News @ M-Media

Author: M-Media

  • “ သံဝေဂ ခလုတ် ” (ကဗျာ)

    ဇွန်-၂၅၊ ၂၀၁၃
    M-Media
    ရေးသူ- ငသော့

    wolf

    ကမ္ဘာက ထုတ်ဖော်လေပြီ
    တို့တိုင်းပြည်ထဲက အမည်းစက်
    ဘယ်သူလဲ… ကွက်ကွက်ကွင်းခဲ့ပေါ့။

    သူ့ ဥာဏ်လေး တစ်ထွာ၊ တစ်မိုက်နဲ့
    နာဇီလမ်းလိုက်မိတဲ့ ငမိုက်သား
    ခြင်္သေ့ကို မြေခွေးဖြစ်အောင် လုပ်တယ်… လို့ပဲ
    ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောတတ်တယ်။

    အတိတ်ဖြစ်ရပ် သိအပ်ဖူးပါရဲ့…
    ထိုသူ့ဥပဒေ ထိုသူ့ဝိနည်းပေမို့
    ထိုသူ့ကဲ့သို့ သက်သတ်လွတ်ဖို့ရာ
    တင်လျှောက်လာ “ဒေ၀ဒတ်နတ်”လို
    တစ်လှမ်းပို၊ တစ်လကြီးချင်သမျှ
    ဘုရားရှင် ရှိစဉ်က ဆိုရင်ဖြင့်…
    (သူလည်း) အနားပင် ကပ်ခွင့်မရနိုင်ဘူး။

    စိတ်ရူးကို စိတ်ကူးထင်
    “ဘင်လာဒင်” နှိုင်းလိုက်ချင်သပ ဆိုမှတော့
    သင်သာပင် မှားနေပေလိမ့်မပေါ့…။
    ဘုရားရှိသူတိုင်းအတွက်တော့
    ဘယ်တရားမှ မီးခိုးမမွှန်နိုင်ပါဘူး။

    သမိုင်းမှတ်တိုင် ခိုင်ခိုင်ရှိလေရဲ့
    ဗိုလ်ချုပ်နဲ့ ဒီးဒုတ်ဆရာချို။
    နိုင်ငံရေးကို ဘာသာရေး ရောလေတော့
    သွေဖယ်ပြီ “ပြည်ထောင်စု” အမည်နဲ့ ဟုဆိုကာ
    တိုင်းရင်းသားမျက်နှာတွေ ငဲ့ခဲ့တယ်။

    ခုခေတ်ဝယ် ၀ါဒမှိုင်းအသွယ်သွယ်နဲ့
    အလယ်မှာ ဘာသာရေးခေါင်းစဉ်တပ်
    ဘယ်နဲ့ညာ ဟန်ချက်ပျက်ပြီမို့
    (မတော်တဆ မဟုတ်)
    အနာဆီသို့ ချလေတဲ့ တုတ်
    “သံဝေဂ”ခလုတ်ကို မီးမောင်းထိုးခဲ့ပြီ။ ။
    ————-။      ။—————–

  • အမျိုးသားညီညွတ်ရေးကွန်ဂရက် ပါတီ မအူကုန်းကြေညာစာတမ်း

    ဇွန်လ ၂၂၊ ၂၀၁၃
    M-Media
    ဆူးထက်

    အမျိုးသားညီညွတ်ရေးကွန်ဂရက်(UNC) နိုင်ငံရေးပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ရုံးခန်းဖွင့်ပွဲ အခမ်းအနား ယနေ့ နေ့လည် (၁း၃၀)နာရီခွဲ၌ တာမွေမြို့နယ်ရှိ UNC ရုံးခန်းတွင်ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားများနှင့် စိတ်ပါဝင်စားသူများ၊ စုစုပေါင်း ၁၅၀-ခန့် တက်ရောက်ခဲ့ကြပါသည်။ အဆိုပါနေအခမ်းအနားတွင် ထုတ်ပြန်ခဲ့သည့် မအူကုန်း ကြေညာစာတမ်း ဖြစ်ပါသည်။

    ရုံးခန်း ဖွင့်ပွဲ သတင်းအပြည့်အစုံဖတ်ရန်။ =>http://www.m-mediagroup.com/news/15128

    23
    24
    2526
  • ဇွန် ၂၄-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန် ၂၄-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန်- ၂၄၊ ၂၀၁၃
    M-Media

    Edward Snowden  မော်စကိုမှ မထွက်ခွာသေး
    အမေရိကန်၏ အင်တာနတ်နှင့် ဖုန်းစကားများ စောင့်ကြည့်နေသည့် အကြောင်း ကို ဖော်ထုတ်ခဲ့သူ Edward Snowden ရုရှနိုင်ငံ မော်စကိုမှ ကျူးဘားနိုင်ငံ ဟာဗားနားသို့ ထွက်ခွာမည်ဟု ဆက်လက်  ထွက်ခွာမည်ဟု ခန့်မှန်းထားကြသော်လည်း မော်စကိုတွင် ရှိနေဆဲဟု သိရသည်။ အီကွေဒေါနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားသည်ဟု ဆိုသည်။
    ———————————————–
    Edward Snowden  အား WikiLeaks အဖွဲ့မှ ကူညီ
    Edward Snowden  ၏ ဟောင်ကောင် မှ မော်စကို ခရီးစဉ်တွင် WikiLeaks မှ ဥပဒေရေးရာ အကြံပေးအဖွဲ့ဝင် Sarah Harrison ကိုယ်တိုင်လိုက်ပါ စောင့်ရှောက်ခဲ့ပြီး အီကွေဒေါနိုင်ငံတွင် ခိုလှုံခွင့်ရရေး နှင့် လုံခြုံသောခရီးစဉ် ဖြစ်ရေးအတွက် ကူညီပေးနေသည် ဟုဆိုသည်။

    ———————————————–
    နယ်လ်ဆင်မန်ဒဲလား ၏ အခြေအနေ စိုးရီမ်ရ
    အဆုပ်ရောဂါဖြင့် ဆေးရုံတင်ထားရသော တောင်အာဖရိက နိုင်ငံခေါင်းဆောင်ဟောင်း အသက် ၉၄နှစ် အရွယ် နယ်လ်ဆင်မန်ဒဲလား ၏ အခြေအနေမှာ အစိုးရိမ်ရဆုံး အခြေအနေဖြစ် ၍ နိုင်ငံသားများမှ ဝမ်းနည်းစွာ ဆုတောင်းပွဲများ ပြုလုပ်ကြသည်။

    ———————————————–
    လက်ဘနွန်တွင် စစ်သား ၁၂ဦးသေဆုံး
    လက်ဘနွန် တောင်ပိုင်းရှိ ဆီဒွန်မြို့တွင် ဆီးရီယား ပြည်တွင်းစစ်၏ အကျိုးဆက် အဖြစ် ဆွန်နီ သေနပ်သမားများ၏ ပစ်ခတ်မှာကြောင့်  စစ်သား ၁၂ဦးသေဆုံး ခဲ့သည်။

    ———————————————–
    အမေရိကန် အစိုးရဲ့ လျို့ဝှက်သတင်းများကို ကမ္ဘာပြည်သူများကို ဖွင့်ပြလိုက်ကြသူ အချို့အကြောင်း
    Snowden သည် အမေရိကန်နိုင်ငံ CIA(Central Intelligence Agency) နှင့် NSA(National Security Agency) တို့၏ နည်းပညာပိုင်းဆိုင်ရာ လက်ထောက် ဖြစ်ပါသည်။
    Bradley Manning သည် အီရတ်စစ်အခြေစိုက်စခန်း၏ အမေရိကန် စစ်ထောက် လှမ်းရေး တစ်ဦးဖြစ်သည်။ Manning သည် လျှို့ဝှက် စာတမ်း ခုနှစ်သိန်းနှစ်သောင်းကို WikiLeaks ဆီ ဖွင့်ချလိုက်ပါသည်။

    ———————————–
    ကယ်လီဖိုးနီးယား ဗလီဝတ် ကျောင်းတော်သစ် တည်ဆောက် ဖွင့်လှစ်
    နိုင်ငံခြားသား များ ဒေသခံမွတ်စလင်များ၏ စုပေါင်း ရန်ပုံငွေ ဖြင့် လေးနှစ်ကြာ တည်ဆောက်မှုပြီးနောက် ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းတွင် ဗလီဝတ်ကျောင်းတော် တစ်လုံးကို အောင်မြင်စွာ တည်ဆောက်ပြီးစီးခဲ့ပါသည်။

    —————————
    မီးခိုးငွေ့များကြောင့် အဆိုးဝါးဆုံး လေထုညစ်ညစ်မှု စင်ကာပူပြီး မလေးရှား၌ ဖြစ်ပွားနေ

    တနင်္ဂနွေနေ့က မလေးရှားနိုင်ငံ တာဝန်ရှိသူများသည် မလေးရှားနိုင်ငံ တောင်ပိုင်းဒေသများတွင် အရေးပေါ်အခြေနေထုတ်ပြန်ထားကြောင်း၊ အင်ဒိုနီးရှား နိုင်ငံ၏ တောမီးလောင်မှုကြောင့် လွင့်လာသည့် မီးခိုးမှုန့်များသည် နှစ်ပေါင်း များစွာ အတွင်း မကြုံဖူးသော အဆိုးဆုံး လေထုညစ်ညမ်းမှု အခြေနေ ဖြစ်ပေါ်နေကြောင်း သိရသည်။

    —————————
    ဟလာလ်အစားအစာများအပေါ် ဂျပန်များ ဦးတည်လာ

    ဒေသခံမွတ်စ်လင်များ နှင့် ကမ္ဘာလှည့်ခရီးသည်များ၏ လိုအပ်ချက်အရ ဂျပန်နိုင်ငံမြို့တော် တိုကျိုရှိ စားသောက်ဆိုင်တို့သည် ဟလာလ်အစားအစားများ တိုးချဲ့ရောင်းချနိုင်ရန် ဦးတည်လျက်ရှိသည်။

  • မီးခိုးငွေ့များကြောင့် အဆိုးဝါးဆုံး လေထုညစ်ညစ်မှု စင်ကာပူပြီး မလေးရှား၌ ဖြစ်ပွားနေ

    ဇွန်-၂၃၊ ၂၀၁၃
    M-Media

    KUALA LUMPUR, MALAYSIA (AP)- တနင်္ဂနွေနေ့က မလေးရှားနိုင်ငံ တာဝန်ရှိသူများသည် မလေးရှားနိုင်ငံ တောင်ပိုင်းဒေသများတွင် အရေးပေါ်အခြေနေထုတ်ပြန်ထားကြောင်း၊ အင်ဒိုနီးရှား နိုင်ငံ၏ တောမီးလောင်မှုကြောင့် လွင့်လာသည့် မီးခိုးမှုန့်များသည် နှစ်ပေါင်း များစွာ အတွင်း မကြုံဖူးသော အဆိုးဆုံး လေထုညစ်ညမ်းမှု အခြေနေ ဖြစ်ပေါ်နေကြောင်း သိရသည်။

    Malaysia Southeast Asia Haze

    စင်္ကာပူနိုင်ငံမှ တစ်ဆင့်မီးခိုးမှုန့်များသည် မလေးရှားနိုင်ငံ တောင်ပိုင်းဒေသများသို့ လွင့်လာခြင်းဖြစ်ပြီး၊ လွန်ခဲ့သော အပတ်က အင်ဒိုနီးရှားနိုင်ငံ ဆူမတြား(Sumatra) ကျွန်းမှတစ်ဆင့် ပင်လယ် သို့ဖြတ်ကာ ၄င်း အန္တာရာယ်ရှိသော မီးခိုးငွေ့များသည် လွင့်လာခဲ့ခြင်းဖြစ်သည်။

    မလေးရှားနိုင်ငံ တောင်ပိုင်းဒေသ မွှား(Muar) တွင် တနင်္ဂနွေနေ့က တိုင်းတာချက်အရ လေထု ညစ်ညမ်းမှု ရာခိုင်နှုန်း ၇၄၆ ရှိပြီး၊ လေထုညစ်ညမ်းမှု ရာခိုင်နှုန်း ၃၀၀ သည် လူများအတွက် အန္တရာယ် စတင်ဖြစ်ပေါ်စေသော နှုန်းဖြစ်ပြီး၊ ယခုတိုင်းတာချက်သည် ထိုနှုန်းထက်များစွာ မြင့်တက် နေကာ အလွန်ကို အန္တရာယ်များနေခဲ့သည်။

    တာဝန်ရှိသူများသည် မွှားဒေသရှိ ပြည်သူများအား အိမ်အတွင်း၌ သာ နေထိုင်ရန်၊ ကျောင်းများအား ပိတ်ထားရန် ညွှန်ကြားထားသည်ဟု ပတ်ဝန်းကျင်ကာကွယ်ရေးဌာန ၀န်ကြီး ဂျီပါလာနီဗလ် (Environment Minister G.Palanivel) မှသူ၏ Facebook တွင်ရေးသားထားခဲ့သည်။ ဒေသတွင်း နေထိုင်သူဦးရေ ၂၅၀,၀၀၀ ရှိပြီး၊ တစ်ချို့သော ဒေသခံများ၏ Twitter တွင်တင်ထားသော ဓာတ်ပုံများ တွင် တံတားများ၊ အဆောက်ဦးများကို မီးခိုးငွေ့များလွှမ်းခြုံထားပြီး၊ ပေတစ်ရာပတ်ဝန်းကျင်သာ မြင်ရ ကြောင်း သိရသည်။

    မလေးရှားနိုင်ငံ မြောက်ပိုင်းရှိ ကွာလာလန်ပူ(Kuala Lumpur)မြို့တော်တွင်လည်း လေထုညစ်ညမ်း မှုသည် ကျန်းမာရေးကို အန္တရာယ်ပေးနိုင်သော ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီး၊ အထင်ကရ အဆောက်အဦးများဖြစ်သော ပက်ထရိုးနပ်စ်တွင်းတာဝါ(Petronas Twin Towers) ကိုပင် မမြင်ရ တော့ကာ၊ ပတ်ဝန်းကျင်တွင် အပူ၊အအေးမမျှတမှုများ ဖြစ်ပေါ်နေခဲ့သည်။

    မလေးရှားနိုင်ငံတွင် လေထုညစ်ညမ်းမှု အမြင့်ဆုံးဖြစ်ပေါ်ခဲ့ဖူးသည်မှာ ၁၉၉၇ ခုနှစ်က ဖြစ်ပြီး၊ ရာခိုင်နှုန်း ၈၆၀ ရှိခဲ့သည်။ ပါလာနီဗာလ်မှ ပြောကြားသည်မှာ တာဝန်ရှိသူများသည် မကြာမှီတွင် “cloud-seeding” ဟု ခေါ်သော မိုး အတုရွာသွန်းသည့် နည်းလမ်းကို အသုံးပြုတော့မည်ဖြစ်သည် ဟု ဆိုသည်။

    စင်္ကာပူနိုင်ငံမှ ပြောကြားသော သတင်းအရ တနင်္ဂနွေနေ့တွင် တိုင်းတာချက်သည် “အသင့်အတင့်” နှင့် “ကျန်းမာရေးအန္တရာယ်” ကြားတွင်ရှိသော နှုန်းထားဖြစ်ပြီး၊ သောကြာနေ့က ရရှိခဲ့သော တိုင်းတာမှုထပ် အမြောက်အများ ကျဆင်းသွားသည် ဟုဆိုသည်။ သို့သော်လည်း တာဝန်ရှိသူများက ယခုလို တစ်ပတ်နည်းပါးကြာပြီးချိန်တွင်၊ စင်္ကာပူနိုင်ငံ၏ ကောင်းကင်သည် ပြန်လည် ကြည်လင် တောက်ပလာသော်လည်း ထိုအရာသည် ခဏာတာအချိန်အထိသာ ဖြစ်ချင်ဖြစ်လိမ့်မည် ဖြစ်ကြောင်း၊ အကြောင်းမှာ လက်ရှိတွင် တိုင်းတာမိသော လေတိုက်နှုန်း ပုံသဏ္ဍန်များကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ဒီနှစ်တွင် ဖြစ်ပေါ်ခဲ့သော မီးခိုးငွေ့လွှမ်းခြုံမှုသည် စင်္ကာပူနိုင်ငံ သမိုင်းတွင် အဆိုးရွားဆုံးဖြစ်ပြီး၊ စစ်တပ်အတွင်း ပြင်ပလေ့ကျင့်ရေး လှုပ်ရှားမှုများ၊ အားကစားနှင့် ပတ်သက်သော လှုပ်ရှားမှုများ စသည် တို့ကို ပိတ်ပင်ခဲ့ရပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးသည် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ကာ ၄င်း အဖြစ်အပျက်အတွက် ထိရောက်သော တားဆီးမှုများလုပ်ဆောင်ရန် သွားရောက်ညှိနှိုင်းခဲ့သည်။

    အင်ဒိုနီးရှားနိုင်ငံ ဆူမတြာကျွန်းပေါ် ရှိ သစ်ဆွေးတောများတွင်ဖြစ်ပေါ်ခဲ့သော မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်ရန် ဂျာကာတာမှ လေယာဉ်များကို ပို့ဆောင်ကာ မီးလောင်ကျွမ်းသော တောများပေါ်မှ ရေဖျန်းငြိမ်းသတ်ခဲ့သည်။ အချို့သော တာဝန်ရှိသူများက ပြောကြားသည်မှာ မလေးရှား နှင့် စင်္ကာပူနိုင်ငံရှိ ကုမ္ပဏီများအား တရားစွဲဆိုသင့်ကြောင်း၊ အဘယ်ကြောင့်ဆိုသော မီးလောင်ကြွမ်းခဲ့သော စိုက်ပျိုးရေးဧကများတွင် ထို ကုမ္ပဏီများ၏ အစုရှယ်ယာများပါရှိနေကြောင်း သိရသည်။

    အင်ဒိုနီးရှားနိုင်ငံရှိ အချို့သော ကုမ္ပဏီများသည် ၄င်းတို့ပိုင်သော မြေနေရာတွင် ဖြစ်ပေါ်လာသော မီးလောင်ကျွမ်းခြင်းကို မသိရှိဟု ငြင်းဆိုခဲ့ကြောင်း၊ လွန်ခဲ့သော နှစ်များက ထိုကဲ့သို့ လယ်မြေအား ပြန်လည်စိုက်ပျိုး၍ ရရှိရန် တရားမ၀င် မီးရှို့ခြင်းကိုလုပ်ဆောင်ခဲ့ သည်များရှိကြောင်း၊ အင်ဒိုနီးရှားမှ တာဝန်ရှိသူများက ယခုဖြစ်ပေါ်ခဲ့သော မီးလောင်ကျွမ်းမှုများသည် ရှို့မီး ဟုတ်မဟုတ် စစ်ဆေးမှု များပြုလုပ်နေသည် ဟုဆိုသည်။

    Ref: asiancorrespondent

  • ကယ်လီဖိုးနီးယား ဗလီဝတ် ကျောင်းတော်သစ် တည်ဆောက် ဖွင့်လှစ်

    ၂၃ ဇွန်၂၀၁၃

    M-Media

    ကယ်လီဖိုးနီးယား ဗလီဝတ်ကျောင်းတော်သစ် တည်ဆောက် ဖွင့်လှစ်ခြင်းဖြင့် ဒေသခံ မွတ်စလင်တို့၏ ညီညွတ်မှုကို ဖော်ဆောင်

    ကိုင်ရို။           ။နိုင်ငံခြားသား များ ဒေသခံမွတ်စလင်များ၏ စုပေါင်း ရန်ပုံငွေ ဖြင့် လေးနှစ်ကြာ တည်ဆောက်မှုပြီးနောက် ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းတွင် ဗလီဝတ်ကျောင်းတော် တစ်လုံးကို အောင်မြင်စွာ တည်ဆောက်ပြီးစီးခဲ့ပါသည်။

    US Muslims Finance New California Mosque

    “9/11 ကိစ္စဖြစ်ပြီးတဲ့နောက် အရာရာ လုံးဝပြောင်းလဲသွားပါတယ်။ မွတ်စလင်အများစုနေ ရာ မြောက်အမေရိက ဒေသခံမွတ်စလင်များသည် အချိန်ဘယ်လောက်ကြာကြာ ရန်ပုံငွေတစ်ခု တည်ထောင် မယ်ဆိုပြီးဆုံးဖြတ်ခဲ့ကြတာပါ” ဟု ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း Islamic Shura Council ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ Shakeel Syed က Los Angeles Times သို့ ပြောကြားခဲ့ပါသည်။

    Masijid Qubaa အမည်ရှိ ဗလီဝတ်ကျောင်းတော်သစ် ကို San Gabriel Valley တွင် ဒေသခံမွတ်စလင်များက ဇွန်လ (၂၂) ရက် တနင်္ဂနွေနေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။

    ဗလီဝတ်ကျောင်းတော်နှင့်အတူ အစ္စလာမ် ဘာသာရေးစာသင်ကျောင်း၊ သေဆုံးသူများအား မမြှုပ်နှံမှီ ထားရန် အဆောင် တစ်ခု၊ ဆေးခန်းတစ်ခု နှင့် စာကြည့်တိုက်သုံးခုတို့ ပါဝင်ပါသည်။

    ဒေသခံမွတ်စလင်များ၏  စုပေါင်းရန်ပုံငွေ (၅.၅) သန်း ကုန်ကျ ခဲ့သော Masjid Qubaa သည် သဲအဖြူရောင် ဖြစ်ပြီး အပြာရောင် အမိုးလုံးများ ဖြင့် မီနာရ်တိုင် (၆) ခုသည်ကား  Rowland Heights စက်မှု ဇုံ နေရာအား အထင်ကရ နေရာအဖြစ် ငွားငွားစွင့်စွင့် ဖော်ဆောင်လျက်ရှိသည်။

    ဗလီတွင်း နံရံများ ကို ပါကစ္စတန်နိုင်ငံ မှ ရောင်စုံ ကော်ဇောများဖြင့် အလှဆင်ထား ပြီး ၊ မီးဆိုင်းများ အားလုံးကို တော့ ဒူဘိုင်းနိုင်ငံမှ မှာယူ ဆင်ယင်ထားခြင်း ဖြစ်ပါသည်။

    အလ္လာ့ ဂုဏ်တော် (၉၉) ပါး ကို အာရဗီ ဘာသာလက်ရေးလှများဖြင့် ရေးသားကာ အမျိုးသားများ ၀တ်ပြုဆောင် အရှေ့ရှိ မှန်သားပြင်များတွင် မြှုပ်သွင်းအလှဆင်ထား သည်။

    အမေရိကန်နိုင်ငံတွင် အတတ်ပညာရှင်များ ရှိလာတာနှင့်အမျှ ၊   မွတ်စလင် အမျိုးသမီးများ ကျင်းပပြုလုပ်သော  ဖက်ရှင်ရှိုးမှ ရငွေ ဒေါ်လာ တစ်သိန်း အပါအ၀င် မွတ်စလင် ဗိသုကာ ပညာရှင်များရဲ့ လုပ်အား တို့ကြောင့် ဗလီဆောက်လုပ်ရေး ကုန်ကျ စရိတ်များကို လျော့ချနိုင်ခဲ့သည်။

    “ကျွန်တော်တို့က အတတ်ပညာရှင်တွေပါ၊ ကျွန်တော်တို့ လူချမ်းသာတွေတော့ မဟုတ် ပါဘူး၊ အမေရိကန်နိုင်ငံက  ကျွန်တော်တို့ရဲ့အင်အားတွေအတွက် အခုလို  အခွင့်အရေးပေးလိုက်တာပါ”  ဟု စင်တာ၏ ဥက္ကဌ ဖြစ်ပြီး ဒေါ်လာ တစ်သိန်းလှူခဲ့သူ ပါကစ္စတန်နိုင်ငံဖွား ဒေါက်တာ Syed Rizvi  က ပြောခဲ့ပါသည်။

    အပြန်အလှန်နားလည်ချစ်ကြည်မှု ကို ဖော်ဆောင်ရေးအတွက်လည်း မွတ်စလင်ခေါင်းဆောင်များသည် ဘာသာခြား များ ကို ပါ ဗလီတွင်းသို့ ဖိတ်ခေါ် လည်ပတ်ခွင့်ပေးလိုက်သည်။

    ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ မွတ်စလင်ခေါင်းဆောင်များသည် သွေးလှူပွဲများ၊ အစားအသောက်လှူ ပွဲ ၊ ဘာသာခြားများနှင့် ချစ်ကြည်ရေးပွဲများ နှင့် အခြား သော လူမှုရေးလှုပ်ရှားမှုများ အတွက် လည်း ဆက်လက် စီစဉ်လျက်ရှိကြောင်းပြောကြားခဲ့ပါသည်။

    ဗလီဝတ်ကျောင်းတော်သစ် တည်ဆောက်ရေး၌ ဆန့်ကျင်မုန်းတီးစိတ်မရှိသော ဘာသာခြား အိမ်နီးနားချင်းများ၏ စိတ်ဓါတ်ကြောင့်လည်း ဒေသခံ မွတ်စလင်များသည် အလွန် ၀မ်းမြောက်ကြည်နူးလျက် ရှိကြသည်။

    အမေရိကန်နိုင်ငံတွင် မွတ်စလင်လူဦးရေ ခြောက်သန်းမှ ရှစ်သန်း အထိရှိသည်။                         ။

    Ref: OnIslam