News @ M-Media

Author: Ko Lay

  • ရုရှားက ဆီးရီးယားပစ်မှတ်များကို အီရန်မြေမှ ပထမဆုံး တိုက်ခိုက်

    ရုရှားက ဆီးရီးယားပစ်မှတ်များကို အီရန်မြေမှ ပထမဆုံး တိုက်ခိုက်

    သြဂုတ် ၁၇၊ ၂၀၁
    M-Media

    iran

    – ပြည်တွင်းစစ်ဖြစ်ပွားနေသည့် ဆီးရီးယားနိုင်ငံအတွင်းရှိ ပစ်မှတ်များအား ရုရှားလေယာဉ်များက အီရန်စစ်အခြေစိုက်စခန်းများမှနေ၍ ယမန်နေ့တွင် ပထမဆုံး သွားရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

    ရုရှားမှာ ဆီးရီးယားနိုင်ငံအတွင်း စစ်ရေးလှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန် ဆောင်ရွက်နိုင်ရးအတွက် ၎င်းတို့၏ လေယာဉ်များကို အီရန်ရှိ လေတပ်စခန်းတွင် ချထားခဲ့ပြီးနောက် ယခုကဲ့သို့ ပထမဆုံး တိုက်ခိုက်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

    ယမန်နေ့ တိုက်ခိုက်မှုအတွင်း Tupolev-22M3 နှင့် Sukhoi-34 ဗုံးကြဲလေယာဉ်များမှာ အီရန်အနောက်ပိုင်း ဟာမာဒန် လေတပ်စခန်းမှ ပျံတက်ကာ အစ်ဒလစ်ဘ်နှင့် ဒီ အလ်-ဇိုရ်တို့ရှိ IS နှင့် အလ်နူဆရာတပ်ဦးတို့၏ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

    ရုရှားမှာ ပြီးခဲ့သည့်နှစ် စက်တင်ဘာမှစ၍ ဆီးရီးယားစစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    Ref : Aljazeera

  • ပရိသတ်တွေကို ရေခဲမုန့်လုပ်ကြွေးတဲ့ ပေါ့ဘာ

    ပရိသတ်တွေကို ရေခဲမုန့်လုပ်ကြွေးတဲ့ ပေါ့ဘာ

    သြဂုတ် ၁၆၊ ၂၀၁၆
    M-Media

    pgba

    – ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ဂျူဗင်တပ်စ်ကနေ မန်ယူကို ရောက်လာခဲ့တဲ့ ပေါ့ဘာကို စောင့်မျှော်နေတဲ့ ပရိတ်သတ်တွေရဲ့ဆန္ဒဟာ အခုတစ်ပတ်မှာ ပြည့်ဝသွားခဲ့ပါတယ်။

    ဒါပေမယ့် ပေါ့ဘာကို တွေ့ခဲ့ရတာဟာ ဘောလုံးကွင်းမှာမဟုတ်ဘဲ ရေခဲမုန့်ဆိုင်မှာဖြစ်ပြီး သူ့ရဲ့ အားလပ်ရပ်မှာ ရေခဲမုန့်လုပ်သူအဖြစ် အသုံးတော်ခံခဲ့တာ ဖြစ်ပါတယ်။

    Instagram မှာတော့ သူ ရေခဲမုန့်လုပ်နေတဲ့ပုံကို လွှင့်တင်ထားပြီး “အားလပ်ရပ် ရေခဲမုန့် – ဘယ်သူစားချင်လဲ” လို့ အင်္ဂလိပ်ဘာသာတစ်ဝက်၊ အီတလီဘာသာတစ်ဝက်နဲ့ ရေးသားခဲ့ပါတယ်။

    ပေါ့ဘာဟာ ကိုပါအီတလီယာဖိုင်နယ်က ပွဲပယ်ပြစ်ဒဏ်ကြောင့် ဘုန်းမောက်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ပါဝင်ခွင့် မရခဲ့ဘဲ လာမယ့်သောကြာနေ့ ဆောက်သက်တမ်နဲ့ပွဲမှာမှ ပွဲထွက်ရဖို့ ရှိနေပါတယ်။

    မန်ယူက ပေါ့ဘာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်း ၈၉.၅ သန်းနဲ့ ၅ နှစ်စာချုပ်ချုပ်ကာ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

    Ref: Goal

  • ကွမ်တန်ဂြိုဟ်တုလွှတ်တင်ကာ အာကာသ သမိုင်းတွင် တရုတ်က မှတ်တိုင်သစ် စိုက်ထူ

    ကွမ်တန်ဂြိုဟ်တုလွှတ်တင်ကာ အာကာသ သမိုင်းတွင် တရုတ်က မှတ်တိုင်သစ် စိုက်ထူ

    သြဂုတ် ၁၆၊ ၂၀၁၆
    M-Media

    quantam

    – တရုတ်နိုင်ငံမှာ ကမ္ဘာ့ပထမဆုံး ကွမ်တန်ဆက်သွယ်ရေးဂြိုဟ်တုအား Long March-2D ဒုံးပျံကို အသုံးပြု၍ ကမ္ဘာပတ်လမ်းကြောင်းထဲသို့ လွှတ်တင်နိုင်ခဲ့ပြီး ဆက်သွယ်ရေးလုပ်ငန်းများတွင် ဆိုက်ဘာတိုက်ခိုက်မှုခေတ်ကို ကျော်လွှားနိုင်မည့် ပထမဆုံး ခြေလှမ်းလည်းဖြစ်သည်။

    ဂိုဘီသဲကန္တာရရှိ ဂျီကွမ်း အာကာသစခန်းမှ သြဂုတ်လ ၁၆ ရက်နေ့ (ယနေ့) ဒေသစံတော်ချိန် မနက် ၁ နာရီ ၄၀ တွင် လွှတ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဂြိုဟ်မှာ ကီလိုဂရမ် ၆၀၀ ကျော်လေးကာ ဘီစီ ၅ ရာစု တရုတ်ဒဿနပညာရှင်၏ အမည်ကို အစွဲပြု၍ QUESS ဟု အမည်ပေးထားသည်။

    ထိုဂြိုဟ်တုမှာ sun-synchronous ကမ္ဘာပတ်လမ်းကြောင်းမှနေ၍ မိနစ် ၉၀ တိုင်း ကမ္ဘာကို တစ်ကြိမ်ပတ်မည်ဖြစ်သည်။

    “အခုလွှတ်တင်လိုက်တဲ့ ဂြိုဟ်တုဟာ တရုတ်ကို လက်ရှိအိုင်တီကဏ္ဍရဲ့ နောက်လိုက်အဖြစ်ကနေ အနာဂတ် အိုင်တီကဏ္ဍ အောင်မြင်မှုတွေကို လမ်းပြပေးမယ့် ခေါင်းဆောင်တွေထဲက တစ်ယောက်အဖြစ် အသွင်ပြောင်းပေးမှာပါ” ဟု QUESS စီမံကိန်း၏ အင်ဂျင်နီယာချုပ်ဖြစ်သော ပန်ဂျီယံဝေက ပြာကြားခဲ့သည်။

    အဆိုပါဂြိုဟ်တုဖြင့် ဆောင်ရွက်မည့် ဆက်သွယ်ရေးကွန်ယက်မှာ ကြားဖြတ်ဖမ်းယူ၍မရဘဲ၊ ကွမ်တန်နည်းပညာသုံး ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးလာရေး အရေးပါမည်ဖြစ်သည်။

    Ref: RT

  • ဂျော်ဒန်ရှိ ဒုက္ခသည်ကလေးများ ပညာသင်ကြားနိုင်ရေး ဂျာမန်ဘဏ် ကူညီ

    ဂျော်ဒန်ရှိ ဒုက္ခသည်ကလေးများ ပညာသင်ကြားနိုင်ရေး ဂျာမန်ဘဏ် ကူညီ

    သြဂုတ် ၁၆၊ ၂၀၁၆
    M-Media

    german 2

    – ဂျော်ဒန်နိုင်ငံ၏ ပညာရေးစနစ်အား အထောက်အကူဖြစ်စေရန်အတွက် ယူရို သန်း ၂၀ တန်ဖိုးရှိ ဘဏ္ဍာရေး သဘောတူညီချက်တစ်ခုကို ဂျော်ဒန် စီမံကိန်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ဂျာမနီဘဏ်တစ်ခုဖြစ်သော KfW Development Bank နှင့် ပြီးခဲ့သည့် တစ်ပတ်အတွင်း လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

    ယခုသဘောတူညီချက်မှာ ဂျော်ဒန်အစိုးရက နိုင်ငံအတွင်းရှိ ပညာရေးစနစ် မြှင့်တင်ပေးရန်အတွက် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက အဆိုပါဘဏ်အား တောင်းဆိုထားမှုကို ဖြည့်ဆည်းပေးခြင်းလည်း ဖြစ်သည်။

    အဆိုပါငွေများကို ၂၀၁၆-၁၇ ပညာသင်နှစ်အတွက် နှစ်ချိန်ကျောင်းများ လုပ်ငန်းလည်ပတ်မှုအတွင်း လိုအပ်သော လစာငွေများ ပေးချရာတွင် အသုံးပြုမည်ဖြစ်ပြီး၊ ဂျော်ဒန်ရှိ ဆီးရီးယားဒုက္ခသည်ကလေးများ ပုံမှန်ပညာရေးသင်ကြားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနအား အထောက်အပံ့တစ်ခု ဖြစ်စေမည်ဖြစ်သည်။

    လက်ရှိပညာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုအောက်တွင် အခြားသော အလှူရှင်များမှ ငွေကြေးထည့်ဝင်မှုများနှင့်အတူ
    ဒုက္ခသည်ကလေးငယ် ၁၉၀၀၀၀ ကို ပညာသင်ကြားနိုင်အောင် ဂျော်ဒန်က ပြုလုပ်ပေးထားသည်။ ထို့ပြင် နိုင်ငံအတွင်းရှိ ပညာရေးကဏ္ဍတွင် ကျောင်းဆရာများနှင့် အုပ်ချုပ်ရေးဝန်ထမ်းနေရာများအတွက် အလုပ်အကိုင်များ ဖန်တီးပေးရန် ရှိနေသည်။

    Ref : IINA

  • နေးမာမှာ မက်ဆီကို မကျော်နိုင်သေးဟု ရီဗယ်ဒိုပြော

    နေးမာမှာ မက်ဆီကို မကျော်နိုင်သေးဟု ရီဗယ်ဒိုပြော

    သြဂုတ် ၁၆၊ ၂၀၁၆
    M-Media

    baca

    – တိုက်စစ်မှူးနေးမာမှာ ပြီးခဲ့သည့်နှစ်များအတွင်း တိုးတက်လာခဲ့သော်လည်း ဘာစီလိုနာတွင် မက်ဆီကသာ အကောင်းဆုံးကစားသမားအဖြစ် ရှိနေသည်ဟု ဘရာဇီးလ်ကွင်းလယ်လူဟောင်း ရီဗယ်ဒိုက ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် ၂ နှစ်အတွင်း နေးမာမှာ ဘာစီလိုနာနှင့်အတူ လာလီဂါနှင့် ကိုပါဒီရေးဖလား ၂ လုံစလုံးအား ၂ နှစ်ဆက်တိုက် ရရှိခဲ့ပြီး၊ ချန်ပီယံလိဂ်ဖလား တစ်ကြိမ် ရရှိခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ဘာစီလိုနာ၊ ဘရာဇီးလ်တို့ဖြင့် လာလီဂါနှင့် ကမ္ဘာ့ ဖလားတို့ကို ရရှိခဲ့သည့် ရီဗယ်ဒိုကမူ နေးမာမှာ ဘာကာနည်းပြ လူးဝစ်အန်းရစ်လက်အောက်တွင် ကမ္ဘာ့ထိပ်တန်း ဘောလုံးသမားတစ်ဦး ဖြစ်လာမည်ဟု ထောက်ခံခဲ့သည်။

    “ဘရာဇီးလ်နိုင်ငံသား တစ်ယောက်အနေနဲ့ပြောရရင် ပြီးခဲ့တဲ့ ၂ နှစ်အတွင်း နေးမာရဲ့ တိုးတက်မှုကို ကျွန်တော် တကယ့်ကို နှစ်သက်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း သူ အောင်မြင်မှုရခဲ့သလို၊ လာမယ့်ဘောလုံးရာသီတွေကလည်း သူ့အတွက် ကောင်းမွန်ဖို့ ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက် လီယွန်နယ် မက်ဆီကသာ ကြယ်ပွင့်ကစားသမား၊ ဘာကာရဲ့ အကောင်းဆုံးသမားပါပဲ” ဟု ရီဗယ်ဒိုက ပြောကြားခဲ့သည်။

    Ref: Goal