News @ M-Media

Author: Ko Lay

  • ကျွန်တော်ဟာ လမ်းပေါ်ကလာသူတစ်ယောက်ပါ

    ကျွန်တော်ဟာ လမ်းပေါ်ကလာသူတစ်ယောက်ပါ


    “ကျွန်တော်ဟာ လမ်းပေါ်မှာ တစ်ခြားကလေးတွေနဲ့အတူ ကြီးပြင်းလာသူပါ။ သူတို့မှာ ကျွန်တော့်လိုမျိုး ဖြစ်ချင်တဲ့အိပ်မက်တွေရှိတယ်။ ဘောလုံးကို ကျွန်တော့်အတွက်၊ ကျွန်တော့်မိသားစုအတွက် ကစားသလို မန်မာတင်(ပီရီယဲရာ၏ မွေးရပ်ရွာ)က ကျွန်တော်နဲ့အတူ လမ်းပေါ်မှာ ကစားခဲ့သူတွေအတွက်လည်း ရည်ရွယ်ပါတယ်။ ကျွန်တော်ဟာ သူတို့ကို ကိုယ်စားပြုသူအဖြစ် သူတို့မြင်နေကြတာပါ။ ကမ္ဘာ့ဖလား ပွဲဦးထွက်ကို ဒီလိုစိတ်သွင်းပြီး ကျွန်တော်ကစားမယ်။ ကျွန်တော့်လိုဖြစ်ချင်တဲ့သူတွေ ထောင်နဲ့ချီ ကျွန်တော့်နောက်မှာရှိနေတယ်။ ဒီအချက်က ကျွန်တော့်ကို အားတက်စေပါတယ်”

    (ဒန်နီလို ပီရီယဲရာ – အသက် ၃၁ နှစ်အရွယ် ပီအက်စ်ဂျီနှင့် ပေါ်တူဂီနောက်ခံလူ)

  • နျူလက်နက်သုံးလျှင် နောက်ဆက်တွဲမကောင်းနိုင်ဟု ရုရှားကို ကန်သတိပေး

    နျူလက်နက်သုံးလျှင် နောက်ဆက်တွဲမကောင်းနိုင်ဟု ရုရှားကို ကန်သတိပေး

    နို၀င်ဘာ ၁၅၊ ၂၀၂၂

    M-Media 


    -လက်ရှိ ယူကရိန်းကျူးကျော်စစ်မှာ နျူလက်နက်သုံးမယ်ဆိုရင် နောက်ဆက်တွဲအခြေအနေ ကောင်းလာမှာမဟုတ်ဘူးလို့ ရုရှားကို အမေရိကန်က သတိပေးလိုက်ပါတယ်။

    ရုရှားထောက်လှမ်းရေးအကြီးအကဲ ဆာဂျီ နာရက်ရှ်ကင်နဲ့ အမေရိကန် ထောက်လှမ်းရေးအကြီးအကဲ ၀ီလီယံဘန်းစ်တို့ မနေ့က တူရကီနိုင်ငံ အန်ကာရာမြို့မှာ တွေ့ဆုံခဲ့ကြတာပါ။ 

    အိမ်ဖြူတော်ရဲ့ ထုတ်ပြတ်ချက်မှာ အကြီးအကဲနှစ်ယောက်ဟာ နျူလက်နက်သုံးရင် ဖြစ်လာမယ့်နောက်ဆက်တွဲကိစ္စအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။ 

    အမည်မဖော်လိုတဲ့ အမေရိကန်အစိုးရ တာ၀န်ရှိသူတစ်ဦးက ဆွေးနွေးမှုဟာ ယူကရိန်းစစ်ပွဲ ပြေလည်ဖို့ ညှိနှိုင်းတာမျိုး လုံး၀မဟုတ်ဘူးလို့ ပြောပါတယ်။ 

    ရုရှားက နျူလက်နက်သုံးနိုင်ခြေနဲ့ပတ်သက်ပြီး အမေရိကန်က အခုသီတင်းပတ်တွေအတွင်း တောက်လျှောက် သတိပေးလာတာဖြစ်ပါတယ်။ 

    မနေ့က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ ၃ နာရီကျော် တွေ့ဆုံမှုမှာလည်း ယူကရိန်းစစ်ပွဲကနေ နျူလက်နက်ပြဿနာ ဖြစ်မလာရေး လုပ်ဆောင်ဖို့ သဘောတူခဲ့ကြပါတယ်။

    Ref: Aljazeera 

  • မြန်မာပြည်သူများကို ပိုမိုကူညီနိုင်ရေး မလေးရှားကြိုးပမ်းနေ

    မြန်မာပြည်သူများကို ပိုမိုကူညီနိုင်ရေး မလေးရှားကြိုးပမ်းနေ

    နို၀င်ဘာ ၁၅၊ ၂၀၂၂

    M-Media 


    -အတိဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေကို ပိုမိုကူညီနိုင်ရေး အလှူရှင်တွေကို NGO အဖွဲ့အစည်းအတွေနဲ့ ချိတ်ဆက်ပေးနိုင်မယ့် ဖိုရမ်တစ်ခု ကျင်းပဖို့ မလေးရှားက စီစဥ်နေပါတယ်။ 

    ဖိုရမ်ကျင်းပဖို့ NUG က အဆိုပြုတာ ဖြစ်ပါတယ်။ မလေးရှား နိုင်ငံခြားရေး၀န်ကြီး ဆိုက်ဖူဒင် အဘ်ဒူလာက မြန်မာနယ်စပ်တစ်လျှောက် NGO အဖွဲ့တွေက ကူညီနေတာမျိုး ရှိတဲ့အတွက် ဒီလိုဖိုရမ်မျိုး လိုအပ်တယ်လို့ ပြောပါတယ်။ 

    ဖိုရမ်ကျင်းပမှုမှာ ကုလသမဂ္ဂ ပါ၀င်လာရေး မလေးရှားက တောင်းဆိုထားပါတယ်။ 

    “NGO တွေက စစ်ကောင်စီနဲ့ မပူးပေါင်းချင်သလို နိုင်ငံတကာ အလှူရှင်တွေကလည်း စစ်ကောင်စီကို ပိုက်ဆံမပေးချင်ကြဘူး။ ဒါ့ကြောင့် NGO တွေ ကောင်းကောင်း အလုပ်လုပ်နိုင်ရေး၊ ထောက်ပံ့ငွေတွေကို ပွင့်လင်းမြင်သာမှုရှိရှိ ပေးနိုင်ရေး ဖိုရမ်တစ်ခုလုပ်ဖို့ NUG က အဆိုပြုတာပါ” လို့ ကုလအတွင်ရေးမှူးချုပ် ဂူတာရက်စ်နဲ့ မနေ့ကဖုန်းပြောအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆိုက်ဖူဒင်က ပြောပါတယ်။ 

    ဖိုရမ်မှာ ကုလအတွင်းရေးမှူးနဲ့ အာဆီယံ အထူးကိုယ်စားလှယ်တို့ ပါ၀င်လာရေး လှုံ့ဆော်ပေးမယ််လို့လည်း သူက ဆိုပါ။ 

    မြန်မာအာဏာသိမ်းစစ်ကောင်စီက အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်မဖော်တဲ့အတွက် စိတ်ပျက်ကြောင်း၊ မလေးရှားရဲ့ ရည်ရွယ်ချက်ဟာ သက်ဆိုင်သူတွေအားလုံး ပါ၀င်တဲ့ အသွင်ပြောင်းလှုပ်ရှားမှုတစ်ရပ် ပေါ်ပေါက်ကာ နောက်ဆုံးမှာ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းနိုင်ရေးဖြစ်ကြောင်း ဆိုက်ဖူဒင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref: The Star

  • ဂျိုးဘိုင်ဒန်နဲ့ ရှီကျင့်ဖျင် နှစ်ကိုယ်ကြားတွေ့ဆုံမှု ဘာတွေ ဆွေးနွေးခဲ့ကြသလဲ

    ဂျိုးဘိုင်ဒန်နဲ့ ရှီကျင့်ဖျင် နှစ်ကိုယ်ကြားတွေ့ဆုံမှု ဘာတွေ ဆွေးနွေးခဲ့ကြသလဲ

    နို၀င်ဘာ ၁၄၊ ၂၀၂၂

    M-Media


    -G20 ထိပ်သီးအစည်းအ၀ေးအတွက် အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့  တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ ဒီကနေ့မှာ ၃ နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

    ထိုင်၀မ်အရေး သတိပေး 

    ———————

    သမ္မတရှီက ထိုင်၀မ်ကိစ္စမှာ ၀ေး၀ေးနေဖို့ ဘိုင်ဒန်ကို သတိပေးခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာတွေက ဖော်ပြပါတယ်။ 

    တရုတ်က ထိုင်၀မ်ဟာ သူတို့ပိုင်နက်ဖြစ်ပြီး လိုအပ်ရင် စစ်အင်အားသုံး သိမ်းယူမယ်လို့ ပြောထားတာပါ။ အမေရိကန်က ထိုင်၀မ်ရဲ့ သီးခြားရပ်တည်နေမှုကို အသိအမှတ်ပြုပြီး ကျူးကျော်သူရှိလာရင် ကာကွယ်ပေးမယ်လို့ ပြောကြားထားပါတယ်။ 

    ဒီကနေ့ ဆွေးနွေးမှုမှာ ဘိုင်ဒန်က တရုတ်တစ်နိုင်ငံတည်းမူ၀ါဒကို ထောက်ခံတယ်လို့ ပြောကြားခဲ့ပါတယ်။ ထိုင်၀မ်ကိစ္စမှာ အတင်းအကြပ် လုပ်ဆောင်တာမျိုး မလုပ်ဖို့ကိုတော့ ရှီကို ဘိုင်ဒန်က သတိပေးခဲ့ပါတယ်။ 

    နျူစစ်ပွဲ မဖြစ်စေရ

    ————–

    ရုရှားက ယူကရိန်းအပေါ် ကျူးကျော်တိုက်ခိုက်မှုအကြောင်းကို ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့ကြပြီး ဒီပြဿနာကနေ နျူကလီးယားစစ်ပွဲမဖြစ်အောင် ဆောင်ရွက်ဖို့ သဘောတူခဲ့ကြပါတယ်။ 

    အပြင်းအထန်ပြိုင်မယ်

    ————–

    ရှီနဲ့ တွေ့ဆုံမှုမှာ ပွင့်ပွင်းလင်းလင်းနဲ့ ရိုးရိုးသားသား ပြောဆိုဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတဘိုင်ဒန်က ပြောပါတယ်။

    တရုတ်နဲ့ ပြင်းပြင်းထန်ထန် ဆက်လက်ယှဥ်ပြိုင်သွားမှာဖြစ်ပြီး ဒီပြိုင်ဆိုင်မှုက ပဋိပက္ခအသွင်အထိ ဦးတည်သွားအောင် လုပ်ဆောင်မှာမဟုတ်ဘူးလို့ ဘိုင်ဒန်က ရှီကို ပြောကြားခဲ့ပါတယ်။

    မြောက်ကိုရီးယား

    —————-

    မြောက်ကိုရီးယားက နျူလက်နက်စမ်းသပ်ဖို့ရှိတယ်ဆိုတဲ့သတင်း ထွက်နေတာကြောင့် နိုင်အောင်ထိန်းနိုင်မလားဆိုပြီး ဂျိုးဘိုင်ဒန်က ရှီကျင့်ဖျင်ကို မေးခဲ့ပါတယ်။ 

    တရုတ်ဟာ မြောက်ကိုရီးယားကို ဟန့်တားဖို့ တာ၀န်ရှိပြီး၊ ထိန်းနိုင်မယ်လို့တော့မထင်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ဘိုင်ဒန်က မှတ်ချက်ပေးပါတယ်။ 

    မြောက်ကိုရီးယားဖက်က နျူစမ်းသပ်မှုလုပ်လာရင် ကာကွယ်ရေးဆိုင်ရာ အစီအစဥ်တွေ ပြုလုပ်သွားမှာဖြစ်ကြောင်း ဒါဟာ တရုတ်ကို တိုက်ရိုက် ရည်ညွှန်းတာမျိုးမဟုတ်ကြောင်း ဘိုင်ဒန်က ဆိုပါတယ်။

    ညှိနှိုင်းလိုစိတ်ရှိ

    ————–

    ရှီကျင့်ဖျင်ဟာ ပွင့်ပွင်းလင်းလင်း ပြတ်ပြတ်သားသား ပြောဆိုတတ်သူဖြစ်တာကို တွေ့ရတယ်လို့ ဘိုင်ဒန်က ဆိုပါတယ်။ 

    ထိပ်တိုက်တွေ့ဆုံရေးထက် ညှိနှိုင်းဆွေးနွေးရေးကို ရှီက ပိုမိုလိုလားတယ်လို့မြင်ကြောင်းလည်း ဘိုင်ဒန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    တရုတ်နဲ့ စစ်အေးတိုက်ပွဲမျိုး ဖြစ်မယ်လို့မထင်ကြောင်း၊ တရုတ်ဟာ ထိုင်၀မ်ကို လတ်တလော ကျူးကျော်မယ့်ပုံစံမျိုး မရှိသေးကြောင်း ဘိုင်ဒန်က ပြောပါတယ်။

    Ref: BBC

  • ရော်နယ်ဒိုအတွက် ကျွန်တော်တို့ ကစားပေးရတာပါ

    ရော်နယ်ဒိုအတွက် ကျွန်တော်တို့ ကစားပေးရတာပါ


    “ရော်နယ်ဒိုလို ကစားသမားမျိုး ရှိမယ်ဆိုရင် တစ်ခါတစ်လေမှာ သူ့အတွက် ကစားပေးရတာ ဓမ္မတာပါပဲ။ နောက်ဆုံးမိနစ်မှာတောင်မှ သူက ပွဲကို အနိုင်ပြောင်းပေးနိုင်တာကြောင့်ပါ။ အခြားအသင်းတွေမှာလည်း ဒီလိုပါပဲ။ ဥပမာ ပြင်သစ်မှာဆိုရင် အမ်ဘက်ပေပါ။ သူဟာ ပွဲကို အချိန်မရွေး ပြောင်းလဲပေးနိုင်တယ်။ ဘရာဇီးမှာဆိုရင် နေမာ၊ အာဂျင်တီးနားမှာဆိုရင် မက်ဆီပါ။ ဒီလိုကစားသမားမျိုးတွေ ရှိနေတဲ့အခါ သူတို့အားကို ယူရပါတယ်။ သူတို့ပေါ် အလွန်အမင်း မှီခိုရင် အသင်းလိုက်ကစားပုံ ပျက်တတ်တာကို ကျွန်တော်လက်ခံပါတယ်။ အမှန်ပြောရရင် ကျွန်တော်တို့အသင်းမှာ ရစ္စတီယာနို ရှိနေတာဟာ အင်အားပြင်းတဲ့ လက်နက်တစ်ခု ရှိနေတာပါ”

    (ဘာနာဒို ဆေးလ်ဗား – ပေါ်တူဂီနှင့် မန်စီးတီးကွင်းလယ်လူ)