News @ M-Media

Author: M-Media

  • ဒီဇင်ဘာ ၁၆ အားကစားသတင်း

    ဒီဇင်ဘာ ၁၆၊ ၂၀၁၃
    M-Media

    348114_heroa
    – ကမ္ဘာ့ကလပ်ချန်ပီယံပြိုင်ပွဲဝင်ရန် ပြင်ဆင်နေသည့်အသင်းအနေဖြင့် ဒုတိယအကြိမ်မြောက်အဖြစ် ဖလားသုံးလုံးရနိုင်သည်ဟု ဘိုင်ယန်မြူးနစ် အသင်းကွင်းလယ်လူ ဖရန့်ရီဘာရီက ပြောကြားခဲ့သည်။ ဘိုင်ယန်မြူးနစ်အသင်းမှာ ယမန်နှစ်က ဖလားသုံးလုံးရရှိခဲ့ပြီး ယခုနှစ်တွင်လည်း အကောင်းဆုံး ပုံစံရရှိနေသည်။ ထို့ပြင် ရီဘာရီက မော်ရိုကိုတွင်ကစားမည့် ကမ္ဘာ့ကလပ်ချန်ပီယံပြိုင်ပွဲတွင် ဗိုလ်စွဲရန်မှာလည်း အသင်း၏ နောက်ဆုံး ပစ်မှတ်ပင် ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ………………………….
    – အသင်းအနေဖြင့် စီးရီးအေဖလားတွင်ဗိုလ်စွဲရန်နှင့် မိမိအနေဖြင့် စီးရီးအေတွင် ဂိုးအများဆုံးသွင်းသူ ဖြစ်လာရန် ပစ်မှတ်ထားနေသည်ဟု ဂျူဗင်တပ်စ်အသင်း၏ တိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်က ပြောကြားခဲ့သည်။ ပြီးခဲ့သည့်တစ်ပါတ်က ဂါလာတာစာရေးအား ရှုံးနိမ့်ကာ ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရပြီးနောက် ဂျုဗင်တပ်စ်အသင်းမှာ ယမန်နေ့က ကစားခဲ့သော စာစူလိုအသင်းနှင့် စီးရီးအေ ပွဲစဉ်တွင် ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ထိုပွဲတွင် တီဗက်ဇ်မှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့သည်။
    ……………………….
    – စာချုပ်သစ်အတွက် အသင်းနှင့်ဆွေးနွေးလျက်ရှိပြီး လာမည့် ဇန်န၀ါရီတွင် အသင်းမှထွက်ခွာတော့မည်ဆိုသည့် သတင်းများကိုလည်း မငြင်းလိုကြောင်း အာဆင်နယ်အသင်း၏ နောက်ခံလူ ဆဂ်နာက ပြောကြားခဲ့သည်။ ဆဂ်နာ၏ စာချုပ်မှာ ယခုနှစ်ရာသီအကုန်တွင် ကုန်ဆုံးတော့မည်ဖြစ်သော်လည်း စာချုပ်သစ်ချုပ်ဆိုရန် ယခုအချိန်အထိ ဆွေးနွေးနေဆဲဖြစ်ပြီး ပြင်သစ် ရုပ်သံ Club du Dimanche သို့ပြောကြားရာတွင် အသင်းမှ ထွက်ခွာနိုင်ကြောင်း ဆဂ်နာက ၀န်ခံခဲ့သည်။
    …………………………
    – ယမန်နေ့က လီဗာပူးလ်အသင်းအား အိမ်ကွင်းတွင် ၅ ဂိုးပြတ်ဖြင့် အရှက်တကွဲရှုံးနိမ့်မှုကို မိမိအနေဖြင့် တာဝန်ယူကြောင်း စါပးအသင်း၏ နည်းပြဖြစ်သူ ဗီလာဘိုအာ့စ်က ပြေကြားခဲ့သော်လည်း အသင်းမှ ထွက်ခွာမည်မဟုတ်ဟု ဖွင့်ဟခဲ့သည်။ ထိုကဲ့သို့ရှုံးနိမ့်ခဲ့မှုမှာ အသင်းရှိ လူတိုင်းအတွက် ခက်ခဲပြီး ပရိတ်သတ်များက မိမိတို့ထက် ပိုမို ခံစားရကြောင်း သို့သော်လည်း မိမိတို့တွင် အကောင်းဆုံး ကစားသမားများရှိနေပြီး ယခုအခြေအနေမှ ရုန်းထွက်နိုင်မည်ဟု ယုံကြည်ကြောင်း ပွဲအပြီးတွင် ဘိုအာ့စ်က ပြာကြားခဲ့သည်။ ပြီးခဲ့သည့်လအတွင်းကလည်း စပါးအသင်းမှာ မန်စီးတီးအား အဝေးကွင်းအား ၆ ဂိုး ပြတ်ဖြင့်ရှုံးနိမ့်ခဲ့သည်။
    ……………………………
    – အသင်းဖော် တိုက်စစ်မှူးဆွာရက်ဇ်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်သည်ဟု လီဗာပူးလ်အသင်း ကွင်းလယ်လူဂျရတ်က ပြောကြားခဲ့ပြီး အသင်းအနေဖြင့် ချန်ပီယံလိဂ် ၀င်ခွင့်မရခဲ့ပါက ဆွာရက်ဇ်အား ဆုံးရှုံးရမည်ဖြစ်ကြောင်းလည်း သတိပေးပြောဆိုခဲ့သည်။  ဆွာရက်ဇ်မှာ ယမန်နေ့ကကစားခဲ့သော စပါးအသင်းနှင့်ပွဲစဉ်တွင် အသင်းအတွက် ၂ ဂိုး သွင်းယူပေးခဲ့ပြီး ၂ ဂိုးဖန်တီးပေးခဲ့ကာ၊ နောက်ဆုံး ၁၁ ပွဲတွင် အသင်းအတွက် ၁၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
    ……………………………..
    – ဖီဖာမှချီးပေးအပ်မည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon D’Or ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန်အတွက် မဆုံးဖြတ်ရသေးဟု ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ၀န်ခံပြောကြားခဲ့သည်။ ရော်နယ်ဒိုမှာ ဇကာတွင်စာရင်းတွင် မက်ဆီ၊ ရီဘာရီတို့နှင့်အတူ ပါဝင်နေသော်လည်း ၎င်းနှင့်ပက်သက်၍ ဖီဖာဥက္ကဌ ဆပ်ဘလတ္တာ၏ ယခုနှစ်အစောပိုင်းက ပေးခဲ့သောမှတ်ချက်ကို မကျေနပ်သောကြောင့် လာမည့် ဇန်န၀ါရီ ၁၃ ရက်နေ့တွင် ပြုလုပ်မည့် ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ရန် စဉ်းစားနေခြင်းဖြစ်သည်။

  • ယူကရိန်းနှင့် ကုန်သွယ်ရေး ဆိုင်ရာဆွေးနွေးမှု အီးယူရပ်ဆိုင်းထား

    ဒီဇင်ဘာ ၁၆၊ ၂၀၁၃
    M-Media

    MMV580699_TEN
    – သီတင်းပတ် လေးပတ်ဆက်တိုက် ဆန္ဒပြမှုအဖြစ် လူ ၂ သိန်းခန့်ပါဝင်မည့် အစိုးရဆန့်ကျင် ဆန္ဒပြပွဲတစ်ခုကို ပြုလုပ်ရန် အတိုက်အခံများက စီစဉ်နေသောကြောင့် ယူကရိန်းနှင့် ပြုလုပ်မည့် အီးယူ၏ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုကို ရပ်ဆိုင်းမည်ဟု ဥရောပ ယူနီယံက ပြောကြားလိုက်သည်။

    ယူကရိန်းအစိုးရအေနေဖြင့် ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်အား လက်မှတ်ထိုးရန် ကတိပေးမှာသာ ဆွေးနွေးမှုများကို ပြုလုပ် သွားမည်ဟု ယူကရိန်း ဒုတိယ၀န်ကြီးချုပ် အမှတ် ၁ ဆာဟိုင်း အာဘူဇော့ဗ်အား ပြောကြားထားကြောင်း ဥရောယူနီယံမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ စတီဖိန်း ဖျူလူက ၎င်း၏ Twitter စာမျက်နှာတွင်ရေးသားခဲ့သည်။

    ရုရှားနှင့်ဆက်ဆံရေးထိခိုက်မည်ကိုစိုးရိမ်သောကြောင့် ဥရောပယူနီယံ၏ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်မထိုးဟု ယူကရိန်း အစိုးရက ကြေညာပြီးနောက် ဆန္ဒပြမှုများ အဆက်မပြတ်ဖြစ်ပွားခဲ့ပြီး အမေရိကန် ဆီးနိတ်လွှတ်တော်မှ ဂျွန်မက်ကိန်းနှင့် ခရစ္စတိုဖာ မာဖီတို့မှလည်း ယမန်နေ့က ယူကရိန်းအစိုးရနှင့် တွေ့ဆုံက ထိုကိစ္စနှင့် ပတ်သက်၍ အလေးထား ဆွေးနွေးခဲ့သည်။
    Ref:aljazeera

  • ဖိလစ်ပိုင်တွင် ဘတ်စ်ကားတစ်စီး တံတားအောက်သို့ ထိုးကျ လူ ၂၂ ဦးသေဆုံး

    ဒီဇင်ဘာ ၁၆၊ ၂၀၁၃
    M-Media

    a-policeman-collects
    – ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ဂုံကျော် အမြန်လမ်းမပေါ်မှ ခရီးသည်တင် ဘတ်စကားတစ်စီးမှာ တံတားအောက်တွင်ရှိနေသည့် ဗင်ကားတစ်စီးပေါ်သို့ ထိုးကျမှု တစ်ခု ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည် လူ ၂၂ ဦးသေဆုံးခဲ့သည်ဟုသိရသည်။

    ခြောက်မီတာ(ပေ ၂၀) အမြင့်ရှိသည့် တံတားပေါ်မှ ကျခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသူ ၂၀ မှာ ဘတ်စ်ကားပေါ်တွင် လိုက်ပါလာခဲ့ကြသူများနှင့် ကျန် ၂ ဦးမှာ ဗင်ကားပေါ်တွင် ရှိနေကြသူများဖြစ်ကြသည်။

    ထို့ပြင် ဒဏ်ရာရသူများလည်း ရှိနေပြီး အချို့မှာ အခြေအနေ စိုးရိမ်ရသောကြောင့် သေဆုံးသူ အရေအတွက် မြင့်တက်လာနိုင်သည်ဟု ယာဉ်လမ်းကြောင်းဆိုင်ရာ စုံစမ်း စစ်ဆေးရေးမှူး ဂျိုဆေး အဘူယွဂ်က ပြောကြားခဲ့သည်။

    ယာဉ်မောင်းသူမှာသေဆုံးခြင်း မရှိဘဲ တာဝန်ရှိသူများမှ စုံစမ်း စစ်ဆေးမှုများပြုလုပ်နေပြီး ထိုဘတ်စ်ကားအား ပိုင်ဆိုင်သည့် Don Mariano Transit ကုမ္ပဏီကိုလည်း ရက်သုံးဆယ် ပြေးဆွဲခွင့်ပိတ်ပင်ခဲ့သည်။

    Ref:AFP/al
    Photo- (AFP/Jay Directo)

  • ရုရှနိုင်ငံသား ၆၀% ပင်စင်ယူချိန်ထိ အသက်မရှင်

    ဒီဇင်ဘာ ၁၆၊ ၂၀၁၃
    M-Media

    60% of Russian
    – ရုရှားနိုင်ငံသားများ၏ ၆၀ ရာခိုင်နှုန်းမှာ ပင်စင်ယူသည့်အရွယ်အထိ အသက်မရှင်ဟု ကျန်းမာရေးဆိုင်ရာ ကော်မတီ၏ ဒုတိယ ဥက္ကဌ နီကိုလိုင်း ဂျီရာစီမန်ကိုက ပြောကြားခဲ့သည်။

    Gazeta.ru သတင်းအေဂျင်စီနှင့် အင်တာဗျူးတွင် ဂျီရာစီမန်က ရုရှားအများစုမှာ ကျန်းမာရေးကို ဂရုစိုက်ခြင်းမရှိဘဲ၊ နေ့စဉ်အစား အသောက်ကိုလည်း ချိန်ညှိခြင်းမရှိကြောင်း၊ ဆေးလိပ်နှင့် အရက်ကို အလွန်မှီဝဲကြကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် လူမှုဘ၀ပုံစံအား ပြောင်းလဲရန်အတွက် စဉ်းစားရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ရုရှားနိုင်ငံတွင် အမျိုးသားများမှာ အသက် ၆၀ တွင် ပင်စင်ယူရန်နှင့် အမျိုးသမီးများမှာ အသက် ၅၅ နှစ်တွင် ပင်စင်ယူရန် အတွက် ပြဌာန်းထားသည်။

    Ref: Islam.RU

  • ကျောက်သံပတ္တမြား စီချယ်ထားသော ဒေါ်လာ ၁၀ သန်းတန် အမျိုးသမီး ဘရာအက်ျီ အား ဒူဘိုင်းမောလ်တွင် ပြသမည်။

    ဒီဇင်ဘာ ၁၆၊ ၂၀၁၃
    M-Media

    Victoria's Secret model Candice Swanepoel poses for photographers with the Royal Fantasy Bra gift set, valued at $10 million during a photo opportunity at the Victoria's Secret store in New York City
    – အမျိုးသမီး အတွင်းခံများကို ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Victoria’s Secret ကုမ္ပဏီမှ ဖန်တီးထုတ်လုပ်ထားသည့် ဒေါ်လာ ၁၀ သန်းဝန်းကျင်ခန့် တန်ဖိုးရှိသည့် ဘရာအင်္ကျီတစ်ထည်အား ဒူဘိုင်း တွင် ဒီဇင်ဘာ ၁၆ ရက်နေ့ (မနက်ဖြန်)တွင် လာရောက်ပြသမည်ဟု သိရသည်။

    ပတ္တမြား၊ စိန်နှင့် အ၀ါရောင် နီလာများအပါအ၀င် တန်ဖိုးကြီးသော ကျောက်သံ ပတ္တမြား ၄၂၀၀ ကျော်၊ ရွှေ ၁၈ ကာရက်ဖြင့် ဖန်တီးပြုလုပ်ထားသည့် အဆိုပါ ဘရာအင်္ကျီအား လက်ဝတ်ရတနာများကို ပြုလုပ်ရောင်းချသည့်  ဆွစ်ဇလန်နိုင်ငံမှ Mouawad ကုမ္ပဏီက အထူးဒီဇိုင်းထုတ်ခဲ့ခြင်းဖြစ်ပြီး ဒူဘိုင်းမောလ်ရှိ Victoria’s Secret ဆိုင်ခွဲတွင် နံနက် ၁၀ နာရီမှ ည ၁၀ နာရီအထိ ပြသထားမည်ဖြစ်သည်။

    ထိုဘရာအင်္ကျီအား ပြီးခဲ့သည့်လက အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ပထမဦးဆုံး ပြသခဲ့သည်။

    Ref: Alarabiya
    photo: Reuters

    #MMedia_IntShortNews