News @ M-Media

Author: M-Media

  • လားရှိုး ပဋိပက္ခ နှင့် ပတ်သက်၍ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင် ကွန်ရက်ပေါင်းစု (Unity for Peace Networks) ၏ သဘောထား ထုတ်ပြန်ချက်

    မေ-၃၁-၂၀၁၃
    M-Media

    ၂၀၁၃ ခုနှစ်၊ မေလ ၂၈၊ မှ စတင်ဖြစ်ပွားခဲ့သော လားရှိုးပဋိပက္ခ နှင့် ပတ်သက်၍ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်ကွန်ရက်ပေါင်းစု (Unity for Peace) ၏ သဘောထား ထုတ်ပြန်ချက် တရပ်ကို ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရှိရပါသည်။
    ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

    Unity for Peace Networks

    စာအမှတ် ၁/၂၀၁၃
    ၃၁-၅-၂၀၁၃

    ၂၀၁၃ ခုနှစ်၊ မေလ ၂၈၊ မှ စတင်ဖြစ်ပွားခဲ့သော လားရှိုးပဋိပက္ခ နှင့် ပတ်သက်၍ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်ကွန်ရက်ပေါင်းစု (Unity for Peace) ၏ သဘောထား ထုတ်ပြန်ချက်

    ၁။၂၀၁၃ ခုနှစ်၊မေလ ၂၈ရက်တွင်ဖြစ်ပွားခဲ့သော မူးယစ်ဆေးစွဲစိတ်ဝေဒနာရှင်တစ်ဦးမှ အမျိုးသမီး တစ်ဦးအား ခိုက်ရန်ဖြစ်မီးရှို့ကျူးလွန်ခြင်းပြစ်မှုကို ရှုတ်ချလိုက်ပြီး၊ အဆိုပါ ကျူးလွန်သူအား ဥပဒေ အတိုင်း ထိထိရောက်ရောက် အရေးယူပါရန် တိုက်တွန်းလိုက်ပါသည်။

    ၂။ အထက်ပါရာဇဝတ်မှုကိုအခွင့်ကောင်းယူကာ ဗလီဝတ်ကျောင်းတော်များနှင့် မိဘမဲ့ စာသင် ကျောင်းများအား ဥပဒေမဲ့ မင်းမဲ့စရိုက် ဆန်ဆန်မီးရှို့ဖျက်ဆီးပြီး ဘာသာရေး ပဋိပက္ခအသွင်ဆောင်ကာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ပျက်ပြားစေသော လုပ်ရပ်အား ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါသည်။

    ၃။ လားရှိုးမြို့နေပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးခဲ့ရခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ နာကျင် ခံစားခဲ့ရမှုများအတွက် ထပ်တူထပ်မျှ ဝမ်းနည်းသောက ရောက်ရပါသည်။

    ၄။ပဋိပက္ခနှင့်အကြမ်းဖက်မှုများကို ထိရောက်စွာကာကွယ် ထိန်းသိမ်းခြင်းမရှိဘဲ တာဝန်မဲ့စွာ လစ်ဟင်း ခဲ့သော သက်ဆိုင်ရာ တာဝန်ရှိသူများအား ပြင်းထန်စွာရှုတ်ချလိုက်ပါသည်။

    ၅။လက်ရှိဖြစ်ပွားနေသောအကြမ်းဖက်မှုများကို အမြန်ဆုံးရပ်တန့်အောင် ထိန်းသိမ်းဆောင်ရွက်ပေး ပါရန်နှင့် ဒုက္ခရောက်နစ်နာခဲ့ရသူများကို လိုအပ်သော အကူအညီများ အချိန်နှင့် တပြေးညီ ဖြည့်ဆည်းပေးအပ်ပေး ပါရန် နိုင်ငံတော် အစိုးရ နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့အား လေးလေးနက်နက် တိုက်တွန်းအပ်ပါသည်။ အဆိုပါကိစ္စရပ်များဆောင်ရွက်ရာတွင် တာဝန်ရှိသူများအား ပူးပေါင်းကူညီပေးကြပါရန် ရပ်မိရပ်ဖများ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ခေါင်းဆောင်များ၊ရဟန်း သံဃာတော်များနှင့် ဘာသာရေး ခေါင်းဆောင် အသီးသီးတို့အား မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

    ၆။ လှုံ့ဆော်သူများ၊ အကြမ်းဖက်ကျူးလွန်သူများနှင့် တာဝန်လစ်ဟင်းသူ တာဝန်မဲ့သူများကို ကျောသားရင်သား မခွဲခြားဘဲ တည်ဆဲဥပဒေများအရ အရေးယူပေးပါရန် နိုင်ငံတော် အစိုးရနှင့် ပြည်နယ်အစိုးရ အား တိုက်တွန်းအပ်ပါသည်။

    ၇။ ဘာသာတရားများ၏ မူရင်း အဆုံးအမများဖြစ်ကြသော ငြိမ်းချမ်းရေး၊ မေတ္တာတရားတို့နှင့် ဆန့်ကျင် သွေဖည်သော အမုန်းတရားများကို ဘာသာသာသနာခေါင်းစဉ်တပ်ကာ ရိုးသားဖြူစင်သော အများပြည်သူတို့အား ဟောပြောစည်းရုံးလှုံ့ဆော်ခြင်းများကို လုံးဝကန့်ကွက် ရှုတ်ချလိုက်ပါသည်။ ထိုလုပ်ရပ်များသည် ဘာသာတရားတို့၏ မူလအနှစ်သာရများကို ထိခိုက်ပျက်စီးစေနိုင်သောကြောင့် ဘာသာတရား အသီးသီးတို့အားစစ်မှန်သော ယုံကြည်သူများအနေဖြင့်လည်း ဆန့်ကျင်ကန့်ကွက်ကြ ပါရန် နှိုးဆော် တိုက်တွန်းအပ်ပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့်လည်း ပဋိပက္ခတို့၏ အရင်းအမြစ်များဖြစ်ကြသော ထိုမုန်းတီးရေးတရားများ၊ ဦးဆောင်ဟောပြောသူများနှင့် လက်ဆင့်ကမ်းဖြန့်ချီသူများအားလုံးတို့ကို ဥပဒေအရထိထိရောက်ရောက် တားဆီးအရေးယူပေးပါရန် တိုက်တွန်းအပ်ပါသည်။

    ၈။ လားရှိုးမြို့နေပြည်သူများ အနေဖြင့်လည်း နှစ်ပေါင်းများစွာ ဘိုးစဉ် ဘောင်ဆက် အချင်းချင်း ချစ်ကြည် ရင်းနှီးစွာဖြင့် အတူယှဉ်တွဲနေထိုင်လာကြသည့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကြပါရန် တိုက်တွန်း မေတ္တာရပ်ခံအပ်ပါသည်။

    ၉။ ပဋိပက္ခဖြစ်ပွားစဉ်အတွင်း ဒုက္ခရောက်သူများကို စာနာနားလည်စွာဖြင့် အကူအညီပေးခဲ့သော သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ရဟန်းရှင်လူ ပြည်သူများကိုလည်း လှိုက်လှိုက်လှဲလှဲကျေးဇူးတင် ရှိပါသည်။

    ၁၀။ ဒီမိုကရေစီနိုင်ငံတော်သစ်ဖော်ဆောင်ရေးတွင် လူမျိုးဘာသာမခွဲခြားပဲ ပြည်သူတစ်ရပ်လုံး ညီညီညွတ်ညွတ်နှင့် ငြိမ်းချမ်းစွာလက်တွဲဖော်ဆောင်ကြပါရန် လေးနက်စွာ တိုက်တွန်းနှိုးဆော် အပ်ပါသည်။

    UFP statement copy

  • လားရှိုးအကြမ်းဖက်မှု SNLD သဘောထား ကြေညာချက်ထုတ်ပြန်

    မေ-၃၀၊၂၀၁၃
    M-Media

    သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် တွင်ဖြစ်ပွါးနေသော ဘာသာရေးပဋိပက္ခနှင့်ပတ်သက်၍ သျှမ်း တိုင်းရင်းသား များအားလုံး ဤပဋိပက္ခတွင်ပါဝင်ခြင်းမပြုရန် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် လားရှိုးမြို့က ကြေငြာ ချက်ထုတ်ပြန်လိုက်ပါသည်။

    မေလ ၃၀ ရက် ၂၀၁၃ ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ကြေငြာချက်တွင် အချက် ၃ ချက်ပါဝင်ပါသည်။

    SNLD

  • ပဋိပက္ခကြိုတင်ကာကွယ် တားဆီးရေးကော်မတီ(မန်း)မှ လားရှိုးမြို့က အကြမ်းဖက်ခံရသည့် ဒုက္ခသည်များကို သွားရောက်အားပေး

    မေ-၃၀၊၂၀၁၃
    M-Media
    ဗေဒါလမ်း

    ပဋိပက္ခကြိုတင်ကာကွယ်တားဆီးရေးကော်မတီ (မန္တလေး)မှ ဦးဆောင် ဆရာတော်များ ဖြစ်ကြသော အာရှ အလင်းရောင် ဆရာတော် ဘဒ္ဒန္တစိန္တိတ၊ ဂဠုန်နီ ဆရာတော် ဦးကာဝိယ၊ဘုရားကြီး အလယ်တိုက်ကြီးမှ ဆရာတော် ဦးခေမာစာရ တို့ ဦးဆောင်သော အဖွဲ့ဝင်များ လားရှိုးမြို့ရှိ အကြမ်းဖက်သမားများ အန္တရာယ်မှ ရှောင်တိမ်းလာကြသော ဒုက္ခသည်များအား သွားရောက် လှုဒါန်းပြီး အားပေးစကားများ ပြောကြားခဲ့ကြပါသည်။

    ပဋိပက္ခကြိုတင်ကာကွယ်တားဆီးရေးကော်မတီ (မန္တလေး)သည် ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီမှ ခေါင်းဆောင်များနှင့် အလွှာအသီးအသီးမှ မန္တလေးမြို့ခံ လူကြီးများဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါသည်။

    1 2

  • ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက် စာနယ်ဇင်း ကျင့်ဝတ်နှင့် ဆန်ကျင်နေ

    မေ-၃၀၊၂၀၁၃
    M-Media
    မောင်ပုည
    30052013
    ပြည်ထဲရေးဝန်ကြိးဌာ လက်ခံ မြန်မာနိုင်ငံရဲတပ်ဖွဲ၏ တရားဝင် သတင်းထုတ်ပြန်ရေး Facebook စာမျက်နှာ တခုဖြစ်သော ရန်ကုန်တိုင်း ရဲတပ်ဖွဲ့FB စာမျက်နှာတွင် ဖော်ပြသော မူခင်းဆိုင်ရာ သတင်းများမှာ လူမျိုး၊ဘာသာခွဲခြားပြီးဖော်ပြထားတာကို တွေ့ရှိပါသည်။

    မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် ဧပြီလ ၁၇ ရက်နေ့၌ ကျင်းပခဲ့ သည့် သတင်းစာဆရာများအသင်းညီလာခံတွင် စာနယ်ဇင်း ကျင့်ဝတ် ၁၁ ချက်ကို ချမှတ်ခဲ့ပါသည်။ ထိုကျင့်ဝတ်များမှ အမှတ်စဉ် ၈ တွင်

    စာနယ်ဇင်းများသည် တမင်ကြံရွယ် တွက်ဆလျက် ဘာသာရေး၊ လူမျိုးရေးမုန်းတီးမှုများကို လှုံ့ဆော်ခြင်းမပြုရ။ ဇာတိကို သော်၎င်း၊ ကိုးကွယ်ရာဘာသာကို၎င်း အကြောင်းပြု၍ မတရား ဝေဖန်ရေးသားခြင်းမပြုရ ဆိုပြီး ပါရှိပါသည်။

    ယခု အချိန်အခါတွင် လူမျိုးရေး၊ ဘာသာရေးကိုအကြောင်းပြုပြီး အဓိကရုဏ်း အကြမ်းဖက်မှုများ နိုင်ငံအနှံဖြစ်ပေါ်နေချိန်တွင် တရားဥပဒေစိုးမိုးရေး အတွက်ဆောင်ရွက်ရမည့် အုပ်ချူပ်ရေးအဖွဲ့အစည်းတခုဖြစ်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲရဲ့ သတင်းထုတ်ပြန်ချက်မှာ ငြိမ်းချမ်းစွာနေထိုင်လိုသော ပြည်သူများအကြားတွင် မေးခွန်းထုတ်စရာ ဖြစ်နေပေသည်။

  • မေ-၃၀၊၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    မေ-၃၀၊၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    မေ-၃၀၊၂၀၁၃
    M-Media

     

    အမေရိကန် မောင်းသူမဲ့ လေယာဉ် တိုက်ခိုက်မှုတွင် တာလီဘန် ဒုတိယခေါင်းဆောင် သေဆုံး- Pakistan (Reuters)

    ဗုဒ္ဓဟူးနေ့က ပါကစ္စတန် ရှိ တာလီဘန်များကို အမေရိကန် မောင်းသူမဲ့ လေယာဉ် ဖြင့်တိုက်ခိုက်ရာ တာလီဘန် ဒုတိယခေါင်းဆောင် အပါအဝင် ခုနှစ်ဦး သေဆုံးခဲ့သည်။
    http://news.yahoo.com/u-launches-first-drone-strike-pakistan-since-election-043111568.html

    တောင်တရုတ်ပင်လယ်ရှိ ဖီလစ်ပိုင် တရုတ် ပိုင်နက် အငြင်ပွားမှု ဆိုးရွားလာဖွယ်ရှိ – MANILA (Reuters)

    ဖီလစ်ပိုင် ၏ ပိုင်နက်အမှတ်အသားအဖြစ် ထားရှိသော သင်္ဘောပျက် အနီးသို့ တရုတ်စစ်သင်္ဘော သုံးစီး လှည့်ပတ်ခဲ့မှု ကြောင့် ဖီလစ်ပိုင် ဘက်မှ စိုးရိမ်မှုများ ရှိလာခဲ့သည်။
    http://news.yahoo.com/south-china-sea-tension-mounts-near-filipino-shipwreck-034554357.html

    ဟဇ်ဘိုလာ သူပုန်များကို ဆီးရီးယားမှာ ထွက်ခွာရန် အမေရိကန် ပြောဆို – WASHINGTON (Reuters)

    လက်ဘနွန်မှ ဟဇ်ဘိုလာ သူပုန်များသည် ဆီးရီးယား အစိုးရ စစ်တပ်ဘက်မှ ပါဝင်တိုက်ခိုက်နေခြင်းကြောင့် စစ်ပွဲကို ပိုမို ဆိုးရွားစေသဖြင့် ဆီးရီးယား နိုင်ငံတွင်းမှ ထွက်ခွာသွားရန် အမေရိကန် အစိုးရက ပြောဆိုလိုက်သည်။
    http://news.yahoo.com/u-calls-hezbollah-pull-fighters-syria-172912476.html

    အာဖဂန်အရပ်သား ၁၆ဦးကို ပစ်ခတ်ခဲ့သော စစ်သားကို အယူခံဝင်မည်

    အာဖဂန်နိုင်ငံ ကန်ဒါဟာမြို့ အနီး ရွာနှစ်ရွာကို ဝင်ရောက် ပစ်ခတ်ခဲ့သော အမေရိကန်စစ်သားသည် သေဒါဏ်မှလျှော့ပေါ့ရန် အယူခံဝင်မည်ဟုဆိုသည်။
    http://www.bbc.co.uk/news/world-us-canada-22712004

    သတင်းထောက်သည် စစ်တပ် ကျည်ဆံကြောင့် သေဆုံးခဲ့ဟု ထိုင်းနိုင်ငံ တရားရုံး ကဆို

    ၂၀၁၀ မေလ ၁၉ ရက်က ရှပ်နီဆန္ဒပြပွဲများတွက် ကျည်ဆံထိမှန်သေဆုံးခဲ့သော အီတလီသတင်းထောက် Mr Polenghi သည် စစ်တပ်ဘက်မှ ပစ်ခတ်လိုက်သော ကျည်ဆံထိမှန်ခဲ့သည်ဟု ထိုင်းနိုင်ငံ တရားရုံး ကဆိုသည်။
    http://www.bbc.co.uk/news/world-asia-22699447