တွေ​ရှေ့မှာ မွတ်​စလင်​လူငယ်​​တွေ အတွက်​ ​ဆွေး​နွေးခွင့်​ရခဲ့တယ်​။ ​ရှေ့ဆက်​ပြီး မွတ်​စလင် ​လူငယ်​​တွေ အတွက်​ အကျိုးပြုနိုင်​မည့် လုပ်​ရပ်​​တွေ ကိုလည်း ကြိုးစားလုပ်​​ဆောင်​သွားပါ့မယ်​’ ဟု​ပြောခဲ့သည်​။

သူမသည်​ Youth and networking ​ခေါင်း​ဆောင်​​အောက်​တွင်​​ ဆွေး​နွေးခဲ့ပြီး မွတ်​စလင်​လူငယ်​များ အတွက်​ တိုင်းနှင့်​ပြည်​နယ်​ ၁၄ ခုတွင်​ချိတ်​ဆက်​ပြီး လုပ်​ငန်းစဉ်​များပြုလုပ်​သွားနိုင်​ရန်​ ကြိုးပမ်း​ဆောင်​ရွက်​ခဲ့​ကြောင်း၊ မွတ်​စလင်​လူငယ်​များ အ​နေနှင့်​လည်း တက်​ကြွစွာ ပါဝင်​​ဆောင်​ရွက်​သင့်​​ကြောင်း ဆက်​လက်​​ပြောကြားခဲ့သည်​။

ဆက်​လက်​ပြီး လူငယ်​နှင့်​ပညာ​ရေး​ ခေါင်းစဉ်​​အောက်​တွင်​ ​ဆွေး​နွေးခဲ့သည့်​ ကိုယ်​စားလှယ်​ တစ်​ဦးဖြစ်​သူ ကချင်​ပြည်​နယ်​မှ ကိုတင်​လှိုင်​ဦးက ကျွန်​​တော်​တို့မွတ်​စလင်​ လူငယ်​​တွေအတွက်​ တန်းတူ ပညာသင်​ကြားခွင့်​လို​ဆိုတာကို ကျွန်​​တော်​​ဆွေး​နွေးခဲ့တယ်​။ ​ဆွေး​နွေးတဲ့ လူငယ်​​တွေနဲ့လည်း တိုင်​တိုင်​ပင်​ပင်​ဖြစ်​ကြတယ်​။ ကျွန်​​တော်​တို့မွတ်​စလင် ​လူငယ်​​တွေအ​နေနဲ့ စည်းလုံးမှုကို​ရှေ့တန်းတင်​ပြီး လုပ်​ငန်းစဉ်​​တွေကို လုပ်​​ဆောင်​သွားရမယ်​ ကျွန်​​တော်​တို့အခွင့်​​ရေး​တွေကို​တောက်းဆိုရပါ့မယ်​’ ဟု​ပြောခဲ့သည်​။

မွတ်​စလင်​လူငယ်​ဖိုရမ်​တွင်​ ကြေညာခဲ့သည့် statement ပါ အချက် ၁၃ ချက်​ကို မြန်​မာလူငယ်​ဖိုရမ်​တွင်​ ဖတ်​ကြားတင်​ပြခွင့်​ မရရှိခဲ့​သော်​လည်း သက်​ဆိုင်​ရာပုဂ္ဂိုလ်​များထံသို့ ​ပေးအပ်​ခွင့်​ရခဲ့​ကြောင်းသိရသည်​။

ထို့​နောက်​ တက်​​ရောက်​သူများ သိလိုသမျှကို​ မေးမြန်းခဲ့ကြပြီး အခမ်းအနားကို ဆုတောင်းသည့် အစီအစဉ်ဖြင့်​ရုပ်​သိမ်းခဲ့ကြသည်​။

Photo Credit : Muslim Youth Forum in Myanmar FB

Comments

Leave a Reply