News @ M-Media
Author: Ko Lay
  • ၀မ်းရောဂါတိုက်ဖျက်ရေး ယီမင်သို့ ယူအေအီးက အကူအညီများ ပေးပို့
    အောက်တိုဘာ ၃၀၊ ၂၀၁၆
    M-Media
    yemen
    – ပြည်တွင်းစစ်ဖြစ်ပွားနေသော ယီမင်နိုင်ငံတွင် ပြန့်နှံ့နေသည့် ၀မ်းကိုက်ရောဂါကို တားဆီးဟန့်တားရန်အတွက် အာရဗ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) လခြမ်းနီအဖွဲ့ (ERC) က အေဒင်မြို့ရှိ ဆေးရုံးအများအပြားသို့ အရေးအပေါ် ဆေးဝါးများ ပေးပို့ခဲ့သည်ဟု သိရသည်။
    အလ်ဂျူမ်ဟိုရီယာဆေးရုံရှိ ဓာတ်ခွဲခန်းဗဟိုဌာနက ၀မ်းကိုက်ရောဂါဟု သံသယရှိသည့် လူနာများကို စစ်ဆေးရန် ရေဓာတ်ဖြည့်တင်းသည့်ပျော်ရည် (ORS) များ လက်ခံရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ ယူအေအီးလခြမ်းနီ အဖွဲ့သည် ၀မ်းကိုက်ရောဂါကူးစက်မှုကို တိုက်ဖျက်ရန်အတွက် ကလိုရင်းစည် ၂၀ ကိုလည်း အေဒင်ရှိ သက်ဆိုင်ရာအာဏာပိုင်များသို့ ပို့ပေးခဲ့သည်။
    ORS ဆေးဝါးများကိုမူ ယီမင်ဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ၏ နယ်မြေခံ ဒေါက်တာ မိုဟာမက်ကလီစီထံ ERC က ပေးအပ်ခဲ့ပြီး ဒေါက် ကလီစီကလည်း ERC အဖွဲ့၏ လျင်မြန်စွာ ကူညီပေးမှုအပေါ် ကျေဇူးတင်ကြောင်း ပြောကြားခဲ့ကာ ထိုကဲ့သို့ လှူဒါန်းမှုများက လူနာ ၅၀၀ အတွက် လုံလောက်စေခဲ့သည်ဟု ဆိုသည်။
    Ref : IINA
  • အီတလီတွင် အင်အားပြင်းငလျင်ထပ်လှုပ်၊ အဆောက်အဦးများ ပျက်ဆီး
    အီတလီတွင် အင်အားပြင်းငလျင်ထပ်လှုပ်၊ အဆောက်အဦးများ ပျက်ဆီး
    အောက်တိုဘာ ၃၀၊ ၂၀၁၆
    M-Media
    italy
    – အီတလီနိုင်ငံအလယ်ပိုင်းတွင် ယနေ့မနက်ပိုင်းက အင်အားပြင်းငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပြီး အဆောက်အဦးများစွာ ပြိုကျခဲ့ကာ ဒဏ်ရာသူများလည်း အများအပြားရှိနေသည်ဟု သိရသည်။
    နိုင်ငံအရှေ့တောင်ပိုင်း အမ်ဘရီယာပြည်နယ် နော်စီယာမြို့ကို ဗဟိုပြု၍ ဒေသစံတော်ချိန် မနက်အစောပိုင်း ၇ နာရီ မိနစ် ၄၀ ခန့်က လှုပ်ခတ်ခဲ့သည့် အဆိုပါငလျင်မှာ ပြင်းအား ၆.၆ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။ လတ်တလောတွင် သေဆုံးမှုသတင်းများ ထွက်မလာသေးပေ။
    ၁၄ ရာစုက ဆောက်လုပ်ထားသည့် သမိုင်းဝင် Basilica of Saint Benedict ဘုရားကျောင်းမှာလည်း ငလျင်ကြောင့် ပြိုကျပျက်ဆီးခဲ့ပြီး ငလျင်ဒဏ်ကို မြောက်ဘက် သြစတြီးယားနှင့်ထိစပ်နေသည့် နေစပ်မြို့ ဘိုလ်ဇာနို၊ အီတလီကျွန်းဆွယ်၏ တောင်ဘက်ထိပ်ဆုံးပိုင်းမှ ပွဂ်လီယာအထိ ခံစားခဲ့ရသည်။ မြို့တော် ရောမတွင်မူ ငလျင်ဒဏ်ကို သိသိသာသာ ခံစားခဲ့ရသည်။
    ပြီးခဲ့သည့် ၅ ရက်အတွင်း ငလျင်ငယ်များ လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ငလျင်ကြီး လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်ကြောင့် ဒဏ်ရာမှုများ စွာရှိနေသည်။
    အီတလီနိုင်ငံအလယ်ပိုင်းတွင် သြဂုတ်လ ၂၄ ရက်နေ့တွင် အင်အားပြင်းငလျင်တစ်ခု လှုပ်ခဲ့မှုကြောင့် လူပေါင်း ၃၀၀ နီးပါး သေဆုံးခဲ့ပြီး မြို့ငယ်တော်တော်များများမှာလည်း ပျက်ဆီးခဲ့သည်။
    Ref: Aljazeera
  • ဘာကာမှာ ပွဲအားလုံးကို ဂိုးပြတ်ဖြင့် အနိုင်မရနိုင်ဟု အန်းရစ်ပြော
    ဘာကာမှာ ပွဲအားလုံးကို ဂိုးပြတ်ဖြင့် အနိုင်မရနိုင်ဟု အန်းရစ်ပြော
    အောက်တိုဘာ ၃၀၊ ၂၀၁၆
    M-Media
    baca
    – ဘာစီလိုနာအသင်းမှာ ပွဲတိုင်းတွင် ဂိုးပြတ်နိုင်ရမည်ဆိုသည့် ယူဆချက်များမှာ လက်တွေ့မကျဘဲ ဂိုးနည်းနည်းဖြင့် အနိုင်ရရှိမှုကိုလည်း မိမိအနေဖြင့် ကျေနပ်သည်ဟု နည်းပြလူးဝစ်အန်းရစ်က ပြောကြားလိုက်သည်။
    ယခုတစ်ပတ် လာလီဂါတွင် ဘာစီလိုနာမှာ ဂရာနာဒါအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး ၁၀ ပွဲကစား ၂၂ မှတ်ဖြင့် ရီးယဲလ်ထက် ၂ မှတ်အကွာ ဒုတိယနေရာတွင် ရှိနေသည်။ ထိုပွဲတွင် ဘာစီလိုနာမှာ ဂိုးရရန် ရုန်းကန်ခဲ့ရပြီး အန်းရစ်ကမူ ဘာကာမှာ ပွဲတိုင်း ဂိုးပြတ်ဖြင့် အနိုင်ရရှိရန်မှာ မဖြစ်နိုင်သည့်ကိစ္စ ဖြစ်သည်ဟု ဆိုသည်။
    “ကျွန်တော်တို့ နိုးနိုးကြားကြားမရှိတာ မှန်ပါတယ်။ ဒါပေမယ့် ဘောလုံးရှေ့မှာ ၁၀ ယောက်လောက်ပိတ်ထားတဲ့ အသင်းကို နိုင်ဖို့ဆိုတာ့ အမြဲတမ်းမလွယ်ကူပါဘူး။ ၃ မှတ်ရတဲ့အတွက် ကျွန်တော်ပျော်ပါတယ်။ လာလီဂါနဲ့ ချန်ပီယံလိဂ်မှာ ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပေမယ့် တိုးတက်ရမယ်ဆိုတဲ့ အတွေးတော့ ရှိပါတယ်။ ဂိုးပြတ်အနိုင်ရတာကို ကျွန်တော်လည်း ကြိုက်တာပေါ့။ ဒါပေမယ့် ပွဲအားလုံးမှာ ဒီလို မဖြစ်နိုင်ပါဘူး” ဟု အန်းရစ်က ပြောကြားခဲ့သည်။
    Ref: Goal
  • သမ္မတဆင်းပေးရန် တောင်ကိုရီးယားပြည်သူများ ဆန္ဒပြ
    သမ္မတဆင်းပေးရန် တောင်ကိုရီးယားပြည်သူများ ဆန္ဒပြ
    အောက်တိုဘာ ၃၀၊ ၂၀၁၆
    M-Media
    park
    – ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးသူတစ်ဦးကို နိုင်ငံ့ရေးရာများ ၀င်ရောက်စွက်ဖက်ခွင့်ပေးသည်ဆိုသည့် စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် တောင်ကိုရီးယား သမ္မတ ပတ်ဂျုံဟေးအား ရာထူးမှဆင်းပေးရန်အတွက် တောင်ကိုရီယားပြည်သူများက ယမန်နေ့တွင် ဆန္ဒပြမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။
    သမ္မတမှာ ထိုကိစ္စနှင့်ပတ်သက်၍ သောကြာနေ့က လူထုအား တောင်းပန်ခဲ့သော်လည်း ဆိုးလ်မြို့တွင် ဆန္ဒပြမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းဝတ်စုံများနှင့် ဆယ်ကျော်သက်လူငယ်များ၊ ကောလိပ်ကျောင်းသားများ၊ အလုပ်သမားရေးတက်ကြွလှုပ်ရှားသူများနှင့် သက်လတ်တန်းစုံတွဲများ၊ ကလေးငယ်များ ပါဝင်ခဲ့ကြကာ “ရာထူးမှဆင်းပေး ပတ်ဂျုံဟေး” ဟူသည့် ဆိုင်းဘုတ်များလည်း ကိုင်ဆောင်ခဲ့ကြသည်။
    ရဲတပ်ဖွဲ့ကမူ အဆိုပါဆန္ဒပြမှုတွင် လူပေါင်း ၈၀၀၀ ၀န်းကျင်ပါဝင်သည်ဟု ပြောကြားခဲ့ပြီး စီစဉ်သူများကမူ ၂၀၀၀၀ ခန့် ပါဝင်သည်ဟု ဆိုသည်။ ဆန္ဒပြပွဲများမှာ နိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သော ဘူဆန်အပါအ၀င် အခြားသော ပြည်နယ်မြို့တော်များတွင်လည်း ဖြစ်ပွားခဲ့သည်။
    ပတ်ဂျုံဟေး၏ ရင်းနှီးသည့် မိတ်ဆွေဖြစ်သူ ချို ဆွန် ဆီလ်မှာ ပတ်နှင့်ရင်းနှီးမှုကို အသုံးချ၍ ဆမ်ဆောင်းကဲ့သို့ ကုမ္ပဏီများထံမှ ၎င်းမတည်ထားသော အကျိုးအမြတ်မယူသည့် ဖောင်ဒေးရှင်း ၂ ခုသို့ ငွေကြေး အမြောက်အများလှူဒါန်းရန် အကျပ်ကိုင်ခဲ့ပြီး ၎င်း၏ ကိုယ်ကျိုးအတွက်သာဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် တောင်ကိုရီးယားပြည်သူများ၏ ဆန့်ကျင်မှု ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာခြင်းဖြစ်သည်။
    လက်ရှိတွင် ချို ဆွန် ဆီလ်မှာ စုံစမ်းစစ်ဆေးမှုကို ခံနေရသည်။ ယမန်နေ့ အစောပိုင်းကလည်း တောင်ကိုရီးယား တာဝန်ရှိသူများမှ ပတ်ဂျုံဟေး၏ ထိပ်တန်း အကြံပေးများ၏ အိမ်များ၊ ရုံးခန်းများကို ၀င်ရောက်စီးနင်း ရှာဖွေခဲ့သည်။
    Ref : Reuters
  • ကန်တီကို ယခင်က မကြားဖူးဟု ချယ်ဆီးနည်းပြ ပြော
    ကန်တီကို ယခင်က မကြားဖူးဟု ချယ်ဆီးနည်းပြ ပြော
    အောက်တိုဘာ ၃၀၊ ၂၀၁၆
    M-Media
    kante
    – အသင်းရှိ အားထားရသည့် ကွင်းလယ်ကစားသမား ကန်တီကို အင်္ဂလန်သို့ မရောက်ခင်အထိ မကြားဖူးခဲ့သော်လည်း ယခုတွင်မူ ၎င်း၏ အသင်းအတွက်ပေးဆပ်မှုများအတွက် အားရပ်ကျေနပ်မိသည်ဟု ချယ်ဆီးနည်းပြ ကွန်တီက ပြောကြားလိုက်သည်။
    အသက် ၂၅ နှစ်အရွယ် အန်ဂိုလို ကန်တီမှာ ပြီးခဲ့သည့်နှစ် ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်းတွင် အရေးပါသည့် ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ယခုနှစ်တွင် ချယ်ဆီးက ပေါင်း ၃၂ သန်းဖြင့် ခ်ါယူခဲ့ခြင်းဖြစ်သည်။
    လက်ရှိတွင် ကန်တီမှာ ချယ်ဆီး၌ ခြေစွမ်းကောင်းများကို ပြသနေပြီး အသင်း၏ ပင်တိုင်ကွင်းလယ်လူ ဖြစ်လာခဲ့သည်။ ကွန်တီကမူ ကန်တီအား ချီးကျူးခဲ့သည်။
    “ကျွန်တော် ဒီမရောက်ခင် သူ့ကိုသိလားဆိုရင်တော့ အဖြေက ‘နိုး’ ပါပဲ။ အခုတော့ ကျွန်တော်သိပါပြီ။ သူဟာ ကွင်းလယ်အဖျက်သာ မဟုတ်ပါဘူး။ ပြည့်စုံတဲ့ အလယ်တန်းလူ တစ်ယောက်ပါ။ ကျွန်တော်တို့ လက်ရှိကစားနေတဲ့စနစ်မှာ အန်ဂိုလိုက ဒီလို စကစားတာကို ကျွန်တော် တော်တော်လေးကြိုက်ပါတယ်။ အန်ဂိုလိုဟာ တော်တော်ကောင်းပါတယ်။ လက်စတာနဲ့မကစားခင် သူဟာ လက်စတာအတွက် ကစားခဲ့တဲ့အချိန် မနှစ်ကနဲ့နိုင်းယှဉ်ရင် ခြားနားသွားတယ်လို့ လူတော်တော်များများ ပြောကြတာကို ကျွန်တော် မှတ်မိပါသေးတယ်” ဟု ကွန်တီက ပြောကြားခဲ့သည်။
    Ref : Goal