News @ M-Media

Author: M-Media

  • နည်းပညာနှင့် တီထွင်ဆန်းသစ်မှု အထောက်အကူပြု စင်တာ တည်ဆောက်ရန် မြန်မာစီစဉ်

    ဒီဇင်ဘာ ၁၇ ၊ ၂၀၁၃
    M-Media

    – နိုင်ငံတကာ ဥာဏစွမ်းအားအဖွဲ့ WIPO နှင့် ပူးပေါင်းကာ နိုင်ငံအတွင်း နည်းပညာနှင့် တီထွင်ဆန်းသစ်မှု အထောက်အကူပြုစင်တာ TISC အား တည်ဆောက်ဖွင့်လှစ်သွားရန် မြန်မာနိုင်ငံမှ စဉ်းစားနေသည်ဟု သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ပြောကြားမှုကို ကိုးကား၍ နိုင်ငံပိုင် သတင်းဌာနများမှ ယမန်နေ့တွင် ရေသားဖော်ပြခဲ့ကြသည်။

    တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အသိဥာဏ်ထွန်းကားရေးမှာ အဓိက အခန်းကဏ္ဍမှပါဝင်ကြောင်း ဒုတိယ၀န်ကြီး ဒေါက်တာဘရွှေက နေပြည်တော်တွင် ပြုလုပ်နေသည့် အစည်းဝေးတွင်ပြောကြားခဲ့သည်။ ထို့ပြင် ဥာဏစွမ်းရည် တိုးတက်ရေး အခန်းကဏ္ဍအား မြှင့်တင်ပေးရန်အတွက် TISC ဆောက်လုပ်ရန် လိုအပ်မှုကို အလေးပေးပြောကြားခဲ့ပြီး၊ ထိုစင်တာက သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာနှင့် ဆက်စပ်သည့် လုပ်ငန်းများ၊ ဖန်တီးမှုများ၊ ကာကွယ်မှုများနှင့် အသိဥာဏ်ပိုင်းဆိုင်ရာ အခွင့်အရေးများအား စီမံခန့်ခွဲများ တိုးမြင့်ဆောင်ရွက်ရန်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ သုတေသနပညာရှင်များနှင့် တီထွင် စမ်းသစ်သူများအား ကူညီနိုင်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: ဆင်ဟွာ

  • နေတိုး အဖွဲ့ဝင် ပိုလန်နှင့် လစ်သူယေးနီးယားကြား ဒေသတွင် ရုရှားမှ ဒုံးကျည်များ တပ်ဆင်ထား

    ဒီဇင်ဘာ ၁၇၊ ၂၀၁၃
    M-Media

    20131216194816149734_20

    – နေတိုး အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ပိုလန်နှင့် လစ်သူယေးနီးယားနိုင်ငံအကြားတွင်ရှိသည့် ရုရှားပိုင် Kaliningrad ဒေသတွင် ဒုံးကျည်များ တပ်ဆင်ထားသည်ဟု ရုရှား သတင်းစာ Izvestia မှ ယမန်နေ့က ရေးသားဖော်ပြခဲ့သည်။ ထိုကဲ့သို တပ်ဆင်ထားသည်မှာ အချိန်အတော်ကြာခဲ့ပြီဟု ရုရှား ကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။ ရုရှားစစ်တပ်မှ အမည်မဖော်လိုသည့် အခြားအရာရှိတစ်ဦးကလည်း လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်ကတည်းက ထိုဒုံးကျည်များအား တပ်ဆင်ထားရှိခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ရုရှားနိုင်ငံကမူ နိုင်ငံအနောက်ပိုင်းတွင် ဒုံးကျည်များ တပ်ဆင်ထားမှုမှာ မှန်ကန်သည်ဟု ယမန်နေ့က အတည်ပြုပြောဆိုခဲ့ပြီး နေရာအတိအကျကိုမူ ပြောဆိုသွားခြင်းမရှိခဲ့ပေ။ ထို့ပြင် ထိုကဲ့သို့ ဒုံကျည်များ တပ်ဆင်ထားမှုမှာ နိုင်ငံတကာဥပဒေများအား ဖောက်ဖျက်ခြင်းမရှိဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က ပြောကြားခဲ့သည်။ ထိုသတင်းမှာ နေတိုးအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ပိုလန်နှင့် လစ်သူယေးနီးယားတို့အတွက် စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။
    Ref: aljazeera

  • ဂျပန်-မြန်မာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာချုပ်များချုပ်ဆို

    ဒီဇင်ဘာ ၁၇၊ ၂၀၁၃
    M-Media

    613-15qGM9.Em.55

    နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ ပိုမိုနီးကပ်မှုရရှိရန် အတွက် ဂျပန်-မြန်မာရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာချုပ်အား ဒီဇင်ဘာ ၁၄ ရက်နေ့က ချုပ်ဆိုခဲ့သည်ဟု သိရသည်။

    နှစ်ပေါင်းများစွာကြာ တံခါးပိတ်ထားသည့် မြန်မာနိုင်ငံနေဖြင့် ၎င်းတို့၏ လျင်မြန်စွာတိုးတက်နေသော စီးပွားရေးအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို တံခါးဖွင့်ထားပြီးနောက် ဂျပန်နိုင်ငံက ထိုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများကို အဆက်မပြတ်ဆောင်ရွက်လာခဲ့သည်။

    အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ ဒီဇင်ဘာ ၁၄ ရက်က တိုကျိုမြို့ တွင်ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးမှု အပြီးတွင် အာဘေးနှင့် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်တို့ လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။

    နှစ် ၅၀ နီးပါး စစ်အုပ်ချုပ်ရေးစနစ်မှ ၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန်ဦးဆောင်သည့် ပြုပြင်ပြောင်းလဲရေးအစိုးရ တက်လာခဲ့ပြီးနောက် ဂျပန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများမှာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် စိတ်အားထက်သန်လျက်ရှိပြီး၊ လုပ်ငန်းတော်တော် များများကိုလည်း ရင်းနှီးမြှုပ်နှံခဲ့ကြသည်။ ထိုကဲ့သို့ စာချုပ်များချုပ်ဆိုခဲ့ခြင်းမှာ ရင်းနှီးမြှုပ်နှံသူများအတွက် ကာကွယ်မှုနှင့် တည်ငြိမ်ပြီး ဥပဒေနှင့် ညီညွတ်သော ၀န်းကျင်တစ်ခု ပြုလုပ်ပေးရန် ရည်ရွယ်ကြောင်း ဂျပန်ကုန်သွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

    Ref: AP

  • ဒီဇင်ဘာ ၁၆ နိုင်ငံတကာ သတင်းများ

    ဒီဇင်ဘာ ၁၆၊ ၂၀၁၃
    M-Media
    000_apw2003041402003.si
    – လူသား၏ DNA အတွင်း ဖုံးကွယ်နေသည့် လျှို့ဝှက်ကုတ်တစ်ခုကို သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။ ထိုကုတ်မှာ မျိုးရိုးဗီဇများ မည်ကဲ့သို့ ထိန်းချုပ်ရမည်ကို ဆဲလ်အား ညွှန်ကြားပေးသော ကုတ်တစ်ခုဖြစ်ပြီး ထိုကဲ့သို့ တွေ့ရှိမှုက ရောဂါများကုသမှုနှင့် ရှာဖွေဖော်ထုတ်မှုများအတွက် တံခါးများကို ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ်သည်ဟု လေ့လာမှုများအရသိရသည်။

    ……………………………….
    – ယမန်နေ့က ဆွီဒင်နိုင်ငံမြို့တော် စတော့ဟုမ်း၏ ဆင်ခြေဖုံးတွင် ပြုလုပ်ခဲ့သည့် နာဇီဆန့်ကျင်ရေး ချီတက်မှုအတွင်း ပါဝင်သူများကို တိုက်ခိုက်ခဲ့သည့် နာဇီလက်သစ်ဝါဒီ ၂၈ ဦးအား ဆွီဒင်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု သိရသည်။ Karrtorp တွင်ပြုလုပ်ခဲ့သည့် လူ ၂၀၀ ခန့်ပါဝင်သော အဆိုပါ ဆန္ဒပြပွဲသို့ လူ ၄၀ ခန့်ရှိသည့် ထိုအုပ်စုမှာ ပုလင်းများ၊ မီးများမီးရှုမီးပန်းများဖြင့် ပစ်ပေါက်ခဲ့ကြပြီး၊ ဓားထိုးမှုကြောင့် ဆေးရုံးသို့ ၂ ဦးတင်ပို့ခဲ့ရကာ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာလည်း နောက်ကျောသို့ အရာဝတ္ထုတစ်ခု ထိမှန်ခဲ့သောကြောင့် ဒဏ်ရာရရှိခဲ့သည်။
    …………………………….
    – ဆီးရီးယားနိုင်ငံရှိ အလယ်အလတ်ကျသော သူပုန်အုပ်စုက ၎င်းတို့အနေဖြင့် တိုင်းပြည်အတွင်း တာဝန်ထမ်းဆောင်နေကြသော ဂျာနယ်လစ်များအား ကာကွယ်ပေးမည်ဖြစ်ပြိး အဖမ်းခံ ထားရသည့် သူများကိုလည်း ပြန်လည်လွှတ်ပေးရန်အတွက် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။ သူပုန်အဖွဲ့များမှ ဂျာနယ်လစ်များအား ပစ်မှတ်ထား ပြန်ပေးဆွဲမှုများအတွက် အလျင်အမြန် အရေးယူမှုများပြုလုပ်ရန် ကမ္ဘာ့တစ်ဝှမ်းရှိ သတင်းဌာန ၁၃ ခုက တိုက်တွန်းခဲ့ပြီးနောက် ဆီးရီးယား အမျိုးသားမဟာမိတ်တပ်ဖွဲ့မှ အနောက်နိုင်ငံများက ထောက်ပံ့ပေးထားသည့် စစ်ကောင်စီချုပ်အဖွဲ့က ထိုကိစ္စအတွက် အနူးအညွတ်တောင်းပန်ကြောင်း၊ ဂျာနယ်လစ်များအား ထိုကဲ့သို့ ပြုလုပ်မှုများကို အဆုံးသတ်ရန်အတွက် မည်သည့်အရာကိုမဆို အစွမ်းကုန် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
    …………………………….
    – ဂျော်ဒန်ဘုရင် အဗ္ဗဒူလာမှာ မြို့တော် အမ်မန်တွင် နှင်းတောထဲ၌ နစ်နေသော ပြည်သူတစ်ဦး၏ကားအား အခြားသူများနှင့်အတူ ကူညီတွန်းပေးခဲ့သည်ဟု တယ်လီဖုန်းဖြင့် ရိုက်ထားသော ဗီဒီယိုမှတ်တမ်းအရ သိရသည်။ ထိုမှတ်တမ်းအား အွန်လိုင်းတွင်လွှင့်တင်ခဲ့ပြီး ကားရွေ့သွားပြီးနောက် ဂျော်ဒန် ဘုရင်မှာ ကျေနပ်စွာပြုံးခဲ့ကြောင်း တွေ့ရှိရသည်။ ယခုရက်ပိုင်းအတွင်း အရှေ့အလယ်ပိုင်းနိုင်ငံအချို့၌ Alexa နှင်းမုန်တိုင်းတိုက်ခတ်မှုဒဏ်ကို ခံနေရပြီး ဂျော်ဒန်နိုင်ငံမှာလည်း ထိုနိုင်ငံများထဲတွင်ပါဝင်သည်။

    …………………………….

    – လေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို သဘောတူညီခဲ့ပြီး တစ်ရာအကြာတွင် စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အပြန်အလှန် တိုးမြှင့်ဆောင်ရွက်ရန်၊ ဂျပန်နှင့် အာဆီယံနိုင်ငံတို့ ယမန်နေ့က ကတိပြုခဲ့ကြသည်ဟု သိရသည်။ ဂျပန်နိုင်ငံတွင်ပြုလုပ်နေသည့် ဂျပန်-အာဆီယံ သုံးရက်ကြာ အစည်းအဝေး၏ နောက်ဆုံးနေ့(ယမန်နေ့)တွင် ခေါင်းဆောင်များမှာ သံတမန်ဆိုင်ရာနှင့် ကာကွယ်ရေး ဆိုင်ရာ အရာရှိများ ဖလှယ်မှုကို တိုးမြှင့်ခြင်းနှင့် ကမ်းခြေစောင့် တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ခြင်း စသည် တို့ကို ဆွေးနွေးခဲ့ကြသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    …………………………….
    – ဂါဇာဒေသအတွင်းရှိ ဓာတ်အားပေးစက်ရုံ လည်ပတ်နိုင်ရန် ကာတာနိုင်ငံမှ လှူဒါန်းသော ဆီတန်ချိန် လီတာ ၄ သိန်း ၅ သောင်းမှာ ဂါဇာဒေသသို့ရောက်ရှိ လာခဲ့သည်ဟု သိရသည်။ ဂါဇာဒေသ၏ ကုန်သွယ်ရေးလမ်းကြောင်းးဖြစ်သည့် မြေအောက်လှိုင်ခေါင်းများအား အီဂျစ်နိုင်ငံမှ ပိတ်ပစ်ခဲ့ပြီးသောကြောင် ဂါဇာရှိ လျှစ်စစ်ဓာတ်အားပေး စက်ရုံမှာ လွန်ခဲ့သည့် ၄၃ ရက်ခန့်က ပိတ်ပစ်ခဲ့ရပြီးကတည်းက ထိုဒေသရှိ လူဦးရေ ၁.၈ သန်းမှာ တစ်နေ့လျှင် ၁၂ နာရီ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းနှင့် ကြုံတွေ့နေရသည်။
    ………………………
    – ယူအေအီးနိုင်ငံ အဘူဒါဘီရှိ ကုန်ဈေးနှုန်းမှာ ပြီးခဲ့သည့် နိုဝင်ဘာလတွင် ၁.၈ ရာခိုင်နှုန်း တက်သွားခဲ့သည်ဟု အီမရိတ် စာရင်းအင်းစင်တာ SCAD မှ ယမန်နေ့ကထုတ်ပြန်ခဲ့သော နိုင်ငံ၏ စားသုံးကုန် အချက်အလက် ရှင်းတမ်းတွင် ဖော်ပြထားသည်။ အစားအသောက်နှင့် အလ်ကိုဟော မပါသည့် စားသောက်ကုန်များဈေးတက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာလနှင့် နှိုင်းယှဉ်ပါက ၃.၈ ရာခိုင်နှုန်း တက်သွားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အ၀တ်အထည်၊ ဖိနပ်၊ အိမ်သုံးပစ္စည်းများ၏ ဈေးနှုန်းမှာလည်း နှစ်စဉ် ၃.၈ ရာခိုင်နှုန်းခန့် တက်နေသည်။

  • တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    ဒီဇင်ဘာ ၁၆၊၂၀၁၃
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    Google က Boston Dynamics ကို ဝယ်ယူ

    ဒီတစ်ပါတ်အတွင်း နည်းပညာလောကမှာ အပြော အများဆုံးသတင်းကတော့ Google က Boston Dynamics ကုမ္ပဏီကို ဝယ်ယူလိုက်ခြင်းပါပဲ။ Boston Dynamics ကထုတ်လုပ်တဲ့ စက်ရုပ်တွေအကြောင်းသတင်းကို ဒီ M-media သိပ္ပံ−နည်းပညာ သတင်းမှာ ဖေါ်ပြဖူးတာကို မှတ်မိကြမယ် ထင်ပါတယ်။ အမေရိကန် ပန်တာဂွန်ရဲ့ ထောက်ပံ့မှုနဲ့ စက်ရုပ်တွေ ထုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ Google က Boston Dynamics ကို တန်ဘိုးဘယ်လောက်နဲ့ ဝယ်ယူတယ်ဆိုတာတော့ ထုတ်ဖေါ်ပြောကြားခြင်း မရှိပါဘူး။ အင်တာနက် ရှာဖွေရေး ကိုလုပ်ဆောင်တဲ့ Google ဟာ စက်ရုပ်ကားလို့ အလွယ်ခေါ်ကြတဲ့ မောင်းသူမဲ့ကားကို စမ်းသပ် တီတွင်ခဲ့သလို နောက်ပိုင်းမှာ စက်ရုပ်တီထွင်မှုတွေ ပိုပြီးလုပ်ဆောင်လာနိုင်ခြေ ရှိပါတယ်။

    992462_10152072082483166_99355664_n

    ——————————————

    NASA ရဲ့ အာကာသစခန်းအတွက် စက်ရုပ်

    NASA ရဲ့ Dexterous Robotics Lab ဟာ Valkyrie လို့ အမည်ပေးထားတဲ့ စက်ရုပ်ကို ပြီးခဲ့တဲ့ အပါတ်က ပြသခဲ့ပါတယ်။ ဒီစက်ရုပ်ကို အာကာသစခန်းမှာ အသုံးချနိုင်ဖို့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အင်ဂျင်နီယာများက စက်ရုပ်ကို ရည်ညွှန်းရာမှာ သူမလို့ သုံးနှုံးကြပေမယ့် လူအများကတော့ Iron Man နဲ့ တူတယ်လို့ ပြောကြပါတယ်။ ဒီစက်ရုပ်ကို ဒေါ်လာနှစ်သန်း ဆုကြေး ပေးမယ့် အမေရိကန် ကာကွယ်ရေးဌာနက ပြုလုပ်တဲ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာလည်း ဖြစ်ပါတယ်။

    1479613_10152072083023166_630891689_n
    ————————————————-
    အာကာသမှ ကမ္ဘာမြေပြင်ကို တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်

    ကနေဒါက UrtheCast (earth cast) ကုမ္ပဏီကို ဟာ နိုင်ငံတကာ အာကာသစခန်း (ISS) ရဲ့ ရုရှနိုင်ငံအပိုင်းမှာ ကင်မရာနှစ်လုံး တပ်ဆင်ဖို့ စာချုပ်ချုပ်ခဲ့ပါတယ်။ တစ်လုံးက ဗွီဒီယိုရိုက်ဖို့ တစ်လုံးက ဓါတ်ပုံရိုက်ဖို့ပါ။ ISS ဟာ တစ်ရက်မှာ ကမ္ဘာကို ၁၆ကြိမ် ပါတ်ပါတယ်။ နောက်လအနီးငယ်အကြာမှာ UrtheCast ဝဘ်ဆိုက်ကနေ အာကာသကနေမြင်ရတဲ့ အရည်အသွေးမြင့် ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေ ကြည့်နိုင်တော့မှာဖြစ်ပါတယ်။ လစဉ်ကြေးပေးထားသူတွေအတွက့် ကိုယ်အိမ်ရှိရာကို ပြသတဲ့ ဗွီဒီယို ဘယ်အချိန် တွေ့ရနိုင်မလဲ အသိပေးတာမျိုး၊ အထူးကြေး ပေးဆောင်သူတွေအတွက် လိုအပ်တဲ့ နေရာကို ရိုက်ကူးပေးတာမျိုး လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

    1508295_10152072082748166_1500353896_n
    ————————————————-
    တရုတ်နိုင်ငံရဲ့Chang’e 3 လပေါ်ဆင်းပြီ

    ဒီဇင်ဘာ ၂ ရက်နေ့က Long March-3B ဒုံးပျံနဲ့ လွှတ်တင်လိုက်တဲ့ Chang’e 3 lander ဟာ လမျက်နှာပြင်ပေါ်ကို ယနေ့ (Dec 15 ရက်) ဆင်းသက်ခဲ့ပါတယ်။ Jade Rabbit လို့ခေါ်တဲ့ လပေါ်သွား ယဉ်ငယ်လေးဟာ လပေါ်မှာ သုံးလကြာ လှည့်ပါတ် လေ့လာမှာ ဖြစ်ပါတယ်။

    1477682_10152072082248166_1756558618_n
    ———————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]