News @ M-Media
Author: Ko Lay
  • အာရှစွဲဆောင်မှုအရှိဆုံး အမျိုးသားစာရင်းမှာ ပါဝင်လာတဲ့ ပါကစ္စတန်က အဖျော်ဆရာ
    အာရှစွဲဆောင်မှုအရှိဆုံး အမျိုးသားစာရင်းမှာ ပါဝင်လာတဲ့ ပါကစ္စတန်က အဖျော်ဆရာ
    ဒီဇင်ဘာ ၁၇၊ ၂၀၁၆
    M-Media
    khan-3
    – ပြာလဲတဲ့မျက်လုံး ခန့်ထည်တဲ့ ရုပ်ဆင်းသွင်ပြင်ကြောင့် လက်ဖက်ရည်ဖျော်သမား ဘ၀ကနေ အင်တာနက်မင်းသား ဖြစ်လာပြီး လှပြိုဖြူတွေရဲ့ အသည်းစွဲဖြစ်ခဲ့တဲ့ ပါကစ္စတန်က အာရ်ရှဒ်ခန်းတစ်ယောက် အခုအချိန်မှာတော့ ၂၀၁၆ ခုနှစ် အာရှရဲ့ ဆွဲဆောင်မှုအရှိဆုံး အမျိုးသား (Sexiest Asian Men of 2016) အယောက် ၅၀ စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။
    ဒီအဖျော်ဆရာလေးရဲ့ ဘ၀အလှည့်အပြောင်းဟာ ပါကစ္စတန် ဓာတ်ပုံဆရာ ဂျီအာဟ် အလီက လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ဖျော်နေတဲ့ သူ့ရဲ့ ဓာတ်ပုံကို အခုနှစ်အတွင်း ရိုက်ကူးကာ အင်တာနက်စာမျက်နှာမှာ လွှင့်တင်ပြီးနောက်ပိုင်း ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
    အခုအချိန်မှာတော့ ခန်းဟာ ဘောလီးဝုဒ်က နာမည်ကျော်မင်းသားတွေနဲ့အတူ အာရှရဲ့ စွဲဆောင်မှုအရှိဆုံး အမျိုးသား ၅၀ စာရင်းမှာ ပါဝင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
    khan-1
    လက်ဖက်ရည်အဖျော်ဆရာဘ၀ အင်တာနက်တွင် ပေါက်ခဲ့သည့် အာရ်ရှဒ်ခန်း၏ပုံ
    ခန်းက အဆင့် ၃၁ စွဲခဲ့တဲ့ အဲဒီစာရင်းကို One Direction အဖွဲ့ဝင်ဟောင်း ပါကစ္စတန်နွယ်ဖွား ဇေယန်မာလစ်က ဦးဆောင်နေပါတယ်။ ဘောလီးဝုဒ်မင်းသားတွေဖြစ်တဲ့ ဟရီသစ် ရိုရှန်းနဲ့ ဖါဝဒ် အဖ်ဇဲလ်ခန်း တို့ကတော့ ဒုတိယနဲ့ တတိယနေရာမှာ အသီးသီး ရှိနေကြပါတယ်။
    ဒါပေမယ့် ဒီစာရင်းမှာ အပေါက်ဆုံးလူက အဖျော်ဆရာတစ်ဖြစ်လဲ မော်ဒယ် အာရှ်ရှဒ် ခန်း ဖြစ်နေပါတယ်။ အဲဒီစာရင်းကို ဗြိတိန်အခြေစိုက် Eastern Eye အပတ်စဉ်သတင်းစာက ထုတ်ပြန်ခဲ့တာဖြစ်ပြီး အယ်ဒီအဖွဲ့ရဲ့ ဦးစားပေးကလည်း အာရှ်ရှဒ်ခန်း ပါပဲ။
    Ref : Khaleej Times
  • ပါလက်စတိုင်းကျူးကျော်ရေး စိတ်ဓာတ်ရှိသူကို အစ္စရေးသံအမတ်အဖြစ် ထရမ့် အဆိုပြု
    ပါလက်စတိုင်းကျူးကျော်ရေး စိတ်ဓာတ်ရှိသူကို အစ္စရေးသံအမတ်အဖြစ် ထရမ့် အဆိုပြု
    ဒီဇင်ဘာ ၁၇၊ ၂၀၁၆
    M-Media
    david
    အစ္စရေးသံအမတ်အဖြစ် ထရမ့်က အဆိုပြုထားသည့် ဒေးဗစ်ဖရိဒ်မန်း
    – ပါလက်စတိုင်းပိုင်နက်များတွင် တရားမ၀င် ကျူးကျော်အိမ်ယာများ ဆောက်လုပ်ကာ နယ်မြေ ကျူးကျော်သိမ်းပိုက်နေသော အစ္စရေး၏လုပ်ရပ်ကို ထောက်ခံသည့် လက်ယာနိုင်ငံရေးသမားတစ်ဦးကို အစ္စရေးဆိုင်ရာ အမရိကန်သံအမတ်အဖြစ် ဒေါ်နယ်ထရမ့်က အဆိုပြုလိုက်သည်ဟု သိရသည်။
    ဒေးဗစ် ဖရိဒ်မန်းဆိုသူဖြစ်ပြီး သံတမန်အတွေ့အကြုံ လုံးဝမရှိဘဲ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းနှင့် အရှေ့ဂျေရုစလင်တို့တွင် အစ္စရေးက ဂျူးအခြေချအိမ်ယာများ ဆောက်လုပ်မှုကို ထောက်ခံသူလည်းဖြစ်သည်။ အဆိုပါအိမ်ယာများမှာ နိုင်ငံတကာဥပဒေအရ တရားမ၀င်သောကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက ကန့်ကွက်မှုများ ပြုလုပ်ထားသည်။
    အနောက်ဖက်ကမ်းရှိ အစ္စရေး၏ အဆိုပါ တရားမ၀င်အိမ်ယာများတွင် နေထိုင်သူအရေအတွက်မှာ လက်ရှိတွင် ၅ သိန်း ၃ သောင်းကျော် ရှိနေသည်။
    ကြာသာပတေးနေ့တွင် ထရမ့်၏ ထိုကြေငြာချက် ထွက်လာပြီးနောက်ပိုင်း ဖရိဒ်မန်းမှာ ၁၉၆၇ ခုနှစ်ကတည်းက နိုင်ငံတကာအသိုင်းအ၀ိုင်းက ပါလက်စတိုင်းပိုင်နက်အဖြစ် သတ်မှတ်ပေးထားသော အရှေ့ဂျေရုစလင်တွင် အစ္စရေးဆိုင်ရာ အမေရိကန်သံရုံ ပြောင်းရွှေ့အခြေစိုက်ရန် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သောကြောင့် နိုင်ငံတကာက စိုးရိမ်မှုများ မြင့်တက်လာသည်။
    လက်ရှိတွင် အမေရိကန်သံရုံးမှာ တဲလ်အဗီးတွင် ရှိနေသည်။
    ရာမာလာအခြေစိုက် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့မှာ ၎င်းတို့၏ အနာဂတ် ပါလက်စတိုင်းနိုင်ငံတော်ကို အရှေ့ဂျေရုစလင်အပါအ၀င် အနောက်ဖက်ကမ်းတွင် တည်ထောင်ရန် မျှော်လင့်ထားပြီး၊ အစ္စရေးက အရှေ့ဂျေရုစလင်အား ပိုင်ဆိုင်ရန် ကြိုးပမ်းမှုကို ဥရောပနှင့် အာရပ်နိုင်ငံအများစုက ကန့်ကွက်ထားသည်။
    ထရမ့်ကမူ ဖရိဒ်မန်းမှာ အမေရိကန်နှင့် အစ္စရေးအကြား ‘ထူးခြားသော ဆက်ဆံရေးကို ထိန်းသိမ်းထားမည်’ ဟု ပြောကြားခဲ့သည်။ ထရမ့်၏ ထိုအဆိုပြုမှုကို လွှတ်တော်က မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။
    Ref : Aljazeera
  • အမေရိကန်၏ ရေအောက်ဒရုန်းတစ်ခုကို တရုတ်သိမ်းဆည်း
    အမေရိကန်၏ ရေအောက်ဒရုန်းတစ်ခုကို တရုတ်သိမ်းဆည်း
    ဒီဇင်ဘာ ၁၇၊ ၂၀၁၆
    M-Media
    drone
    – တောင်တရုတ်ပင်လယ် နိုင်ငံတကာရေပိုင်နက်ရှိ အမေရိကန်၏ သမုဒ္ဒရာဗေဒ သင်္ဘောမှ စေလွှတ်လိုက်သော ရေအောက် ဒရုန်းတစ်စင်းကို တရုတ်ရေတပ်သင်္ဘောက သိမ်းဆည်းလိုက်သည်ဟု သိရသည်။
    ကြာသာပတေးနေ့က သိမ်းဆည်းလိုက်ခြင်းဖြစ်ပြီး မိမိတို့ကလည်း သံတမန်နည်းလမ်းဖြင့် ထိုလုပ်ရပ်ကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့ကာ အဆိုပါဒရုန်းကိုလည်း ပြန်တောင်းခဲ့သည်ဟု ကန်ကာကွယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    ‘ရေအောက် ဂလိုက်ဒါ’ ဟုခေါ်သည့် အဆိုပါဒရုန်းမှာ ရေအောက်လမ်းကြောင်း ရှာဖွေသတ်မှတ်ရာတွင် အကူအညီဖြစ်စေရန်အတွက် ရေ၏ ဆားပါဝင်မှုနှင့် အပူချိန်တို့ကို တိုင်းတာရန်ဖြစ်ပြီး တောင်တရုတ်ပင်လယ်ရှိ ဆူဘစ်ပင်လယ်အော်မှ ၅၀ မီတာအကွာ နိုင်ငံတကာရေပိုင်နက်တွင် တရုတ်က သိမ်းယူခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
    တရုတ်စစ်တပ်၏ သင်္ဘောမှာ သင်္ဘောငယ်တစ်စင်းကို ရေထဲသို့လွှတ်၍ ကန် သမုဒ္ဒရာဗေဒသင်္ဘော USNS Bowditch က ပြန်လည် ယူဆောင်ရန် ဆောင်ရွက်နေသော ရေအောက်ဒရုန်းနှစ်ခုမှ တစ်ခုကို သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။ အမေရိကန်ကမူ အဆိုပါဒရုန်းအား ပြန်ပေးရန် ရေဒီယိုမှတစ်ဆင့် တောင်းဆိုခဲ့သော်လည်း တရုတ်က လစ်လျူရှုခဲ့သည်ဟု ဆိုသည်။
    တရုတ်မှာ တောင်တရုတ်ပင်လယ်ရှိ ၎င်းတို့၏ ကျွန်းတုများတွင် လေကြောင်းကာကွယ်ရေး လက်နက်များ တပ်ဆင်ထားသည်ဟု အမေရိကန် တတ်သိပညာရှင်များအဖွဲ့က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြောကြားခဲ့ပြီး တင်းမာမှု မြင့်တက်နေစဉ် ယခုအဖြစ်အပျက် ဖြစ်လာခြင်းဖြစ်သည်။
    တောင်တရုတ်ပင်လယ်တွင် အမေရိကန်က ၎င်းတို့၏လေယာဉ်များ၊ သင်္ဘောများဖြင့် လေ့ကျင့်မှုများ၊ ကင်းလှည့်မှုများ ပြုလုပ်နေပြီး လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်အောက်တွင် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြောကြားထားသည်။
    Ref: Aljazeera
  • အီဗရာဟီမိုဗစ်မှာ စံပြဖြစ်သည်ဟု မော်ရင်ဟိုပြော
    အီဗရာဟီမိုဗစ်မှာ စံပြဖြစ်သည်ဟု မော်ရင်ဟိုပြော
    ဒီဇင်ဘာ ၁၆၊ ၂၀၁၆
    M-Media
    movic
    – တိုက်စစ်မှူး အီဗရာဟီမိုဗစ်ကို အသင်းမှ ချန်လှပ်ထားရန် မဖြစ်နိုင်ဟု မန်ယူနည်းပြ ဂျိုဆေးမော်ရင်ဟိုက ပြာကြားလိုက်ပြီး မိုဗစ်မှာ အသင်းသားများအတွက် စံပြဖြစ်သည်ဟု ဆိုသည်။
    မိုဗစ်မှာ မန်ယူအသင်းနှင့် နောက်ဆုံး ၈ ပွဲတွင် ၈ ဂိုး သွင်းထားနိုင်ပြီး ၎င်း၏ ထိုသွင်းဂိုးများက မန်ယူအသင်း ယူရိုပါဖလားနှင့် EFL ဖလားတို့တွင် နောက်တစ်ဆင့်တက်ရောက်ရန် အထောက်အကူဖြစ်စေခဲ့သည်။
    မော်ရင်ဟိုကမူ အသက် ၃၅ နှစ်အရွယ် မိုဗစ်ကို ချီးကျူးခဲ့သည်။ မိုဗစ်ကို လာမည့်တစ်ပတ်တွင် ချန်ထားမလားဟု မေးမြန်းရာတွင်
    “သူက ထူးခြားဆန်းကျယ်တာတွေ လုပ်နေပါတယ်။ (စနေနေ့မှာလဲ) သူ ပါမှာပါ။ ကဏ္ဍတိုင်းမှာ သူ့ရဲ့ ရိုးသားမှုက စံပြပါပဲ။ သူဟာ အင်မတန်ပရော်ဖက်ရှင်နယ် ပီသပါတယ်။ ဘောလုံးသမားတွေအတွက် အင်မတန်ခက်ခဲတဲ့ ဒီနေ့ခေတ်လို အချိန်မှာတောင်မှ သူဟာ သူ့ရဲ့ မိသားစုဘ၀ကို သီးသန့်ထားပါတယ်။ သူဟာ နေရာတိုင်းမှာ စံနမယူနာယူစရာကောင်းတ့ ကစားသမားပါ။ သူရယ်၊ အသက် ၃၅ နှစ်ရှိပြီဖြစတဲ့ ကာရစ်တို့ရယ်ရှိနေရင် လူငယ်တွေဟာ သူတို့ကိုကြည့်ပြီး ပိုမကောင်းလာနိုင်စရာ မရှိပါဘူး” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။
    Ref: Goal
  • အစ္စရေးက မြန်မာနိုင်ငံကို လက်နက်တင်ပို့မှု ရုပ်သိမ်းရန် တက်ကြွလှုပ်ရှားသူများ တောင်းဆို
    အစ္စရေးက မြန်မာနိုင်ငံကို လက်နက်တင်ပို့မှု ရုပ်သိမ်းရန် တက်ကြွလှုပ်ရှားသူများ တောင်းဆို
    ဒီဇင်ဘာ ၁၆၊ ၂၀၁၆
    M-Media
    min
    အစ္စရေးရေတပ်စခန်းတစ်ခုတွင် စက်တင်ဘာလကတွေ့ရသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
    – လူနည်းစုများအပေါ် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ကျူးလွန်မှုများ ဆက်လက်ရှိနေသောကြောင့် မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်း ပေးပို့မှုအား ပယ်ဖျက်ရန် သို့မဟုတ် ရပ်ဆိုင်းရန် အစ္စရေးရှိ လူအခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် ရှေ့နေများက ကာကွယ်ရေးဝန်ကြီးဌာနကို တိုက်တွန်းလိုက်သည်။
    “အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေဆက်ထားဖို့ လုံးပန်းနေတဲ့ အစ္စရေးအနေနဲ့ ဆိုးရွားတဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်နေတဲ့ မြန်မာနိုင်ငံကို အမေရိကန်နဲ့ အီးယူတို့က ဆန်ရှင်တွေ ရုပ်သိမ်းလိုက်တဲ့အပေါ် ဘာမှမဖြစ်တာဟာ ထူးဆန်းနေပါတယ်” ဟု ဒီဇင်ဘာ ၁၁ ရက်နေ့ နေ့စွဲဖြင့် ပေးပို့ခဲ့သည့် အဆိုပါစာတွင် ဖော်ပြခဲ့သည်။
ုထို့ပြင် မြန်မာစစ်တပ်မှာ နိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့ရှိ တိုင်းရင်းသားလူနည်းစုများအပေါ် စစ်ဆင်နွှဲနေခြင်း၊ နိုင်ငံအနောက်ပိုင်းရှိ ရိုဟင်ဂျာမွတ်စလင် လူနည်းစုများအပေါ် လူ့အခွင့်အရေး ဆိုးရွားစွာ ချိုးဖောက်နေခြင်းတို့ကိုလည်း ထိုစာတွင် ထောက်ပြထားသည်။
    “စက်လက်နက်ပစ္စည်းတွေက (မြန်မာနိုင်ငံကို) မပို့ရသေးဘူးဗျ။ ကျွန်တော်တို့က ဒါကို တားဆီးချင်ပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး တစ်ခုခုလုပ်နိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ဂျေရုစလင်မှ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေ အီတေး မက်ခ်က ပြောကြားခဲ့သည်။
    ပြီးခဲ့သည့် စက်တင်ဘာလက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော အဖွဲ့မှာ အစ္စရေးသို့ လည်ပတ်စဉ် အစ္စရေးအခြေစိုက် လက်နက်စက်ရုံတစ်ခုဖြစ်သော Elbit Systems သို့ သွားရောက်ကြည့်ရှုခဲ့သည်။
    အစ္စရေး တက်ကြွလှုပ်ရှားသူများ၏ အဆိုပါစာတွင် မြန်မာနိုင်ငံ၌ အပြုသဘောဆောင်သည့် အသွင်ကူးပြောင်းမှု ရှိသော်လည်း မြန်မာစစ်တပ်နှင့် စစ်တပ်အရာရှိများက တိုင်းပြည်အား ဆက်လက်ချုပ်ကိုင်ထားဆဲဖြစ်ကြောင်း၊ လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ရယူထားခြင်းက မည်သည့်ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်ကိုမဆို ပယ်ချနိုင်သည့် အခွင့်အရေး ရှိနေကြောင်း၊ အဓိက ၀န်ကြီးဌာနများဖြစ်သော ကာကွယ်ရေး၊ နယ်စပ်ရေးရာနှင့် ပြည်ထဲရေးဝန်ကြီးဌာန ၃ ခုကို ဆက်လက်ထိန်းချုပ်ထားကြောင်း ပြောကြားခဲ့သည်။
    ထို့ပြင် မြန်မာစစ်တပ်၊ ၎င်းနှင့် ဆက်စပ်နေသော ပြည်သူ့စစ်အဖွဲ့များမှာ တိုင်းရင်းသားနှင့် ဘာသာရေးလူနည်းစုများ၊ အတိုက်အခံများနှင့် တက်ကြွက်လှုပ်ရှားသူများ၊ မြေယာသိမ်းခံရမှုကို ဆန့်ကျင်သော လယ်သမားများ၊ ဂျာနယ်လစ်များနှင့် ကျောင်းသားများကို ငြှင်းပမ်း၊ နှိပ်စက်၊ သတ်ဖြတ်မှုများ ဆက်လက်ပြုလုပ်နေသည်ဟုလည်း ထိုစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။
    “ဒါတွက နိုင်ငံတကာဥပေဒနဲ့ အခြခံလူ့ကျင့်ဝတ်ကို ချိုးဖောက်တာပါ”
    အစ္စရေးမှာ အမြဲတမ်းမဟုတ်သော်လည်း စစ်အာဏာရှင်လက်ထက်ကတည်းက မြန်မာနိုင်ငံနှင့် စစ်တပ်ရေးရာ ဆက်ဆံမှုရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ဖူးပြီး၊ ပြီးခဲ့သည့် ဇွန်လကလည်း အစ္စရေး၏ စစ်လက်နက်တင်ပို့မှုဌာနမှ အကြီးအကဲ ဗိုလ်ချုပ် မီခေလ်း ဘန် ဘာရုခ်ျမှာ မြန်မာနိုင်ငံသို့ လာရောက်ကာ မြန်မာစစ်တပ် ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။
    Ref: Irrawaddy