News @ M-Media

Author: Ko Lay

  • အင်္ဂလန်အသင်းမှာ ကျွန်တော်အစွမ်းမပြရသေးပါဘူး

    အင်္ဂလန်အသင်းမှာ ကျွန်တော်အစွမ်းမပြရသေးပါဘူး

    “ကမ္ဘာ့အဆင့်ကစားသမားတစ်ယောက် ဖြစ်ဖို့ဆိုရင် ပွဲကြီးတွေ၊ ဖိုင်နယ်ပွဲတွေမှာ ဂိုးသွင်းဖို့ လိုပါတယ်။ ဒီလိုဂိုးသွင်းနိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်သိတယ်။ သွင်းနိုင်ဖို့လည်း မျှော်လင့်ပါတယ်။ အင်္ဂလန်အသင်းမှာ ကျွန်တော့ရဲ့ အကောင်းဆုံးပုံစံကို မြင်ရပြီလားလို့မေးရင် မမြင်ရသေးဘူးလို့ပဲ ဖြေပါရစေ။ အသင်းဖော်တွေအကြောင်း သိပ်မသိသေးတဲ့ အသင်းတစ်သင်းကို ရောက်လာရတာ သိပ်တော့မလွယ်ပါဘူး”

    (ဖိုဒန် – မန်စီးတီးနှင့် အင်္ဂလန်ကွင်းလယ်လူ)

  • မလေးရှားရွေးကောက်ပွဲတွင် အတိုက်အခံများ အောင်ပွဲခံ

    မလေးရှားရွေးကောက်ပွဲတွင် အတိုက်အခံများ အောင်ပွဲခံ

    နို၀င်ဘာ ၂၀၊ ၂၀၂၂
    M-Media

    (ဓာတ်ပုံ – ၀န်ကြီးချုပ်ဟောင်း မုဟ်ယစ်ဒင် ယာစင်(၀ဲ) နှင့် အတိုက်အခံခေါင်းဆောင် အန်၀ါရ် အီဗရာဟင်)

    -မနေ့ကပြုလုပ်တဲ့ မလေးရှား အထွေထွေရွေးကောက်ပွဲမှာ အာဏာရ ညွန့်ပေါင်းပါတီ BN ဟာ အမတ်နေရာအများအပြားဆုံးရှုံးခဲ့ပါတယ်။

    တနင်္ဂနွေနေ့ မနက်ပိုင်း မဲရေတွက်မှုအရ နာမည်ကြီး အတိုက်အခံနိုင်ငံရေးသမား အန်၀ါရ် အီဗရာဟင်ရဲ့ PH ပါတီက အမတ်နေရာ ၈၂ နေရာ နိုင်ရထားပြီး၊ ၀န်ကြီးချုပ်ဟောင်း မုဟ်ယစ်ဒင် ယာစင်ရဲ့ PN ပါတီက ၇၃ နေရာ အနိုင်ရထားပါတယ်။

    အာဏာရ BN ကတော့ နေရာ ၃၀ သာ အနိုင်ရထားပါတယ်။ BN ဟာ အရင်က သူတို့ရဲ့ အဓိက မဲဆန္ဒနယ်တွေမှာပါ အမတ်နေရာအများအပြား ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

    BN ပါတီအကြီးအကဲ အဟ်မဒ် ဇာဟစ် ဟာမီဒီရဲ့ ဒီကနေ့မနက်ပိုင်း ထုတ်ပြန်ချက်မှာ ရွေးကောက်ပွဲရလဒ်ကို လက်ခံမှာဖြစ်ပြီး၊ လူထုက သူ့တို့ပါတီအပေါ် ထားရှိတဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း မြင်ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ရှုံးနိမ့်မှုကို တရား၀င် လက်ခံခြင်း မရှိသေးပါဘူး။

    လွှတ်တော်မှာ အမတ် ၁၁၂ နေရာ အနိုင်ရတဲ့ပါတီဟာ အစိုးရဖွဲ့ခွင့်ရှိမှာဖြစ်ပြီး လက်ရှိမှာ ဘယ်နိုင်ငံရေးပါတီမှ တစ်ဖွဲ့တည်း အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်မရပါဘူး။

    ဒီကနေ့မနက်ပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ PH ပါတီ အကြီးအကဲ အန်၀ါရ် အီဗရာဟင်က အခြားအနိုင်ရပါတီတွေနဲ့ မဟာမိတ်ဖွဲ့ထားတဲ့အတွက် အစိုးရဖွဲ့နိုင်တဲ့ အမတ်နေရာ ပြည့်မီသွားပြီး မကြာခင်အစိုးရအဖွဲ့စာရင်းကို ဘုရင်ထံ တင်ပြသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    BN ညွန့်ပေါင်းအဖွဲ့ကို ခြစားမှုနဲ့ တရားစွဲဆို ထောင်ချခံထားရတဲ့ ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ UMNO ပါတီက ဦးဆောင်တာဖြစ်ပြီး နာဂျစ်အစိုးရလက်ထက် လုပ်ရပ်တွေကြောင့် မလေးရှားလူထုဟာ UMNO နဲ့ BN အပေါ် ယုံကြည်မှု ကျဆင်းနေတာ ဖြစ်ပါတယ်။

    ၂၀၁၈ ရွေးကောက်ပွဲမှာ အတိုက်အခံနိုင်ငံရေးသမားတွေကို ဦးဆောင်ပြီး တစ်ကျော့ပြန် အနိုင်ရခဲ့တဲ့ သက်တော်ရှည်၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဟာ သူ့ရဲ့ အောင်မြေဖြစ်တဲ့ လန်ကာ၀ီမဲဆန္ဒနယ်မှာ မဲရှုံးခဲ့ပါတယ်။

    Ref: CNA

  • ရွန်းနီ၏ ဂိုးသွင်းစံချိန်ကို ဟာရီကိန်း ချိုးမည်

    ရွန်းနီ၏ ဂိုးသွင်းစံချိန်ကို ဟာရီကိန်း ချိုးမည်

    ဟာရီကိန်းဟာ ရပ်တန့်လို့မရတဲ့ တိုက်စစ်မှူးပါ။ ပုံစံမျိုးစုံနဲ့ ဂိုးသွင်းနိုင်တယ်။ အခု ဂိုးသွင်းနှုန်းကို ထိန်းထားနိုင်မယ်ဆိုရင်၊ နိုင်ငံပွဲတွေမှာ စုစုပေါင်း ဂိုး ၈၀ လောက် သွင်းနိုင်မှာပါ။ အင်္ဂလန်အတွက် အနည်းဆုံး တစ်နှစ် ၆ ဂိုးလောက်တော့ သူသွင်းနိုင်ပါတယ်။ အသင်းငယ်တွေနဲ့တွေ့ရင် တစ်ပွဲ ၃၊ ၄ ဂိုးလောက် သွင်းဖို့လိုတယ်။ ဒါဆိုရင် (ရွန်းနီရဲ့) စံချိန်ကို ကောင်းကောင်းချိုးနိုင်ပါတယ်။

    (ဟက်စကီး – အင်္ဂလန်တိုက်စစ်မှူးဟောင်း)

  • ကျားလားနွားလား ပြရမယ့်အချိန်ပါ

    ကျားလားနွားလား ပြရမယ့်အချိန်ပါ

    “(အရှုံးအတွက်) ဆင်ခြေပေးလို့ မရပါဘူး။ အသင်းသားတိုင်းအတွက် ထိုးနှက်မှုကြီးပါ။ အဖွင့်ပွဲမှာ ဒီလိုကြုံရလိမ့်မယ်လို့ မထင်ထားပါဘူး။ ပိုပြီး စည်းစည်းလုံးလုံးနဲ့ ကျွန်တော်တို့သွားမယ်။ အသင်းက တောင့်တင်းတယ်ဆိုတာ လူတိုင်းသိပါတယ်။ အခုအရှုံးက ရေရှည်သယ်သွားလို့ကောင်းတဲ့အရာမဟုတ်ဘူး။ အုပ်စုမှာ ကျွန်တော်တို့ဟာ ကျားလား၊ နွားလားဆိုတာ ပြရမယ့်အချိန်ပါ”

    (မက်ဆီ – အာဂျင်တီးနား တိုက်စစ်မှူး)

  • မလေးရှားမှ နာမည်ကြီး အတိုက်အခံခေါင်းဆောင် ၀န်ကြီးချုပ်တာ၀န်ယူမည်

    မလေးရှားမှ နာမည်ကြီး အတိုက်အခံခေါင်းဆောင် ၀န်ကြီးချုပ်တာ၀န်ယူမည်

    နို၀င်ဘာ ၂၄၊ ၂၀၂၂
    M-Media

    -အတိုက်အခံခေါင်းဆောင် အန်၀ါရ် အီဗရာဟင်ဟာ တိုင်းပြည်ရဲ့ ၁၀ ယောက်မြောက် ၀န်ကြီးချုပ်သစ် ဖြစ်လာမယ်လို့ မလေးရှား ဘုရင့်နန်းတော်က ဒီကနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

    အန်၀ါရ်ရဲ့ PH ပါတီဟာ ပြီးခဲ့တဲ့တစ်ပတ် ရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံး အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် တစ်ပါတီတည်း အစိုးရဖွဲ့နိုင်ရေး လိုအပ်တဲ့ အမတ်နေရာမရပါဘူး။

    ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရေး အနိုင်ရပါတီတွေအကြား ညှိနှိုင်းမှု အဆင်မပြေတဲ့အတွက် ဘုရင်က ကြား၀င်စေ့စပ်ပေးခဲ့ရပြီး ဒီကနေ့မှာ နောက်ဆုံး ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

    အန်၀ါရ် အီဘရာဟင်ဟာ အတိုက်အခံခေါင်းဆောင် ဘ၀နဲ့ နှစ်ပေါင်း ၃၀ လောက် မလေးရှားနိုင်ငံရေးမှာ ကျင်လည်ခဲ့ပြီးတဲ့နောက် ၀န်ကြီးချုပ် ဖြစ်လာတာဖြစ်ပါတယ်။

    မလေးရှား ဘုရင့်နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ပြည်သူတွေအနေနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ အစိုးရသစ်ကို ကြိုဆိုဖို့ တိုက်တွန်းထားပါတယ်။

    Ref: CNA