News @ M-Media

Author: M-Media

  • ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒရေးရာ ဖိုရမ် အမေရိကန်စင်တာ တွင် ပြုလုပ်မည်။

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄
    M-Media
    လင်းလင်း
    American Center
    ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စနှင့် ပက်သက်၍ “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေ ရေးရာဖိုရမ် ” ခေါင်းစဉ်ဖြင့် ဥပဒေရေးရာ ဖိုရမ်တစ်ခုကို ယခုလ နောက်ဆုံးပတ်အတွင် ရန်ကုန်မြို့ရှိ အမေရိကန်စင်တာတွင် ကျင်းပပြုလုပ်မည်ဟု သိရသည်။

    နိုင်ငံရေးနှင့် ပြည်သူ့ရေးရာ စေ့စပ်ဆွေးနွေးမှုအဖွဲ့ iPACE မှ စီစဉ်သည့် ထိုဖိုရမ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီမှ အဖွဲ့ဝင် ဦးကိုနီ၊  မြန်မာတိုင်းမ်စ် သတင်းစာမှ အကြီးတန်း သတင်းထောက် မအိအိတိုးလွင်နှင့် မြန်မာ ဥပဒေနယ်ပယ် တရားမျှတရေးနှင့် မြန်မာနိုင်ငံဥပဒေ အကျိုးဆောင်ကွန်ယက်ကို တည်ထောင်သူ ကိုကျော်မင်းဆန်းတို့က ပင်တိုင်ဆွေးနွေးသူများအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။

    မြန်မာဘာသာဖြင့်သာ ဆွေးနွေးမည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်သည်ဟု သိရသည်။

    ခေါင်းစဉ်။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေရေးရာဖိုရမ်

    နေ့ရက်နှင့်အချိန် ။ ။ ဖောဖော်ဝါရီလ ၂၄ရက်၊ တနင်္လာနေ့၊ ညနေ ၄ နာရီ။

    နေရာ ။ ။ အမေရိကန်စင်တာ၊ အမှတ် ၁၄ တော်ဝင်လမ်း၊ ဒဂုံမြို့နယ်

  • စာပေဟောပြောပွဲများတွင် ဘာသာရေး အကြောင်းပြပြီးခြိမ်းခြောက်၊ ဟောပြောခွင့် မပေးခြင်းကို Pen Myanmar ကန့်ကွက်

    ဖေဖော်ဝါရီ ၁၇ ၊ ၂၀၁၄
    M-Media

    စာပေဟောပြောပွဲများတွင် စာရေးဆရာ အချို့အား ဟောပြောခွင့် ပိတ်ပင်ခြင်း၊ ဘာသာရေးအကြောင်းပြပြီး ဘာသာခြား စာရေးဆရာများကို ဟောပြာ ခွင့်မပြုရဟု အာဏာရှင်ဆန်ဆန် အုပ်စုဖွဲ့ အကျပ်ကိုင်သည့် လုပ်ရပ်များ အပေါ် PEN Myanmar အသင်းမှ “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုတင်ပြပိုင်ခွင့်အား ဟန့်တားမှုများကို ကန့်ကွက်ခြင်း” ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက် ၁/၂၀၁၄ ဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

    PEN Myanmar အသင်းသည် လွတ်လပ်စွာ ပြောဆိုရေးသားပိုင်ခွင့်ကို ကာကွယ်ပေးဖို့ ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသော PEN International ရဲ့ အဖွဲ့ခွဲဖြစ်ပါသည်။ PEN International ကို ၁၉၂၁ ခုနှစ် လန်ဒန်မြို့မှာ စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ နိုင်ငံပေါင်း ၁၀၀ ကျော်မှာ စင်တာ ၁၄၀ ကျော်ရှိနေပြီဖြစ်ပါသည်။

    ကြေညာချက်အပြည့်အစုံကို ပူးတွဲပါ ပုံတွင် ဖတ်ရှုနိုင်ပါသည်။

    Pen Myanmar

  • ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကစားသမားအားလုံး တားမြစ်ဆေး စစ်ဆေးမှု ခံရမည်

    ဖေဖော်ဝါရီ ၁၇ ၊ ၂၀၁၄
    M-Media
    370243_heroa
    – ကမ္ဘာ့ဖလားဖွင့်ပွဲမတိုင်ခင် ပြိုင်ပွဲဝင်ကစားသမားအားလုံးအား ဆေးစစ်မှုများ ပြုလုပ်သွားမည်ဟု ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ ဆေးအဖွဲ့မှ ဆရာဝန်ချုပ် ဂျီရီ ဒီမိုရက်က ကတိပြုပြောကြားခဲ့သည်။

    ဖီဖာအနေဖြင့် တားမြစ်ဆေးစစ်ဆေးမှု ပြုလုပ်နိုင်ရန် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရထားသော အသင်း ၃၂ သင်းစလုံးမှာ ပြိုင်ပွဲ အတွင်းဆောင်ရွက်မည့် ၎င်းတို့၏ အစီအစဉ်များကို မတ်လ ၁ ရက်နေ့မှစ၍ ဖီဖာအား ပေးပို့ထားရမည်ဖြစ်သည်။

    ဖီဖာ၏ ဆရာဝန်ချုပ် ဒီဗိုရက်ကမူ မည်သည့် အချိန်တွင် တားမြစ်ဆေးစစ်ဆေးမှုအဖွဲ့ဝင်များ လာရောက်မည်ကို အသင်းများနှင့် အသင်းသားများ သိရှိလိမ့်မည် မဟုတ်ဘဲ၊ ဇွန်လ ၁၂ ရက်နေ့ ဘရာဇီးနှင့် ခရိုအေးရှားတို့ ပထမဦးဆုံးပွဲ မတိုင်မီ ကစားသမား အားလုံးအား ဆေးစစ်မှုများ ပြုလုပ်သွားမည်ဟု ကတိပြုခဲ့သည်။

    “ကျွန်တော်တို့ ဘယ်တော့ စ စစ်မလဲဆိုတာကို ကစားသမားတွေ မသိတဲ့အတွက် ကျွန်တော်ကျေနပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆေးစစ်မှု အစီအစဉ်ကို ကျွန်တော်တို့ အပြင်ထုတ်သွားမှာ မဟုတ်လို့ပါ။ ကျွန်တော်တို့ ဘယ်အချိန်မဆို၊ ဘယ်နေရာမှာမဆိုရောက်နိုင်မှာပါ” ဟု ဒီဗိုရက်က ပြောကြားခဲ့သည်။
    Ref: Goal

  • အတိတ်ဆိုးများအား ချေဖျက်နိုင်ခဲ့ပြီဟု ရိုးမားအသင်း နည်းပြ ဂါစီယာဆို

    ဖေဖော်ဝါရီ ၁၇ ၊ ၂၀၁၄
    M-Media
    368955_heroa
    – ယခုနှစ်ရာသီတွင် အသင်းအနေဖြင့် အချိုး အကွေ့များစွာကို တွေ့ရှိခဲ့ပြီး အတိတ်ဆိုးများအား ထားပစ်ခဲ့ပြီဟု ရိုးမားအသင်း၏ နည်းပြဖြစ်သူ ရူဒီဂါစီယာက ပြောကြားလိုက်သည်။

    ထို့ပြင် ယခုနှစ် စီးရီးအေ ပွဲစဉ် ၄ ၌ လာဇီယို အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ယမန်နှစ် ကိုပါအီတာလီယာ ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့မှုအား လက်စားချေနိုင်ခဲ့ခြင်းထက် မည်သည့်အရာမှ ပို၍ အရေးမပါဟု ထည့်သွင်းပြောကြားခဲ့သည်။ ရိုးမားအသင်းမှာ ပြီးခဲ့သည့်နှစ် ဗိုလ်လုပွဲတွင် လာဇီယိုအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒုတိယနေရာသာ ရရှိခဲ့သည်။

    လာဇီယိုအားနိုင်ခဲ့ခြင်းက အိပ်မက်ဆိုးများကို ချေဖျက်နိုင်ခဲ့ပြီး စီးရီးအေ ချန်ပီယံဖြစ်ခွင့်ကို လမ်းခင်းပေးခဲ့ခြင်းဖြစ်သည်ဟု ဂါစီယာက ခံစားနေရသည်။

    “အခုနှစ်ရာသီအတွင်းမှာ အဆုံးအဖြတ် အချိန်တွေ အများကြီးရှိခဲ့ပါတယ်” ဟု ဂါစီယာက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ဂါစီယာမှာ အသင်းခေါင်းဆောင် တော့တီကိုလည်း ချီးကျူးခဲ့ပြီး၊ ပြိုင်ဘက်ကင်း ခေါင်းဆောင်တစ်ဦးနှင့် ထူးခြားသော ကစားသမားဖြစ်သည်ဟု ပြောကြားခဲ့သည်။ ရိုးမား အသင်းမှာ ယခုနှစ်တွင် ခြေစွမ်းကောင်းများ ပြသနေပြီး အမှတ်ပေး ဇယား၏ ဒုတိယနေရာတွင် ရှိနေသည်။
    Ref: Goal

  • ဆွဇ်ဇာလန်တွင် နိုင်ငံရေး ခိုလှုံခွင့်ရချင်၍ လေယာဉ်ပြန်ပေးဆွဲသည့် အီသီးယိုးပီးယား တွဲဖက် လေယာဉ်မှုး

    ဖေဖော်ဝါရီ ၁၇ ၊ ၂၀၁၄
    M-Media

    201421774757316734_20
    – အီသီးယိုးပီးယားပိုင် လေယာဉ်အား ပြန်ပေးဆွဲပြီး ဂျီနီဗာလေဆိပ်သို့ အတင်းအဓမ္မ ဆင်းသက်ခိုင်းခဲ့သည့်  တွဲဖက်လေယာဉ်မှူး ပြန်ပေးသမား တစ်ဦးအား တာဝန်ရှိသူများက ဖမ်းဆီးခဲ့သည်ဟု ဂျီနီဗာလေဆိပ် တာဝန်ရှိသူများက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

    အခြေအနေများကို ထိန်းချုပ်နိုင်ခဲ့ပြီး ခရီးသည်များနှင့် လေယာဉ် အမှုထမ်းအားလုံးမှာ ဘေးကင်းပြီဟုလည်း ဆိုသည်။

    ပြန်ပေးသမားမှာ ဆွဇ်ဇာလန်တွင် နိုင်ငံရေးခိုလှုံခွင့် ရလိုသောကြောင့် ယခုကဲ့သို့ ပြန်ပေးဆွဲခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

    အီသီးယိုးပီးယားနိုင်ငံ အဒစ်အဘာဘာမြို့မှ အီတလီနိုင်ငံ ရောမမြို့သို့ ပျံသန်းနေသည့် အီသီယိုးပီးယား လေကြောင်းလိုင်းမှ လေယာဉ်အမှတ် ၇၀၂ အား အစောပိုင်းတွင် ဂျီနီဗာလေဆိပ်သို့ ဆင်းသက်ခွင့် မပေးခဲ့သောကြောင့် မိနစ်နည်းငယ်ကြာ ပျံသန်းခဲ့ရပြီး ပြန်ပေးသမားများက ဆင်းသက်ရန် ဖိအားပေးခဲ့သောကြောင့် ဆင်းသက်ခဲ့ရခြင်းဖြစ်ကာ အာဏာပိုင်များက ထိုလေဆိပ်အား ယာယီ ပိတ်ပစ်ခဲ့ရသည်။

    ဂျီနီဗာရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဂျီန်း ဖိလစ်ပ် ဘရန့်ကလည်း ယနေ့ နံနက်ဒေသစံတော်ချိန် ၆ နာရီခန့်တွင် အဆိုပါလေယာဉ်မှာ ဆင်းသက်လာခဲ့ပြီး လေယာဉ်ပေါ်တွင် လိုက်ပါလာကြသည့် ခရီးသည်များအား ရဲတပ်ဖွဲ့ဝင်များက တစ်ယောက်ချင်းစီ လိုက်ပါစောင့်ကြပ်ကာ ကယ်ဆယ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ထိုလေယာဉ်မှာ ဆူဒန်နိုင်ငံပေါ် ဖြတ်၍ ပျံသန်းနေစဉ်မှာပင် Squawk 7500 သင်္ကေတအား ပေးပို့ခဲ့သည်ဟု ဆိုရှယ်မီဒီယာများတွင် ဖော်ပြခဲ့ကြသည်။ ထိုသင်္ကေတမှာ ပြန်ပေးဆွဲခံရသည့် သင်္ကေတဖြစ်သည်။
    Ref: aljazeera