News @ M-Media

Author: M-Media

  • မ.မ.လ အဖွဲ့ချူပ်တွင် ဒုတိယအကြိမ်မြောက် စာပေဟောပြောပွဲ ပြုလုပ်မည်

    ဖေဖော်ဝါရီ ၄၊ ၂၀၁၄
    M-Media
    အမ်တူးအေ
    Ma Ma La
    ရန်ကုန် ။ ။ ဒုတိယအကြိမ်မြောက် စာပေဟောပြောပွဲအခမ်းအနားတစ်ရပ်ကို မ.မ.လ (မြန်မာ မွတ်စလင်မ် လူငယ်များ – ဘာသာရေး)အဖွဲ့မှ ကျင်းပပြုလုပ်မည်ဟု သိရသည်။

    ယင်း စာပေဟောပြောပွဲအား ဖေဖော်ဝါရီလ ၁၂-ရက် (ပြည်ထောင်စုနေ့)နေ့လည် ၂း၀၀-နာရီမှ ညနေ ၅း၀၀-နာရီအထိ ဟာဂျီမဒေါ်ချိုခန်းမ၊ မ.မ.လ ဌာနချုပ်၊ အမှတ်(၁၉၄/၁၉၆)၊ ဗိုလ်ဆွန်ပက်လမ်း၊ ရန်ကုန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြောင်း သိရသည်။

    စာပေဟောပြောပွဲတွင် ပါမောက္ခဒေါက်တာစိုးနိုင် (မြန်မာစာဌာန၊ အနောက်ပိုင်းတက္ကသိုလ်) နှင့် ဒေါက်တာသန်းဝင်း (မောင်သန်းဝင်း၊ ရန်ကုန်တက္ကသိုလ်)တို့က ဟောပြောမည်ဖြစ်သည်။

  • မွတ်စလင်များ မိုးဆုပန် ၀တ်ပြုမှုပြီးနောက် ကယ်လီဖိုးနီးယားတွင် မိုးရွာချ

    ဖေဖော်ဝါရီ ၃၊ ၂၀၁၄
    M-Media

    Calif-Muslims-Rejoice-Rain-After-Prayers
    – မိုးခေါင်မှုအန္တရာယ်ကို ဆိုးရွားစွာကြုံတွေ့နေရသည့် အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားရှိ ဒေသတစ်ခုတွင် အစ္စလာမ်ဘာသာဝင်များက မိုးဆုပန်ဝတ်ပြုမှု ပြုလုပ်ပြီးနောက် မိုးများရွာချခဲ့သည်ဟုသိရသည်။

    ကယ်လီဖိုနီးယားပြည်နယ် Bay Area ဒေသရှိ အစ္စလာမ်ဘာသာဝင်များက စနေနေ့တွင် မိုးဆုပန်ဝတ်ပြုမှု ပြုလုပ်ခဲ့ပြီးနောက် ယမန်နေ့က မိုးရွာခဲ့ခြင်းဖြစ်သည်။

    “သိပ်ကို အံ့သြစရာကောင်းတဲ့ အဖြစ်အပျက်ပါပဲ၊ Bay Area က မွတ်စလင်တွေဟာ မိုးဆုပန်ခဲ့ကြပြီး နောက်တစ်နေမှာပဲ မိုးရွာခဲ့တာပါ” ဟု mohamedghilan အမည်ဖြင့် ကယ်လီဖိုးနီးယား ဒေသခံတစ်ဦးက Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    ထို့ပြင် KQZinstitute အမည်ရှိသူ တစ်ဦးကလည်း “(ဆရာတော်) ရှိခ်ဟမ်ဇာယူစွဖ်နဲ့၊ အီမာမ် ဇိုဒ်ရှာကီရ်က မုဟမ္မဒ်သခင်(ဆွ)ရဲ့ ဓလေ့တော်ကို အကောင်းအထည် ဖော်ခဲ့ပြီးတဲ့နောက် ရှည်လျားတဲ့ မိုးခေါင်မှုကနေ သည်းထန်တဲ့ မိုးရွာသွန်းမှု ဖြစ်လာပါတော့တယ်” ဟု မှတ်ချက်ပေးခဲ့သည်။

    Bay Area ဒေသရှိ အမေရိကန် အစ္စလာမ် ဆက်ဆံရေးကောင်စီ CAIR က စီစဉ်ပြီး စနေနေ့က ပြုလုပ်ခဲ့သည့် အဆိုပါ မိုးဆုပန် အထူးဝတ်ပြုမှုကို Zaytuna ကောလိပ်ကို ပူးတွဲတည်ထောင်ခဲ့သူ အမေရိကန် ပညာရှင် ရှိခ် ဟမ်ဇာ ယူစွဖ်က ဦးဆောင်ခဲ့ခြင်းဖြစ်ဖြစ်သည်။

    ခြောက်သွေ့သော ရာသီဥတုကြောင့် ကယ်လီဖိုးနီးယားတွင် မိုးခေါင်ခြင်းမှာ ၃ နှစ်ဆက်ရှိနေပြီဖြစ်ပြီး ဇန်န၀ါရီလတွင် ပြည်နယ်အစိုးရက မိုးခေါင်မှုအရေးပေါ် အခြေအနေကြေညာခဲ့သည်။

    ထို့ပြင် ပြည်နယ် အနောက်နှင့် အလယ်ပိုင်းရှိ ခရိုင် ၁၁ ခုကို သဘာဝဘေးအန္တရာယ် အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့ရသည်။

    ဇန်န၀ါရီလအစောပိုင်းကလည်း ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဒေသအတော်များများတွင် အစ္စလာမ်ဘာသာဝင်များက ဆွလာသွလ် အစ်သစ်ကာ (Salatul Istisqu) ဟု ခေါ်သည့် မိုးဆုပန် ၀တ်ပြုမှုများပြုလုပ်ခဲ့ကြသေးသည်။

    မိုးခေါင်သည့်အချိန်တွင် မိုးဆုပန်အထူးဝတ်ပြုခြင်းမှာ တမန်တော် မုဟမ္မဒ်သခင်၏ ဓလေ့တော်တစ်ရပ်ဟု အစ္စလာမ်ဘာသာဝင်များက ယုံကြည်ကြသည်။  ဆွလာသွလ် အစ်သစ်ကာမှာ မိုးခေါင်သည့် အခက်အခဲကို ကျော်ဖြတ်နိုင်ရန်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်ပါး၌ အကူအညီတောင်းခံခြင်းလည်းဖြစ်သည်။

    Ref: OnIslam

  • ထိပ်ဆုံးက ဘာကာ ရှုံးနိမ့်ခဲ့ပြီး၊ ရော်နယ်ဒို အနီကဒ်နဲ့ ရီးယဲလ် သရေကျခဲ့တဲ့ လာလီဂါပွဲစဉ် ၂၂

    ဖေဖော်ဝါရိ ၃၊ ၂၀၁၄
    M-Media

    365616hp2
    – ဒီတစ်ပါရဲ့ လာလီဂါ ပွဲစဉ် ၂၂ မှာတော့ ဘာစီလိုနာ အသင်း ယခုနှစ် လာလီဂါ ဒုတိယမြောက်ရှုံးပွဲတွေ့ခဲ့ပြီး ရီးယဲလ်ကလည်း အဝေးကွင်းမှာ သရေသာရခဲ့ပါတယ်။ အက်သလက်တီကိုကတော့ အိမ်ကွင်းမှာ ဂိုးပြတ်နဲ့ နိုင်ခဲ့ပြီး ၃ မှတ်အသာနဲ့ ထိပ်ဆုံးရောက်ခဲ့ပါတယ်။

    ဗင်လင်စီယာကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ရတဲ့ ဘာစီလိုနာတို့ကတော့ ပွဲအစ ၇ မိနစ်မှာပဲ စောစောစီးစီးဦးဆောင်ဂိုး ရခဲ့ပြီး ကစားကွက်အသာနဲ့ ဖိကစားနိုင်ခဲ့ပေမယ့် အနိုင်မရခဲ့ဘဲ ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါ့အပြင် ပွဲပြီးကာနီး ၁၃ မိနစ်အလိုမှာ ဘာကာကစားသမား အလ်ဘာ နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရပါတယ်။

    အဆင့် ၄ က ဘီဘာအိုအသင်းကို အဝေးကွင်းမှာ ရင်ဆိုင်ခဲ့ရတဲ့ ရီးယဲလ်တို့ကတော့ ဘာကာရဲ့ခြေချော်မှုကို အခွင့်ကောင်းမယူနိုင်ခဲ့ဘဲ ၁ ဂိုးစီ သရေသာရခဲ့ပါတယ်။ ၆၅ မိနစ်မှာ ရီးယဲက်တို့ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ၈ မိနစ်သာခံခဲ့ပြီး ၇၃ မိနစ်မှာ ချေပဂိုးပြန်ပေးခဲ့ရတာပါ။ ၇၅ မိနစ်မှာတော့ ဗလင်စီယာကစားသမားတစ်ဦးနဲ့ အခြေအတင်ဖြစ်ခဲ့တဲ့ ရော်နယ်ဒို တိုက်ရိုက်အနီကဒ်နဲ့ အထုတ်ခံခဲ့ရပါတယ်။

    အက်သလက်တီကိုကတော့ အဆင့် ၆ က ရီးယဲလ်ဆိုဆီဒက်ကို အိမ်ကွင်းမှာ ၄ ဂိုးပြတ်နဲ့နိုင်ခဲ့ပြီး အမှတ်ပေးဇယားကိုဦးဆောင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ၁ ဂိုးသာသွင်းယူနိုင်ခဲ့ပြီး မိနစ် ၇၀ ကျော်မှ အနိုင်ဂိုးသုံးဂိုး ထပ်ရခဲ့တာပါ။
    တန်းဆင်းဇုန်က ၃ သင်းမှာ ဘက်တစ်တစ်သင်းသာ အက်စပန်ညိုကို အိမ်ကွင်းမှာ ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး အနိုင်ဂိုးတွေကို ၇၁ မိနစ်နဲ့ ၈၉ မိနစ်မှာ ရူဘင် ကက်စထရိုက သွင်းယူပေးခဲ့တာပါ။ ကျန်တဲ့ နှစ်သင်းဖြစ်တဲ့ ဗယ်လ်ကာနိုနဲ့ ဗယ်လာဒိုလစ်တို့ကတော့ ဝေးကွင်းမှာ ပြိုင်ဘက်တွေကို သရေသာကစားနိုင်ခဲ့ပါတယ်။

    ဒီတစ်ပတ် လာလီဂါဇယားကိုတော့ အက်သလက်တီကိုက ဦးဆောင်လိုက်ပြီး ဘာကာနဲ့ ရီးယဲလ်တို့က ၃ မှတ်အကွာနဲ့ နောက်က ထပ်ချပ်မကွာလိုက်နေပါတယ်။ လာလီဂါ ပွဲစဉ် ၂၂ ရဲ့ ကစားပြီးသမျှ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်

    ဘီဘာအို ၁-၁ ရီးယဲလ်
    အက်သလက်တီကို ၄-၀ ဆိုဆီဒက်
    ဘက်တစ် ၂-၀ အက်စပန်ညို
    မာလာဂါ ၃-၂ ဆီးဗီးလား
    ဂီတာဖေး ၀-၀ ဗယ်လာဒိုလစ်
    လီဗန်တေး ၀-၀ ဗယ်လက်ကာနို
    ဘာစီလိုနာ ၂-၃ ဗလင်စီယာ
    ဂရန်နာဒါ ၁-၂ ဆဲလ်တာဗီဂို
    အဲလ်ချီ ၁-၀ အလ်မာရီယာ

  • အေစီမီလန်အသင်း တိုးတက်လာခဲ့ပြီဟု ဆီးဒေါ့ဖ်ဆို

    ဖေဖော်ရီ ၃၊ ၂၀၁၄
    M-Media

    362054_heroa

    – ယမန်နေ့က တိုရီနိုအသင်းနှင့် ကစားခဲ့သည့် ပွဲတွင် ၁ ဂိုးစီ သရေကျခဲ့သော်လည်း မိမိအသင်းအနေဖြင့် တိုးတက်မှုများ ရှိနေသည်ဟု အေစီမီလန် နည်းပြသစ် ဆီးဒေါ့ဖ်က ပြောကြားလိုက်သည်။

    ဆန်စီရိုတွင်ကစားခဲ့သည့် ထိုပွဲတွင် တိုရီနိုအသင်းက ဂိုးအရင်သွင်းကာ ဦးဆောင်ခဲ့သော်လည်း အသစ်ရောက်ရှိလာသည့် ကစားသမား အဒီလ် ရာမီကချေပဂိုးသွင်းယူပေးခဲ့သည်။

    ထိုပွဲတွင်ကစားခဲ့သည့်အသင်း၏ခြေစွမ်း၊ ၎င်းအသုံးပြုသည့် နည်းစနစ်အား ပြောင်းလဲကစားနိုင်သည့် ကစားသမားများ၏ စွမ်းဆောင်ရည်နှင့်ပက်သက်၍ ဆီးဒေါ့ဖ်က

    “တိုးတက်မှုတွေကို ကျွန်တော်မြင်တွေ့ခဲ့ရပြီး၊ အကောင်းဘက်ကို အာရုံစူးစိုက်ဖို့ ပိုအရေးကြီးပါတယ်။ ပြီးတော့ ကျွန်တော်တို့ ပိုကောင်းအောင် လုပ်နိုင်ပါတယ်” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

    ထို့ပြင် တိုရီနိုအသင်းကိုလည်း ချီးကျူးခဲ့ပြီး ပထမပိုင်းတွင် ကစားပုံ အလွန်ကောင်းခဲ့ကြောင်း၊ သို့သော်လည်း မိမိတို့အနေဖြင့် ဒုတိယပိုင်းတွင် ကစားပုံ ပိုကောင်းခဲ့ပြီး လိုအပ်သော ချေပဂိုးကို ရရှိခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ဆီးဒေါ့ဖ်မှာ ကစားသမားဘ၀တွင် အေစီမီလန်အသင်းနှင့် ထူးခြားသော အောင်မြင်မှုများကို ရရှိခဲ့သူဖြစ်ပြီး၊ အေစီမီန်အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရစဉ်က ၎င်း၏ နည်းပြ အတွေ့အကြုံမရှိမှုကြောင့် ဝေဖန်ခံခဲ့ရသေးသည်။

  • အာဆင်နယ် အနိုင်ရခဲ့ပေမယ့် လီဗာပူးလ် သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ ဆူပါ ဆန်းဒေးပွဲများ

    ဖေဖော်ဝါရီ ၃၊ ၂၀၁၄
    M-Media

    ars-cry-1314-020214-ps22
    – ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ ရဲ့ လန်ကျန်နှစ်ပွဲကို ယမန်နေ့က ကစားခဲ့ရာမှာ အာဆင်နယ်အသင်းက ချိန်ဘာလိန်ရဲ့ ဂိုးတွေနဲ့ သုံးမှတ်ရယူနိုင်ခဲ့ပြီး၊ လီဗာပူးလ်ကတော့ အဝေးကွင်းမှာ သရေသာရခဲ့ပါတယ်။

    ထိပ်ဆုံးက မန်စီးတီးအသင်း မနက်ဖြန်မှာ ချယ်ဆီးနဲ့ ကစားဖို့ရှိနေ့တဲ့အတွက် ထိပ်ဆုံးပြန်ရောက်ဖို့ အခွင့်အရေး အနည်းငယ်ရှိနေတဲ့ အာဆင်နယ်တို့ အိမ်ကွင်းမှာ အမှားမရှိခဲ့ဘဲ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ် ၂ ခုမှာ စတုတ်နဲ့ ဟားလ်စီးတီတို့ကို အနိုင်ယူနိုင်ခဲ့တဲ့ တန်းဆင်းဇုန်နားက ခရစ္စတယ်ပဲလေ့စ်အသင်းကတော့ အခုပွဲမှာ အာဆင်နယ်ကို ကစားကွက်ပိုင်း ယှဉ်မကစားနိုင်ခဲ့ပါဘူး။ ဒါပေမယ့် အာဆင်နယ်ဂိုးပေါက်ကိုတော့ အနည်းငယ် ခြိမ်းခြောက် နိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းအတွက် အနိုင်းဂိုးကိုတော့ ၄၇ မိနစ်နဲ့၊ ၇၃ မိနစ်မှာ ချိန်ဘာလိန်က သွင်းယူပေးခဲ့တာပါ။

    ပွဲစဉ် ၂၂ မှာ အာဆင်နယ်ရဲ့ သရေကျမှုကို အခွင့်အရေးမယူနိုင်ခဲ့တဲ့ လီဗာပူးလ်တို့ မနေ့ကပွဲမှာလည်း ဦးဆောင်ဂိုးအရင်သွင်းနိုင်ခဲ့ပေမယ့် ထိန်းမထားနိုင်ခဲ့တာကြောင့် ၀က်စ်ဘရွန်းကွင်းမှာ သရေတစ်မှတ်သာ ရခဲ့ပါတယ်။ ပထမပိုင်း ၂၄ မိနစ်မှာပဲ လီဗာပူးတို့ ဦးဆောင်ဂိုးရခဲ့ပြီး ဆွာရက်ဇ်ရဲ့ ဖန်တီးပေးမှုကတစ်ဆင့် နောက်ပိုင်းပွဲတွေမှာ ဂိုးတွေ ဆက်တိုက်သွင်းယူနေတဲ့ စတားရစ်ခ်ျက အကောင်းဆုံး အဆုံးသတ်ပေးနိုင်ခဲ့တာပါ။ ပထမပိုင်းမှာ လီဗာပူးလ်က အသာရခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အိမ်ရှင်တို့က အနည်းငယ် ပြန်ဖိကစားလာပြီး ဂိုးသွင်းခွင့်တွေလည်း ရခဲ့ပါတယ်း ၀က်စ်ဘရွန်းအတွက် အဖိုးတန် ချေပဂိုးကိုတော့ ၆၇ မိနစ်မှာ အနီချီဘီက ဧရိယာအပြင်ဘက်က သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးဟာ အဲဗာတန်ကပြောင်းလာတဲ့ အနီချီဘီအနေနဲ့ ၀က်စ်ဘရွန်းကိုရောက်ပြီးမှ သွင်းယူခဲ့တဲ့ ဒုတိယမြောက်ဂိုးလည်းဖြစ်ပါတယ်။

    လီဗာပူးလ် ၁-၁ ၀က်စ်ဘရွန်း
    အာဆင်နယ် ၂-၀ ခရစ္စတယ်ပဲလေ့စ်